← Chapters

တရားဝင် စတင်ခြင်း....

Vol. 33 Ch. 461

တရားဝင် စတင်ခြင်း....

Vol. 33 Ch. 461

ခန်းမအဆင့်ပြိုင်ပွဲမစခင် တစ်နာရီသာကျန်တော့သည်။ ဒုကျောင်းအုပ်ကြီးစုရှင်းသည် ကျောင်းသားများအား နောက်ဆုံးအချက်အလက်များကို အသိပေးရန် စုစည်းခိုင်းလိုက်သည်။

ကြယ်တစ်ပွင့်ခန်းမဘက်တွင်......

ယုလန် သည် ၎င်းတို့၏ ကိုယ်စားလှယ်ကင်းထောက်ဖြစ်သောကြောင့် လူတိုင်းက ကြည့်နေကြသည်။ အချက်အလက်အားလုံး သူနှင့်အတူရှိနေပြီး အခြားခန်းမများမှ ကင်းထောက်များနှင့်လည်း သတင်းအချက်အလက်ဖလှယ်မှု ပြီးဆုံးသွားခဲ့ပြီ....

"အဟမ်း...."

ယုလန် ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး ရင်ဘတ်ကို ဖိလိုက်သည်။

"နားထောင်-"

"လိုရင်းကိုပြော..."

ပိုင်တုတု ခပ်ပြတ်ပြတ်အမိန်အကြောင့် ယုလန် ကြေကွဲနေရှာသာ

“အင်း၊ အချက်အလက်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် မင်းတို့အားလုံး သတိထားရမယ့် အထက်တန်းအဆင့် သတင်းအချက်လက်တွေလည်းရှိသေးတယ်...ဒီမှာ အတုအယောင်အချက်အလက်တွေ အများကြီးရှိပေမယ့် အထူးသတိပြုရမယ့် လူကြိုက်များတဲ့ ထိပ်တန်းသုံးယောက်က...."

"အဲ့အထဲမှာ လီလော့ပါလား..." လုချင်းအာက ကြားဖြတ်မေးလိုက်သည်။

"မဟုတ်ဘူး...လီလော့က အဲ့အထဲမှာ မဟုတ်ဘူး... .."

"ခေါင်းဆောင်က ကောင်းကောင်း ဖုံးကွယ်ထားတယ်..."

ပိုင်မျန်မျန်က လီလော့၏အကြီးစားပရိတ်သတ်တစ်ယောက်ပင်.....

ဒီမိန်းကလေးတွေအားလုံး လီလော့ကို ဖားနေကြတာကြောင့် ယုလန် မပျော်ရွှင်နိုင်တော့ပေ.....

"ထိပ်တန်းသုံးယောက်က ဉာဏ်အလင်းကောလိပ်ရဲ့ ကျင်းထန်ရှု၊ မြင့်မြတ်သောအစည်းအဝေးကောလိပ်ရဲ့ စွန်းတရှန်...ကောင်းကင်ငရဲကောလိပ်ရဲ့ လုမင်.... ငါရထားတဲ့အချက်အလက်တွေအရဆို သူတို့ သုံးယောက်စလုံး ပုံသဏ္ဍန်ပြောင်းလဲခြင်း တတိယအဆင့် ရောက်နေကြပြီ.....သူတို့သုံးယောက်နဲ့ထိပ်တိုက်ရင်ဆိုင်တာက သူရဲကောင်းဆန်တဲ့လုပ်ရပ်မဟုတ်ဘူး...ဝေးဝေးကနေသာရှောင်...."

ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်....

လီလော့သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း သစ်သားပဲ့တင်ထပ်သံသည် မကြာသေးမီက အဆင့်ခြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ယခုတွင် သူ့ထံတွင် အဆင့်ခုနှစ် ရေအလင်းပဲ့တင်ထပ်သံနှင့်အဆင့်ခြောက် မြေသစ်သားပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည်။

အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတစ်ခွင်ရှိ ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့် ကျောင်းသားများကြားတွင် အကောင်းဆုံး အနေအထားရှိသည်ဟုဆိုနိုင်သည်။ ကျင်းထန်ရှုနှင့် အခြားသူများသည် သူ့ထက် သာလွန်သောအဆင့်တွင်ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ကျောင်းများက ပေးအပ်ထားသော များပြားလှသော အရင်းအမြစ်များကြောင့်ကိုသာကျေးဇူးတင်ရမည်။

ရှန့်ပိန်းတွေ့ဆုံပွဲသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုအားကောင်းလာခဲ့သည်။ပျမ်းမျှအဆင့်ပင်လျှင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိအဆင့်ဖြစ်နေခဲ့ပြီ......

"ဒီသုံးယောက်အပြင်၊ လူပြောအများဆုံး လူ ရှစ်ယောက်ရဲ့ အချက်အလက်တွေကိုလည်း ရှာလာခဲ့တယ်.... သူတို့အပြင် နောက်ထပ် ဖျက်မြင်းတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်...."

