← Chapters

ကျိုးကြောင်းမဆီလျော်သော

Vol. 20 Ch. 295

ကျိုးကြောင်းမဆီလျော်သော

Vol. 20 Ch. 295

အခန်း ၂၉၅ - ကျိုးကြောင်းမဆီလျော်သော

ပြောရမည်ဆိုလျှင် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂.၀၁သန်းကို အသာထား.. လေလံစျေး ၁၀သန်းအထိ ပေးမည်ဆိုလျှင်တောင်.. သခင်လေးကသာ အဲ့လူအတွက် စိတ်ဝိညာဉ်လက်နက်တစ်ခု မလုပ်‌ပေးချင်လျှင် မည်သို့ပင်ဖြစ်ဖြစ် မရဟူ၍ပင်။

ပကတိသက်ရှိကန်းလန်၏ မျက်နှာက သုန်မှုန်၍ သူ့နှုတ်ခမ်းများက တဆတ်ဆတ်လှုပ်ရွလာ၏။

ဤအချိန်အတွင် သူတတ်နိုင်တာ ဘာမျှမရှိတော့သလို သူ့ခွန်အားများက ပျောက်ကွယ်လာ၏။

ဘေးပတ်ဝန်းကျင်ရှိ လူများထံမှ လှောင်ပြောင်သရော်အကြည့်များကို ခံစားမိလိုက်ပြီး စစ်ယုထန်နှင့် ရှန်မန်းကီတို့၏ ပါးပြင်များက ရှက်ရွံ့နီမြန်းလာ၏။

စစ်ယုထန်သည် နန်းကြည်ထံမှ ‘နင်တို့ဘာသာ ချမ်းသာတော့ရော ဘာဖြစ်လဲ’ဆိုသည့် စကားနှင့်ပင် စိတ်ဒဏ်ရာရသွားပြီးဖြစ်ပြီး နောက်ထပ် ရန်စမပြောရဲတော့ပေ။

ရှန်မန်းကီသည် ဒေါသထွက်၍ မခံမရပ်နိုင်ဖြစ်လာ၏။ သူမသည် မနေနိုင်တော့ဘဲ ခေါင်းမော့၍ မေးခွန်းထုတ်လိုက်၏။

“တာအိုရောင်းရင်းပြောတာက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလေ.. အစကတည်းက လေလံစျေးအမြင့်ဆုံးပေးနိုင်တဲ့သူက အနိုင်ရမယ်လို့ သဘောတူထားပြီးသား မဟုတ်ဘူးလား”

“ကျေးဇူးပြုပြီး ကျမဆီက အကြောင်းပြချက်ရဖို့ မကြိုးစားပါနဲ့လား”

နန်းကြည်က အလောတကြီး လက်ကာပြ၍ သူမ၏ မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ်လက်အောင် ပုတ်ခတ်၍ အတည့်အတံ့ပုံစံနှင့် ရှင်းပြလိုက်၏။

“ဘာလို့လဲဆိုတော့.. မိုစိတ်ဝိညာဉ်ပန်းပဲရုံက ဘယ်တုန်းကမှ ကျိုးကြောင်းဆီလျော်မှုရှိတဲ့နေရာတစ်ခု မဟုတ်ခဲ့လို့ပါ”

“နင်.. ..”

ရှန်မန်းကီ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူမ၏မျက်နှာက ဖြူလျော့သွား၏။ သူမသည် မွန်းကျပ်၍ ငူငိုင်ကျသွား၏။

“ဟဟဟားဟား...!”

လူအုပ်ကြီးထဲမှ ရယ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ဤအချိန်က ပကတိသက်ရှိရီနင်အတွက် အခွင့်ကောင်းဖြစ်သောကြောင့် သူမသည် အံ့အားသင့်ရသလို ကျေနပ်ပျော်ရွှင်သွား၏။

သူမသည် အပြုံးနှင့် ရှေ့တက်ကာ လက်သီးဆုပ်လေးစားဟန်ပြ၍ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်.. တာအိုရောင်းရင်းနန်းကြည်”

နန်းကြည်က ခေါင်းပြန်ညိတ်ပြလိုက်၏။

ပကတိကန်းလန်သည် ဒေါသကိုဖိနှိမ်၍ သူ့ကိုယ်သူ အကောင်းဆုံးကြိုးစားကာ တည်ငြိမ်စေလိုက်၏။

“လုံမလေး.. မင်းရဲ့သခင်လေးက ဆုံးဖြတ်ချက်ချတဲ့သူဆိုမှတော့.. ကောင်းပြီလေ.. ကျုပ် ဆရာမိုနဲ့ တွေ့ချင်တယ်!”

