← Chapters

မပြီးနိုင်သော ဖုန်းခေါ်ဆိုမှုများ

Vol. 34 Ch. 501

မပြီးနိုင်သော ဖုန်းခေါ်ဆိုမှုများ

Vol. 34 Ch. 501

များပြားသော ကြည့်ရှုသူနှုန်းများက နေရာတိုင်း၌ မုန်တိုင်းကဲ့သို့ လှိုင်းထန်လာစေသည်။

အင်တာနက်ပေါ်တွင်ဖြစ်စေ၊ ရုပ်သံဌာနများ၌ ဖြစ်စေ၊ နာမည်ကြီးသော ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူများကြား၌ ဖြစ်စေ၊ လူတိုင်းသည် ထိတ်လန့်ဖွယ် ကြည့်ရှုသူနှုန်းများကြောင့် မှင်တက် သွားခဲ့ရသည်။

လူအများသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ကြည့်ရှုသူနှုန်းကို ခန့်မှန်းခဲ့စဉ်က အားလုံး ပြောခဲ့သမျှကို ပြန်အမှတ်ရသွားသည်။ ထိုအရာများအားလုံးက ဟာသတစ်ခု ဖြစ်သွားခဲ့လေပြီ။

ကိုယ့်အချစ်အတွက်နှင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကြားမှ နှိုင်းယှဉ်မှုက အရယ်ရဆုံးတစ်ခုပင်။

သူတို့ ဘာတွေ ခန့်မှန်းခဲ့ကြပါလိမ့်။

၀.၅ ရာခိုင်နှုန်းအောက်၊ ၀.၅ မှ ၀.၈ ရာခိုင်နှုန်းကြား၊ ၀.၈ မှ ၁ ရာခိုင်နှုန်း။

လူတော်တော်များများသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ကိုယ့်အချစ်အတွက်လောက် မကောင်းဟု ခံစားရသော်လည်း လက်တွေ့က လူတိုင်းကို ရက်ရက်စက်စက် ရိုက်ချသွားလေသည်။

ထိုခန့်မှန်းချက်များထဲက ဘယ်အရာကမှ မမှန်ခဲ့ကြသော်လည်း လူတိုင်း မဲပေးခဲ့ကြသည်။

ဘယ်သူမှ မဲပေးခြင်း ရလဒ်ကို မှန်ကန်စွာ မခန့်မှန်းနိုင်ခဲ့သလို နှစ်ရာခိုင်နှုန်းကို ရွေးချယ်ခြင်း မရှိခဲ့သဖြင့် ဘယ်သူမှ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ကြည့်ရှုသူနှုန်းကို မှန်မှန်ကန်ကန် မခန့်မှန်းနိုင်ကြချေ။ အစကတည်းက အဖြေမှန် မရှိသဖြင့် မေးခွန်းမေးသည်ကိုက အချည်းနှီးပင်။

တကယ်တမ်းတွင် နှစ်ရာခိုင်နှုန်းသို့ မရောက်သည်က ပုံမှန်ပင်။

အစီအစဉ်၏ ပေါ့ဆမှု မဟုတ်သော်လည်း ထိုသို့လုပ်ရန် မလိုအပ်ပေ။

တစ်ပြိုင်တည်း ထုတ်လွှင့်ခဲ့သော ရုပ်သံဇာတ်လမ်းတွဲတစ်ခုက အခြားဇာတ်လမ်းများထက် နံပါတ်တစ်ကို ရောက်နေသည်က တော်နေပြီဟု ဆိုရပေမည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကဲ့သို့ ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းက တစ်ရာခိုင်နှုန်း ရလျင်ပင် အံ့ဩစရာဟု ပြောရမည် ဖြစ်သဖြင့် နှစ်ရာခိုင်နှုန်းကို စဉ်းစားရန် အဘယ်ကြောင့် လိုအပ်နေဦးမည်နည်း။

