ပြန်လမ်းမရှိ.....
Vol. 33 Ch. 460
ကျင်းထန်ရှုတို့ ကြယ်တာယာခရီးရှည်ကောလိပ်မျှော်စင်သို့ ခရီးနှင်နေချိန်တွင်လီလော့ နှင့်ကျန်းချင်းအာတို့သည် လသာဆောင်ပေါ်တွင်မှီကာသီးသန့်အချိန်များကို အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။
ထိုစဉ် လီလော့သည် လူအုပ်ထဲတွင် ရင်းနှီးသော ဦးခေါင်းတစ်ခုကို သတိပြုမိလိုက်သည်။
ယုလန်......
လီလော့နှင့်ကျန်းချင်းအာကိုတွေ့သည်နှင့်ညယုလန်က မသိမသာ လက်ဝှေ့ယမ်းပြလိုက်သည်။
လီလော့ အနည်းငယ် ချီတုံချတုံဖြစ်ခဲ့သော်လည်း ယုလန်နှင့်တွေ့ဆုံခဲ့သည်။
"မင်း အပြင်ထွက်ပြီး သတင်းယူရမှာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးပြန်လာတာလဲ...."
"အိုး၊ မျက်လုံးပြူးပြီး မေးရိုးကျစေတဲ့ အချက်အလက်တချို့ ရခဲ့တယ်၊"
ယုလန်း တုံ့ဆိုင်းသွားသည်။
"ဒါပေမယ့် မင်းအတွက်ကတော့ အံကြိတ်ပြီး လက်သီးဆုပ်ရတဲ့ သတင်း ဖြစ်နိုင်တယ်...."
ယုလန်က မူရင်းစာရွက်ကိုလီလော့ဆီပေးလိုက်သည်။
လီလော့ ဖတ်ကြည့်လိုက်ပြီး အမူအရာလေးနက်သွားသည် ။ သူသည် ဣန္ဒြေကို အမြဲထိန်းထားနိုင်သော်လည်း ယခုအခါ သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အမြွက်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။
ကောလဟာလများနှင့် သတင်းအတုများကို မျှော်လင့်ထားသော်လည်း ကျန်းချင်းအာ၏ စေ့စပ်ကြောင်းလမ်းမှုသတင်းသည် မထိသင့်သောအရာကိုထိလိုက်ခြင်းပင်....
"ငါတို့ စီနီယာကျန်းကို ပြရမလား?"
ယုလန်က မေးသည်။
"ဘာမှ ဖုံးကွယ်စရာ မလိုဘူး"
လီလော့က ကျန်းချင်းအာကို လွှဲပေးရင်း ပြောလိုက်သည်။
သူမသည် သတင်းကို ထူးထူးခြားခြား စူးစူးဝါးဝါး စိုက်ကြည့်နေသော်လည်း ခပ်အေးအေးပင်.....
"သတင်းအတုတွေက ဒီအချိန်မှာသိပ် များနေတယ်။ သိပ်ပြီး ဂရုစိုက်နေစရာ မလိုပါဘူး" ဟု လီလော့က ဆိုသည်။
"ဒါ သတင်းအတု မဟုတ်ဘူး" ဟု ကျန်းချင်းအာက ပြောသည်။
"ကျင်းမိသားစုက အရင်ကတည်းက လက်ထပ်ဖို့ ကမ်းလှမ်းချက်ခဲ့ပေမယ့် ဆရာက လုံးဝကို လျစ်လျူရှုထားခဲ့တယ်....ကမ်းလှမ်းချက်ထဲမှာပါတဲ့ အမှန်တရားတွေ ကွဲလွဲနေနိုင်ပေမယ့် ဒါဟာ သတင်းအတုမဟုတ်တာတော့အမှန်ပဲ...."
"ခဏ...တကယ့်ကမ်းလှမ်းချက်?! ငါဘာကြောင့် မသိခဲ့တာလဲ.."
လီလော့ အော်ပြောလိုက်သည် ။
"ဘယ်သိပါ့မလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စကို တစ်ယောက်ယောက်ကမှတ်မိပါ့မလား...တကယ်တော့.."
ကျန်းချင်းအာက စာရွက်ကို လက်တစ်ချောင်းနဲ့ ပွတ်သပ်ရင်း တွေးတွေးဆဆဖြင့်....
"အဲဒါကို မှတ်မိတဲ့သူက ကမ်းလှမ်းခဲ့တဲ့သူကိုယ်တိုင်ပဲ ဖြစ်နိုင်တယ်...."
"ကျင်းထန်ရှု" လီလော့က အတည်ပြုလိုက်သည်။
ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး....
"အချိန်တွေအတော်ကြာခဲ့တဲ့ကိစ္စကိုအခုမှအစဖော်တယ်ဆိုတော့ သူပဲဖြစ်ရမယ်...."
