← Chapters

မေ့လျော့ခြင်းဖြင့် အကျိုးနှင့်အကြောင်းတို့အား ဖြတ်တောက်ခြင်း(၁)

Vol. 36 Ch. 537

မေ့လျော့ခြင်းဖြင့် အကျိုးနှင့်အကြောင်းတို့အား ဖြတ်တောက်ခြင်း(၁)

Vol. 36 Ch. 537

ထို့ကြောင့်ပင် ဤနေရာသို့ ညဉ့်နက်ချိန်ပိုင်းတွင်ပင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူ့ရည်ရွက်ချက်မှာ ကောင်လေး၏အကြည့်က အဘယ်ကြောင့် ဤသို့ဖြစ်နေရခြင်းကို ဖော်ထုတ်ရန်ဖြစ်သည်။

သူ၏တစ်ခုတည်းသော ရည်ရွယ်ချက်ပင်။

“ဒီမှာဘာရှိလဲ။”

ရွှီချင်းက ညာလက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး ကောင်လေးအားကြည့်လိုက်သည်။

ကောင်လေးက ပါးစပ်ကိုဟကာ တစ်ခုခုပြောဟန်ပြုလိုက်သည်။ သို့သော် ရွှီချင်းက သူပြောသည်ကို မကြားနိုင်ပေ။ ၎င်းတို့သည် မတူသည့် အချိန်နှင့် နေရာတို့တွင် ရှိနေကြသည့်အလားပင်။

ရွှီချင်းက စာရေးခြင်းစသည့် နည်းလမ်းများစွာသုံးခဲ့သော်လည်း ကောင်လေးနှင့် ဆက်သွယ်နိုင်ခြင်းမရှိခဲ့သေးပေ။ နောက်ဆုံးတွင် မနက်ခင်းအရုဏ်တက်ခါနီးအချိန်သို့ရောက်လာပြီး ရွှီချင်းက သက်ပြင်းအသာချလျက် လက်လျှော့လိုက်တော့သည်။

သူက (ဃ၁၃၂)သို့တစ်ချက်ပြန်ကြည့်လိုက်သည်။ သူ့အကြည့်သည် ထောင်သားဆယ့်လေးဦးထံ ဖြတ်သန်းသွားသည်။ အရာအားလုံးမှာ ပုံမှန်သာဖြစ်နေသည်။

ထို့ကြောင့် သူကပြန်လှည့်ကာ ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော် သူ့လက်က အချုပ်ခန်းတံခါးနှင့် ထိလိုက်မိသည့်တခဏတွင် ရွှီချင်း ရှုပ်ထွေးမှုအရိပ်အယောင်တို့ ဖြစ်လာသည်။

“ငါက ကံကောင်းမှုနဲ့ ဆက်သွယ်ကြည့်ဖို့တင် ဒီနေရာကိုညဘက်ကြီးလာခဲ့တာလား။ ဒါက ငါ့စရိုက်နဲ့မကိုက်သေးဘူး။”

“ဒါကို ငါနေ့ခင်းဖက် တာဝန်ချိန်မှာ လုပ်ခဲ့လို့ရတာပဲ။ ညဘက်ကြီးဘာလို့ လာခဲ့တာလဲ။”

“ငါ…တစ်ခုခုကို မေ့နေပုံပဲ။”

ရွှီချင်း ရေရွတ်လိုက်ပြီး (ဃ၁၃၂)အား ပြန်လည့်ကြည့်လိုက်သည်။ ၎င်းသည် သူ့မှတ်ဉာဏ်များထဲက အတိုင်းသာရှိနေသည်။

“မဟုတ်သေးဘူး။”

ရွှီချင်း၏မျက်လုံးတို့ အရောင်လက်သွားသည်။

“ငါ့မှတ်ဉာဏ်က ဒီလောက်မဆိုးသေးဘူး။ ဒါပေမဲ့ စဉ်းစားလို့မရဘူးပဲ။”