"ရတနာကောလိပ်ရဲ့ ကျန်းမိန် အဆင့်ရှစ်အဆင့်မြင့် မီးပဲ့တင်ထပ်သံ...ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်.....

"သစ်တောကောလိပ်ရဲ့ လုချင်းမု အဆင့်ရှစ်အဆင့်မြင့် သစ်သားပဲ့တင်ထပ်သံ...

"ဝံပုလွေကောလိပ်ရဲ့ အောင်းဖေး...အဆင့်ရှစ်အဆင့်နိမ့် မိုးကြိုးဝံပုလွေ ပဲ့တင်ထပ်သံ....

ယုလန်နောက်ဆုံးနားအရောက်တွင် ဆက်မကြေငြာတော့ဘဲရပ်တန့်နေလေ၏။

သူ ပြုံးလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် တုံ့ဆိုင်းသွားကာ နှုတ်ခမ်းကို ကိုက်ကာ တွေးတောနေပြန်သည်။

"ကြယ်တာယာခရီးရှည်ကောလိပ် ..."

လုချင်းအာ၊ပိုင်မျန်မျန်နှင့် အခြားသူများ လန့်သွားသည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ယုလန်...."

ဘာတုန်းဟ......

ပိုင်တုတု မျက်လုံးပြူးသွားသည်။

"ယုလန် ဒါနောက်ရမယ့် ဒီအချိန်မဟုတ်ဘူး..."

"ငါ နောက်နေတာမဟုတ်ဘူး...တကယ်ရေးထားတာ... ဘယ်မျိုးမစစ်သား ငါ့နာမည်ယူလိုက်လဲမသိဘူး..."

ယုလန်က စာရွက်ကိုအားလုံးမြင်အောင်ပြလိုက်သည်။

ဒါပေမယ့် ယုလန်က သူတို့ထဲမှာ အညံ့ဆုံးပဲလေ... ကျွမ်းကျင်သူများစာရင်းထဲဘယ်လိုပါသွားတာလဲ....

ခန်းမလေးခုက အချက်အလက်တွေကို စုစည်းထားတဲ့အချက်ကြောင့်သာ မဟုတ်ရင် ယုလန် သူတို့ကို နောက်ပြောင်နေတယ်လို့သာ သံသယဝင်မိကြလိမ့်မည်။

ဒါပေမယ့် အချက်အလက်ကို ယုံကြည်လို့ရတယ်... ကောလိပ်များကြားတွင် ယုလန်၏ နာမည်သည် သူတို့စိတ်ထဲတွင် ရှိနေသည်။ ပြီးတော့ ဒီလူတွေရဲ့ ပစ်မှတ်ထားခြင်းကိုလည်းခံရလိမ့်မည်။

သန်မာတဲ့သူတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ ခွန်အားကို ကန့်သတ်ချက်တစ်ခုသာပင်.... ယုလန်းလို ပျော့ညံ့တဲ့လူအတွက်ကတော့ တစ်ချက်တည်းနဲ့တင် ကြေမွသွားလိမ့်မည်။

ယုလန်သည် အရှင်လတ်လတ် မြှုပ်နှံထားသည့် မြင်ကွင်းကို စိတ်ထဲမှာ မြင်နေပြီး မိဘနှစ်ပါးကို တမ်းတနေမိသည်။

ထိုအချိန်တွင် လီလော့က မွေးကင်းစကလေးငယ်လို အပြစ်ကင်းသော အမူအရာဖြင့် ရှေ့ တိုးလာပြီး.........

"စိတ်မပူပါနဲ့ မင်းကို ငါကာကွယ်ပေးမယ်။"

ယုလန် ထိရှသွားလေပြီ.....

တကယ့်ကို အားကိုးနိုင်တဲ့ အစ်ကိုကောင်းတစ်ယောက်ပဲ.....

ဒေါင်!

ကျယ်လောင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ဆွေးနွေးပွဲတွေ အားလုံး ရပ်ဆိုင်းသွားပြီးဒုကျောင်းအုပ်စုရှင်း မတ်တပ်ရပ်လိုက်သည်။

"ပြိုင်ပွဲက အချိန်မရွေးစမှာ... ကျောင်းသား၊ ကျောင်းသူအားလုံး ပြင်ဆင်ထားကြပါ...."

