← Chapters

ယောင်ယွင်ဟွေ့… သူ့ကောင်းကွက်တွေ တွေးစမ်းပါ (၂)

Vol. 36 Ch. 543

ယောင်ယွင်ဟွေ့… သူ့ကောင်းကွက်တွေ တွေးစမ်းပါ (၂)

Vol. 36 Ch. 543

ယောင်ယွင်ဟွေ့ တီးတိုးရေရွက်သည်။ သို့သော်လည်း သူမက ထိုစကားကို ထုတ်ပြောလိုက်သည်နှင့် မှင်တက်သွားသည်။ သူမက ပတ်ဝန်းကျင်ကို သံသယကြီးစွာ ကြည့်လိုက်ပြီး ထရပ်လိုက်၏။

“တစ်ခုခု မှားနေပြီ”

သူမ၏မျက်နှာက ပျက်ယွင်းသွားကာ မန္တန်အတတ်တစ်ခုကို သုံး၍ ထောက်လှမ်းလိုက်သည်။ သို့သော်လည်း အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေသည်။

အကျိုးသက်ရောက်မှုက သိပ်မကောင်းသည်ကို မြင်လျှင် ကောင်လေးသည် သူမဘေးတွင် ရပ်ကာ ပို၍ပင် စိတ်တိုလာသည်။ ထို့ကြောင့် သူက နောက်ထပ်တစ်ချက် လေမှုတ်လိုက်သည်။

ယောင်ယွင်ဟွေ့၏ခန္ဓာကိုယ် တုန်ခါသွားကာ သူမမျက်လုံးများထဲ၌ တွေဝေမိန်းမောဟန်များ ဖြစ်လာသည်။ အတန်ကြာလျှင် တီးတိုးရေရွက်သည်။

“ရွှီချင်းက အရမ်းကြီး မှားနေတာ မဟုတ်ဘူးပဲ။”

ယောင်ယွင်ဟွေ့သည် သူမကိုယ်တိုင်၏အတွေးကြောင့် မျက်လုံးပြူးကာ ထိတ်လန့်သွားသည်။ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူမက မိမိကိုယ်ကို ကာကွယ်ရန် လက်ဟန်အတွဲလိုက် ပြုလုပ်လိုက်သည်။ ထို့နောက် သူမက ဝိညာဉ်နှင့် စိတ်တို့အား အသေအချာ ဆန်းစစ်ကြည့်သည်။

အရာအားလုံးမှာ ပုံမှန် ဖြစ်သည်။

သို့သော်လည်း သူမ ထိုနေရာမှ ထွက်ခွာသွားသည်။ သူမ ပြန်ပေါ်လာသောအခါ အတော်လေးလှမ်းသော လမ်းကြားတစ်ခုသို့ ရောက်သွားပြီး ဖြစ်သည်။ သူမက ရှေ့သို့ ဆက်သွားရင်း ဖြစ်ပျက်ခဲ့သည်များအား ပြန်၍ တွေးနေသည်။

“ရွှီချင်းက အရမ်းကြီးစိတ်တိုစရာမကောင်းဘူးဆိုပေမဲ့ သူ့ကို နည်းနည်းတော့ အပြစ်ပေးရဦးမယ်။”

ထိုအတွေးပေါ်လာသည်နှင့် သူမနောက်သို့ လိုက်ပါလာသော ကောင်လေးသည် အတော်လေး ဒေါသထွက်သွားဟန်တူသည်။ ထို့ကြောင့် တစ်ကြိမ်တည်းဖြင့် ကိုးခေါက်တိတိ လေမှုတ်ထုတ်လိုက်သည်။

ယောင်ယွင်ဟွေ့၏တကိုယ်လုံး အဆက်မပြတ် တုန်ခါသွားကာ သူမ၏အသက်ရှုနှုန်းလည်း မြန်ဆန်လာသည်။ ရွှီချင်းအပေါ်ရှိနေသော ရွံရှာစိတ်သည် အဆက်မပြတ် လျော့ပါးသွားကာ ကောင်းမွန်သော အမြင်များပင် ဖြစ်ပေါ်လာသည်။