“စွမ်းအား တစ်ခုခုက ငါ့ကို သက်ရောက်နေတာလား။”

“ငါဒီကိုလာခဲ့ချိန်မှာ သက်ရောက်မှုမခံရလောက်သေးဘူး။ ဒါကြောင့် ဝင်လာခဲ့တာပဲ။ ဒါပေမဲ့ ဒီနေရာကို ဝင်လာခဲ့ပြီးနောက် ငါ့ရည်ရွယ်ချက်ကို မေ့သွားတယ်…။ ဒါဆို ငါ့မှာသဲလွန်စအချို့တော့ ရှိလောက်မှာပဲ။”

သူက ကြည့်လိုက်ရင်း သိုလှောင်အိတ်အား ဖျတ်ခနဲဖွင့်ကြည့်လိုက်သည်။ သူက ၎င်းအိတ်ထဲမွှေနှောက်ရှာလိုက်ပြီး ပစ္စည်းတစ်ခုချင်းစီအား သေချာစစ်ဆေးပြီးနောက်တွင် ဝါးပေလွှာတစ်စအား ထုတ်ယူလိုက်သည်။

၎င်းဝါးပေလွှာစပေါ်တွင် စာလုံးပေါင်းများစွာ ပူးကပ်ရေးထွင်းထားသည်။

ရွှီချင်းမျက်မှောင်ကြုတ်လိုက်သည်။ သူက ဝါးပေလွှာအား ရင်းနှီးနေသော်လည်း ၎င်းအပေါ်က စာသားတို့ကိုတော့ မသိပေ။ ထို့ကြောင့် သေချာဖတ်ကြည့်လိုက်သည်။ ဖတ်နေရင်း သူ့မျက်နှာထားတို့ ပြောင်းလဲလာတော့သည်။

“စတုတ္ထကနေ ဆယ့်နှစ်ခုမြောက်ထိ လှောင်အိမ်တွေက ဘာကိုချုပ်လှောင်ထားကြတာလဲ။”

“နတ်ဘုရားစွမ်းအားလား။”

ရွှီချင်း၏ စိတ်တို့ ပြင်းထန်စွာလှုပ်ရှားလာသည်။ သူ ဤလက်ရေးကို ရင်းနှီးစွာသိသည်။ ၎င်းတို့သည် သူ့လက်ရေးများပင် သို့သော် အကြောင်းအရာတို့ကတော့ သူနှင့် လုံးလုံးစိမ်းနေပေသည်။ နောက်ဆုံးတွင် သူက ခေါင်းမော့လိုက်ပြီး လှည့်ပတ်ကြည့်လိုက်တော့သည်။

“ငါမှတ်ဉာဏ်ကို သက်ရောက်နေတာလား။”

ရွှီချင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ လင်းလက်သွားသည်။ သူ့ကိုယ်ထဲက တတိယနန်းတော်လှုပ်ခါလာပြီး တားမြစ်အဆိပ်အရှိန်အဝါတို့ ပြန့်ထွက်လာပြီး သူ့တကိုယ်လုံးအား ဖုံးလွှမ်းသွားသည်။ ထို့နောက်တွင် သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စတုတ္ထနန်းတော်၏စွမ်းအားကို ပထမဆုံးအကြိမ်သုံးလိုက်သည်။

ခရမ်းရောင်လနန်းတော်ပင်ဖြစ်သည်။

ရွှီချင်းထံမှ အတွေးထုတ်လွှတ်ခြင်းဖြင့် စတုတ္ထနန်းတော် တုန်ခါလာသည်။ ရွှီချင်း၏ စိတ်နယ်ပယ်ထဲတွင် ခရမ်းရောင်လအလင်းတစ်မျှင် ပွင့်လာပြီး သူ့တကိုယ်လုံးအား ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် သူ့ကိုယ်၏ သဏ္ဌာန်မဲ့အသက်လွှာအဆင့်လည်း ရုတ်တရက်တိုးမြင့်လာသည်။

