← Chapters

သခင်လေး၏ ဖိတ်ကြားမှု

Vol. 20 Ch. 297

သခင်လေး၏ ဖိတ်ကြားမှု

Vol. 20 Ch. 297

အခန်း ၂၉၇ - သခင်လေး၏ ဖိတ်ကြားမှု

ကိစ္စများက ထိုသို့ဖြစ်လာမှတော့ ပကတိသက်ရှိကန်းလန်သည် ဤနေရာမှာ ဆက်လက်နေစရာ အကြောင်းမရှိတော့ပေ။ သုန်မှုန်နေသော မျက်နှာနှင့် သူသည် တပည့်နှစ်ယောက်နှင့်အတူ လှည့်ထွက်သွား၏။

ပကတိသက်ရှိကန်းလန်ထွက်သွားသောအခါ.. များစွာသော ကျင့်ကြံသူများသည်လည်း စတင်ထွက်ခွာကုန်ကြ၏။

လမ်းကြားလေးထဲတွင် ရထားလုံးလေးတစ်စင်းသည် ဦးတည်ဘက်တစ်ခုသို့ မောင်းနှင်ကာ ထွက်ခွာသွားတော့၏။

လူအုပ်ကြီး၏ အပြင်ဘက်တွင် ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်သည် ဘေးချင်းယှဉ်ရပ်၍ လေလံပွဲတစ်ခုလုံးကို စိတ်ခံစားလှုပ်ရှားစွာနှင့် ကြည့်နေခဲ့ကြ၏။

ပိုင်ယုဟန်က ပြောလိုက်၏။

“နင်တွေ့လား.. ပကတိသက်ရှိကန်းလန်ကို ဆရာမိုက လူလုံးတောင် ထွက်မပြဘဲ သူ့လက်ထဲက အရုပ်လေးတစ်ရုပ်လို စိတ်ကြိုက်ကစားပြသွားတာ.. ဟိုလူက ဘာမှတောင် ပြန်မလုပ်နိုင်ဘူး.. အရှက်တကွဲအကျိုးနည်းနဲ့ပဲ လှည့်ထွက်သွားရတယ်”

ကျိယောင်ရွှယ်က အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်၏။

“ဆရာမိုက တစ်ကယ်အထင်ကြီးစရာပဲ.. ပကတိသက်ရှိကန်းလန် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပါ ကြိုတင်တွက်ဆပြီး သူက တစ်ခါထဲနဲ့ ကိုင်တွယ်သွားတာပဲ”

ခဏမျှရပ်လိုက်ပြီးနောက် ကျိယောင်ရွှယ်က ပြုံးလိုက်၏။

“သူက အသက်နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်ပါလို့ ငါအဖေသာ မပြောခဲ့ဘူးဆိုရင်.. ဉာဏ်နီဉာဏ်နက်များတဲ့ အဖိုးကြီးတစ်ယောက်လို့ပဲ ငါထင်မိမှာ”

“ခစ်ခစ်”

ပိုင်ယုဟန်က ကျိယောင်ရွှယ်ကို ငါသိပါတယ်ဆိုသောအထာနှင့် ကြည့်ပြီး တခစ်ခစ်ရယ်လိုက်၏။

“ဘာလဲ ဆရာမိုကို နင်စပြီး စိတ်ဝင်စားလာပြီမလား”

ကျိယောင်ရွှယ်က ကူကယ်ရာမဲ့စွာပြုံး၍ ခေါင်းခါပြလိုက်၏။

“မပူပါနဲ့.. ဆရာမိုကို နင်မြင်ပြီးရင် အဲ့ဆူဇီမိုကို သတိရမှာတောင် မဟုတ်တော့ဘူး” ပိုင်ယုဟန်က သေချာနေဟန်ဖြင့် ပြောလိုက်၏။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင်.. ပကတိသက်ရှိရီနင်သည် ပစ္စည်းအစုံသုံးဆယ်နှင့် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သန်းပါသော သိုလှောင်အိတ်ကို နန်းကြည်အား လက်ကမ်းပေးလိုက်၏။

ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်သည် မိုစိတ်ဝိညာဉ်ပန်းပဲရုံဆီသို့ လျှောက်လာကြ၏။

ပကတိသက်ရှိရီနင်သည် တစ်ခုခုပြောလိုက်ပုံရပြီး နန်းကြည်က ခေါင်းပြန်ခါပြလိုက်၏။

ပကတိသက်ရှိရီနင်သည် စိတ်ပျက်လက်ပျက်ပုံဖြစ်သွားပြီး ပြန်လှည့်ထွက်လာ၏။

“မင်္ဂလာပါဆရာမ”

ကျိယောင်ရွှယ်က အနည်းငယ်ဦးညွှတ်၍ ညင်သာစွာ နှုတ်ဆက်လိုက်၏။

ကျိ‌‌ယောင်ရွှယ်သည် သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ပကတိသက်ရှိရီနင်ကို ဦးညွှတ်လိုက်သော်လည်း.. သူမထံမှ အလွန်တရာ မြင့်မြတ်ခမ်းနားသည့် တော်ဝင်အငွေ့အသက်က ဖြာထွက်နေ၏။

“အာ.. ယောင်ရွှယ်.. နင်ဦးညွှတ်စရာ မလိုပါဘူး”

ပကတိသက်ရှိရီနင်သည် ခေါင်းပြန်ညိတ်ပြ၍ လက်နှစ်ဖက်ကိုထုတ်ကာ ကျိယောင်ရွှယ်ကို ကူညီထူမပေးလိုက်၏။

အဇူရာနှင်းမြူလွှာဂိုဏ်းမှ တပည့်များသည် ကျိယောင်ရွှယ်၏ နောက်ခံသရုပ်ကို မသိကြသော်လည်း သူမကတော့ သိလေသည်။

ကျိယောင်ရွှယ်သည် အဇူရာနှင်းမြူလွှာဂိုဏ်းမှာ ဆယ်နှစ်သာလျှင် လာရောက်ကျင့်ကြံလေ့ကျင့်မည်ဖြစ်၏။ ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် သူမသည် မဟာကျိုးအင်ပါယာမြို့တော်သို့ ပြန်လာမည်ဖြစ်ပြီး ထို့နောက် သူမသည် အဇူရာနှင်းမြူလွှာဂိုဏ်းသို့ ပြန်လိုက်မည် မဟုတ်တော့ပေ။

တစ်ကယ်ဆို ကျိယောင်ရွှယ်သည် ယခုအခါ မြို့တော်သို့ ပြန်ရောက်လာပြီဖြစ်တာကြောင့် သူမသည် မင်းသမီးဆို‌သော နေရာကို ပြန်လည်ရောက်ရှိသွားပြီဖြစ်လေသည်။

“ဂုဏ်ယူပါတယ် ဆရာမ”

ကျိယောင်ရွှယ်က ပြုံး၍ ပြောလိုက်၏။

“ဟဲဟဲ”

ပကတိသက်ရှိရီနင်သည် သူမ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုကို ဖုံးမထားနိုင်ဘဲ ရယ်မောလိုက်၏။

“အဲ့ဒါက ကံအကျိုးအကြောင်းက အရမ်းကို တိုက်ဆိုင်သွားလို့ပါကွယ်.. ဘယ်သူက ထင်မှာလဲ ဆရာမိုက ငါ့ကို ‌ရွေးလိုက်မယ်လို့”

ပိုင်ယုဟန်က မေးလိုက်၏။

“တာအိုရောင်းရင်းရီနင်.. စောစောက ရှင်နဲ့ နန်းကြည်တို့ ဘာတွေပြောနေကြတာလဲ”

“ကျမက ဆရာမိုကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကားပြောချင်တာ.. ဒါပေမယ့် သူက သဘောမတူဘူးလေ” ပကတိသက်ရှိရီနင်က ခါးသက်သက် ပြုံးလိုက်၏။