"ဒီမှာ သူ့ရည်ရွယ်ချက်က ဘာလဲ၊ ငါတို့ကို ဘယ်လို ပြသာနာလာရှာနေတာလဲ "
ဤသည်မှာ အခြေခံအားဖြင့် စစ်ကြေညာခြင်းဖြစ်ပြီး အကြောင်းရင်းကို မမြင်နိုင်ပေ။
ကျင်းထန်ရှု ရူးနေသလား.....
ဒါမှမဟုတ် သူက ကျန်းချင်းအာနဲ့ယှဉ်နိုင်လောက်အောင် သန်မာနေလို့လား.....
"အင်း..ရူးနေလို့များလား...?"
"စီနီယာကျန်း စိတ်ဆိုးမနေနဲ့....ငါ မင်းအတွက် ဒီလို ပြင်းပြင်းထန်ထန် အပြစ်ပေးထားပြီးသား!"
ယုလန် အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။
"အိုး?"
ယုလန်သည် ပြုပြင်ဖြည့်စွက်ထားသော စာရွက်ကိုထုတ်ပေးလိုက်ပြန်သည်။
"ဒီစာရဲ့ နောက်ဆုံးအပိုင်းကို ထပ်ဖြည့်ထားပြီး ဒီအတိုင်းဝေပေးနေတာ...."
ကျန်းချင်းအာက အဲဒါကို စိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားသည်။ထို့နောက် ခပ်သော့သော့ရယ်မောလိုက်သည်။
လီလော့ကလည်း သူမ၏ ပုခုံးပေါ်မှ ကျော်ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
"ယုလန် ၊ မင်းက ပါရမီရှင်တစ်ယောက်ပဲ... ငါ မင်းကို အရင်တုန်းက တကယ်လျှော့တွက်ခဲ့မိတယ်"
လီလော့ ဝမ်းသာအားရ ချီးကျူးစကားဆိုလိုက်သည်။
ယုလန်၏ ထပ်မံဖြည့်စွက်မှုသည် ပထမသတင်းတစ်ပုဒီမှမြစ်ဖျားခံခဲ့ခြင်းဖြစ်သော်လည်း ပထမစာပိုဒ်သည် အဓိက ဟင်းမဟုတ်တော့ဘဲ အမြည်းသဘောမျှသာဖြစ်သွားသည်။ ကျင်းထန်ရှုတစ်ယောက် ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်စားရတော့မည်သာ....
လီလော့က ယုလန်ရဲ့ နောက်ကျောကို ပုတ်လိုက်ပြီး....
"ကျေးဇူးတင်ပါတယ်ကွာ...."
မူလ ကောလဟာလက လီလော့ကို အလွန်ဒေါသထွက်စေခဲ့သည်။သို့သော် ယုလန်က ကျန်းချင်းအာ၏ ဂုဏ်သတင်းကို အကာအကွယ်ပေးခဲ့သည်။ ယုလန် ၏လှည့်ကွက်သည် ဆဲဆိုခြင်းအား လုံးလုံးလျားလျား ရပ်တန့်စေပြီး သွေးထိုးလှုံ့ဆော်သူထံ ပြန်လှည့်သွားခဲ့သည်။
သူ့ပတ်ဝန်းကျင်မှာ ဒီလိုသူငယ်ချင်းမျိုးရှိလို့ တကယ်ကံကောင်းသည်ဟုဆိုရမည်။
ယုလန် ပြုံးလိုက်သည်။
"စီနီယာကျန်းက ငါတို့ရဲ့ မင်းသမီးလေးပါ...ဘယ်လိုအထိခိုက်ခံပါ့မလဲ.....ကျောင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့က ကျောင်းသားကောင်းအားလုံးရဲ့ တာဝန်ပဲလေ....”
ကျန်းချင်းအာက သူ့ကို နွေးထွေးစွာ ပြုံးပြပြီး...
"ကျေးဇူးတင်ပါတယ်..."
ယုလန်က သူမဆီက ကျေးဇူးတင်စကားကြားရသည့်အတွက် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူမသည် အေးတိအေးစက်နေတတ်သော်လည်း ကြင်နာတတ်သူတစ်ယောက်ပင်.... သူမ၏အရည်အချင်းသည် စည်းတစ်ခုတားထားသလိုဖြစ်နေပြီး သူမနှင့်ရင်းနှီးရန် ခက်ခဲနေဆဲပင်...
သူမထံမှ ထိုသို့သော ရိုးသားဖြူစင်မှုသည် ရှားရှားပါးပါး မြင်ကွင်းတစ်ခုဖြစ်ပြီး ယုလန်လို လူဆိုးတစ်ယောက်ကိုပင် ရင်ခုန်စေမည်ဖြစ်သည်။
ကျောင်းသားတစ်ယောက်က သူတို့ဆီ ပြေးလာပြီး....
