ညဉ့်နက်သန်းခေါင်၌ လိုက်လံဖမ်းဆီးခြင်း
Vol. 34 Ch. 503
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်။
ရဲ့လင်းချန်မှလွဲ၍ အခြားသော အမျိုးသားများအားလုံးသည် ကြမ်းပြင်ပေါ် လဲကျကုန်လေသည်။ အပြည့်အဝ မမူးသူဟူ၍ လီကျင့်နှင့် အလီသာ ရှိသည်။
သူတို့သည် ယခင်က ရဲ့လင်းချန်နှင့် လေ့ကျင့်ဖူးပြီး ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၌ သူတို့က ရှုနန်ထက် ပိုအတတ်မြန်လေသည်။ သူတို့ကို သင်ပေးသော သိုင်းကွက် သုံးကွက်ကို အလွယ်တကူ ပြန်ကျင့်နိုင်ပြီဖြစ်ကာ ရဲ့လင်းချန်က သူတို့ကို နောက်ထပ် သုံးကွက် ဆက်သင်ပေးရန် အသင့်ဖြစ်နေသည်။
ထို့ကြောင့် သူတို့၏ အယ်လ်ကိုဟောဒဏ် ခံနိုင်ရည်စွမ်းက ပို၍ ကောင်းလာလေသည်။
“သခင်လေးရဲ့၊ မင်း … မင်း … မင်းရဲ့ အယ်လ်ကိုဟော ခံနိုင်ရည်စွမ်းက နည်းနည်းလေး များတယ် မဟုတ်လား”
ဟူရီဖေးနှင့် အခြားသူများသည် အံ့ဩကာ ရဲ့လင်းချန်အား ဆွံ့အသော အမူအရာနှင့် ကြည့်နေကြသည်။
ရဲ့လင်းချန်က လူတစ်ဒါဇင်မျှနှင့် ခွက်ချင်းတိုက်ခဲ့သည်ကို သူတို့မျက်စိနှင့် တပ်အပ် မြင်ခဲ့ပါသည်။ အခြားသူများက တစ်ကြိမ်သာ သောက်ရန် လိုအပ်သော်လည်း သူသည် အကြိမ်တစ်ဒါဇင်မျှ သောက်ရန် လိုအပ်ပေသည်။ အခြားသူများ မူးသွားသော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် သူက ဘာမှဖြစ်ပုံ မပေါ်ချေ။
ဤသည်ကို အယ်လ်ကိုဟောဒဏ် ခံနိုင်ရည် မြင့်သည်ဟု မဆိုနိုင်ပါ။ ယင်းက လုံးဝကို ပုံမှန်မဟုတ်ခြင်းပင်။
“ဟားဟား … မင်း ငါ့ကို ပြိုင်သောက်ဖို့ စိန်ခေါ်ရင် သေမင်းကို လုံးဝ တွေ့ရမှာ မဟုတ်ဘူး”
ရဲ့လင်းချန်က ခပ်မိုက်မိုက် မျက်နှာထားမျိုးနှင့် အသာပြုံးနေသည်။
“ယာဉ်မောင်းကို သူတို့ကို လာခေါ်ဖို့ ပြောလိုက်ပါ”
တစ်ညလုံး စားသောက်ပြီးနောက် အတော်လေး နောက်ကျနေလေပြီ။ အရက်မူးနေသော လူတစ်ယောက်ချင်းစီ အတွက် စီစဉ်ပြီးနောက် ရဲ့လင်းချန်သည် ထရပ်၍ အိမ်ပြန်ရန် ပြင်ဆင်လေ၏။
ညဆယ်နာရီ လေးဆယ့်ငါးမိနစ်၌ ရဲ့လင်းချန်သည် လိုက်နှောင့်ယှက်သူ နှစ်ယောက်နှင့်အတူ လမ်းပေါ်၌ ဒယီးဒယိုင် လျှောက်နေသည်။
