← Chapters

ရွှေကျီးကန်း နတ်နန်းတော်သို့ သက်ဆင်းခြင်း (၂)

Vol. 36 Ch. 541

ရွှေကျီးကန်း နတ်နန်းတော်သို့ သက်ဆင်းခြင်း (၂)

Vol. 36 Ch. 541

ကျစ်ရွှမ်က သိမ်မွေ့စွာ ပြုံးသည်။

“မင်း စိတ်နှလုံးနောက်ကို လိုက်ပါ။ သိပ်အများကြီး မတွေးဘဲနဲ့ ငြိမ်ငြိမ်သက်သက်စောင့်ကြည့်ပါ။ မင်းက ဒီအဖွဲ့အစည်း၊ ဒီလူတွေကို လေးစားစိတ်ရှိလာတဲ့အခါ မင်းမှာ အဖြေတစ်ခု သေချာပေါက် ရှိလာလိမ့်မယ်”

ရွှီချင်း၏စိတ် လှုပ်ခါသွားကာ သူ အတွေးနက်သွားသည်။ ထို့နောက် သူက ထရပ်ကာ ကျစ်ရွှမ်အား ဦးညွှတ်လိုက်၏။

“ကောင်လေး… မင်းမျက်လုံးတွေကို ပိတ်လိုက်။”

ရွှီချင်း တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ မျက်လုံးများကို ပိတ်လိုက်သည်။

သူက မျက်လုံးကို မှိတ်လိုက်သည်နှင့် ကျစ်ရွှမ်သည် ရွှီချင်းအနီးသို့ ညင်သာစွာ တိုးကပ်လာသည်။

ရွှီချင်း၏ အသက်ရှုနှုန်း မြန်ဆန်လာ၏။ သူသည် အသက်ရှုထုတ်ခြင်းတစ်ခု သူ့မျက်နှာပေါ်သို့ ကျဆင်းလာခြင်းနှင့်အတူ သင်းပျံ့သော မွှေးရနံ့များ ပြင်းရှလာသည်ကို ခံစားမိ၏။

သူက မျက်လုံးများကို ဖွင့်ရန် ကြံရွယ်လိုက်စဉ်မှာပင် ကျစ်ရွှမ်၏လက်ချောင်းသည် သူ့နဖူးအား တို့ထောက်လိုက်သည်။

အသက်ဝင်ကာ ညို့ငင်ဖမ်းစားနိုင်သော အသံတစ်သံ သူ့နားထဲသို့ ဝင်လာသည်။

“ကောင်လေး… မင်းမှာ တည်ငြိမ်တဲ့ နှလုံးသားရှိတယ်။ မင်းရဲ့ ပဥ္မမြောက်နတ်နန်းတော်က အဲဒီလိုဖြစ်လာမယ့်အကြောင်း စိတ်ကူးကြည့်စမ်းပါ။ မင်းက အဲဒါကို အရင်က မြင်ဖူးရင်လည်း မြင်ဖူးလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး ပြတ်ပြတ်သားသား မြင်ဖူးမယ် မထင်ဘူး…”

ကျစ်ရွှမ်၏အသံနှင့်အတူ ပုံရိပ်တစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ ၎င်းသည် နဂါးရထားလုံး ဖြစ်သည်။

ပင်လယ်နက်ကြီးထဲ၌ နဂါးရထားလုံးသည် ဧရာမဘီလူးကြီးတစ်ကောင်၏ ဆွဲယူခြင်းကို ခံနေရသည်။

၎င်းသည် နေမင်းရထားလုံးလည်း ဖြစ်သည်။

“ဒါက အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ကို နတ်နန်းတော်နဲ့ ပေါင်းစပ်တဲ့နည်းလမ်းပဲ။ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်တိုင်းဟာ ကွဲပြားခြားနားတယ်။ ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ်ဟာလည်း နဂါးရထားလုံးတစ်စင်း လိုအပ်တယ်”

{ဘာသာပြန်သူ မှတ်စု__ ‘ကျင်းဝူလျန့်ဝမ့်လင်အတတ်’ အား ‘ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ်’ ဟု ပြောင်းလဲပြင်ဆင်ထားပါသည်။}