အတန်ကြာလျှင် သူမက တီးတိုးရေရွက်သည်။

“ရွှီချင်းဟာလည်း အပြစ်ကင်းတာပဲ။ ယွင်အာဟာလည်း သူ့လုပ်ရပ်တချို့ မှားနေတာပဲ…”

ထိုမြင်ကွင်းကို ကြည့်ကာ ကောင်လေးသည် ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီးသည်။ သူက ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိုက်သဖြင့် ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။

ထိုအခိုက်တွင် ရွှီချင်းသည် သူ၏မနက်စာကို စာသုံးပြီးဖြစ်ကာ အချုပ်ထောင်ဌာနသို့ ရောက်နှင့်ပြီး ဖြစ်သည်။ ပုံမှန်အတိုင်း သူသည် (၅၇)ထပ်သို့ ဆင်းလာပြီး (ဃ၁၃၂)အတွင်းသို့ ဝင်လိုက်သည်။

သူ ဝင်လိုက်သည်နှင့် နက်မှောင်နေသော အတွင်းပိုင်းအပြင်အဆင်တို့မှာ အနည်းငယ် လင်းကျင်းသွားဟန်ရသည်။ ၎င်းမှလွဲ၍ တခြားမည်သို့မျှ ပြောင်းလဲခြင်း မရှိပါ။

တိမ်မြူသားရဲကား ကျောခိုင်းကာ ထိုင်နေဆဲ ဖြစ်သည်။ လူသားအမျိုးသမီးသည် ကောက်ရိုးအရုပ်အား ချော့သိပ်နေသေည်။ ကျောက်ဆုံမှာလည်း လည်ပတ်နေဆဲ ဖြစ်သည်။

ခေါင်းကြီးသည်ကား ထိုအခိုက်တွင် အသက်ရှင်ရန် ဘာမှ မကျန်ရှိတော့သည့်အလား နေ့စဉ်နေ့တိုင်း ပြောဆိုနေသည်တို့အား ထပ်ခါထပ်ခါရေရွက်နေသည်။

“ငါ့ကို မနင်းပါနဲ့။ ငါ့ကို မနင်းစေချင်တော့ဘူး။”

ရွှီချင်းသည် အပြင်လမ်းအတိုင်းလျှောက်ကာ အကျဉ်းသားများအား တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးသည်။ သူက အကျိုင်းသား (၁၃)ယောက်ကို စစ်ဆေးပြီးနောက် ပန်းချီကားမျိုးနွယ်အဖိုးအိုရှေ့သို့ ရောက်လာသည်။

အဖိုးအိုက ရွှီချင်းအား လေးစားစွာ ဦးညွှတ်သည်။

“မင်္ဂလာနံနက်ခင်းပါ အရှင်အစောင့်…”

ရွှီချင်း၏အမူအရာကား ခံစားချက်ကင်းမဲ့နေသည်။ သူက အဖိုးအိုအား အေးစက်စက်တစ်ချက်ကြည့်ကာ လှည့်ထွက်လာသည်။ ထို့နောက် သူ့ပုံမှန်နေရာတွင် တရားထိုင်သည်။ အရိပ်လေးနှင့် ကျန်းကန်းဂိုဏ်းဘိုးဘိုးတို့သည်လည်း အပြင်သို့ ထွက်လာကာ သူတို့၏နေ့တစ်ဓူဝ ပျော်စရာများကို စတင်ကြ၏။

ကောင်လေးသည်လည်း ရောက်လာသည်။ သူက ဘေးတွင် ထိုင်ကာ ရွှီချင်းအား ကြည့်သည်။

သူ့မျက်လုံးများတွင် ကူရာမဲ့သောဟန်ပင် ဖြစ်ပေါ်နေသည်။ ရွှီချင်းသည် မကြာခင် နိုးလာတော့မည်ကို သူ သိနေသည်။