ကျိယောင်ရွှယ်က နှစ်သိမ့်လိုက်၏။

“နန်းကြည်ပြောပုံအရဆို.. ဆရာမိုက ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် ပေါ်လာမှာပဲကို.. အဲ့ကျရင်တော့ တွေ့ကြရမှာပေါ့”

“အင်း အဲ့လို မျှော်လင့်ရတာပဲ”

သူတို့သုံးယောက် စကားအနည်းငယ် ပြောကြပြီးနောက် ပကတိသက်ရှိရီနင်က ထွက်ခွာသွား၏။

ကျိယောင်ရွှယ်က ပိုင်ယုဟန်ဘက်သို့ လှည့်၍ ပြုံးပြလိုက်၏။

“မဟာကျိုးအင်ပါယာရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာကြီးက ငါတို့တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူးပဲ”

“ဘာပဲဖြစ်ဖြစ်လေ ငါတို့ကြိုးစားကြည့်ရတာပေါ့.. ဘယ်ပြောနိုင်မလဲ.. ငါတို့ အောင်မြင်နိုင်တာပဲ”

ပိုင်ယုဟန်က နောက်လိုက်၏။

“ဘာဖြစ်လဲ နောက်ဆုံးမရတော့ဘူးဆိုလဲ တတိယမင်းသမီးဆိုတဲ့နာမည်ကို ထုတ်ပြောလိုက်ရုံပေါ့.. အခြေအနေကို တစ်နည်းတစ်ဖုံ ပြောင်းရင်ပြောင်းသွးမှာပေါ့”

“အစ်မပိုင်.. ကျမကို ထပ်စနေပြန်ပြီ” ကျိယောင်ရွှယ်က ခေါင်းခါ၍ ရယ်နေလိုက်၏။

သူတို့နှစ်ယောက်သည် လမ်းထပ်လျှောက်လိုက်ကြပြီး.. ပိုင်ယုဟန်က တံခါးခေါက်လိုက်၏။

သိပ်မကြာမီ တံခါးက ဟသွားပြီး နန်းကြည်က ခေါင်းပြူထွက်လာ၏။ သူမသည် ကျိယောင်ရွှယ်နှင့် ပိုင်ယုဟုန်တို့ကို စပ်စုသလို မျက်လုံးရွဲကြီးနှင့် တဖျတ်ဖျတ်ခတ်၍ ကြည့်လိုက်၏။

“လေလံပွဲက ပြီးသွားပါပြီ တာအိုရောင်းရင်းတို့”

ကျိယောင်ရွှယ်က နူးညံ့စွာ ပြုံးပြလိုက်၏။

“တာအိုရောင်းရင်း.. ငါတို့က ဒီကို လေလံပွဲအတွက် လာခဲ့ကြတာ မဟုတ်ဘူး.. သည့်အရင်က ဆရာမိုဆီမှာ ဧကရာဇ်က လက်နက်တစ်ခု အပ်နှံမှာယူထားတယ်လေ.. ငါတို့က အဲ့ဒါကို လာယူတာပါ”

“သြော်”

နန်းကြည်သည် သဘောပေါက်နားလည်သွားပြီး ပိုင်ယုဟန်ကို ကြည့်လိုက်၏။

သူမသည် သိမ်းဖြူအဖွဲ့ခေါင်းဆောင်တပ်မှူးကို မှတ်မိလိုက်၏။ အဝါရောင်ဝတ်အမျိုးသမီးကို ပိုင်ယုဟန်နှင့် တွဲ၍ မြင်လိုက်ရသောကြောင့် မှားစရာ မရှိတော့ပေ။

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦးရှင်.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်က ကျမတို့ရဲ့သခင်လေးဆီမှာပါ.. ကျမအခုပဲ သွားယူပေးပါမယ်”

နန်းကြည်က ထိုသို့ပြောပြီးသည်နှင့် တံခါးကို ပြန်ပိတ်တော့မလို့ လုပ်လိုက်၏။

“ဟေ့! ‌ဟေ့!”