“ကျမရဲ့သခင်လေးက ရှင်တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ ထင်လို့လား” နန်းကြည်က ပကတိသက်ရှိကန်းလန်ကို မျက်စောင်းတစ်ချက်ထိုး၍ အေးစက်စက် ငေါက်ငမ်းလိုက်၏။

“လုံမလေး.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် မှာယူနိုင်ခွင့်ကို ဘာလို့ အခြားတစ်ယောက်က ရသွားလဲ ကျုပ်နားမလည်ဘူး.. ဒါပေမယ့်လို့ သူ့ကို သတင်းပို့ပေးပါ.. ရောင်ဝါလင်းလက်တိမ်နန်းတော်က ပကတိသက်ရှိကန်းလန်က သူ့ကို တွေ့ခွင့်တောင်းနေပါတယ်လို့”

ပကတိသက်ရှိကန်းလန်သည့် သူ့ခေါင်းကို အနည်းငယ် မော့လိုက်၏။ သူ့မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုက ပေါ်လာ၏။

“ကျုပ်နာမည်ကိုသာ ပြောလိုက်ပါ.. ဆရာမိုကြားဖူးမယ်ဆိုတာ သေချာပါတယ်”

“လုံမလေး.. မင်းလဲ တာဝန်ကို ထမ်းဆောင်နေတယ်ဆိုတာ ကျုပ်နားလည်ပါတယ်.. ဒါပေမယ့်လို့ ကျုပ်ရဲ့ အတွေ့အကြုံအရ အကြံပေးလိုက်မယ်.. ကိစ္စတိုင်းကို မင်းရဲ့သခင်လေးကိုယ်စား ဆုံးဖြတ်ချက်တန်းမချပါနဲ့.. မဟုတ်ရင် နောက်မှ မင်းအပြစ်ပေးခံနေရမယ်”

နန်းကြည်သည် မျက်မှောင်အနည်းငယ်ကြုတ်၍ ချီတုံချတုံဖြစ်သွား၏။

ပကတိသက်ရှိကန်းလန်က ဆက်ပြောလိုက်၏။

“ကျုပ်ပြောရဲတာ တစ်ခုရှိတယ်.. မဟာကျိုးအင်ပါယာထဲမှာ ကျုပ်နဲ့မိတ်ဆွေမဖြစ်ချင်တဲ့လူ ဘယ်သူ့မှရှိမှာ မဟုတ်ဘူး!”

တစ်ကယ်လည်း ပကတိသက်ရှိကန်းလန်၏ ကျင့်ကြံမှုနှင့် အဆင့်အတန်းဂုဏ်သိက္ခာအရ.. သူသည် ထိုသို့ပြောနိုင်စွမ်း ရှိလေသည်။

မည်သို့ပင်ဆိုစေ.. နန်းကြည်သည် အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးဘဲ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်လေသည်။ ထိုခဏ၌ သူမသည် ပကတိသက်ရှိကန်းလန်၏ စကားလုံးများနှင့် အော်ရာအောက်၌ ကျရောက်သွားပြီး ဆုံးဖြတ်ချက်မပြတ်သားနိုင်တော့ပေ။

သည့်အရင်က ဆူဇီမိုသည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူများ‌ပေးသည့်လေလံစျေးကို လျစ်လျူရှုထားဖို့သာ မှာကြားခဲ့၏။