လုံးဝကို မလိုအပ်ပေ။

၂ ရာခိုင်နှုန်း မဆိုထားနှင့် ၁.၅ ရာခိုင်နှုန်း ရခြင်းကပင် မဖြစ်နိုင်သည့်အရာတစ်ခု ဖြစ်နေလေပြီ။ အားလုံးသည် ရုပ်သံဇာတ်လမ်းတွဲများတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသည်။ သူတို့သည် ခေတ်ရေစီးကြောင်းကို ကောင်းကောင်းသိပြီး သူတို့၏ ခန့်မှန်းချက် ကြည့်ရှုသူနှုန်းထားများက ဆယ်ခါတွင် ရှစ်ခါ၊ သို့မဟုတ် ကိုးခါအထိ မှန်ကန်သည်။ သို့သော် ဘဝက အံ့ဩစရာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပြီး အားလုံး၏ အတွေးကို ပျက်စီး သွားစေသည်။

ဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများ၏ ကြည့်ရှုသူနှုန်းက ၀.၇ သာလျင် ရရှိတတ်ပြီး ၁ ရာခိုင်နှုန်း ရရှိခြင်းကပင် အောင်မြင်ဟု သတ်မှတ်နိုင်ပြီဖြစ်သော ပတ်ဝန်းကျင်၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ရုတ်တရက် ထွက်ပေါ်လာပြီး နှစ်ရာခိုင်နှုန်းကျော်သော ကြည့်ရှုသူနှုန်းကို ရရှိခဲ့သည်။

လူတိုင်း၏ အထင်သေးခြင်း၊ လျိုလျန်ရုပ်သံ၏ ငြင်းပယ်ခြင်းနှင့် ဈေးကွက်တွင်းမှ အကောင်းမြင်ခြင်း မခံရသော အခြေအနေများ၌ သရုပ်ဆောင်ဝိုင်က လူတိုင်းကို ထပ်မံ၍ ရိုက်ချသွားလေသည်။

သရုပ်ဆောင်ဝိုင်က Tencent Video ၏ တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်အတွက် မြင့်မားသော ဈေးကို အဘယ်ကြောင့် ပယ်ချခဲ့သလဲ ဆိုသည်ကို ဘယ်သူမှ နားမလည်ခဲ့ပါ။ သို့သော် ယခုအခါ၌ လူတိုင်း ကျိတ်၍ လေးစားမိနေ၏။ လက်ရှိ အခြေအနေအရဆိုလျင် သန်းငါးဆယ် မဆိုထားနှင့် သန်းခြောက်ဆယ်၊ ခုနစ်ဆယ် တောင်မှ ဖြစ်နိုင်ပေသည်။

လေးစားအရဆုံး အချက်မှာ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတွင် အလွန် နည်းပါးသော ထုတ်လုပ်ရေး ကုန်ကျစရိတ်သာ ရှိသည်။ ယင်းက အလွန့် အလွန်ကို နည်းပါးပေသည်။ ယင်းက တစ်ချိန်တည်း ထုတ်လွှင့်သော ရုပ်သံဇာတ်လမ်းတွဲများ အားလုံး၌ အနည်းဆုံးပင်။

ဈေးကြီးပေးရသော သရုပ်ဆောင်များမရှိသလို ဓာတ်ပုံပြုပြင်ရသည့် နည်းပညာလည်း မပါဝင်ကာ အထူး ပြုလုပ်ချက်များလည်း မပါပေ။

မှတ်တမ်းတစ်ခုပြီးတစ်ခုက အင်တာနက်တစ်ခုလုံးကို ထိတ်လန့်စေသည်။

သံသယဝင်သူများအားလုံး ကြက်သေ သေကုန်၏။

သရော်သူများအားလုံး ငြိမ်ကျသွားသည်။

ယခုအခါတွင်မှ သူတို့ ဘယ်သူနှင့် ရင်ဆိုင်နေရသလဲ မှတ်မိသွားသည့်ပုံပင်။

ထိုသူမှာ ဝိုင်မဟုတ်ပါတကား။ ဝိုင်က ဘယ်အခါတုန်းကများ သူတို့ကို စိတ်ပျက်စေခဲ့သနည်း။ ၎င်းသည် ဆန်းကြယ်မှုများကို ဖန်တီးနိုင်သည့် နာမည်တစ်ခုပင်တည်း။

