← Chapters

တည်ငြိမ်မှုပျောက်ဆုံးသွားသော ကျင်းထန်ရှု.....

Vol. 33 Ch. 459

တည်ငြိမ်မှုပျောက်ဆုံးသွားသော ကျင်းထန်ရှု.....

Vol. 33 Ch. 459

ကျင်းထန်ရှုသည် ဉာဏ်အလင်းကောလိပ် မျှော်စင်တွင် တစ်နာရီခန့်စောင့်ဆိုင်းပြီးနောက် လုဂျင်းစီကိုခေါ်ကာ ထွက်ခွာသွားခဲ့သည်။

သေချာတယ် ကောလဟာလက တစ်စုံတစ်ယောက်ရဲ့ နားထဲကို ရောက်နေပြီ....

သူတို့နှစ်ဦး ကြယ်တာယာခရီးရှည်ကောလိပ်မျှော်စင်သို့ ထွက်လာခဲ့ကြသည်။

တည်နေရာက ရှာရလွယ်တယ်...

"စီနီယာလု၊ ဒုကျောင်းအုပ်ရဲ့ အစီအစဉ်က တကယ်ပဲ အလုပ်ဖြစ်မယ်လို့ ထင်လား"

ကျင်းထန်ရှု က တခြားကျောင်းသားတွေ အစုလိုက်အပြုံလိုက် လျှောက်သွားနေသည်ကိုကြည့်ပြီး မေးလိုက်သည်။

လုဂျင်းစီက နှုတ်ခမ်း ကိုက်လိုက်ပြီး....

"မသိဘူး...အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်နဲ့ တခါမှ မတိုက်ဖူးဘူး ဆိုတော့ ဘယ်လို ပုံစံမျိုးလဲ တွေးကြည့်လို့ မရဘူး... ဟေ့၊ မင်းမှာ အဆင့်ကိုးတစ်ပိုင်းပဲ့တင်ထပ်သံ ရှိတယ် မဟုတ်လား မင်း.. ဘယ်လို ထင်လဲ... ?"

ကျင်းထန်ရှု ပြုံးလိုက်သည်။

"ကျွန်တော့်ကိုမမေးနဲ့ စီနီယာလုတော့ တကယ် ဒုက္ခရောက်နေပြီထင်တယ်"

"ဒုက္ခတော့များပြီ.... အဆုံးသတ်မှာ ဘယ်သူက ရှင်သန်နိုင်မှာလဲဆိုတာ စောင့်ကြည့်ရမှာပဲ... "

လုဂျင်းစီ စိတ်ညစ်နေရှာသည်။ ကျန်းချင်းအာကို အနိုင်ယူဖို့ဆိုသည်မှာ အတူပူးပေါင်းမည့် အခြား လက်ရွေးစင်ကျောင်းသားများအပေါ်မူတည်နေသော်လည်း မည်သို့ပင်ဆိုစေ လွယ်ကူမည်မဟုတ်ပေ။

"ငါ့ကံပဲပေါ့..."

လုဂျင်းစီ ညည်းတွားလိုက်သည်။

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ ကြယ်သုံးပွင့်ခန်းမတွေထဲမှာ ဒီလိုမွန်းစတားတစ်ကောင်ရှိနေတာတောင် ငါတို့ကျောင်းက အောင်မြင်မှုတွေရှာချင်သေးတယ်....ဟူးးးးး"

ကျင်းထန်ရှု ရယ်မောလိုက်သည်။ သူပြန်ဖြေခါနီးမှာ ထူးထူးခြားခြား အကြည့်များကို သတိပြုမိလိုက်သည်။ တခြားကျောင်းသားတွေကို လှည့်ကြည့်ပြန်တော့လည သူ့ကို ထူးထူးခြားခြား ကြည့်နေတာ တွေ့လိုက်ရသည်။

ဉာဏ်အလင်းကောလိပ်နှင့်မြင့်မြတ်သောနေမင်းတိုင်းပြည်၏ အတောက်ပဆုံးကြယ်ပွင့်အဖြစ်၊ အာရုံစိုက်ခံရသည်မှာ အထူးအဆန်းမဟုတ်ပေ။

ဒါပေမယ့်..ဒီလူတွေအားလုံးက သူ့ကို သနားတဲ့အကြည့်နဲ့ကြည့်နေကြသည်။

" စီနီယာလု ၊ ဒီလူတွေ ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတယ်လို့ ခံစားရလား... "

လုဂျင်းစီ ပတ်ပတ်လည်ကို သေချာကြည့်ပြီး....