ဘာကြောင့်လဲဆိုတာ သူမ မသိခဲ့ရပေ။

သူမသည် နမော်နမဲ့နှင့် သူမဘာသာ အရမ်းကာရော ဆုံးဖြတ်ချက်ချလိုက်မိလျှင်.. သူမ၏ သခင်လေးအတွက် စွမ်းအားကြီးသည့် ရန်သူတစ်ယောက်တိုးလာမှာကို စိုးရိမ်ပူပန်လာ၏။

“တာအိုရောင်းရင်းနန်းကြည်.. ဆုံးဖြတ်ချက်က ချပြီးသွားပြီဆိုမှတော့.. ဘာလို့......” ပကတိသက်ရှိရီနင်က ချီတုံချတုံနှင့် ပြောလိုက်၏။

ဤကိစ္စနှင့်ပတ်သတ်၍ နန်းကြည်က ဆရာမိုကို ပြန်သွားမေးလျှင် အခြေအနေက တစ်ဖန်ပြန်လည်‌ပြောင်းလဲသွားမှာကို သူမစိုးရိမ်နေ၏။ သို့သော်လည်း.. အစကတည်းက သူမသည် လေလံအောင်ထားသူ မဟုတ်သောကြောင့် ရဲရဲတင်းတင်းလည်း မပြောရဲပေ။

ပကတိသက်ရှိကန်းလန်က ယုံကြည်မှုရှိရှိနှင့် ထပ်ပြောလိုက်၏။

“ကျုပ်အသေအချာ ပြောရဲတယ်.. ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းသတင်းသွားပို့မယ်ဆိုရင် ဆရာမိုက သေချာပေါက် သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိမ့်မယ်.. နောက်ပြီး‌‌တော့ စောစောက စိတ်ဝိညာဉ်ကျောက်တုံးက မလုံလောက်ဘူးဆိုရင်.. သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂.၅သန်းအထိ ကျုပ်တိုးပေးမယ်!”

ဟာ!

လူတိုင်း ပင့်သက်ရှိုက်လိုက်ကြ၏။

သူသည် ဒီအတိုင်းလေးပဲ လေလံစျေးကို ၂.၅သန်းအထိ တန်းတိုးပေးလိုက်၏။

ပကတိသက်ရှိကန်းလန်က ထိုထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကို အရယူဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားခဲ့ကြောင်း အားလုံးနားလည်လိုက်ကြ၏။

ထိုသည်ကိုကြားသောအခါ ပကတိသက်ရှိရီနင်သည် သက်ပြင်းချ၍ ခေါင်းခါလိုက်၏။

ပကတိကန်းလန်၏ လေလံစျေးက သူမထက် ၁၀၀၀၀ပဲ ပိုများတာဆိုလျှင် သူမသည် မျှော်လင့်နိုင်သေး၏။

သို့သော်လည်း ယခုအခါ ပကတိသက်ရှိကန်းလန်၏ လေလံစျေးက ၂.၅သန်း ဖြစ်သွားလေပြီ။ သူမသာ ဆရာမိုနေရာမှာဆိုလျှင်လည်း သူ့ကိုသာ ရွေးချယ်မိပေမည်။

နန်းကြည်သည် ခဏမျှ ချင့်ချိန်ပြီးနောက် ပြောလိုက်၏။

“ခဏလေး စောင့်ကြပါဦး.. သခင်လေးကို ကျမသွားပြီး မေးကြည့်လိုက်ပါဦးမယ်”

နန်းကြည်သည် အိမ်ထဲသို့ ပြန်ဝင်၍ တံခါးပေါက်ကို ပိတ်ပစ်လိုက်၏။

သိပ်မကြာမီ သူမသည် အခန်းတံခါးတစ်ခုရှေ့သို့ ရောက်သွားပြီး တံခါးခေါက်လိုက်၏။

“ဝင်ခဲ့လေ”

ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

နန်းကြည်သည် တံခါးကို တွန်းဖွင့်ဝင်ပြီး တန်းပြောလိုက်၏။

“သခင်လေး.. လေလံပွဲမှာ ပြဿနာနဲနဲတော့ ရှိနေပါပြီ”

“ဘာဖြစ်လို့လဲ” ဆူဇီမိုက ထိုင်ရာမထ ဒီအတိုင်းပင် ပြန်‌မေးလိုက်၏။

“တစ်ကယ်ပဲ ရောင်ဝါလင်းလက်တိမ်နန်းတော်က ကျင့်ကြံသူတစ်ယောက်က လေလံအောင်သွားပါတယ်.. ကျမ သူ့ကိုလျစ်လျူရှုပြီး အခြားကျင့်ကြံသူတစ်ယောက်ကို လက်နက်မှာယူခွင့်ပေးလိုက်တယ်.. ဒါပေမယ့်လို့...”