ကျိယောင်ရွှယ်က ဘာမှထပ်မပြောတော့သောကြောင့် ပိုင်ယုဟန်သည် နန်းကြည်ကို လှမ်းဆွဲထားလိုက်ပြီး ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်၏။

“တာအိုရောင်းရင်းနန်းကြည်.. ငါတို့ နင်နဲ့အတူလိုက်ပြီး ဆရာမိုနဲ့ တွေ့လို့မရဘူးလား.. ငါတို့က သူ့ကို တစ်ချိန်လုံး အထင်ကြီးလေးစားနေခဲ့ကြတာ”

“မရဘူးရှင့်”

နန်းကြည်က နှစ်ခါပြန်မစဉ်းစားဘဲ ခေါင်းခါပြလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက် သူမသည် ပိုင်ယုဟန်ကိုကြည့်ကာ ဇဝေဇဝါနှင့် ပြောလိုက်၏။

“တပ်မှူးပိုင်.. ရှင်က ကျမတို့ရဲ့သခင်လေးကို မြင်ဖူးပြီးပြီ မဟုတ်ဘူးလား”

“ငါမြင်ဖူးပါတယ်.. ဒါပေမယ် သူ မမြင်ဘူးသေးလို့ပါ” ပိုင်ယုဟန်က သူမ၏ ‌ဘေးရှိ ကျိယောင်ရွှယ်ကို လက်ညိုးထိုးပြလိုက်၏။

“မရပါဘူးရှင်”

နန်းကြည်က ခေါင်းခါ၍ တံခါးကို ပိတ်လိုက်၏။

“သူက မဟာကျိုးအင်ပါယာရဲ့ တတိယမင်းသမီးနော်... ဟေ့ဟေ့....” ပိုင်ယုဟန်က အလောတကြီး လှမ်းအော်ပြောလိုက်၏။ သူပြောသည်ကို နန်းကြည်က ကြားသည်လား၊ မကြားသည်လား မသိတော့ပေ။

ကျိယောင်ရွှယ်က မနေနိုင်၊ ရယ်ချလိုက်၏။

“အစ်မပိုင် လျှောက်အော်မနေနဲ့တော့.. သူက ကျမတို့ကို အဖက်တောင် မလုပ်တာ.. မရှက်ဘူးလား”

ပိုင်ယုဟန်က နှုတ်ခမ်းစူလိုက်၏။

“သူက ငါတို့ကို မတွေ့ချင်ဘူးဆိုလဲ မတွေ့နဲ့ပေါ့. ဘာဖြစ်လဲ.. သူက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေလို့လဲ”

ခဏနေပြီးနောက် တံခါးက ပြန်ပွင့်သွားကာ နန်းကြည်သည် လျစ်ကနဲ ရောက်ချလာပြီး.. ကျိယောင်ရွှယ်ကို အကဲခတ်စူးစမ်းသလို ကြည့်လိုက်၏။

“စိတ်ဝိညာဉ်လက်နက်က ဘယ်မှာလဲ.. အဲ့ဒါယူပြီး ငါတို့ပြန်မယ်”

နန်းကြည်၏ နှစ်ကြိမ်တိုင်တိုင် အငြင်းခံရပြီးနောက် ပိုင်ယုဟန်သည် မချင့်မရဲနှင့် သိပ်မကျေနပ်ပေ။

နန်းကြည်က ပြောလိုက်၏။

“စိတ်ဝိညာဉ်လက်နက်က ကျမတို့ရဲ့ သခင်လေးဆီမှာပါရှင့်”

ပိုင်ယုဟန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“အဲ့ဒါဆိုလဲ သွားယူပေးလေ.. ဘာလုပ်နေတာလဲ”

နန်းကြည်က အနည်းငယ်ဦးညွှတ်၍ ကြိုဆိုသလို လက်ဟန်အမူအယာပြပြီး နူးညံ့စွာပြုံးလိုက်၏။

“ကျမတို့ရဲ့ သခင်လေးက ဧည့်သည်တွေကို အထဲဝင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်”