သတင်းဌာနများက နေရာတိုင်း၌ လွှမ်းမိုးနေသည်။

သတင်းများက သည်းကြီးမည်းကြီး တင်နေသည်။

Tencent News: [သရုပ်ဆောင်ဝိုင်က ထပ်ပြီး လုပ်ပြသွားပြန်ပြီ၊ ဝိုင်က ဘာကို ကိုယ်စားပြုလဲဆိုတာကို သူက အားလုံးကို သက်သေ ပြသွားပြန်ပြီ]

Toutiao: [ရှန်းကျောင်းရုပ်သံ နာမည်ကြီးပြီ၊ အဆိုတော်ဝိုင်နဲ့ သရုပ်ဆောင်ဝိုင်က အချင်းချင်း ကူညီနေတာပဲ]

အနုပညာသတင်း: [ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းရဲ့ အရုဏ်တက်ချိန်ပဲ၊ ဆန်းကြယ်မှုက ဆက်ဖြစ်နေ ဦးမှာလား]

Tieba’s homepage: [တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ၂ ရာခိုင်နှုန်းကို ရောက်နေပါလား၊ ဒါ ဘယ်မှော်ပညာ ပါလိမ့်]

ကမ္ဘာ့ကွန်ရက်သတင်း: [ဆန်းကြယ်မှုလား၊ မဟုတ်ဘူး၊ ဒါက နတ်ဘုရားဆန်တဲ့ ဆန်းကြယ်မှုပဲ]

…

အနုပညာ ကုမ္ပဏီထဲ၌ ရှောင်ဖေးဖေးသည် အင်တာနက်ပေါ်မှ ကြည့်ရှုသူနှုန်းများကို ကြည့်ပြီး ရုတ်တရက် မျက်လုံး အရောင်တက်လာသည်။ သူမက မယုံနိုင်ဟန်ဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

“ဒါက … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူမ ကိုယ့်ကိုယ်ကိုယ် မယုံနိုင် ဖြစ်နေသည်။

ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်သွားသည်။

“ဘာဖြစ်လို့လဲ၊ ဘယ်လောက် များလို့လဲ”

“ဒါက … ဒါက နှစ်ရာခိုင်နှုန်းကို ရောက်နေပြီ”

ရှောင်ဖေးဖေး၏ အသံက အနည်းငယ် တုန်နေသည်။

“နှစ်ရာခိုင်နှုန်းကို ရောက်တာလား”

ရဲ့လင်းချန်က နားမလည်သဖြင့် ပွင့်ပွင့်လင်းလင်း ဆက်ပြောသည်။

“ရလဒ်က အရမ်းမြင့်နေတာလား ငါ့ကို ပြောပါဦး၊ တစ်ပြိုင်တည်းပြတဲ့ တခြားဇာတ်လမ်းတွေထဲမှ နံပါတ်တစ် ဖြစ်လား”

“ဒါပေါ့၊ ဖြစ်တာပေါ့”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဆွံ့အစွာ ကြည့်နေပြီး သူမမျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။

“တစ်ပြိုင်တည်း ပြတဲ့ ဇာတ်လမ်းတွေအားလုံးကို နင်းချေပစ်လိုက်တာ၊ ဒါတင်မကသေးဘူး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း နှစ်ရာခိုင်နှန်းကို ရောက်တဲ့ တစ်ခုတည်းသော ဇာတ်လမ်းတွဲက ရှင် ဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲပဲ”

“မဆိုးပါဘူး”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ယင်းက သူ့ကို စိတ်မပျက်စေခဲ့ပေ။

“မဆိုးပါဘူးဆိုတာ ဘာသဘောလဲ၊ အင်တာနက်ပေါ်မှာ အခု ဆန်းကြယ်မှုလို့ ပြောနေကြတာနော်”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲလိုက်ပြီးနောက မနေနိုင်ဘဲ ပြောလိုက်သည်။