ရွှီချင်း၏စိတ် တုန်ခါသွားကာ ချက်ချင်း သဘောပေါက်နားလည်သွားသည်။ နဂါးရထားလုံးသည် သူ့စိတ်ထဲ၌ ရှင်းလင်းပြတ်သားနေသော်လည်း ၎င်းသည် အနည်းငယ်သော လိုအပ်ခြင်းများ ရှိနေသည်။

အကြောင်းကား ရွှီချင်းသည် နဂါးရထားလုံးထဲသို့ အမှန်တကယ် ဝင်ရောက်ဖူးသောကြောင့် ဖြစ်သည်။

အမှန်တကယ်အားဖြင့် သူသည် ထိုနေရာ၌ လူအများစုထက် ပိုမိုကြာရှည်စွာ နေဖူးသည်။ ထို့ကြောင့်ပင် သူသည် ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ် အပြည့်အစုံအား ရရှိခြင်း ဖြစ်သည်။

သို့သော် ဤပုံရိပ်မှာလည်း အလွန်အမင်း အရေးပါသည်။ သူသည် နဂါးရထားလုံးကို သူ၏မှတ်ဉာဏ်များဖြင့် ပေါင်းစပ်ကာ ပိုမိုပြတ်သားသော မှတ်ဉာဏ်အဖြစ် ပြောင်းလဲပြီး သူ့အာရုံထဲက နဂါးရထားလုံးကိုလည်း ပိုမိုကြည်လင်ပြတ်သားစေနိုင်သည်။

ထိုအခိုက်တွင် ရွှီချင်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာသည်။ သူ ထိုင်နေသော ကျောက်ထိုင်ခုံသည် အမှုန့်အဖြစ်သို့ ကြေပျက်သွားကာ ခန်းဆောင်သည် စေတီပုထိုးအသွင်သို့ ပြောင်းလဲလျှက် သူ့အား အကာအကွယ်ပေးသည်။

ပတ်ဝန်းကျင်မှ မြက်ခင်းပြင်တို့သည်လည်း မရေမတွက်နိုင်သော လူသေးသေးလေးများအဖြစ်သို့ ပြောင်းလဲသွားကြကာ ရွှီချင်းအား ကျောခိုင်း၍ သူ့အား သူတို့၏ အသက်ကိုစတေးလျှက် ကာကွယ်ရန် အသင့်အနေအထားပြင်ထားကြလေသည်။

တောင်ထွတ်ကြီးများသည် ဧရာမဘီလူးကြီးများအသွင်သို့ ပြောင်းလဲသွားကြသည်။ သူတို့သည် မြေပြင်တွင် ရပ်ကာ ကြောက်စရာကောင်းသော အရှိန်အဝါများအား ထုတ်ဖော်ကြသည်။

သစ်ပင်များမှာလည်း ထိုနည်းတူ ဖြစ်သည်။

အရာအားလုံးသည် ရွှီချင်းအတွက် ပြင်ဆင်ထားသော အကောင်းဆုံးစောင့်ရှောက်သူများ ဖြစ်ကြသည်။ မတော်တဆ ဖြစ်နိုင်ဖွယ်တို့မှာ မဆိုစလောက်သာ ဖြစ်သော်လည်း ကျစ်ရွှမ်ကား စိုးရိမ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် သူမသည် ရွှီချင်းဘေးတွင်ထိုင်ကာ သူ့အား ကိုယ်တိုင်ကာကွယ်ပေးသည်။

ထိုနည်းဖြင့် ရွှီချင်း၏ အဆင့်ချိုးဖျက်ခြင်း စတင်သည်။

သူ၏ ပဥ္စမနတ်နန်းတော်သည် နဂါးရထားလုံးအသွင်သို့ စတင်ပြောင်းလဲလာ၏။ ထိုအခိုက်တွင် သူ့အာရုံထဲမှ ကျစ်ရွှမ်ထည့်သွင်းပေးသော ပုံရိပ်သည် သူ့အတွက် ဧရာမဆုလာဘ်ကြီးဖြစ်ကာ သူကိုယ်တိုင်တွေ့ကြုံဖူးသော နဂါးရထားလုံးမှာလည်း အဓိကအခန်းဂဏ္ဍမှ ပါဝင်သည်။