"ဟုတ်တယ်၊ တစ်ခုခုဖြစ်နေပြီ"

ကျင်းထန်ရှု မျက်မှောင်ကြုတ်ကာ ရှေ့သို့ ခပ်သွက်သွက် ခြေလှမ်းအနည်းငယ်လှမ်းကာ ကျောင်းသူတစ်ယောက်၏ လက်မောင်းဖြင့် ညင်သာစွာ ဖမ်းလိုက်သည်။

"မင်္ဂလာပါ...ကျွန်တော်ဘာများထူးဆန်းနေလို့လဲ...."

သူမ မျက်နှာကို ကြည့်လိုက်တော့ နီရဲသွားသည်။ လာပြန်ပြီလား သနားတဲ့ အကြည့်.....

ကျင်းထန်ရှုက ချောမောပေမယ့် ဒီလို အားနည်းမှုမျိုးကတော့.. ... ရှက်စရာကြီး......

သူမသည် စာရွက်တစ်ရွက်ထုတ်ပေးပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။

ကျင်းထန်ရှု အလျင်စလိုဖတ်ကြည့်လိုက်သည်။

သတင်းတွေ ဖြန့်နေတာဆိုတော့ ဘာပြဿနာရှိလို့လဲ...

သူ့မျက်လုံးတွေက အောက်ခြေက အပိုစာသားအချို့ဆီရောက်သွားချိန်မှာတော့.....

သူ့မျက်လုံးများ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်သွားသည်။ တည်ငြိမ်အေးဆေးသော ပင်ကိုယ်စရိုက်ကိုပင် တုန်လှုပ်စေခဲ့သည်။

"ချီးလိုပဲ.... "

စာသားများသည် ငယ်ရွယ်သော ကျင်းမိသားစု၏ အမွေဆက်ခံသူ သခင်လေးကိုအရှက်တော်ဗြန်းဗြန်းကွဲစေသော စာသားများဖြစ်နေသည်။

ဒေါသထွက်လွန်းလို့ နဖူးကြောတွေပင် ထောင်နေခဲ့ပြီ.......

"ဘာမှားလို့လဲ?"

လုဂျင်းစီက ကျင်းထန်ရှု၏တုံ့ပြန်မှုကြောင့် အံ့သြစွာ မေးလိုက်သည်။

ကျင်းထန်ရှုကစာရွက်ကိုသာ ထိုးပေးလိုက်သည်။

လုဂျင်းစီ ဖတ်ကြည့်ပြီးနောက်.....

"ဘာလဲ...သေစမ်းကွာ.... ဒီသတင်းက မင်းဖြန့်လိုက်တာမဟုတ်ဘူးလား.."

ကျင်းထန်ရှု အသက်ပြင်းပြင်းရှူလိုက်သည်။

"အမှန်ပဲ... ဒါပေမယ့် တစ်ယောက်ယောက်က အပိုစာသား ထပ်ထည့်လိုက်တာ...."

"ဒါ့ကြောင့်မို့ မင်းကိုသနားနေကြတာကိုး...နေစမ်းပါဉီး မင်းကိုယ်တိုင်သတင်းဖြန့်လိုက်တာမဟုတ်လား..ဘယ်လိုတွေဖြစ်ရတာလဲ.... "

" စောက်သုံးမကျတဲ့ကောင်က ကိုယ်တိုင်မလုပ်ဘဲကြုံရာလူကိုတဆင့်ခိုင်းလိုက်တာပဲဖြစ်ရမယ်.... "

ကျင်းထန်ရှု သူ့အစီအစဉ် အထမမြောက်သည့်အတွက် ဒေါသထွက်နေသည်။

ကောင်မလေးတွေကို သူ့ကို သနားတဲ့အကြည့်နဲ့ ကြည့်နေခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး.......

"အင်း..."