သူ့မျက်နှာထားသည် အေးစက်လာပြီး မျက်လုံးတို့သည်လည်း ဆန်းကြယ်ဝေးကွာလာသည်။ သူ့သွင်ပြင်သည် ပြောင်းလဲခြင်းမရှိသောလည်း သူက ခံစားချက်တို့ရှိနေသည့် လူအသွင်မဟုတ်တော့ သက်ရှိအပေါင်းအား ထီမထင်သော နတ်ဘုရားတစ်ပါကဲ့သို့ ခံစားချက်မျိုးသာ ထုတ်လွှတ်နေတော့သည်။

ထိုအားမန်စိတ်တို့ဖြင့် ရွှီချင်းက (ဃ၁၃၂)သို့ ပြန်ကြည့်လိုက်သည်။

ထိုအကြည့်တွင် (ဃ၁၃၂)၏သွင်ပြင်တို့သည် သူမျက်လုံးထဲတွင် ကြီးမားသော ပြောင်းလဲမှုများဖြစ်လာတော့သည်။

ထိုနေရာသည် အနက်ရောင်ပြည့်နေခြင်းမဟုတ်ဘဲ အနီရောင်တို့သာ ရှိနေသည်။ ၎င်းသည် အနီရောင်တောက်ပလျက် ကြမ်းပြင်သည်သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိနေသည်။ နံရံများနှင့် လှောင်အိမ်များသည်လည်း သွေးရောင်များသာ ဖြစ်နေကြသည်။

တစ်နေရာတည်းတွင်သာ အလင်းများထုတ်လွှတ်လျက်ရှိနေသည်။ သူဘေးတွင် ရှိနေသော ကောင်လေး၏ နေရာပင်ဖြစ်သည်။

သူတို့ချင်းနီးကပ်နေသဖြင့် ကောင်လေးမှထုတ်လွှတ်သော အလင်းတို့သည် ရွှီချင်းအားလည်း ဖုံးလွှမ်းနေသည်။

သူကအလင်းရောင်အောက်တွင် ရှိနေပြီး သွေးရောင်အလင်းပင်မက သွေးမြူတို့လည်း သိပ်သည်းစွာရှိနေကာ ၎င်းတို့က ဝင်ရောက်ကျူးကျော်လိုဟန်ရှိကြသော်လည်း ဟန်တားပိတ်ဆို့ခံရသည့်အလားပင်။

ရွှီချင်း၏စိတ်သည် လှုပ်ခါသွားသည်။ သူက တိမ်မြူသားရဲရှိနေသည့် လှောင်အိမ်သို့ ဖျတ်ခနဲကြည့်လိုက်သည်။ အထဲတွင်တော့ …တိမ်မြူသားရဲရှိမနေဘဲ ခေါင်းပြတ်ကျောက်ခြင်္သေ့တစ်ကောင်သာ ရှိနေသည်။

၎င်း၏ တကိုယ်လုံးသည် အစိမ်းရောင်သန်းသော အနက်ရောင်ဖြစ်နေပြီး ဆိုးရွားသော ခံစားချက်များစွာ ထုတ်လွှတ်နေသည်။

ထို့နောက် လူသားအမျိုးသမီးရှိနေသည့် လှောင်အိမ်ကို ကြည့်လိုက်သည်။ ထိုနေရာသည်လည်း ပြောင်းလဲသွားသည်ပင်။ ပဝါပါးကို လှစ်ဟာပြလိုက်သည့်အလား စစ်မှန်သော မြင်ကွင်းတို့ကို ဖော်ထုတ်ပြသလာသည်။ အထဲက အမျိုးသမီးသည် မိန်းမလှလေးမဟုတ်တော့ဘဲ အရိုးစုတစ်ခုသာ ဖြစ်နေသည်။