နန်းကြည်သည် သူမ၏ အတွေးများကို ပြန်စီပြီးနောက် ဆက်ပြောလိုက်၏။

“အဲ့ဒီရောင်ဝါလင်းလက်တိမ်နန်းတော်က ကျင့်ကြံသူက အတော်လေး စွမ်းအားကြီးပုံပါပဲ.. သူက သခင်လေးနဲ့ တွေ့ချင်တယ်လို့ ပြောနေတယ်.. သူကပြောလိုက်သေးတယ်.. သခင်လေးသာ သူ့နာမည်ကိုကြားရင် သေချာပေါက် သခင်လေးရဲ့စိတ်ကို ပြန်ပြောင်းပါလိမ့်မယ်တဲ့”

“အို့ ဟုတ်လား” ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

“ဟုတ်”

နန်းကြည်က ထပ်ပြောလိုက်၏။

“အဲ့ဒီရောင်ဝါလင်းလက်တိမ်နန်းတော်က ကျင့်ကြံသူက လေလံစျေးကိုလဲ ၂.၅သန်းအထိ တိုးပေးလိုက်သေးတယ်.. အဲ့ဒါက သူ့အောက်ကလူထက် ငါးသိန်းတောင် ပိုများသေးတယ်”

“မိုက်လှချေလား”

ဆူဇီမိုက ပြုံး၍ လှည့်ကြည့်ကာ အညောင်းအညာဆန့်လိုက်၏။

“သူ့နာမည်က ဘယ်သူတဲ့လဲ”

“ပကတိသက်ရှိကန်းလန်တဲ့”

ဆူဇီမို၏ လှုပ်ရှားမှုက ရုတ်တရတ် ရပ်တန့်သွား၏။

“ဘာလို့လဲ သခင်လေး” နန်းကြည်က သိချင်စိတ်ပေါက်သွား၏။

ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာပြီး ပြုံးလိုက်၏။ သူက ခံစားချက်များ ပြည့်နေသောလေသံနှင့် ညင်သာစွာ ပြောလိုက်၏။

“ဘာမှတော့ မဟုတ်ပါဘူး.. သူက အသိအကျွမ်းဟောင်းတစ်ယောက်ပဲ”

“ဒါဆို.. သခင်လေးက သူ့နဲ့ တွေ့မှာလား” နန်းကြည်သည် ဆူဇီမို၏ စိတ်ဆန္ဒကို မမှန်းဆနိုင်ဖြစ်နေ၏။

“ဒါပေါ့.. သေချာပေါက် တွေ့မှာ‌ပေါ့.. ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး”

ဆူဇီမိုက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။.

“နောက်ပြီး သူပြောတဲ့အထဲ မှန်တဲ့တစ်ချက်ရှိသေးတယ်.. ငါက တစ်ကယ်ပဲ ငါ့စိတ်ကို ပြောင်းလဲလိုက်ပြီ”

. . .