ငါးမိနစ်အကြာတွင် သူတို့၏မျှော်စင်အပြင်ဘက်ကျုံးထဲတွင် စွမ်းအင်ရေစုန်ပေါ်လာသောအခါ ကျောင်းသားများအားလုံး သပ်သပ်ရပ်ရပ် စည်းစည်းလုံးလုံးနှင့် အဆင်သင့်ဖြစ်နေကြပြီး ခန်းမထဲတွင် စုဝေးနေကြသည်။

"ခန်းမအဆင့်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ အားလုံးသိပြီးပြီမလား...မှတ်ထားပါ-..အရေအတွက်ကလည်း ခွန်အားပဲ.... တိုက်ပွဲတစ်ခုတည်းက မင်းတို့ကို မလိုလားအပ်တဲ့ အားနည်းချက်တစ်ခု ဖြစ်စေနိုင်တယ်....ဉာဏ်အလင်းကောလိပ်က ကျင်းထန်ရှုက ခရမ်းအဆင့်နှစ်ဖွဲ့သုံးဖွဲ့လောက်ကိုတစ်ယောက်တည်းထိန်းထားနိုင်တယ်...."

"လုံကူကျွန်းမှာ ဒုတိယပိုင်းအတွက် မင်းတို့ရဲ့သူရဲကောင်းတွေကို ကယ်တင်လိုက်ပါ ..ဒါ့အပြင် ခန်းမတစ်ခုစီတိုင်းမှာ ဗျူဟာတစ်ခုလုံးကို ကြီးကြပ်ဖို့ ခေါင်းဆောင်တစ်ယောက်စီရှိရမယ်... အဖွဲ့အားလုံး ခေါင်းဆောင်ရဲ့စကားကို နားထောင်ရမယ်....လီလော့၊ဇူရွှမ်း၊ကျန်းချင်းအာ၊ကုန်းရှန်ကျွင်း...မင်းတို့လေးယောက် ခေါင်းဆောင်အဖြစ်တာဝန်ယူရမယ်...."

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

စုရှင်းလက်ဝှေ့ယမ်းလိုက်သည့်အခါ အလင်းတန်းများက ကျောင်းသားများဆီသို့ လွင့်ပျံလာသည့်အခါ လီလော့သည် သူ့ရှေ့ရှိ အလင်းတန်းနှစ်ခုကို ကြည့်လိုက်သည်။ တခုက အဖြူရောင်ဘူးသီး​ခြောက်ဖြစ်ပြီး နောက်တစ်ခုကတော့ ကြည်လင်တဲ့သံလိုက်အိမ်မြှောင်တစ်ခုပင်.....

"ဝိဉာဉ်နှင်းစက် ဘူးသီးခြောက်ကို ဝိဉာဉ်နှင်းစက် စုဆောင်းဖို့အတွက် သုံးတယ်...သလင်းလမ်းပြအိမ်မြှောင်က မင်းတို့ကို လမ်းညွှန်ပေးလိမ့်မယ်... မင်းတို့ရဲ့​တည်နေရာအားလုံးကို တောက်ပတဲ့အလင်းစက်တွေ

အဖြစ် အမှတ်အသားပြုထားတယခ....တစ်ဦးနဲ့တစ်ဦး တည်နေရာကို အတည်ပြုပြီး လိုက်လျောညီထွေလုပ်ဆောင်နိုင်ကြပါစေ....."

ဒုကျောင်းအုပ်ကြီးစုရှင်းက သူတို့ကို နောက်ဆုံးအကြိမ် အားပေးပြုံးပြလိုက်သည်။

"လုံလောက်ပြီ... မင်းတို့အားလုံး ဘာလုပ်နိုင်မလဲဆိုတာ စောင့်မျှော်နေမယ်..."

ဒေါင်!

နောက်ထပ် အချက်ပေးသံ ထွက်ပေါ်လာပြီး ပြိုင်ပွဲစတင်ကြောင်းကြေငြာနေပြီ.....

"တစ်သင်းချင်းစီဝင်ပါ.. မင်းရဲ့သက်ဆိုင်ရာနေရာတွေကို ပို့ဆောင်ပေးလိမ့်မယ်... မင်းရဲ့ပထမဆုံးပန်းတိုင်က တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းပြီးအုပ်စုဖွဲ့ဖို့ဆိုတာမမေ့ပါနဲ့..."

"သွားကြတော့....."

ခန်းမ လေးခုမှ ခေါင်းဆောင်များက ဦးဆောင်လိုက်ကြသည်။

လီလော့တို့က နောက်ဆုံးမှ ဝင်ရမည်ဖြစ်သောကြောင့် ကျန်းချင်းအာကို အားတက်သရော ပြုံးပြကြသည်။

အလှည့်ကျလာသောအခါ လီလော့အရင်ဆုံးခုန်ဝင်လိုက်သည်။နောက်ကနေ ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ လိုက်လာကြသည်။

အနီးတစ်ဝိုက်တွင် ကျောင်းသားများ စွမ်းအင်ရေစုန်ထဲသို့ ခုန်ဆင်းကာ အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားကြသည်။

ရှန့်ပိန်းတွေ့ဆုံပွဲ အမှန်တကယ် စတင်ခဲ့လေပြီ.......

***

All Chapters