← Chapters

ဝတ်ရုံနက်အစောင့်အရှောက် (၂)

Vol. 36 Ch. 545

ဝတ်ရုံနက်အစောင့်အရှောက် (၂)

Vol. 36 Ch. 545

မကြာခင် သူတို့အားလုံး ဒုတိယတည်နေရာပြောင်းအစီအရင်သို့ ရောက်လာကြသည်။ ထိုနေရာမှတစ်အဆင့် သူတို့သည် နောက်ထပ်နေရာတစ်ခုသို့ ရောက်လာကြ၏။ နောက်ထက်ရက်အနည်းငယ်ကြာလျှင် သူတို့သည် လင်းလန်ပြည်နယ်သို့ ရောက်လာသည်။

ဤနေရာသည် ဖုန်းဟိုင်ဒေသငယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်အကြား နယ်ခြားစည်းနယ်မြေလည်း ဖြစ်သည်။

“နောက်ဆုံးတစ်ခေါက် တည်နေရာပြောင်းပြီးရင် ငါတို့ နယ်ခြားစည်းကို ရောက်မယ်။”

သည်နေရာသို့ ရောက်လာပြီးနောက်တွင် အားလုံး၏သတိစိတ်များမှာ ပို၍ ပြင်းထန်လာကြသည်။ သည်နေရာသည် ဖုန်းဟိုင်ဒေသငယ်ထဲတွင် ဖြစ်သော်လည်း သန့်စင်ရေလှိုင်းပိုင်နက်နှင့်လည်း ဆက်စပ်နေသည်။

ဝိညာဉ်သူငယ်အဆင့်တစ်ဦးက နယ်ခြားစည်းများကို ဖြတ်ကျော်၍ ရန်သူ့ပိုင်နက်များထဲသို့ ဝင်ခွင့်မရှိပေ။ အကယ်၍ ကျူးကျော်မိပါက ထိုဝိညာဉ်သူငယ်အဆင့်များမှာ တားမြစ်လက်နက်များဖြင့် သတ်ဖြတ်ခံရပေမည်။ သို့တိုင်အောင် သူတို့က သတိထားကြရသေးသည်။

ထို့အပြင် အဆင့်မြင့်အမြုတေဖွဲ့စည်းခြင်းအဆင့်များသည် သတ်ဖြတ်အားပြင်းသော လက်နက်များကို ကိုင်ထားကြသေးသည်။

ညနက်နေပြီဖြစ်သလို ကောင်းကင်တွင်လည်း တိမ်မည်းများသည် လအား ဖုံးကွယ်နှောင့်ယှက်ထားကြ၏။ ဝေဟံကို ဖြတ်သန်းသွားသော လျှပ်စီးတန်းများသည် မိုးခြိမ်းသံများကို သယ်ဆောင်လာတတ်သည်။ ထိုအခိုက်တွင် မိုးသည် သည်းထန်စွာ ရွာသွန်းလာ၏။

မိုးသည်းထဲတွင် လူ (၁၇)ယောက်သည် တည်နေရာပြောင်းအစီအရင်ထံသို့ ဦးတည်သွားနေကြသည်။

မကြာခင် မိုးသည်းထဲတွင် အဝေး၌ ကျောက်တုံးသစ်တောမြို့ငယ်လေးတစ်မြို့အား တွေ့ရသည်။ သွေးနံ့များကို ခံစားမိသည်တွင် ရွှီချင်း၏မျက်လုံးများ အေးစက်သွားသည်။

ရှန်ဟယ်၊ ဝမ်ချန်နှင့် တခြားလူများ၏အမူအရာများလည်း ပြောင်းသွားကြသည်။

ခုန်ရှန်းလုံကလည်း မျက်မှောင်ကျုံ့လိုက်ကာ လက်မြှောက်လိုက်သည်။ ချက်ချင်းပင် အားလုံးက လေးနက်သောအမူအရာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ကြ၏။

“တည်နေရာပြောင်းအစီအရင်မှာ သတ်မှတ်ထားတဲ့အချိန်အတွက် အချက်ပြထားတာမရှိဘူး။ တစ်ခုခုမှားနေပြီ။”

“ကလေး၊ စုန်းကဝေ၊ နေဝိညာဉ်၊ ကွေ့ကောက်မြစ်… မင်းတို့လေးယောက် လူသုံးယောက်စီခေါ်ပြီး သွားကြ။ ငါကတော့ တစ်ယောက်တည်း သွားလိုက်မယ်။ ငါတို့ မတူတဲ့ဦးတည်ချက်ငါးခုကနေ ဝင်ကြမယ်။ လူသားမဟုတ်မျိုးနွယ်တွေတွေ့ရင် တစ်ခါတည်း ရှင်းလင်းလိုက်ကြ။”