"စီနီယာကျန်ကိုတွေ့ဖို့ မျှော်စင်အောက်မှာ ဧည့်သည်ရောက်နေတယ်... သူက ဉာဏ်အလင်းပညာကောလိပ်က ကျင်းထန်ရှုလို့ပြောတယ်"
လီလော့နှင့် ကျန်းချင်းအာတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျင်းထန်ရှု ကိုယ်တိုင်ရောက်လာပြီလား....
"ငါတို့ သူတို့ကို တွေ့သင့်လား?"
လီလော့က ကျန်းချင်းအာကို မေးလိုက်သည်။
ဒီကောင်ဘာလုပ်ထားတာလဲဆိုတာ သူသိချင်တယ်......
ကျန်းချင်းအာက တိတ်တဆိတ် ခေါင်းညိတ်ပြသော်လည်း သူမ၏ရန်လိုမှုကို အလိုလိုခံစားနေရသည်။
တံခါးဝသို့ လျှောက်သွားသောအခါ အနီးရှိ သစ်ပင်တစ်ပင်အောက်တွက် ရပ်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ကျင်းထန်ရှုနှင့်လုဂျင်းစီ......
ကျင်းထန်ရှု၏ မျက်လုံးများသည် ကျန်းချင်းအာထံတွင်သာ ကပ်ငြိနေသည်။ အဆင်သင့်ဖြစ်နေပြီဟု ထင်ခဲ့သော်လည်း သူမ၏အလှနှင့် တည်ရှိမှုသည် လွှမ်းမိုးနေဆဲဖြစ်သည်။
ဤကမ္ဘာပေါ်တွင် လူရှုပ်လူပွေများစွာရှိသော်လည်း ကျင်းထန်ရှုသည်ကျွမ်းကျင်သော လူရှုပ်လူပွေတစ်ယောက်ဖြစ်သည်။သို့သော် ဒီလို အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ့အဖေ မာနကို ချိုးနှိမ်ပြီး အိမ်ထောင်ရေးအစီအစဉ်ကို ကမ်းလှမ်းခဲ့သည်မှာအံ့သြစရာမဟုတ်တော့ပေ။ သူ့အဖေကို အရင်တုန်းက အားနည်းတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ နားလည်သွားခဲ့ပြီ......
လီလော့ ကျင်းထန်ရှုကိုသာ စူးစူးရဲရဲကြည့်နေခဲ့သည်။
ဒီလူကို မနှစ်မြို့ပေ.....
"ကျင်း..?"
ကျင်းထန်ရှု တင်းမာသွားသည်။
"ငါက ကျင်းထန်ရှု ပါ....ဒါဆို မင်းက အချက်အလက်ကို ပြုပြင်လိုက်တဲ့ သူပေါ့..."
လီလော့ ခေါင်းညိတ်လိုက်သည်။
"ရေးထားတာကောင်းတယ်မဟုတ်လား"
"မင်း အဲဒါကို မကြားချင်ပေမယ့် ဒါဟာ အမှန်တရားပါပဲ...."
"ဟုတ်ပါတယ်... လော့လန်အိမ်တော်မှာ ဒါမျိုးကမ်းလှမ်းချက်တွေ ပုံအောနေတာဆိုတော့ မင်းလည်း စိတ်ထဲထားမနေနဲ့....."
လီလော့က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
ကျင်းထန်ရှုသည် သူ့ထက်ပင် ပိုချောမောသည့် ဤလူငယ်ကို ကြည့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။
"မင်းကရော...?"
"ကြယ်တာယာခရီးရှည်ကောလိပ်ကလီလော့...လီတိုင်ရွှမ်ရဲ့သား...ကျန်းချင်းအာနဲ့စေ့စပ်ထားတဲ့သူ"
လီလော့က ပြောပြောဆိုဆိုနဲ့ကျန်းချင်းအာ ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"ဒါကြောင့် မင်းဖြန့်လိုက်တဲ့ ကောလဟာလတွေက ငါ့ကို ဒေါသထွက်စေတယ် .."
ကျန်းချင်းအာက ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး လီလော့ရဲ့လက်ကိုခပ်တင်းတင်းပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။
"ရည်းစားတွေလား...?"