သူ၏ ပဥ္စမမြောက်နတ်နန်းတော်သည် မြန်ဆန်စွာဖြင့် နဂါးရထားလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ၎င်းသည် ပုံရိပ်ထဲကထက် ပို၍ အသက်ဝင်ကာ ကြောက်စရာအရှိန်အဝါအား ထုတ်ဖော်နေ၏။

သူ၏ပဥ္စမနန်းတော်ကို အာရုံခံမိသည်တွင် ရွှီချင်း၏စိတ်နှလုံးသည် ဝမ်းသာအားရဖြစ်သွားကာ တီးတိုးဆိုလိုက်သည်။

“ရွှေကျီးကန်း ရထားလုံးထဲကို ပြန်လာမယ်… လကတော့ မြင့်တက်မယ်”

ရွှီချင်း၏ နောက်ကျောက ဆေးမင်ကြောင်သည် စူးရှတောက်ပလာ၏။ ထို့နောက် ရွှေကျီးကန်းအဖြစ် ထကြွစုဖွဲ့လာကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ၎င်းသည် အတောင်ပံများကို ဖြန့်ကာ စူးရှစွာ အော်မြည်၏။ လေထဲတွင် အကြိမ်တချို့ လှည့်ပတ်ပြီးနောက်တွင် သူသည် ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ထိုးဆင်းလာသည်။

၎င်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ထံသို့ ဦးခေါင်းမှတစ်ဆင့် ဝင်ရောက်လာပြီး သူ၏သိစိတ်ပင်လယ်ထဲတွင် ပြန်ဝဲကာ ပဥ္မနတ်နန်းတော်မှ ဖွဲ့စည်းဖြစ်တည်လာသော နဂါးရထားလုံးထံသို့ ဝင်ရောက်သွား၏။ ၎င်းသည် အတွင်းသို့ ရောက်သည်နှင့် ရောင်ဝါများ ပြိုးပြုးပြက်ပြက်လင်းကာ မှုန်ဝါးသောလူငယ်တစ်ဦးအသွင်သို့ အသွင်ပြောင်းသွားသည်။

လူငယ်၏ရုပ်သွင်မှာ ရွှီချင်းနှင့် တထေရာတည်း ဖြစ်သည်။

သူသည် နက်ရွှေရောင် အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းနှင့်အရောင်ပနံသင့်သော အင်ပါယာသရဖူကို ဆောင်းထားသည်။ သူ၏ ထည်ဝါမြင့်မြတ်သော အရှိန်အဝါနှင့် တည်ရှိမှုတို့ စုဖွဲ့ဖြစ်ပေါ်လာခြင်းနှင့်အတူ သူသည် ပဥ္မနတ်နန်းတော်မှ ဖွဲ့စည်းသော နးဂါးရထားလုံးထဲ၌ ထိုင်လိုက်သည်။

နတ်နန်းတော်ထဲတွင် သက်တန့်မီးတောက်များ တဖျတ်ဖျတ်လက်သွားကာ ရွှေကျီးကန်းပုံရိပ်အသွင်သို့ ပြောင်းလဲသွား၏။

၎င်းသည် အရပ်မျက်နှာမျိုးစုံသို့ မြည်ဟီးစေလိုက်လျှင် ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်း၏ အရှိန်အဝါမှာလည်း မိုးထိမတတ်မြင့်တက်သွားသည်။ ၎င်း၏ အမြီးမှာ မူလက ၁၉ ခုမှသည် ၄၂ခုသို့ ပွားများသွား၏။

ထိုအမြီးများကို ကြည့်ကာ ရွှီချင်းသည် တစ်စုံတစ်ခုအား သိရှိနားလည်လိုက်သည်။

၎င်းသည် အမြီးအရေအတွက် ၁၀၀ သို့ ရောက်သွားပါက ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းမှာ တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပေလိမ့်မည်။

ရွှီချင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်တွင် ပတ်ဝန်းကျင်မှ အရာခပ်သိမ်းမှာ ပျောက်ကွယ်သွား၏။ စေတီပုထိုးဖြစ်စေ၊ လူသေးလေးများဖြစ်စေ အရာအားလုံးမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ဤနေရာမှာ အဆောင် (က_၁) ခြံဝင်းဖြစ်သည်။ ရွှီချင်းသည် ကြမ်းပြင်ထက်၌ ထိုင်နေ၏။ သူက ခေါင်းမော့ကြည့်လျှင် ပြင်တင်းပေါက်အနီးမှ ကျစ်ရွှမ်၏နောက်ကျောကို မြင်သည်။

