← Chapters

ဒူးလေးပဲထောက်ပါ

Vol. 20 Ch. 296

ဒူးလေးပဲထောက်ပါ

Vol. 20 Ch. 296

အခန်း ၂၉၆ - ဒူးလေးပဲထောက်ပါ

စစ်ယုထန်က ပျော့ပျောင်းစွာ ပြောလိုက်၏။

“ဘာမှမပူပါနဲ့ဆရာ.. အိမ်ဖော်မလေးက ဘာမှမသိနားမလည်လို့ ဆရာနာမည်ကို မကြားဖူးတာပါ.. နားလည်ပေးလိုက်ပါ.. ဆရာမိုသာ သိသွားရင် သေချာတယ် သူ့စိတ်ကို ပြန်ပြောင်းမှာပါ”

“အင်း”

ပကတိသက်ရှိကန်းလန်က ခေါင်းညိတ်လိုက်၏။

စစ်ယုထန်က ရှန်မန်းကီဘက်သို့လည်း လှည့်၍ နှစ်သိမ့်လိုက်၏။

“ဂျူနီယာညီမလေး.. ဘာမှစိတ်ထဲခံစားမနေနဲ့.. အိမ်ဖော်မလေးတစ်ယောက်နဲ့ ငါတို့က ဖက်ပြိုင်‌ရန်ဖြစ်နေစရာ မလိုဘူး”

ထိုအချိန်မှာပင် အိမ်တော်တံခါးက ကျွီကနဲမြည်သံနှင့်အတူ ပွင့်ဟလာ၏။

“သူ ထွက်လာပြီ.. သူထွက်လာပြီဟေ့”

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာ၏။

ပကတိသက်ရှိကန်းလန်သာလျှင်မဟုတ်.. ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည်လည်း နောက်ဆုံးရလဒ်ကို စောင့်စားနေကြခြင်းဖြစ်၏။

နန်းကြည်က တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာပြီး ပကတိသက်ရှိကန်းလန်ကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ရှင်မှန်ပါတယ် ပကတိသက်ရှိကန်းလန်.. ရှင်ထင်ထားတဲ့အတိုင်းပဲ ကျမတို့ရဲ့ သခင်လေးက ရှင့်နာမည်ကို ကြားဖူးပါတယ်တဲ့.. သူက သူ့စိတ်ကိုလဲ ပြောင်းလိုက်ပါပြီ”

ပကတိသက်ရှိကန်းလန်၏ မျက်နှာပေါ်ရှိ တိမ်ညိုတိမ်မည်းများက ကင်းစင်သွားပြီး ကျေနပ်ရွှင်ပျစွာပြုံးလိုက်၏။

ပကတိသက်ရှိရီနင်၏ မျက်လုံးက အရောင်မှိန်သွား၏။

ဤရလဒ်ကို သူမ မျှော်လင့်ထားပြီးဖြစ်သော်လည်း.. သူမ စိတ်မပျက်ဘဲ မနေနိုင်ပေ။

စစ်ယုထန်က ဘာရယ်မဟုတ် ထပြီးတောင် လှောင်ရယ်လိုက်၏။

“အိမ်ဖော်မလေး.. နင့်သခင်လေးက ငါ့ဆရာကိုရော မတောင်းပန်ခိုင်းလိုက်ဘူးလား”

နန်းကြည်က ဘာမျှမပြောဘဲ ပြုံးရုံသာပြုံးနေ၏။

“ကဲကဲ ပြန်ကြတာပေါ့”

ရလဒ်ကို ကြိုတင်ခန့်မှန်းမိသွားကြပြီး တချို့ကျင့်ကြံသူများက လှည့်ပြန်ကုန်ကြပြီဖြစ်၏။

နန်းကြည်က ဆက်ပြောလိုက်၏။

“ပကတိသက်ရှိကန်းလန်သာဆိုရင် ဘာစိတ်ဝိညာဉ်ကျောက်တုံးမှ လက်မခံဘဲနဲ့တောင် ထိပ်တန်းအဆင့်လက်နက်တစ်ခု သွန်းလုပ်ပေးပါမယ်လို့ ကျမတို့သခင်လေးက ပြောလိုက်ပါသေးတယ်”