ကျင်းထန်ရှု စိတ်ညစ်နေသော်လည်း ကျန်းချင်းအာကတော့ ပျော်ရွှင်နေပုံရသည်။
"သခင်လေး လီလော့ ၊ မင်းက ကံကောင်းတဲ့လူပဲ... တကယ်ပဲ မင်္ဂလာရှိလိုက်တာ"
ကျင်းထန်ရှု သက်ပြင်းချလိုက်သည်။
" စီနီယာကျန်း...ငါ ဒါကို မသိခဲ့ပါဘူး...ငါလုပ်ခဲ့တဲ့ အရာတွေက အလွန်ညံ့ဖျင်းခဲ့ပါတယလ... အရင်တုန်းက ဖေဖေ မင်းကို ချီးမွမ်းနေတာတွေကြားပြီး တစ်ကြိမ်လောက် တွေ့ဆုံချင်ခဲ့တာပါ.... အလေးအနက် တောင်းပန်ပါတယ်....."
ကျန်းချင်းအာက သူ့ကို အေးစက်စွာ ကြည့်နေသည် ။
"နင့်နားထဲမှာ ယင်ကောင်တွေတဝီဝီအော်နေတဲ့အသံကြားရင် သည်းခံနေမလား..ရိုက်သတ်ပစ်မလား...."
ကျင်းထန်ရှု အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ကျန်းချင်းအာ၏လေသံထဲတွင် လူသတ်ငွေ့များကိုခံစားလိုက်ရသည်။
လုဂျင်းစီသည် ရှေ့သို့ ခြေလှမ်းတစ်ဝက် လှမ်းပြီး ကျန်းချင်းအာကို သေချာအကဲခတ်နေသည်။
တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း ကျန်းချင်းအာ ဒေါသထွက်နေသည်မှာ အထင်အရှားပင်......
" ကျင်းထန်ရှု"
လီလော့က ကြားဖြတ်ပြောလိုက်သည်။
"ခန်းမအဆင့်ပြိုင်ပွဲမှာ မင်းနဲ့တွေ့မယ်...."
ကျင်းထန်ရှုက လီလော့ ကို ပြုံးပြလိုက်သည်။ လီလော့၏ စိန်ခေါ်မှုကို သူ မည်သို့ နားမလည်နိုင်မည်နည်း။
"သူငယ်ချင်း လီလော့၊ ငါစောင့်မျှော်နေတယ်....."
ကျင်းထန်ရှုနှင့်လုဂျင်းစီတို့ ထွက်သွားကြသည်။
"ကောင်းပြီ၊ ငါတို့လိုချင်တာကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီ..."
လုဂျင်းစီက သူတို့ဘေးကင်းတဲ့အကွာအဝေးကို ရောက်တဲ့အခါ တိုးတိုးလေးပြောလိုက်သည်။
ကျန်းချင်းအာကို သက်သက်ကြီးသွားနှောက်ခဲ့သည်မဟုတ်လား.....
ကျင်းထန်ရှု ခေါင်းညိတ်လိုက်သည်။
"တေငါတို့တွေ ကျားမြီးဆွဲခဲ့မိပြီထင်တယ်..." ဟု လုဂျင်းစီက တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။
ကျင်းထန်ရှု ပြန်မဖြေခဲ့ပေ။
"ဟေး မင်းဘာတွေတွေးနေတာလဲ"
"ကျွန်တော် သူ့ကို သဘောကျနေပြီထင်တယ်..."
ကျင်းထန်ရှု သက်ပြင်းတစ်ချက်ချလိုက်သည်။
လုဂျင်းစီ မျက်လုံးပြူးသွားသည်။
"မင်း ပထမနှစ်မှာ တစ်ဒါဇင်လောက်တွဲခဲ့ဖူးတယ်လေကွာ....."
"ဒါက မတူဘူး"
"ဟေး၊ သူက စေ့စပ်ထားပြီးသားနော်...."
"ကျွန်တော် လီလော့ကိုမနာလိုဖြစ်မိတယ်.... ဒါပေမယ့် သူ့အစွမ်းကို ကျွန်တော် မကြောက်ဘူး. အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ ကျွန်တော်ကြောက်ရမယ့် ကြယ်တစ်ပွင့်ကျောင်းသား ဘယ်သူမှမရှိဘူး....."
လုဂျင်းစီ ကန့်ကွက်ခြင်းမရှိပေ။
တစ်ဖက်တွင် လီလော့နှင့်ကျန်းချင်းအာတို့ စုံတွဲက ကျင်းထန်ရှုတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
"လီလော့"
"ဟမ်?"
"နင့်အတွက် အလုပ်တစ်ခုရှိတယ်... သူ့ကို ခန်းမပြိုင်ပွဲမှာ ဖယ်ထုတ်လိုက်...."
"အိုး? ဘာဆုတွေရမှာလဲ?"
လီလော့က စိတ်အားထက်သန်စွာ မေးလိုက်သည်။
သူမသည် ပြုံးပြီး ယှက်ထားသော လက်များကို မြှောက်ကာ အပျော်သဘောဖြင့် လှုပ်ခါလိုက်သည်။
"အားနာပါတယ်... နင် ဒါကို ကြိုရွေးထားလိုက်ပြီလေ....."
***