လှောင်အိမ်ထဲတွင် ကောက်ရိုးရုပ်ကြီးတစ်ခု ရှိနေသည်။ ၎င်း၏ကိုယ်တစ်ခုလုံးသည် သွေးရောင်ဖြစ်နေကာ ကောက်ရိုးစများ တဖွဲဖွဲပြုတ်ကျလျက်ရှိနေသည်။ ၎င်းက ကောက်ရိုးရုပ်ငယ်များအဖြစ် ပြောင်းလဲကာ အမျိုးသမီး၏အရိုးစုအား ဝါးမျိုးနေကြသည်။ ၎င်းတို့က ဝါးမျိုးစားသုံးပြီးနောက် ပြန်လည်ထွေးထုတ်ကာ ပြန်လည်တည်ဆောက်လိုက်ကြသည်။

ဤသို့ဖြင့် ထပ်တလဲလဲဖျက်ဆီးနေတော့မည့်အလားပင်။

ကောက်ရိုးရုပ်ကြီးက ရွှီချင်း၏အကြည့်ကို သတိပြုမိကာ ခေါင်းလှည့်လာပြီး ရွှီချင်းထံ ပြုံးဖြဲပြလိုက်သေးသည်။

ကျောက်ဆုံနှင့် ဦးခေါင်းတို့အား လှောင်ထားသည့် လှောင်အိမ်ထဲတွင်လည်း ယခင်သွင်ပြင်မှ ပြောင်းလဲနေသည်။ ကျောက်စုံကြီးက ပျောက်ကွယ်သွားပြီး ရှေးဟောင်းအရှိန်အဝါများထုတ်လွှတ်နေသည့် ရေဇလုံးကန်ကြီး တစ်ခုက နေရာဝင်ယူနေသည်။ ရေဇလုံးကြီးထဲတွင် နောက်ကျိနေသော အရည်တို့နှင့် အနက်ရောင်ကြာပန်းတစ်ပွင့်ပွင့်နေလျက် လှောင်အိမ်ပတ်ပတ်လည်နေရာတစ်ခုလုံးအနှံ့သို့ ကိုင်းခွဲမြောက်မြားစွာ ဖြာထွက်နေသည်။

ထိုကိုင်းများထဲက များစွာသည် ဦးခေါင်းအား ထိုးဖောက်သွားပြီး ဦးခေါင်းမှာ နာကျင်နေဟန်ဖြစ်နေသည်။

ထိုအချိန်တွင် ဦးခေါင်းသည် ရွှီချင်း၏အကြည့်အား သတိထားမိသွားသည်။ သို့ရာတွင် ၎င်း၏သွင်ပြင်က လွန်စွာထူးဆန်းနေသည်။ ၎င်းက လက်မှိုင်ချနေဟန်ရောစွက်လျက် အားနည်းသံဖြင့် ပြောလိုက်သည်။

“ငါတစ်ယောက်တည်းပဲ မပြောင်းလဲတာပဲ။ ငါပြောခဲ့သားပဲ။ ငါက လူကောင်းပါလို့..”

ရွှီချင်း ငြိမ်ကျသွားပြီး အခြားသော လှောင်အိမ်များသို့ ကြည့်လိုက်သည်။ သူမြင်တွေ့ရသည်တို့ကြောင့် သူ့စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထန်သွားသည်။

သူက စတုတ္ထမှ ဆယ်နှစ်ယောက်မြောက်ထိအချုပ်သားတို့ကို မတွေ့မြင်ခဲ့ပေ။

လှောင်အိမ်ပေါင်းတစ်ရာကို ထိုးဖောက်သွားသည့် လက်ချောင်းကြီးတစ်ချောင်းကိုသာ သူတွေ့လိုက်ရသည်။ ထိုလက်ချောင်းကြီးက ဖော်မပြုနိုင်သော နတ်ဘုရားစွမ်းအားများ ထုတ်လွှတ်နေပြီး ၎င်းထံမှ စီးထွက်နေသည့် သွေးတို့က အချုပ်ခန်းတစ်ခုလုံးအား ရဲရဲနီသည်အထိ အလင်းတို့ ဖြာထွက်နေသည်။