ထိုစကားကိုကြားပြီးနောက် ပကတိသက်ရှိကန်းလန်သည် ဘဝင်လေဟပ်သလို အူမြူးရွှင်ပျသွား၏။

စိတ်ဝိညာကျောက်တုံး နှစ်သန်းကို‌တောင် မယူဘဲ အလကားပြုလုပ်ပေးမည်ဆိုသော ပြောင်းလဲမှုကြောင့် သူသည် အလွန် ပျော်လည်းပျော်သလို.. ဂုဏ်ယူဝင့်ကြွားစရာလည်း ဖြစ်ရ၏။

“ပကတိသက်ရှိကန်းလန်က တော်တော်ဟုတ်တာပဲဟ”

“သူကလဲ ခေသူမှ မဟုတ်တာကိုး.. သူ့အသက်က အခုမှ နှစ်၂၀၀ ကျော်ကျော်လောက်ပဲရှိသေးတယ်.. သူက ပကတိရွှေအမြုတေအဆင့်ကို ရောက်နေပြီ.. နောက်ကျရင် သူက နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ဖို့ သေချာသလောက်ရှိတယ်”

“ပကတိသက်ရှိကန်းလန်က တစ်ကယ်ကို သြဇာတိက္ကမလွှမ်းမိုးနိုင်စွမ်း ရှိတာပဲကွ.. ဆရာမိုကတောင် သူ့အတွက် လက်နက်တစ်ခု အလကားပြုလုပ်ပေးမယ်တဲ့ ဟမ်”

လူအုပ်ကြီးထဲမှ ဆွေးနွေးပြောကြားသံများနှင့် အားကျငေးမောသည့်အကြည့်များကိုကြည့်ပြီး ပကတိကန်းလန်သည် သူ့တစ်ကိုယ်လုံး လေထဲသို့ ကြွတက်လာသလို ကျေနပ်ပီတိဂွမ်းဆီထိနေတော့၏။

သူသည် ဘေးပတ်လည်မှ ချီးကျူးထောမနာပြုနေသည့်သူများဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြ၍ လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။

ရလဒ်ကို သူက ကြိုတင်သိရှိထားပြီးဖြစ်သည့်အလား ဘာမှ သိပ်မထူးခြားဟန်လုပ်နေလိုက်သော်လည်း သူ့မျက်ဝန်းများကတော့ နှစ်ထောင်းအားရရွှင်ပျမှုကို ကောင်းကောင်းဖုံးမထားနိုင်ပေ။

“ဟဟဟားဟား!”

ပကတိသက်ရှိကန်းလန်က သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ တည်ငြိမ်နေဟန်ဆောင်နေသော်လည်း သူ့တပည့်စစ်ယုထန်ကတော့ ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရ ရယ်ချလိုက်၏။

နန်းကြည်က ဆက်ပြောလိုက်၏။

“ဒါပေမယ့်လို့ ထိပ်တန်းအဆင့်လက်နက်တစ်ခု အလကားပြုလုပ်ပေးဖို့အတွက် ကူညီပေးဖို့ ကျမသခင်လေးက ရှင့်ကို တစ်ခုတော့ တောင်းဆိုလိုက်ပါတယ်”

“ပြောပါ”

ပကတိသက်ရှိကန်းလန်၏ စိတ်အခြေအနေက ကောင်းမွန်‌သောအခြေအနေမှာ ရှိနေပြီး.. သူက လက်ထောင်ပြ၍ ဂုဏ်ယူစွာ ပြောလိုက်၏။

“ကျုပ်လုပ်နိုင်စွမ်းရှိတဲ့အရာသာဆို.. သေချာပေါက် ကျုပ်လုပ်ပေးပါ့မယ်”

“စိတ်ချပါရှင်.. ဒီတောင်းဆိုချက်က ရှင့်အတွက် အရမ်းလွယ်လွန်းနေမယ် ထင်ပါတယ်”

ရုတ်တရတ်.. နန်းကြည်၏ မျက်နှာထက်က အပြုံးက ပျောက်ကွယ်သွား၏။ သူမက အေးစက်စက်လေသံနှင့် တစ်လုံးချင်း ဖိပြောလိုက်၏။

“ကျမသခင်လေး. ပြောတာက... ရှင်က.. ဒူး.ထောက်.ပေး.ရုံ.ပါပဲ.တဲ့!”