“ကြည့်ရတာတော့.. မိုစိတ်ဝိညာဉ်ပန်းပဲရုံမှာ တစ်မူထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပုံပဲ”

လူအုပ်ကြီး၏ အပြင်ဘက်တွင် ကျိယောင်ရွှယ်က ရေရွတ်လိုက်၏။

“ငါလဲ မသိဘူးလေ”

ပိုင်ယုဟန်က ခေါင်းခါလိုက်၏။

“ဒါပေမယ့်လို့.. ဆရာမိုက အခုလို စည်းမျဉ်းမျိုးချထားရတဲ့နောက်မှာ လေးနက်တဲ့အဓိပ္ပါယ်တစ်ခု ရှိလိမ့်မယ်ထင်တယ်”

ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်၍ အတွေးထဲနစ်မျောသွား၏။ ထို့နောက် သူမ၏ အကြည့်က ပြောင်းလဲသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။

“ဆရာမိုက ရောင်ဝါလင်းလက်တိမ်နန်းတော်နဲ့ ရန်ငြိုးရန်စတစ်ချို့ ရှိတာများလား”

“သူက ရောင်ဝါလင်းလက်တိမ်နန်းတော်နဲ့ ရန်ငြိုးရန်စ ရှိ၊ မရှိတော့ ငါမသိဘူး.. ငါသိတာ‌တော့ သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့တော့ သဟဇာတလုံးဝ မဖြစ်ဘူး” ပိုင်ယုဟန်က ပြန်ဖြေလိုက်၏။

မလှမ်းမကမ်း လမ်းကြားလေးထဲရှိ ရထားလုံးထဲတွင်.. နတ်ဆိုးမကျိက ရုတ်တရတ် ပြောလိုက်၏။

“ကျမ သိပြီ.. ဆူဇီမိုက ပကတိသက်ရှိကန်းလန်နဲ့ ရန်းငြိုးရှိခဲ့ဖူးတယ်ထင်တယ်”

“ဟုတ်စ” ဂူရှီက အံ့အားသင့်သွား၏။

နတ်ဆိုးမကျိက ပြန်လည်စဉ်းစား၍ ပြောလိုက်၏။

“ယန်တိုင်းပြည်က နန်းတော်ထဲမှာတုန်းက.. သူက ရောင်ဝါလင်းလက်တိမ်နန်းတော်က တပည့်တစ်ယောက်ကို သတ်ပစ်လိုက်သေးတယ်.. နောက်ပြီး တခြားတပည့်တစ်ယောက်ကိုတောင် ရောင်ဝါလင်းလက်တိမ်နန်းတော်ဂိုဏ်းဆီ သတင်းစကားပါးခိုင်းလိုက်သေးတယ်.. သူက ပကတိသက်ရှိကန်းလန်ရဲ့ အသက်ကို သေချာပေါက် လာယူမယ်ဆိုပြီး”

“အဲ့ဒါကြောင့်မလို့.. အခုလေလံပွဲက ထူးဆန်းနေတာကိုး”

ဂူရှီက ခဏမျှ တွေးတောပြီးနောက် ခေါင်းခါလိုက်၏။

“ဒါပေမယ့်လို့ ဆူဇီမိုက အခြေတည်အဆင့်ပဲ ရှိသေးတာကို.. သူက ကန်းလန်ရဲ့အသက်ကို နုတ်ယူနိုင်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်”

“တစ်ယောက်က အခြေတည်အဆင့်.. နောက်တစ်ယောက်က ရွှေအမြုတေအဆင့်.. သူတို့နှစ်ယောက်ရဲ့ ခွန်အားချင်းက အရမ်းကွာခြားနေသေးတယ်.. ဒါပေမယ့်လို့ ဂုဏ်သိက္ခာအဆင့်အတန်းအရာမှာတော့ သူတို့က နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရောက်နေပြီ” နတ်ဆိုးမကျိက မှတ်ချက်ပြုပေးလိုက်၏။

ကျန်အရာများကို ဘေးဖယ်ထား.. ဆရာမိုဆိုသော နာမည်တစ်ခုတည်းကတင် ပကတိသက်ရှိကန်းလန်နှင့် သေချာပေါက် ယှဉ်နိုင်စွမ်းရှိလေသည်။

“အဲ့လိုဆို နန်းကြည်သာ သူ့သခင်လေးဆီ သတင်းပို့ပြီး ပြန်လာရင်တော့...”

နတ်ဆိုးမကျိက သွားများပေါ်အောင် ဖြဲရယ်လိုက်၏။

“ဟီးဟီး.. ပွဲကတော့ ကြည့်ကောင်းဦးတော့မှာပဲ!”

All Chapters