ထိုလိုက်နှောင့်ယှက်သူ နှစ်ယောက်မှာ လီကျင့်နှင့် အလီတို့ပင်။ သူတို့ နှစ်ယောက်သည် အရက်မူးရာမှ မှောက်မသွားဘဲ ခွန်အး ရှိနေသေးသည်။ ထို့ကြောင့် အခြားသူများ သူတို့ကို ပြန်ပို့ရန် အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့နှင့် ရဲ့လင်းချန်သည် သူတို့ကို ကိုယ်တိုင် လိုက်ပို့ရန်သာ တတ်နိုင်လေတော့သည်။
သူတို့နှစ်ယောက်လုံးသည် မူးနေသော်လည်း အသိစိတ် ကပ်နေသေး၍ တော်ပါသေးသည်။ သူတို့သည် ရဲ့လင်းချန်ကို အလွန် အံ့ဩနေသဖြင့် အတော်လေး သက်သာသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မူးနေသော်လည်း ရဲ့လင်းချန် ပြောသည့်အတိုင်း အတိအကျ လိုက်နာသောကြောင့်ပင်။
“ရဲ့ … သခင်လေးရဲ့၊ မင်းက တကယ်ကို အမူးပါးပဲ၊ လာ … ကျုပ် ခင်ဗျားကို ထပ်ပြီးတော့ ဂုဏ်ပြုမယ်”
“သခင်လေးရဲ့၊ မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး နှိမ့်ချတာပဲ၊ ငါ မင်းရဲ့ အယ်လ်ကိုဟောဒဏ် ခံနိုင်ရည်စွမ်းကို လေးစားတယ်၊ ဆက်သောက်ဗျာ”
နှစ်ယောက်သား လမ်းလျှောက်ရင်း ဆက်သောက်နေသေးသကဲ့သို့ ဗလုံးဗထွေး ပြောနေကြသည်။
ရဲ့လင်းချန်သည် ထိုအမူးသမား နှစ်ယောက်ကို အရေးစိုက်မနေဘဲ ကိုယ့်ဘာသာကိုယ် ရှေ့ဆက်လျှောက်နေသည်။ အေးမြသော ညလေညင်းက သူ့ဆံပင်အား တိုးဝှေ့ တိုက်ခတ်သွားသည်။
လီကျင့်နှင့် အလီတို့သည် အတူတူ နေကြပြီး သိုင်းလေ့ကျင့်ရေး လွယ်ကူချောမွေ့စေရန်အတွက် သူတို့၏ အိမ်က အတော်လေး လူနေနည်းပြီး မြို့တော်ပန်းခြံနှင့် နီးသည်။ လက်ရှိအချိန်၌ လမ်းမထက်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိလေသည်။
“ကယ်ကြပါ … ကယ်ကြပါဦး”
အကူအညီ တောင်းသည့်အသံကို ကြားလိုက်ရပြီးနောက် ရဲ့လင်းချန်သည် ခြေလှမ်းကို ရပ်လိုက်ပြီး အလိုလို မျက်မှောင်ကြုတ် မိသွားသည်။
သူသည် အသက်ကိုအောင့်၍ အာရုံစူးစိုက်ထားလိုက်သည်။
နောက်ထပ် အော်ဟစ် အကူအညီတောင်းသံနှင့်အတူ လျှပ်စစ်ဆိုင်ကယ်သံကပါ သူ့နားထဲသို့ တိုးဝင်လာ၏။
အကူအညီတောင်းသူမှာ သာမန်လူတစ်ယောက် ဖြစ်ပြီး အမျိုးသမီးတစ်ဦးပင်။
တစ်ဖက်တွင်မူ သူမနောက်ကို လိုက်နေသည့်သူက အလွန် သန်မာနေသည်။
ထိုသူက သိုင်းပညာရှင်တစ်ဦးဖြစ်မှာ အသေအချာပင်။
ရဲ့လင်းချန်၏ မျက်လုံးတွင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး အလွန် အာရုံစူးစိုက်သော အမူအရာ ပေါ်လွင်လာသည်။