၎င်းကား အမှန်တကယ် ဖြစ်သည်။ ရွှီချင်း တရားထိုင်နေရင်း သူ့စိတ်ထဲတွင် သံသယအတွေးတစ်ခု ဖြစ်ပေါ်လာသည်။

“ငါ တစ်ခုခုကို မေ့သွားသလိုပဲ။ ဒီနေရာ… အရမ်းအေးချမ်းနေသလိုပဲ။”

“ဒီနေရာက နီရဲနေရမယ်လို့ ဘာလို့ ခံစားမိနေရတာလဲ”

“ရုံးတော်သခင်က ငါ့ကို တစ်ခုခုပြောခဲ့သလိုပဲ။ ပြီးတော့ ကောင်လေးက ကူရာမဲ့နေပုံပေါ်ပြီးတော့ ခေါင်းကြီးက အကြိမ်ကြိမ်နင်းခြေသတ်ဖြတ်ခံရတယ်လို့ ပြောနေတာလဲ”

“ငါ့မှတ်ဉာဏ်က ရုတ်တရက်ကြီး ပျက်စီးလာတာတော့ မဟုတ်ဘူး။ အဲဒါက ငါ ဒီနေရာရဲ့အစောင့်ဖြစ်လာတာကနေ စလာတာပဲ။”

“ငါ လွှမ်းမိုးခံနေရတာလား။”

ရွှီချင်းက သူ၏သိုလှောင်အိတ်ကိုဖွင့်ကာ မွှေနှောက်ရှာဖွေလိုက်သော်လည်း အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်သည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။ အတန်ကြာလျှင် သူက ခေါင်းမော့ကာ အကျဉ်းထောင်အတွင်းသို့ ကြည့်လိုက်သည်။ သူ၏အမူအရာကလည်း ပျက်လာ၏။ သူ့တွင် မကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သူ့အား ကြည့်နေသော တစ်စုံတစ်ခုရှိကြောင်း ခံစားနေရသည်။

ရွှီချင်း၏အကြည့်က အလွန်တရာ အေးစက်တင်းမာလာသည်။ သူ့ခန္ဓာကိုယ်မှ တားမြစ်အဆိပ်များ ရုတ်တရက် ပြန့်ကားထွက်ပါ်လာကာ တစ်ချိန်တည်းမှာ ခရမ်းလနန်းတော်ကစွမ်းအားများလည်း ပေါက်ကွဲထွက်လာ၏။ တချိန်တည်းတွင် သူ့အရှိန်အဝါသည်လည်း နောက်တစ်ဆင့်သို့ တိုးမြင့်သွားသည်။

တစ်ချိန်တည်းမှာ အကျဉ်းခန်းအတွင်းမှ အော်ဟစ်သံတစ်သံအား ကြားရသည်။ အသံသည် ခေါင်းကြီးထံမှ လာခြင်း ဖြစ်သည်။

“သူ နိုးလာပြန်ပြီ။ ငါ့ကို မနင်းပါနဲ့လားကွာ… တခြားနည်းလမ်းတစ်ခုခုသုံးပါလား။”

ပန်းချီကားမျိုးနွယ်မှ အဖိုးအိုသည်ကား သက်ပြင်းချကာ မီးမြှိုက်သေရမည့်အရေးအား ပြင်ဆင်ထားသည်။

ရွှီချင်းက သုန်မှုန်စွာဖြင့် ထရပ်ကာ လှမ်းသွားလိုက်သည်။

အတန်ကြာလျှင် ထိုနေရာမှာ တိတ်ဆိတ်သွားသည်။ နတ်ဘုရားလက်ချောင်းအားမှလွဲ၍ အရာခပ်သိမ်းအား ဖျက်ဆီးပြီးနောက်တွင် ရွှီချင်းက လက်ချောင်းအား ကြည့်လိုက်ည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ရာ ရိုက်ခတ်မှုများအား သူ ခံစားရသည်။