သွေးမြူများနှင့် သွေးတို့အားလုံးသည် ၎င်းလက်ချောင်းသွေးများထံမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

ဤအရာသည်ကား…နတ်ဘုရားလက်ချောင်းပင် ဖြစ်နေသည်။

နောက်ဆုံးလှောင်အိမ်ထဲတွင် ပန်းချီကားမျိုးနွယ်အဘိုးကြီးသည် ဆိုးရွားသော ဟန်မူရာဖြစ်နေသည်။ ၎င်း၏ကိုယ်ခန္ဓာသည် ကျုံလှီနေပြီး ကိုယ်တဝက်သည် ဗလာကျင်းလျက် ကိုက်ရာတို့အပြည့်ဖုံးလွှမ်းထားသည်။ ၎င်းက လက်ချောင်းများဖြင့် ဆွဲသားလျက်ရှိသည်။

လှောင်အိမ်ထဲတွင် ပန်းချီကားတို့ပြည့်နေပြီး ပစ်ထားသော ပန်းချီကားများသည် မြေပြင်အား ဖုံးလွှမ်းနေသည်။ အနီးကပ်ကြည့်လိုက်လျှင် ပန်းချီကားတိုင်းတွင် ရွှီချင်းအား ဆွဲသားထားပေသည်။

ရွှီချင်း၏အကြည့်ကို သတိထားမိလျှင် အဘိုးကြီးက လှည့်လာပြီး ပြုံးပြလိုက်သည်။

“ကောင်းသောမနက်ခင်းပါ အရှင်အစောင့်။”

ဤကား (ဃ၁၃၂)၏ သွင်ပြင်အစစ်ဖြစ်ပေသည်။

ဤနေရာတွင် ထောင်သား ဆယ့်လေးဦးမရှိဘဲ ခြောက်ဦးသာ ရှိနေသည်။

ရွှီချင်း၏ မျက်နှာမှိုင်းညို့သွားသည်။ ပန်းချီကားတို့အား သေချာစစ်ဆေးပြီးနောက် သူက ခေါင်းပြတ်ကျောက်ခြင်္သေ့ထံသို့ လျှောက်လာသည်။ သူ့ညာလက်အား တစ်ချက်ယမ်းလိုက်ရာ လှောင်အိမ်၏အစီအရင်ပွင့်လာပြီး ကျောက်ခြင်္သေ့ကြီးမှာ ဝုန်းခနဲအစိတ်စိတ်ကွဲကြေသွားတော့သည်။

ထို့နောက်တွင်တော့ ကောက်ရိုးရုပ်အလှည့်ဖြစ်သည်။ ၎င်းသည်လည်း အစီအရင်အားဖြင့် စုတ်ဖြဲခံလိုက်ရပြီး ၎င်းနောက်တွင်တော့ ရေဇလုံးကြီးထဲက အနက်ရောင်ကြာပန်းနှင့် ဦးခေါင်းတို့ဖြစ်သည်။

ရွှီချင်းက ဦးခေါင်းအား အစိတ်စိတ်နင်းခြေပစ်လိုက်သည်။ ၎င်းက မသေခင် သက်ပြင်းတစ်ချက်ချသွားသည်။

“ငါပြောတာကို ဘာလို့မယုံတာလဲ။”

နောက်ဆုံးတွင်တော့ ပန်းချီကားမျိုးနွယ်ဖြစ်သည်။ အဘိုးကြီး၏ ထူးဆန်းသော အပြုံးအောက်တွင် ရွှီချင်းက လက်စကို လှုပ်ခတ်လိုက်ရာ မီးလုံးတစ်လုံးပျံထွက်သွားပြီး အရာအားလုံးကို လောင်မြှိုက်သွားတော့သည်။