လူအုပ်ကြီးက တိတ်ကျသွား၏။

ပကတိတိတ်ဆိတ်ငြိမ်သက်ကျသွားပြီး အပ်ကျသံပင် ကြားနိုင်၏။

ကျင့်ကြံသူတိုင်းသည် အံ့အားသင့် မှင်သက်သွားကြပြီး နန်းကြည်နှင့် ပကတိသက်ရှိကန်းလန်ဘက်ကို အလိုလိုကြည့်လိုက်ကြ၏။

“ရှင်က.. ဒူး.ထောက်.ပေး.ရုံ.ပါပဲ!”

လူအုပ်ကြီးသည် စောစောက အနည်းငယ် ဆူညံနေကြသော်လည်း သူတို့သည် ထိုစကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြ၏။

ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်တို့သည် ငူငိုင်သွားကြ၏။

မလှမ်းမကမ်း လမ်းကြားလေးထဲရှိ ရထားလုံးထဲတွင် ရယ်သံနှောနေသော ချိုသာသည့်အသံလေးက ထွက်ပေါ်လာ၏။

“ဟဟ.. ငါသိသားပဲ.. ဆူဇီမိုက လုပ်လိုက်ရင်တော့လား!”

စစ်ယုထန်၏ ရယ်သံက တိုးလို့တန်းလန်း ရပ်တန့်သွား၏။

ပကတိသက်ရှိကန်းလန်၏ အမူအယာက တောင့်တင်းသွား၏။ သူသည် ခေါင်းကိုဖြည်းဖြည်းချင်းလှည့်၍ မျက်စိကိုမှေးကျဉ်းလိုက်ပြီး ခပ်ယဲ့ယဲ့ မေးလိုက်၏။

“လုံမလေး.. နင်ဘာပြောလိုက်တာလဲ.. နင်သတ္တိရှိရင် နောက်တစ်ခေါက်ပြန်ပြောကြည့်လိုက်စမ်း.. ငါနားထောင်ကြည့်ရအောင်”

“သြော် ခုဏက ရှင်သေချာ မကြားလိုက်ဘူးထင်တယ်”

ပကတိသက်ရှိကန်းလန်၏ ခြိမ်းခြောက်မှုအောက်တွင် နန်းကြည်သည် ပမာမခန့်ပုံစံနှင့်ပင် ထပ်ပြောလိုက်၏။

“ရှင်သာ ဒူးထောက်ပြမယ်ဆိုရင် ကျမသခင်လေးက ရှင့်အတွက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု အလကား ပြုလုပ်ပေးပါမယ်တဲ့”

“သြော် ဟုတ်သားပဲ မေ့တော့မလို့.. သူကမှာလိုက်သေးတယ်.. ရှင်က ဒူးထောက်ပြီး ဦးပါချမယ်ဆိုရင်.. နောက်ထပ်အပိုထပ်ဆောင်းထိပ်တန်းအဆင့်လက်နက်တစ်ခုပါ ပြုလုပ်ပေးပါဦးမယ်တဲ့”

အရှက်ခွဲခြင်း!

လက်ရှိကျင့်ကြံသူများသည် ဆရာမိုက ဘာကြောင့် ဤသို့ဆုံးဖြတ်လိုက်သည်ဆိုတာကို မသိရသော်လည်း.. သူက ပကတိသက်ရှိကန်းလန်ကို လုံးဝအရှက်ခွဲချင်တာတော့ သေချာလေသည်။

ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက မည်မျှပင် အဖိုးထိုက်တန်နေပါစေ.. ပကတိသက်ရှိကန်းလန်က လူအားလုံးရဲ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ဒူးထောက်နိုင်ပါ့မလဲ။

ဒူးထောက်လိုက်ဖို့ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာအရ လွယ်ကူသည်ဆိုသော်လည်း.. ဤနေ့မှစ၍ ကျင့်ကြံရေးလောကတွင် သူက သေချာပေါက် မျက်နှာပျက်အရှက်ရနေပေတော့မည်။

“ဟီးဟီး.. ဟားဟား....”