ရဲ့လင်းချန်သည် သန်မာလာသည်နှင့်အမျှ အခြားသူများ၏ ကိစ္စများ၌ ဝင်ပါချင်လာကြောင်း ခံစားမိလိုက်သည်။ သူ မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။ သူ့နှလုံးသားကိုက အားနည်းသူကို ကူညီပေးချင်နေပုံရသည်။
သိုင်းပညာရှင်တစ်ယောက်က သာမန်လူတစ်ယောက်ကို လိုက်ဖမ်း၍ သတ်ဖြတ်ခြင်းကို မြင်ရခဲသည်။ ထို့အပြင် ထိုအော်သံကို အတော်လေး ရင်းနှီးနေသလို ခံစားရသည်။
သူသည် ရပ်နေရာမှ အသံလာရာသို့ လျှောက်သွားလိုက်သည်။
လျှပ်စစ်ဆိုင်ကယ်၏ အသံက ပိုပို၍ ကျယ်လောင်လာပြီး မိန်းကလေး၏ သွေးပျက်စွာ အကူအညီ တောင်းသံ နှင့်အတူ ငိုသံပါ ရောစွက်လာသဖြင့် ပို၍ အလျင်လိုလာလေသည်။
ထိုလျှပ်စစ်ဆိုင်ကယ်သံအနောက်၌ ဘာမော်တာသံကိုမှ မကြားရပေ။ အကြောင်းမှာ ထိုလူက ခြေလျင် လိုက်ဖမ်းနေခြင်းကြောင့်ပင်။
“ဟီးဟီး ပြေးမလွတ်ပါဘူးကွာ”
လိုက်ဖမ်းသူ၏ ခပ်အက်အက် အသံက မိုးခြိမ်းသလံလိုပင်။ သူသည် ဆိုင်ကယ်ပေါ်မှဆင်း၍ အရှိန်တင်၍ လိုက်ဖမ်းလေသည်။
သူသည် အမှောင်ထဲက တစ္ဆေကဲ့သို့ အရှေ့မှ လျှပ်စစ်ဆိုင်ကယ်ကို ချက်ချင်း မီသွားသည်။ ထို့နောက် သူက လှောင်ရယ်၍ ဆိုင်ကယ်၏ နောက်ဘီးကို ကန်လိုက်သည်။
“ဝုန်း”
ထိုအသံနှင့်အတူ လျှပ်စစ်ဆိုင်ကယ်က ချက်ချင်း လွင့်ထွက်သွားသည်။ ဆိုင်ကယ်ပေါ်၌ ထိုင်နေသည့် အမျိုးသမီးသည်လည်း လွင့်ထွက်သွားလေသည်။ သူမသည် မြေကြီးပေါ် သုံးကြိမ် လိမ့်သွားပြီး လုံးဝ မထနိုင်တော့ချေ။
*သူများလား*
ရဲ့လင်းချန်သည် မြေကြီးပေါ် လဲနေသည့် အမျိုးသမီးကို မြင်သောအခါ အံ့ဩသွားလေသည်။ သူမသည် မကြာသေးခင်က သူ့ထံမှ ဧရာမ စပါးအုံးမြွေကြီး၏ အသားကို ဝယ်ခဲ့သည့် တုန်းမြောင်မြောင်ပင်။
လူနှစ်ယောက်က သူမနောက်ကို လိုက်နေပြီး နှစ်ယောက်လုံးက ထွားကြိုင်းသော အမျိုးသားများ ဖြစ်သည်။ သူတို့၏ မျက်လုံးတွင် ခြိမ်းခြောက်နိုင်သော အငွေ့အသက်အသက်များ ဖြတ်ပြေးနေပြီး နှစ်ယောက်စလုံးက ကျွမ်းကျင်သူများ ဖြစ်ပုံ ပေါ်နေသည်။
တုန်းမြောင်မြောင်၏ လျှပ်စစ်ဆိုင်ကယ် အရှိန်သည် တစ်နာရီလျင် တစ်ခြံဝင်းစာ ရှိသည်။ ထို့ကြောင့် ထိုသိုင်းပညာရှင် နှစ်ယောက်က သူမကို ခဏလေးနှင့် အလွယ်တကူ လိုက်ဖမ်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ခွန်အားသည် ယခင်တစ်ခေါက်က ရှုနန် ဖမ်းခဲ့သည့်သူများထက် မနိမ့်ပေ။