ထိုသို့ပြုလုပ်ပြီးနောက်တွင် သူက လက်ချောင်းအား အတန်ကြာအောင်ကြည့်နေလိုက်ရင်း အတွေးထဲနစ်မျောနေခဲ့သည်။ နောက်တွင်တော့ သူက လှည့်ကာ လျှောက်ထွက်လာခဲ့တော့သည်။

ထိုလက်ချောင်းသည် (ဃ၁၃၂)၏ လျို့ဝှက်ချက်အစစ်ဖြစ်နေသည်။

နောက်ဆုံးတွင် ဤနေရာတွင် ချုပ်လှောင်ထားသည်က နတ်ဘုရား၏ လက်ချောင်းကြီးဖြစ်နေသည်။ ထိုသို့သော အရာမျိုးအား အဘယ်ကြောင့် နယ်မြေ(ဃ)တွင် ထားရသည်ကို ရွှီချင်းနားမလည်ခြင်းတစ်ခုသာ ရှိနေသည်။

ရွှီချင်းက ကောင်လေးအား ကြည့်လိုက်ရာ ၎င်းကိုယ်ပြင်ပရှိအလင်းတို့သည် နတ်ဘုရားလက်ချောင်းမှထုတ်လွှတ်သော သွေးစိတ်အားမာန်တို့အား ပြန်လည်တွန်းလှန်နေသည်ကို တွေ့မြင်လိုက်မိသည်။ သူရုတ်တရက်နားလည်သွားသည်။

“ကျင်းကန်းဂိုဏ်းဘိုးဘိုးက မှားနေတာပဲ။ ကံဆိုးမှုက ကံကောင်းမှုအားကို မခံနိုင်လို့ ဖြစ်တာမဟုတ်ဘူး။ ကျိန်စာကြောင့်ဖြစ်တာပဲ။ နတ်ဘုရားရဲ့ကျိန်စာပဲ။ ကံကောင်းမှုက ကျိန်စာကို ချုပ်ထိန်းဖို့ ဒီမှာရှိနေတာပဲ။”

“ဒါကြောင့် အရင်အစောင့်တွေက ကျိန်စာရဲ့ထိရောက်သွယ်ဝိုက်ခံရပြီး ကံဆိုးမှုကြုံတွေ့ကြတာပဲ။”

“ဒါက သိစိတ်ကျိန်စာပဲ။ ဒီကျိန်စာကို ချိုးဖျက်ဖို့က ရိုးစင်းတယ်။ အရာအားလုံးကိုထိုးဖောက်မြင်နိုင်ဖို့ပဲ။”

“ဒါဆို မင်းက ဒီနေရာရဲ့ တကယ့်အစောင့်ဖြစ်နေတာပဲ။”

ရွှီချင်းက ညင်သာစွာပြောလိုက်သည်။ ကောင်လေးလည်း ခေါင်းညိတ်လိုက်သည်။

ရွှီချင်း ငြိမ်ကျသွားသည်။ သူက အချုပ်ခန်းတံခါးသို့လျှောက်လား လက်ထဲက ဝါးပေလွှာအား ပြန်ကြည့်လိုက်သည်။ သူက ၎င်းဝါးပေလွှာအား ခြေမွလိုက်ပြီး မြေပြင်တွင် ဖြန့်ကျဲချလိုက်သည်။

သူက ထိုပစ္စည်းကို ဆက်မလိုတော့ပေ။ သူက (ဃ၁၃၂)တာဝန်မှာ ပြောင်းရွှေ့နှုတ်ထွက်ရန် ကြံထားပေသည်။ ဤနေရာက ထူးဆန်းလွန်းနေသည်။ သူက အကျိုးနှင့်အကြောင်းတို့ကို ထိုးဖောက်သိမြင်နိုင်ခဲ့သော်လည်း ဤနေရာတွင် သူဆက်မနေလိုတော့ပေ။

ထို့ကြောင့်သူက ခရမ်းရောင်လနှင့် တားမြစ်အဆိပ်တို့အား ပြန်ရုတ်သိမ်းလိုက်ပြီး အချူပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။

All Chapters