ပကတိသက်ရှိကန်းလန်က ရုတ်တရတ် ရယ်ချလိုက်၏။

“နင်က အခြေတည်အဆင့်အိမ်‌ဖော်မလေးတစ်ယောက်ပဲကို.. ရွှေအမြုတေအဆင့်တစ်ယောက်ကို စော်ကားမော်ကာ ပြောဆိုရဲတယ်ပေါ့လေ.. ဒါက မြို့တော်ထဲမှာဆိုရင်တောင် ငါအခုချက်ချင်း နင့်ကို သတ်ပစ်လိုက်လို့ရတယ်”

ပကတိသက်ရှိကန်းလန်၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်နှင့် တောက်ပလာ၏။ မူလက နောက်သို့ပစ်ထား‌သော သူ့လက်များက သိုလှောင်အိတ်ပေါ် ရောက်လာပြီး သူ့အသံက ကြောက်စရာကောင်းနေ၏။

ပကတိသက်ရှိကန်းလန်၏ သတ်ဖြတ်လိုစိတ်ကို အားလုံးပဲ ခံစားမိလိုက်ကြ၏။

အားလုံး၏ အမြင်တွင် နန်းကြည်က အိမ်ဖော်မလေးတစ်‌ယောက်သာလျှင် ဖြစ်လေသည်။

ပကတိသက်ရှိကန်းလန်၏ အနေအထားနှင့် အဆင့်အတန်းအရ.. အိမ်ဖော်မလေးတစ်ယောက်ကို သူက သတ်ဖြတ်လိုက်လျှင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် မဟုတ်ပေ။

နန်းကြည်၏ အမူအယာက မပြောင်းမလဲရှိနေပြီး ဆက်ပြောလိုက်၏။

“ရှင်အခုလို ဒေါသထွက် ရှက်ရမ်းရမ်းပြီး.. ကျမကို သတ်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာ ကျမသခင်လေးက ကြိုတင်မျှော်လင့်ထားပြီးသားပါပဲ.. သူက ပြောလိုက်ပါတယ်.. ရှင့်ဘက်က အရင်စပြီးတိုက်ခိုက်မယ်ဆိုရင် တခြားကျင့်ကြံသူတွေကလဲ ရှင့်ကိုတိုက်ခိုက်ဖို့ အကြောင်းပြချက်ရသွားပါလိမ့်မယ်တဲ့”

“ဟီးဟီး”

ပကတိသက်ရှိကန်းလန်က ရယ်လိုက်၏။

“နင့်လိုမျိုး အစေခံမတစ်ယောက်ကို သတ်ရုံနဲ့ ဘယ်သူက ငါ့ကို တားရဲမှာလဲ”

နန်းကြည်က ‌ခေါင်းညိတ်လိုက်၏။

“အဲ့ဒါကြောင့်လဲ ကျမသခင်လေးက အမှာစကားပါးလိုက်တာပေါ့.. ရှင့်ကို ခေါင်းဖြတ်ပေးနိုင်တဲ့ ဘယ်သူမဆို.. သူ့ဆီကနေ စိတ်တိုင်းကျထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု တောင်းဆိုနိုင်ပါတယ်တဲ့!”

ပကတိသက်ရှိကန်းလန်၏ အမူအယာက ပြောင်းလဲသွား၏။

ထိုစကားလုံးများက သူ့ကို မီးပုံထဲပစ်ချလိုက်သလို ရက်စက်လွန်းလှ၏။

တစ်ဖက်လူက သူ့ကို အရှက်ခွဲချင်ရုံသာမက.. ထွက်လာ‌သော မကျေနပ်ချက်များ၊ ဒေါသများကိုတောင် ဖွင့်ထုတ်စရာမရှိ အတင်းပြန်လည်မျိုချစေချင်နေ၏။