ပိုင်ယုဟန်ရော ကျိယောင်ရွှယ်ပါ အံ့သြမှင်သက်သွားကြ၏။

ကျိယောင်ရွှယ်ကတော့ နည်းနည်းပို၍ တည်ငြိမ်နေ၏။

သူမအတွက်တော့.. သူနဲ့ တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ.. သိပ်အရေးမကြီးပေ။

သို့သော်လည်း ပိုင်ယုဟန်ကတော့ နှစ်ခြိုက်သဘောကျစွာပြုံး၍ ကျိယောင်ရွှယ်၏ လက်ကိုဆွဲပြီး လော်ဆော်လိုက်၏။

“လာလေ.. ဒါက တစ်ကယ့်ရှားရှားပါးပါး အခွင့်အရေးပဲ”

နန်းကြည်၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်သည် မဟာကျိုးမြို့တော်၏ လျှို့ဝှက်အဆန်းကြယ်ဆုံး အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

ခြံဝန်းထဲတွင် အိမ်များကို သေသပ်စွာ ဆောက်ထားပြီး မြက်ခင်းလေးများကအစ ညီညာသပ်ရပ်နေ၏။ မလှမ်းမကမ်းတွင် ကျောက်စားပွဲတစ်လုံးနှင့် ကျောက်ခုံပုလေးများကို ချထား၏။ ထိုအရာကလွဲ၍ ခြံဝန်းထဲတွင် တခြားဘာမျှ မရှိပေ။

ကျိရွှေမြစ်ကမ်းနဘေးတွင် ခွေးနက်ကြီးတစ်ကောင်က မျက်စိကိုမှိတ်ပြီး အနားယူနေသလို လှဲလျောင်းနေ၏။

“ထိုင်ကြပါဦးရှင့်”

နန်းကြည်က လက်ဘက်ရည်အိုးနှင့် ခွက်များတင်ထားသော ကျောက်စားပွဲတွင် သူတို့ကို ထိုင်ခိုင်းလိုက်၏။ လက်ဘက်ရည်ငွေ့က တထောင်းထောင်းထနေပြီး သင်းပျံ့သော မွှေးရနံ့က ထွက်ပေါ်နေ၏။

ကျိယောင်ရွှယ်နှင့် ပိုင်ယုဟန်တို့ ကျောက်စားပွဲခုံလေးများတွင် ဝင်ထိုင်လိုက်သောအခါ နန်းကြည်က လက်ဘက်ရည်ငှဲ့၍ ဧည့်ခံပြုစုပေးလိုက်၏။

နန်းကြည်ကိုကြည့်ပြီး ပိုင်ယုဟန်သည် စိတ်ထဲ တစ်မျိုးတစ်မည် ခံစားနေရ၏။

နန်းကြည်ကို အပေါ်ယံကြည်လျှင်တော့ သူမသည် အိမ်ဖော်မလေးတစ်ယောက်သာဖြစ်သော်လည်း.. မဟာကျိုးမြို့တော်ထဲတွင် သူမကိုယ်တိုင် လက်ဘက်ရည်ဖြင့် ဧည့်ခံပေးခြင်းခံရသောသူက သိပ်ပြီး များများစားစား မရှိပေ။

“အစ်မယောင်ရွှယ်.. တစ်ကယ် အစ်မပဲ”

ရုတ်တရတ် အံ့အားသင့်ရေရွတ်လိုက်သံက အနီးနားမှ ထွက်ပေါ်လာ၏။

ကျိယောင်ရွှယ်လှည့်ကြည့်လိုက်သောအခါ ဆူရှောင်းနင်သည် အားရဝမ်းသာနှင့် သူမထံ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။

“ရှောင်းနင်.. နင်က ဘာလို့ ဒီကိုရောက်နေ...”

ကျိယောင်ရွှယ်သည် ကြောင်အနေ၏။

ထိုအချိန်မှာပင် ညင်သာ‌‌သော နောက်ထပ် အသံတစ်သံက ထွက်ပေါ်လာ၏။

“မကျိ.. ဘယ်လိုလဲ.. ကျန်းမာ‌တော်မူပါရဲ့လားဗျာ”

All Chapters