ဝိဉာဉ်နှင်းစက် တိမ်တိုက်များ...
Vol. 33 Ch. 462
လီလော့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သစ်တောဝန်းရံထားတဲ့ တောင်ကုန်းလေးပေါ်ရောက်နေမှန်းသတိပြုမိလိုက်သည်။
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ အနီးနားမှာ ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ နှစ်ယောက်စလုံး စိတ်ကသိကအောက်ဖြစ်မှုကနေ ရုန်းထွက်ပြီးတာနဲ့ သူ့ဘေးကို အမြန်ရောက်လာကြသည်။
လီလော့က သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ကြည်လင်သော သံလိုက်အိမ်မြှောင်ကို ဆွဲထုတ်လိုက်သည်။
အလင်းအစက်များကို စစ်ဆေးပြီး အရိပ်ထဲတွင် သိမ်မွေ့စွာ ကွဲပြားမှုရှိသည်ကို သတိပြုမိသောကြောင့် မည်သည့်အဖွဲ့ဖြစ်သည်ကို သိရှိနိုင်မည်ဖြစ်သည်။
"ကြည့်ရတာ ငါတို့နေရာအနှံ့ရောက်နေပုံပဲ"
ရှင်းဖူ မှတ်ချက်ချလိုက်သည်ကို လီလော့ကခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါတို့က ဝေးကွာနေပေမယ့် အကွာအဝေးက သိပ်မဝေးဘူး... သူတို့အားလုံး တတ်နိုင်သမျှ မြန်မြန်ကျော်သွားသင့်တယ်။ အနီးအနားမှာ နှင်းရည်တွေ တွေ့နိုင်မလားဆိုတာ သိဖို့ ဒီနေရာကို တချက်ကြည့်လိုက်ရအောင်....."
"ငါတို့ ဝိဉာဉ်နှင်းစက်တိမ်တိုက်ထဲကို တည့်တည့်လျှောက်သွားနိုင်ဖို့ ဆုတောင်းရမယ်.."
ပိုင်မျန်မျန်က ဝမ်းသာအားရ ပြောလိုက်သည့်။
" အင်း ဒါဆိုရင်တော့ အကောင်းဆုံးပေါ့....."
ဝိဉာဉ်နှင်းစက်တိမ်တိုက်များသည် အမှန်တကယ်တွင် တိမ်များမဟုတ်ပေ။ ၎င်းတို့သည် နှင်းမှုန်များထူထပ်သော ဒေသများဖြစ်သည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက်များသည် ခန်းမအဆင့် ယှဉ်ပြိုင်မှု ပထမအဆင့်အတွက် အဓိက တိုက်ပွဲကွင်းပြင်များ ဖြစ်လာတတ်သည်။ ဝိဉာဉ်နှင်းစက်တိမ်တိုက်များမှ နှင်းစက်အားလုံးကို စုဆောင်းခြင်းသည် ကြီးမားသော ကိစ္စဖြစ်ပြီး ကျဲပါးနေသော အမှုန်အမွှားများကို စုဆောင်းခြင်းထက် များစွာ ပိုထိရောက်သည်။
သို့သော်၊ ဝိဉာဉ်နှင်းစက်တိမ်တိုက်များကိုရှာဖွေရန်မလွယ်ကူပေ။ ထို့အပြင် ၎င်းတို့သည် ကိုင်တွယ်ဖို့ မလွယ်ကူပေ။ တွေ့ရှိပြီးသည်နှင့် ၎င်းတို့သည် အခြားကျောင်းသားများကို ဆွဲဆောင်မည့် သက်တန့်အလင်းရောင်များ အလိုအလျောက်ထုတ်လွှတ်ကြသည်။