ယခုအချိန်တွင် ပကတိသက်ရှိကန်းလန်သည် နန်းကြည်ကို စတင်တိုက်ခိုက်ဖို့ လှုပ်ရှားလိုက်သည်နှင့် အခြားသောကျင့်ကြံသူများသည် သူ့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်ရသွားမည်ဖြစ်ပြီး အတူပူးပေါင်း၍ သူ့ကို သတ်ဖို့လုပ်ကြပေတော့မည်။

သူ့ခေါင်းက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် လဲလှယ်နိုင်သည်ဆိုမှတော့ ဘယ်သူက လောဘမတက်ဘဲ နေပါမည်နည်း။

တချို့ကျင့်ကြံသူများက သူ၏ အဆင့်အတန်းကို ရှိန်၍ မတိုက်ခိုက်ကြဘူးဆိုလျှင်တောင်.. မလှမ်းမကမ်းတွင် သွေးလင်းတအဖွဲ့နှင့် အဇူရာလင်းယုန်အဖွဲ့များ၏ ခေါင်းဆောင်တပ်မှူးများက ချဉ်းကပ်လာနေကြပြီဖြစ်၏။

သူစတင်လှုပ်ရှားလိုက်သည်နှင့် ထိုသူနှစ်ယောက်က တုံ့ဆိုင်းခြင်းမရှိ သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။

ပကတိသက်ရှိကန်းလန်၏ မျက်နှာက လွန်စွာအရုပ်ဆိုးပျက်ယွင်းလာ၏။

မည်သို့ပင်ဆိုစေ.. ယနေ့မှာ သူ၏ ဂုဏ်သိက္ခာ၊ မာနများက တစ်စစီနင်းခြေခံလိုက်ရပေပြီ။

မိုလင်းက ဘာကြောင့်များ သူ့ကို ဒီလောက်ထိ မုန်းနေရသလဲ သူနားမလည်နိုင်ပေ။

သူက လက်ရှိနေရာကို ရောက်လာဖို့ သွေးပေါင်းများစွာနှင့် စွန်းထင်းခဲ့ရ၏။ မိုမျိုးရိုးနှင့် ဘယ်ကျင့်ကြံသူက သူနှင့် ရန်စရှိခဲ့ဖူးသလဲ သူ မမှတ်မိနိုင်တော့ပေ။

“ကြည့်ရတာတော့.. ဆရာမိုက ငါ့ကို သေချာပေါက် သိတဲ့ပုံပဲ”

ဘာပဲပြောပြော ပကတိသက်ရှိကန်းလန်သည် ထိပ်သီးရွှေအမြုတေအဆင့်တစ်ယောက် ဖြစ်တောကြောင့် သူ့ကိုယ်သူ လျှင်မြန်စွာ ထိန်းချုပ်လိုက်နိုင်၏။ သူ့မျက်ဝန်းထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာပြီး ရယ်ချလိုက်၏။

“ငါတို့က အသိအကျွမ်းတွေဆိုမှတော့.. ဘာတွေလျှို့ဝှက်ဆန်းကြယ်ပြီး အထဲမှာ ပုန်းနေရတာလဲ.. တည့်တည့်ပဲ ထွက်တွေ့လိုက်ပါလား”

နန်းကြည်က ပြန်ဖြေပေးလိုက်၏။

“ကျမသခင်လေးက မှာလိုက်တယ် သူက ရှင်နဲ့ သေချာ‌ပေါက် တွေ့မှာပါတဲ့.. ဒါပေမယ့် အခုတော့ အချိန်မကျသေးပါဘူးတဲ့”

“ဘယ်တော့မှ တွေ့မှာတဲ့လဲ”

“ဂိုဏ်းပေါင်းစုံပြိုင်ပွဲ!”

“ကောင်းပြီလေ!”

ပကတိသက်ရှိကန်းလန်က ခေါင်းညိတ်ပြီး အေးစက်စွာ ပြောလိုက်၏။

“အဲ့ကျမှာလဲ မိုလင်းဆိုတာ ဘယ်သူလဲ ငါကိုယ်တိုင်ကြည့်ရသေးတာပေါ့!”

All Chapters