၎င်းအား သူထိ၍ မရကြောင်း ရွှီချင်း နားလည်သည်။ သူတို့အကြား ကြီးမားသော ကွာဟချက်ကြောင့် ထိုလက်ချောင်းအား ထိမိသည်နှင့် သူသည် ပြိုလဲသေဆုံးသွားနိုင်သည်။

သူ့တွင် ထိုနားလည်မှုရှိနေသည်။

ထို့ကြောင့် အတန်ကြာပြီးနောက် ရွှီချင်းသည် ဝါးပြားကို ထုတ်ကာ ရေးထွင်းလိုက်သည်။ သူက အချုပ်ထောင်တံခါးထံသို့ အေးစက်စွာ လှမ်းသွားလိုက်သည်။ ထို့နောက် ထိုနေရာတွင် အချိန်အကြာကြီး ရပ်လိုက်ကာ နောက်ပြန်မလှည့်ဘဲ ပြောလိုက်သည်။

“ငါနေ့တိုင်း နိုးထလာမှာလား။ ဒီမှာ အကျဉ်းသား (၁၄)ယောက်အစား (၆)ယောက်ပဲ ရှိတယ်ဆိုတာ ငါ သိသွားမှာလား။ နတ်ဘုရားလက်ချောင်းအပြင် တခြားငါးယောက်ဟာ တကယ်တမ်းတော့ ဘယ်လောက်ပဲ သတ်ဖြတ်ပါစေ ဘယ်တော့မှ မသေနိုင်တဲ့ဖြစ်တည်မှုတွေပဲလား။”

ကောင်လေးက ကူရာမဲ့စွာဖြင့် ခေါင်းညိတ်သည်။

“ငါ့စိတ်ကို ပြန်သတိပေး မှတ်မိစေဖို့အတွက် စာလုံးတွေ ရေးထွင်းတာမျိုး အမှတ်အသားချန်ထားတာမျိုးတွေ လုပ်ဖြစ်သေးလား။ ပြီးတော့ ငါ ဒီက ထွက်သွားရင် နတ်ဘုရားစွမ်းအားကြောင့် မေ့ပျောက်သွားတာပဲမလား။ ငါက ပြင်ပပစ္စည်းတွေသုံးပြီး မှတ်သားထားရင်လည်း အပြင်ကို ထုတ်ယူသွားတာနဲ့ အဲဒါတွေက ပျက်စီးပျောက်ကွယ်သွားရတာပဲမလား။”

ကောင်လေးက အဆက်မပြတ် ခေါင်းညိတ်သည်။

“ငါ တံခါးကို တွန်းဖွင့်လိုက်တာနဲ့ အားလုံးကို မေ့သွားမှာပဲ။ ရုံးတော်သခင်က ဒါတွေကို သိတယ်မလား။”

“ဒါက ကံကောင်းမှုအခွင့်အလမ်းဖြစ်ပြီးတော့ စမ်းသပ်မှုတစ်ခုပဲ။”

ကောင်လေးက ခေါင်းညိတ်ပြန်သည်။

ရွှီချင်း ငြိမ်ကျသွားသည်။ အရိပ်လေးနှင့် ကျန်းကန်းဂိုဏ်းဘိုးဘိုးတို့မှာလည်း ထိုသို့ဆင်တူစွာ ဖြစ်ပျက်မည်ဖြစ်ကြောင်း သူ နားလည်သည်။

အတန်ကြာမှ သူက ရယ်မောလိုက်သည်။

“ဒါဆိုလည်း ဒီလိုပဲ ဆက်သွားတာပေါ့။ တစ်နေ့နေ့ တံခါးကို တွန်းဖွင့်ပြီး မမေ့လျော့နိုင်တဲ့ တစ်နေ့ကို ရောက်ရင် အဲဒီကံကောင်းမှုအခွင့်အလမ်းကို ငါပိုင်ဆိုင်နိုင်မှာပဲ ထင်တယ်။”