၎င်းသည် ခန်းမအဆင့်ပြိုင်ပွဲအတွက် ယန္တရားများထဲမှ တစ်ခုဖြစ်သည်။
ဝိဉာဉ်နှင်းစက်တိမ်တိုက်များသည် ကျောင်းတိုင်းအတွက် ရည်ရွယ်ထားသော ရတနာများဖြစ်သည်။ပိုင်မျန်မျန်ရဲ့ အိပ်မက်ကိုလက်တွေ့မကျသည့်တိုင် နားလည်နိုင်ကြသည်။
သူတို့ တစ်နာရီကြာအောင် ရှာဖွေခဲ့သော်လည်း ဘာမျှမတွေ့သေးပေ။
ပူအိုက်စေးကပ်ခြင်းနှင့် ငြီးငွေ့ခြင်းတို့ကြောင့် နှင်စက်များ ရရှိဖို့ ခဲယဉ်းနေခဲ့သည်။ အစက် 99 စက်လုံး စုဆောင်းရတာ လွယ်ကူမည့်အလုပ်မဟုတ်ပေ။ အကယ်၍ သူတို့အားလုံးပေါင်းလို့ 99 စက်တောင် မရနိုင်ခဲ့ရင် လုံကူကျွန်းကို ရောက်နိုင်မည်မဟုတ်ပေ။
မကြာခင်မှာပဲ ရိလီရှတို့အဖွဲ့ ရောက်လာပြီး လီလော့တို့နှင့်ပူးပေါင်းလိုက်ကြသည်။
အတူတကွ ရှာဖွေခဲ့ကြပြီး နာရီအနည်းငယ်အကြာတွင် မြင့်မားသော တောင်တန်းနှစ်ခုကြားရှိ ချိုင့်ဝှမ်းတစ်ခုကိုဖြတ်၍ စီးဆင်းနေသော မြစ်ရှည်ကြီးအလယ်ရှိ ရေကန်တစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ ရေကန်အလယ်ရှိ ကြာရွက်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့အရည်တစ်စက်ကို တွေ့လိုက်ကြပြီး သစ်ရွက်သည် ရေစီးကြောင်းအတိုင်း ဖြည်းညှင်းစွာ လှည့်ပတ်နေသကဲ့သို့ ပြောင်လက်တောက်ပနေသည်။
ဤသည်မှာ ဝိဉာဉ်နှင်းစက်ဖြစ်သည်။
လီလော့ ရှေ့သို့တိုး၍ ၎င်းတို့၏ ပထမဆုံး နှင်းရည် တစ်စက်ကို ဘူးသီးခြောက်ထဲသို့ ထည့်လိုက်သည်။
နှင်းရည်တစ်စက်ရဖို့ နာရီပေါင်းများစွာရှာဖွေခဲ့ကြရသည်။
လီလော့ ဘူးသီးခြောက်ကိုသိမ်းလ်ိုက်ပြီး....
"ဒီအတိုင်းဆို အလုပ်မဖြစ်ဘူး...ဝိဉာဉ်နှင်းစက်တိမ်တိုက်ရှာမှဖြစ်မယ်...နို့မို့ဆို ဒီနေရာမှာ တစ်သက်လုံးနေနေရမယ်...."
အနာခံမှသာ အသာစံရလိမ့်မည်.....
ရိလီရှသည် ထုံးစံအတိုင်း ခြေညှပ်ဖိနပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရေပြင်ကိုကန်ကျောက်လိုက်သည်။
“အဲဒီချဉ်းကပ်မှုကို ရွေးချယ်တာက ကြီးမားတဲ့ တိုက်ပွဲတွေကိုဖိတ်ခေါ်လိုက်တဲ့သဘောပဲ...ငါတို့ အခုလို အေးအေးချမ်းချမ်း နေရမှာမဟုတ်ဘူး..."
"မတတ်နိုင်ဘူးလေ... ခန်းမအဆင့် ပြိုင်ဆိုင်မှုက ထုတ်ပယ်စနစ်နဲ့လည်ပတ်နေတာ.... ဆန့်ကျင်ဖို့ ခက်ခဲပေမယ့် ခွန်အားအပြည့်နဲ့ အမာခံဒေသကို ရောက်နိုင်မယ်လို့ ထင်တယ်"
ရိလီရှ ခေါင်းညိတ်လိုက်ကာ အကြောဆန့်လိုက်ပြီး....