“ရှင် ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ”

ရဲ့လင်းချန် ပြုံးလိုက်သည်။

“ငါ့အရည်အချင်းအရဆို ဒီရလဒ် ရတာကို အံ့ဩမှာ မဟုတ်ဘူးလေ”

“ကလင် ကလင် ကလင်”

ရှောင်ဖေးဖေး၏ ဖုန်းက မြည်လာသည်။

“ဟဲလို မင်းသမီးလေးရှောင်၊ ငါက ထျန်းတူ နေ့စဉ်သတင်းဌာနကပါ၊ ငါတို့ အင်တာဗျူးလေး စီစဉ်လို့ရမလား”

“ဘယ်အချိန်လဲ”

“ဒီနေ့ဆိုရင်ရော ဘယ်လိုလဲ”

“ဒီရက်ပိုင်းအတွင်း စီစဉ်စရာတွေ အရမ်းများနေလို့ပါ၊ အဲ့လိုလုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး”

“ပြဿနာ မရှိဘူး၊ ဒါဆို နောက်ရက်ပေါ့၊ မင်းရဲ့အချိန်ပေါ် မူတည်တာပေါ့လေ၊ ဒါနဲ့ ဂုဏ်ပြုပါတယ်နော်”

“ကျေးဇူးတင်ပါတယ်”

…

ဖုန်းချလိုက်သည့်အခိုက်မှာပင် ဖုန်းက ထပ်မြည်လာ၏။

“ဟဲလို မင်းသမီးလေးရှောင်၊ ဒီဇာတ်လမ်းတွဲက အံ့ဩဖို့ကောင်းတာပဲ”

“ရှင် ကျွန်မကို ချီးကျူးလွန်းနေပါပြီ၊ ဥက္ကဋ္ဌဟဲ”

“အဲ့လို မဟုတ်ပါဘူး၊ လုံးဝ အဲ့လို မဟုတ်ဘူး၊ ငါ မင်းကို ဖုန်းခေါ်တဲ့ အကြောင်းရင်းက အရင်တစ်ခေါက်က ဖြစ်ခဲ့တာအတွက် ပြန်ပြင်ချင်လို့ပါ …”

“ကိစ္စမရှိပါဘူး”

“မင်းသမီးလေးရှောင်က စိတ်သဘောထား ကြီးတာပဲ၊ ငါတို့ လျိုလျန်ရုပ်သံက မှားခဲ့ပါတယ်၊ အဲ့အတွက် ငါတို့ စိတ်ရင်းနဲ့ တောင်းပန်ချင်ပါတယ်၊ သရုပ်ဆောင်ဝိုင်ကို ငါ့ရဲ့ တောင်းပန်စကားလေး ပြောပေးဖို့ သူ့ရဲ့ ခွင့်လွှတ်မှု ရဖို့အတွက် မင်းကိုပဲ ဒုက္ခပေးရဦးမယ်”

“ရပါတယ်”

ရှောင်ဖေးဖေးက ဖုန်းချ၍ ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“လင်းချန်၊ လျိုလျန်ရုပ်သံက သူတို့အမှားကို ပြန်ပြင်ချင်နေတယ်”

ရဲ့လင်းချန်က ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

“ကလင် ကလင် ကလင်”

ရှောင်ဖေးဖေး၏ ဖုန်းက ထပ်မြည်လာသည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းက ဆက်လာခြင်းပင်။

“ဖေးဖေး၊ နင် ဒီနေ့ တကယ် အလုပ်များနေတာပဲ၊ ငါ နင့်ကို ခဏခဏ ခေါ်နေတာ”

“ငါ ဒီနေ့ နည်းနည်းလေး အလုပ်များနေတာပ၊ ငါ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲနယ်ပယ်ထဲက ထွက်လာပြီးကတည်းက ဖုန်းဝင်တာ နည်းသထက် နည်းလာပါပြီ”