“မိုးလင်းနေပြီပဲ… မင်း ဒီနေ့ အလုပ်မလုပ်ရဘူးလား”

ကျစ်ရွှမ်သည် တံခါးဘေးတွင် ရပ်ကာ ရွှီချင်းအား ပြုံးလျှက် ကြည့်နေသည်။

ညအချိန်ကျော်လွန်သွားသောကြောင့် ကောင်းကင်မှာ အလင်းရောင်များ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ရွှီချင်းက ကျစ်ရွှမ်အား ကျေးဇူးတင်စွာ ကြည့်သည်။ သူက ထရပ်ကာ လက်နှစ်ဖက်ဆုပ်၍ လေးနက်စွာ ဦးညွှတ်သည်။

“ကျေးဇူးတင်ပါတယ်…”

“ငါ့ကို စီနီယာလို့ မခေါ်နဲ့တော့…။ နာမည်ပဲ ခေါ်ပါ။”

ရွှီချင်း တွန့်ဆုတ်နေသည်။

“ကျေးဇူးပါ ကျစ်ရွှမ်…”

“လေသံက ဘာလို့ အရမ်းထူးဆန်းနေပါလိမ့်…”

ကျစ်ရွှမ်က မသက်မသာ ခေါင်းယမ်းသည်။

“လာ… ငါမင်းကို သင်ပေးမယ်။ မင်းက … ကျစ်ရွှမ် ကျေးဇူး… လို့ပြော။ မင်းလေသံက နည်းနည်း ပိုပြီး ညင်သာဖို့လိုတယ်”

ကျစ်ရွှမ်က ရွှီချင်းအား မျှော်လင့်တကြီး ကြည့်သည်။

ရွှီချင်း တိတ်ဆိတ်သွားပြီးမှ တီးတိုးပြောသည်။

“ကျစ်ရွှမ်… ကျေးဇူး”

သူ့စကားသံကို ကြားသည်တွင် ကျစ်ရွှမ် မျက်တောင်ပင့်လိုက်သည်။ သူမ၏နှုတ်ခမ်းလေးက ကွေးညွတ်သွားကာ လှပစွာ ပြုံးလျှက် ခေါင်းညိတ်သည်။

“ရွှီချင်း… မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး”

သူတို့နှစ်ယောက် စကားပြောလျှင် လေထုမှာ အနည်းငယ် ပြောင်းလဲသွား၏။

အတန်ကြာမှ ရွှီချင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ထပ်မံ၍ ဦးညွှတ်လိုက်သည်။

“တပည့် အရင်သွားလိုက်ပါဦးမယ်”

ရွှီချင်းက ပြောရင်းဖြင့် အပြင်ကို ထွက်သည်။ သူ ခြံဝင်းထဲမှ ထွက်သွားခါနီးတွင် သူ့နောက်မှ ကျစ်ရွှမ်၏ ညို့ငင်သောအသံ ထွက်ပေါ်လာ၏။

“နည်းနည်းကြာရင် ဒေသငယ်မြို့တော်က ငါ့သူငယ်ချင်းတချို့ကို သွားတွေ့ဖို့ အဖော်လိုက်ပေးဦး။ ဒါက မင်း ငါ့ကို ပေးထားတဲ့ ဒုတိယကတိပဲ။”

ကျစ်ရွှမ်၏ ကလူကျီစယ်သောအသံ၌ ညို့ငင်ဖမ်းစားနိုင်စွမ်း၏။ ၎င်းသည် ဖီးနစ် သို့မဟုတ် စွန်ငှက်တစ်ကောင်၏ စူးရှရှအသံနှင့် ဆင်တူကာ သိမ်မွေ့မှု နွေးထွေးမှုများလည်း ရောစွက်ပါဝင်နေသေးသည်။

၎င်းသည် တစ်စုံတစ်ယောက်၏ စိတ်နှလုံးထဲသို့ ပျော်ဝင်သွားစေနိုင်ကာ တည်ငြိမ်သော နှလုံးသားအား တဖြည်းဖြည်းဖြင့် ပူနွေးလာစေနိုင်သည်။

All Chapters