သူတို့သည် အတွင်းအားသုံးသော သိုင်းပညာရှင်များ မဟုတ်လျင်တောင်မှ အတွင်းအားကို သုံးနိုင်လုဆဲဆဲ ဖြစ်နေလေပြီ။
ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုဌာနကို အမာတဲရာစု မျိုးရိုးဗီဇပညာက ဝယ်ခဲ့သဖြင့် ရဲ့လင်းချန်သည် တုန်းမြောင်မြောင်၏ ကံကြမ္မာနှင့် ပတ်သက်၍ အတော်လေး စိုးရိမ်ခဲ့သည်။ သို့သော် ဤသို့သော အခြေအနေနှင့် သူမ ရင်ဆိုင်ရလိမ့်မည်ဟု သူ ထင်မထားမိပါ။
သူမသည် မည်သည့် သိုင်းပညာရှင်နှင့်မှ ပတ်သက်မှုမရှိသည့် အားနည်းသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
*ဘာလို့ သူက သူတို့ လိုက်ဖမ်းတာကို ခံရတာလဲ*
“နင်တို့က ဘယ်သူတွေလဲ”
တုန်းမြောင်မြောင်၏ မျက်လုံးများက ကြောက်ရွံ့နေပြီး သူမအသံက သိသိသာသာ ထစ်ငေါ့နေသည်။
ယနေ့ည ဖြစ်ခဲ့သမျှ အရာအားလုံးက သူမကမ္ဘာကို ကပြောင်းကပြန် ဖြစ်စေသည်။ သူမနောက်ကို လိုက်နေသည့် လူနှစ်ယောက်သည် သာမန်လူတစ်ယောက် မပိုင်ဆိုင်နိုင်သည့် လျင်မြန်မှုမျိုးရှိသည့် ပုံမှန်မဟုတ်သူများပင်။ လျှပ်စစ်ဆိုင်ကယ်ကို စီး၍ သူတို့ကို မျက်ခြေဖြတ်ခြင်းက မဖြစ်နိုင်သလို ကြောင်တစ်ကောင်၏ ကစားခြင်း ခံနေရသည်ဟု သူမ ခံစားမိနေ၏။
*ဘယ်လိုလုပ် လူသားတွေက အဲ့လိုခွန်အားမျိုးနဲ့ လျင်မြန်မှုမျိုး ရှိမှာလဲ*
*ငါ့ကမ္ဘာမှာ ဒါမျိုး မရှိသင့်ဘူး၊ ငါ တခြားနေရာကိုများ ကူးပြောင်းမိတာလား*
လမ်းတစ်လျှောက်တွင် တုန်းမြောင်မြောင်သည် ဘဝကို တစ်ကြိမ်မက သံသယ ဝင်ခဲ့လေသည်။
“မင်းက ငါတို့ကိစ္စတွေကို စပ်စုရဲတာပဲ၊ မင်း ဘယ်ကနေ ဘယ်လို သတ္တိကောင်းနေတာလဲ”
သိုင်းပညာရှင်တစ်ယောက်က သရော်လေသည်။
“သနားစရာပဲ၊ မင်းက လှပင်မယ့် မကြာခင် စမ်းသပ်ခံ ပစ္စည်းတစ်ခု ဖြစ်လာတော့မှာ”
သူက ပြောရင်း တုန်းမြောင်မြောင်ထံ လျှောက်လာသည်။
“နင် … နင် ငါ့နား မလာနဲ့”
တုန်းမြောင်မြောင်က ကူကယ်ရာမဲ့သော သိုးပေါက်လေးသဖွယ် ဖြစ်နေသည်။ သူမမျက်လုံးတွင် ကြံရာမရ ဟန်များ ပြည့်နေပြီး ခက်ခက်ခဲခဲ နောက်ဆုတ်နေရသည်။ သူမမျက်လုံးမှ မျက်ရည်များ စီးကျလာပြီး အားနည်းစွာ အော်ဟစ်လေသည်။
“ကယ်ကြပါဦး”
တစ်ဖက်လူသည် ဖိနှိပ်ရသည့် ခံစားချက်ကို သဘောကျကာ ရယ်မောနေ၏။