“ဟားဟားဟား ကြည့်ရှုသူနှုန်းက နှစ်ရာခိုင်နှုန်းကျော်တယ်နော်၊ ဒါ အားလုံးကို အကြီးကြီး ရိုက်ချလိုက်တာပဲ၊ တစ်ချို့ဆို မျက်နှာတောင် ရောင်နေပြီ”

“ဟီးဟီး ဒီလိုပါပဲ”

“အာ အာ အာ … ဒီလိုပါပဲဆိုတာ ဘာသဘောလဲ၊ ဒါ ဖြစ်နိုင်ချေရှိတဲ့ ဥပဒေအားလုံးကို ချိုးဖျက်လိုက်တာလေ၊ ငါလည်း နှစ်ရာခိုင်နှုန်းရောက်တဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့ အိပ်မက်မက်ခဲ့တာပဲ၊ မဟုတ်ဘူး၊ ၁.၅ ရာခိုင်နှုန်းဆို ငါ့အတွက် လုံလောက်ပါပြီ၊ နောက်တစ်ခါဆို နင် ငါ့ကို ရှာလို့ရတယ်နော်၊ ငါ သရုပ်ဆောင်ကြေး လျှော့ပေးမယ်”

…

“ကလင် ကလင် ကလင်”

ယခုတစ်ခါတွင် ဖုန်းမြည်လာသည်က ရဲ့လင်းချန်၏ ဖုန်းပင်။

“ဟဲလို သခင်လေးရဲ့၊ လီထိုက်ပါ”

ဒါရိုက်တာလီ၏ အသံကို ကြားလိုက်ရပြီး သူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။

“ဟားဟား ဒါရိုက်တာလီ ပြောပါ”

“သခင်လေးရဲ့၊ မင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ၊ တစ်ဖွဲ့လုံး ရူးတော့မယ်ဗျ”

လီထိုက်က ပြောသည်။

“ကျုပ် ပွဲဦးထွက် စရိုက်ကတည်းက နာမည်ကြီးတဲ့ ဒါရိုက်တာလို့ ပြောလို့ရပင်မယ့် မင်းနဲ့ တွေ့ပြီးမှပဲ နှစ်ရာခိုင်နှုန်း ကျော်တဲ့ ဇာတ်လမ်းတွဲနှစ်ခုကို ရိုက်ဖူးတော့တယ်၊ ပြီးတော့ နောက်ရုပ်ရှင်တစ်ခုက ဂန္ထဝင်တောင် ဖြစ်လာသေးတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ”

သူ့အသံက အနည်းငယ် အသက်ရှူကျပ်နေသလို ဖြစ်နေပြီး ရဲ့လင်းချန်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ သည့်အတွက် အလွန် ဝမ်းသာနေမိသည်။

နောက်ဆုံး၌ သူ့အိပ်မက်ကို သူ သတိပြုလိုက်မိလေပြီ။

…

တစ်ခဏအတွင်းမှာပင် ရှောင်ဖေးဖေးက ဖုန်းပေါင်းများစွာကို ဖြေဆိုနေရသည်။

ရုပ်သံလိုင်းများမှ လူများလည်း ပါ၏။ သတင်းဌာနမှ သတင်းထောက်များလည်း ပါသည်။ သူမနှင့် ရင်းနှီးသော မိန်းကလေး အပေါင်းအသင်းများစွာလည်း ပါဝင်သည်။ ကြော်ငြာရှင်များစွာလည်း ပါဝင်လေ၏။

တကယ်တမ်းတွင် ဖုန်းများ လက်ခံရရှိနေသည်က ရှောင်ဖေးဖေးတင် မဟုတ်ချေ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ သရုပ်ဆောင်များလည်း ဖုန်းပေါင်းများစွာကို လက်ခံရရှိနေသည်။

ရဲ့လင်းချန် အလွန်ပျော်ရွှင်နေ၏။ ကန့်လန့်ကာနောက်ကွယ်၌ နေရန် ဆုံးဖြတ်လိုက်သည်က မှန်သွားလေသည်။ အနည်းဆုံး လူပေါင်းများစွာက သူ့ကို နှောင့်ယှက်လာတော့မည် မဟုတ်ပေ။

All Chapters