လုဂျင်းစီ ဒီအချိန်မှာ ဘာပြောရမှန်း မသိတော့ပေ။ ကျင်းထန်ရှုကိုလည်း သနားနေမိသည်။

သူ့အင်္ဂါ ချို့ယွင်းမှုမရှိကြောင်း၊ ကောလဟာလတွေ မှားနေကြောင်း သက်သေပြလို့ မရပေ။ အများသူငှာရှေ့​မှာ သက်သေပြဖို့လည်း မသင့်တော်ပေ။

"ဒီလူ တကယ်ကို ဉာဏ်ကောင်းတယ်.. "

လုဂျင်းစီ ချီးကျူးစကားဆိုလိုက်သည်။ သူတို့၏ အမည်မသိ အဖျက်သမားသည် လူအများ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည်ကို သိသည်။ မူရင်းသတင်းက ရင်ဖိုစရာဖြစ်နေပြီ၊ ဒါပေမယ့် ဒီလူဟာ လူတွေရဲ့စိတ်ခံစားချက်ကိုကစားတဲ့နေရာမှာ တကယ်ကိုဆရာကျလွန်းသူပင်....

ထို့အပြင်၊ ကျင်းထန်ရှုသည် ကြယ်တစ်ပွင့်ခန်းမ အတွက် ထိပ်တန်းပြိုင်ဖက်တစ်ဦးဖြစ်သောကြောင့် လူတိုင်းက သူ့အား ရုပ်ဆိုးစေသော သတင်းမှန်သမျှကို လက်လွှတ်ခံကြမည်မဟုတ်ပေ။

"ငါတို့ ရှင်းလင်းချက်ထုတ်ရမလား၊ တခြားတစ်ခုရှိလား..."

"ဘယ်လိုရှင်းချက်ထုတ်မှာလဲ..."

ကျင်းထန်ရှု အော်ဟစ်လိုက်သည်။

"ရှင်းချက်ထုတ်တော့ရော ဘယ်သူဂရုစိုက်မှာလဲ....."

လုဂျင်းစီ တိတ်ဆိတ်နေခဲ့သည်။ သတင်းအတုများ ဤနေရာ၌ ပေါများနေသည်မှာအမှန်ပင်။ ဤနေရာတွင် စုဆောင်းထားသော အချက်အလက်အားလုံးသည် အခြေခံအားဖြင့် သတင်းအတုများဖြစ်ကောင်းဖြစ်နိုင်သည်။

ဟေ့ နားထောင်ကြစမ်း... အသန်မာဆုံး ကြယ်တစ်ပွင့် ကျောင်းသားဘွဲ့ကို ယူနိုင်သူ ဉာဏ်အလင်းကောလိပ်ရဲ့ပါရမီရှင်ကြီးက ‌ေ-းတိုလေးတဲ့........

တကယ့်ကို အာရုံဖမ်းစားနိုင်သည့်သတင်းပင်......

"မြေxိုး...ဒီကောင်ဘယ်သူပဲဖြစ်ဖြစ် လုပ်သွားတာ ဆရာကျလွန်းတယ်...."

ကျင်းထန်ရှု ခေါင်းယမ်းလိုက်သည်။

တကယ်ဆို ခေါင်းကနေနင်းပြီးသတ်ပစ်ချင်နေပြီ.....

"ဒါ ကြယ်တာယာခရီးရှည်ကောလိပ်ကပဲဖြစ်ရမယ်... အချက်အလက်အားလုံး သူတို့လက်ထဲ တိုက်ရိုက်ရောက်သွားတယ်လို့ထင်တယ်" ဟု လုဂျင်းစီက အကြံပြုသည်။

ကျင်းထန်ရှု မျက်မှောင်ကုတ်လိုက်သည်။ သူ

သူတာဝန်ပေးလိုက်သည့်ကျောင်းသားကို ရှာပြီး အပိုင်းပိုင်းခုတ်ပစ်ချင်နေပြီ....ဒီလောက်လူတွေအများကြီးထဲကနေ ကြယ်တာယာခရီးရှည်ကောလိပ်ကနဲ့ ချက်ချင်းအဆက်အသွယ်ရခဲ့တာ ဘယ်လိုကံတရားမျိုးလဲ....

"ထားလိုက်ပါတော့..ဒါကို ကြယ်တာယာခရီးရှည်ကောလိပ်က တကယ်လုပ်ခဲ့တယ်ဆိုရင် ကျန်းချင်းအာလည်း အဲဒီအကြောင်းကို သိနေလောက်ပြီ.... ကြယ်တာယာခရီးရှည်ကောလိပ်ကို ဆက်သွားကြရအောင်....ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချင်းအာနဲ့ တွေ့သင့်တယ်...."

လုဂျင်းစီ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက် စိတ်မသက်မသာနဲ့ ခရီးဆက်ခဲ့ကြလေသည်။

***

All Chapters