“ဝါးဟားဟားဟား မင်း အသံအိုးကွဲမတတ် အော်ရင်တောင်မှ ဘယ်သူမှ မင်းကို လာမကယ်ဘူး”
နှစ်ဖက်စလုံး၏ အကွာအဝေးက တဖြည်းဖြည်း တိုတောင်းလာသည်။
ထိုသို့သောအချိန်၌ အော်သံတစ်သံကို ကြားလိုက်ရသည်။
“ရပ်လိုက်စမ်း၊ အဲ့ကောင်မလေးကို လွှတ်လိုက်”
တုန်းမြောင်မြောင် မှင်တက်သွားသည်။ သိုင်းပညာရှင် နှစ်ယောက်သည်လည်း ကြောင်တောင်တောင် ဖြစ်သွား လေသည်။
ရဲ့လင်းချန်သည်လည်း အံ့ဩနေ၏။ သူ့ဘေးမှ မူးနေသော အလီအား ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်လိုက်မိသည်။
ထိုစကားက သူ ပြောရမည့်စကား ဖြစ်သင့်ပေသည်။ တစ်ခဏမျှ အာရုံလွတ်သွားခြင်းမှ အခြားသူတစ်ယောက်က သူ့စကားကို လုသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ့တွင် ဟန်ထုတ်ပိုင်ခွင့်က အလွန် နည်းပါးလှသည်။
သူ ခုန်ထွက်၍ ထိုစကားကို ထပ်ပြောခြင်းက မသင့်တော်ပေ။
ထိုစည် ရလီက အမှောင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာ၏။ သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် ခန္ဓာကိုယ်က စံချိန်အမြင့်မားဆုံးထဲမှ ဖြစ်ပြီး သူက အလွန် အရပ်ရှည်လေသည်။ သူ၏ ဒယီးဒယိုင်နှင့် အရက်မူးနေသော ပုံစံကို ထည့်မတွက်ပါ လူတိုင်းကို ရှိန်သွားစေလောက်သည်။ သို့သော် … လက်ရှိ၌ သူသည် ရယ်ချင်စရာ ကောင်းနေသည်။
“ဟဲဟဲ … ဒီသတ္တိကောင်းတဲ့ ဝိညာဉ်က ဘယ်ကလာတာပါလိမ့်လို့ ငါ စဉ်းစားနေတာ၊ လတ်စသက်တော့ အမူးသမား တစ်ယောက်ပဲ”
သိုင်းပညာရှင်က အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
“မင်း အရပ်မူးနေတုန်း မိန်းမလှလေးကို ဝင်ကယ်ပြီး သူရဲကောင်းလုပ်ဖို့ သင်နေတာလား၊ မင်းတော့ သေချင်နေတာပဲ”
“ခန္ဓာကိုယ်က ကြီးသားပဲ၊ စမ်းသပ်ခံ ပစ္စည်းဖြစ်ဖို့ ပြီးပြည့်စုံတယ်”
ကျန်သိုင်းပညာရှင်က ထိုသို့ မှတ်ချက်ချလေသည်။ အလီ၏ မျက်လုံး၌ အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်ကို မြင်သောအခါ သူက သရော်လေသည်။
“ငါတို့ ဘယ်သူလဲ မင်း သိလား၊ မင်း တကယ် ရှေ့ထွက်လာဖို့ သတ္တိရှိတယ်ပေါ့လေ”
“ငါ့သိုင်းကျင့်ဖော်ကျင့်ဖက်ကြီး၊ ဒီရန်ပွဲကို ရှောင်ဖို့ အကြောင်းရင်း ရှိလို့လား”
တစ်ချိန်တည်းမှာပင် လီကျင့်သည်လည်း အားနည်းမှုကို မပြချင်ပေ။ သူက ယိမ်းထိုး၍ အလီဘေး၌ ရပ်လိုက်သည်။