"ကောင်းပြီ၊ မင်းက ခေါင်းဆောင်ဆိုတော့ မင်းအမိန့်ကိုနာခံရမှာပေါ့...." ဟုအပြုံးဖြင့်ပြောလိုက်သည်။
ရီလီရှာ အနားတွင်ရှိနေသော စီချိုးယင်းကတော့ တိတ်ဆိတ်နေခဲ့သည်။ သူမရဲ့ အဖွဲ့ခေါင်းဆောင်လေသံကနေတဆင့် လေးစားမှုကိုခံစားနေရသည်။
ဤသည်မှာ လီလော့၏အဆင့်အတန်းကြောင့် မဟုတ်ဘဲ ပြီးခဲ့သောနှစ်ဝက်က စွမ်းဆောင်ရည်များကြောင့်ပင်.... အထူးသဖြင့် ဝင်ခွင့်ပြိုင်ပွဲတွင် လီလော့စွမ်းဆောင်ခဲ့သည်များက ရိလီရှတို့လို ခရမ်းအဆင့်တပည့်များထက်ပင်သာလွန်နေခဲ့သည်။
ထျန်ရှုစီရင်စုမှ ဤသခင်လေးကို တချိန်ကမည်သူမျှအထင်မကြီးခဲ့ကြပေ။ ယခုအချိန်တွင် လီလော့သည် ကြယ်တစ်ပွင့်ခန်းမ၏ နံပါတ်တစ်ဖြစ်နေခဲ့ပြီ.....
စီချိုးယင်းတစ်ယောက် သူမ၏ထင်မြင်ချက်ကို ထုတ်ဖော်ဝံ့ခြင်းမရှိတော့ပေ။ အခုလောလောဆယ်ပြိုင်ပွဲကိုသာ အာရုံစိုက်ထားရပေမည်။
ပိုင်မျန်မျန်က.....
"ခေါင်းဆောင်၊ ဒုက္ခရောက်နေလို့အချက်ပြတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်!"
နှစ်ယောက်သား အချက်ပေးသံကြားလိုက်ရသည်။ ခန်းမအဆင့်ပြိုင်ပွဲတွင် လူအရေအတွက် ထိန်းသိမ်းရန် ကြိုးစားရမည်။ အကယ်၍ အချိန်မတန်မီ ဖယ်ထုတ်ခံရပါက ၎င်းတို့၏ အင်အားအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။
သေးငယ်သောအစက်သုံးစက်သည် အနီရောင်ပြောင်းသွားပြီး ကြည်လင်သော သံလိုက်အိမ်မြှောင်ပေါ်တွင် ချက်ချင်းမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ဒုက္ခရောက်နေကြောင်းအချက်ပြမှု....
လီလော့ အံ့အားသင့်နေမိသည်။ ထိုအဖွဲ့သည် ချင်ဇူလူတို့အဖွဲ့ဖြစ်နေသည်။
"ကြည့်ရတာ ချင်ဇူလုတို့ ဒုက္ခရောက်နေပုံပဲ..."
ရိလီရှ ကိုယ်တိုင်လည်း အံ့သြနေခဲ့သည်။ချင်ဇူလုသည် ဤအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ရာတွင် အတော်လေး အားကောင်းခဲ့သည်။ သူဒုက္ခရောက်နေတယ်ဆိုရင် ...........
"သွားကြရအောင်!"
လီလော့က သူတို့အားလုံးကိုဦးဆောင်ပြီး အမြန်နှုန်းမြှင့်တင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊ သူသည်ခေါင်းဆောင်၏အခွင့်ထူးကို အသုံးပြု၍ အိမ်မြှောင်တွင် စုဝေးရာနေရာကို ချင်ဇူလု ၏တည်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
ဆိုလိုတာက အဖွဲ့အားလုံးကို အချက်ပြပြီးသည်နှင့် ထိုနေရာဆီဦးတည်သွားပါလိမ့်မည်။ သူ့ပုံဆောင်ခဲအိမ်မြှောင်ပေါ်ရှိ အစက်များသည် တည်နေရာအသစ်ကို ပေါင်းစည်းကာ လမ်းကြောင်းများပြောင်းသွားခဲ့သည်။
ရှန့်ပိန်းတွေ့ဆုံပွဲ၏စိတ်လှုပ်ရှားစရာအချိန်များစတင်ခဲ့လေပြီ.......
***