ကောင်လေးက ခေါင်းညိတ်ပြန်သည်။

“ငါက ဒါတွေကို အကြိမ်အများကြီး ပြောပြီးပြီမလား။”

ရွှီချင်းက ပြုံးလျက် ခေါင်းညိတ်ကာ သူ့လက်ထဲမှ ဝါးရွက်ပြားကို ကြည့်သည်။ သူ့မျက်လုံးများထဲတွင် အလင်းတစ်ချက် ဖြစ်လာကာ တီးတိုးပြောသည်။

“တကယ်တော့ တခြားတစ်နည်းရှိတယ်။ ဒါက ဒီနေရာမှာ ကမ္မစိုက်ပျိုးတာပဲ။ အဲဒါ ရင့်သန်လာတဲ့အခါ…”

ရွှီချင်း အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ဝါးရွက်ပြားအား ချေမွလိုက်ပြီး မြေပြင်ပေါ်သို့ လွင့်ပစ်လိုက်သည်။

“ငါ မင်းကို တစ်ခုအကူအညီတောင်းရမယ်။ ဒီဝါးရွက်အပိုင်းအစတွေကို တခြားဝါးရွက်အပိုင်းအစတွေနဲ့အတူတူ ထားပေးပါ။ ငါက အဲဒါတွေ အများကြီး ရေးထားပြီးပြီ ဖြစ်ရမယ်။”

ကောင်လေးက ခေါင်းညိတ်ကာ လက်ကို မြှောက်လျှက် အကြိမ်မည်မျှရှိပြီဖြစ်ကြောင်း ပြောလိုဟန်ဖြင့် ရေတွက်ပြသည်။

ရွှီချင်း ပြုံးလျက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် အကျဉ်းထောင်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လိုက်၏။

အကျဉ်းထောင်ဌာန၏ လှေကားထစ်များပေါ်တွင် ရွှီချင်းသည် လမ်းလျှောက်ရင်း အကျိုးဆောင်မှတ်များအကြောင်းကို တွေးနေသည်။

“(ဃ၁၃၂)ထဲမှာ အကျဉ်းသားအရေအတွက် မပြောင်းလဲဘူးပဲ။ အားလုံးက ပုံမှန်ပဲ။ ဒီလိုဆိုမှတော့ ငါက အကျိုးဆောင်မှတ်အများကြီးရဖို့ ပိုပြီး အားထုတ်ရမှာပဲ။”

ထိုနည်းဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

ရွှီချင်း၏အချိန်ဇယားလည်း အနည်းငယ် ပြောင်းလဲသွားသည်။ နေ့ဘက်တွင် သူသည် အကျဉ်းထောင်သို့ ပုံမှန်အတိုင်းသွား၍ စောင့်ကြပ်သည်။ ညဘက်တွင် သူသည် အကျိုးဆောင်မှတ်များအတွက် လူဆိုးများဖမ်းခြင်း၊ တခြားဌာနများကို ကူခြင်း စသည့် တာဝန်များကို လက်ခံဆောင်ရွက်သည်။

ခုန်ရှန်းလုံလွတ်သွားပြီး သုံးရက်အကြာတွင် ရွှီချင်းသည် တာဝန်ပြီးဆုံးသွားပြီးနောက် အကျဉ်းထောင်ထဲမှ ထွက်လာစဉ် ရုတ်တရက် အသံပို့လွှတ်မှုတစ်ခုအား လက်ခံရရှိသည်။

“ရွှီချင်း… စစ်ရေးအကျိုးပြုမှတ်တွေ ရနိုင်တဲ့ အလုပ်ကြီးတစ်ခုရှိတယ်။ မင်း လာမှာလား။”

All Chapters