“တကယ်လို့ အဆင့်မြင့်အမြုတေဖွဲ့စည်းခြင်းတွေနဲ့တွေ့ရင် အချိန်ဆွဲပြီး ငါ့ကို စောင့်ကြ။”

ခုန်ရှင်းလုံက ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ထို့နောက် သူသည် ပြေးထွက်သွားကာ ရှေ့မှ တောအုပ်ထဲသို့ ဦးတည်လိုက်သည်။ ရွှီချင်းက သူ့နောက်မှ ဓားကိုင်များကို ကြည့်သည်။ ထိုလူများက အချင်းချင်း ကြည့်လိုက်ကာ ရှန်ဟယ်၏အုပ်စုကို ရွေးချယ်လိုက်ကြသည်။

နောက်ဆုံးသုံးယောက်မှာ အတော်လေးနောက်ကျသွားကာ ရွှီချင်းအား ကြည့်လိုက်ကြ၏။

“တာအိုရောင်းရင်းတို့… ကျုပ်နဲ့ အရမ်းကပ်ပြီး မလိုက်ပါနဲ့။”

ရွှီချင်းက အဆိပ်ဖြေဆေးပုလင်းသုံးလုံးကို ထုတ်ကာ ပစ်ပေးလိုက်သည်။

ရွှီချင်း ဓားကိုင်ရုံးတော်သို့ ဝင်ရောက်ပြီးနောက်တွင် အသိပညာခန်းမထဲက ဖြစ်ရပ်ကဲ့သို့ ဆင်တူအဖြစ်မျိုး မဖြစ်စေရန် ဖြေဆေးတချို့ ပြင်ဆင်ထားသည်။ သို့သော်လည်း ၎င်းဖြေဆေးများသည် တားမြစ်အဆိပ်ကိုတော့ မဖြေပေးနိုင်ပါ။

သို့သော်လည်း သူ၏အဆိပ်သည် ပေါင်းစပ်အဆိပ်ဖြစ်သည်။ ဖြေဆေးသည် အကျိုးသက်ရောက်မှုရှိသော်လည်း အဆိပ်လေထုကိုတော့ မသန့်စင်နိုင်ပေ။

သို့သော်လည်း သူတို့သာ အနည်းငယ် ခပ်လှမ်းလှမ်းတွင် နေပါက အဆိပ်သည် လေထုထဲ စိမ့်ဝင်ပြန့်လွင့်သွားနိုင်သဖြင့် အဆင်ပြေပေသည်။

ရွှီချင်း ထွက်ခွာသွားသည်။ တခြားလူများလည်း ထိုနည်းတူ ဖြစ်သည်။ ဓားကိုင်သုံးယောက်က အချင်းချင်းကြည့်ကာ ရွှီချင်းနောက်မှ လိုက်ပါသွားကြသည်။

မကြာမီ ဓားကိုင် ၁၇ဦးသည် အရပ်မျက်နှာငါးခုခွဲကာ သစ်တောထဲသို့ ချဉ်းကပ်လာကြ၏။

ရွီချင်းလည်း ရပ်တန့်ခြင်း မရှိပေ။ သူ့ခန္ဓာကိုယ် ပြေးထွက်သွားသည်နှင့် တားမြစ်အဆိပ်သည် အပြင်သို့ ပြန့်ထွက်သွားခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်အား ရစ်ပတ်သွားကြသည်။ သူက လက်ဝှေ့ယမ်းလိုက်သည်တွင် များစွာသော အဆိပ်မှုန့်များ ပြန့်လွင့်သွားကြ၏။

သူက ထိုသို့လုပ်ပြီးသောအခါတွင်ကား တောအုပ်ထဲသို့ ခြေချမိပြီး ဖြစ်သည်။ သူ ဝင်ရောက်လိုက်သည်နှင့် အဝေးမှ တစ်ဝုန်းဝုန်းမြည်လာသော မန္တန်အတတ်များအား ကြားရသည်။ နှာမှုတ်သံတစ်ချက်နှင့်အတူ ပုံရိပ်တစ်ခုသည် အလွန်မြန်ဆန်စွာ ချဉ်းကပ်လာ၏။

တစ်ဘက်လူသား အနက်ရောင်ဝတ်သတ်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။ လူသားများနှင့် ကွာခြားသည်ကား သူ့နဖူးမှ အနက်ရောင်မျဉ်းဖြစ်သည်။ သူ၏နန်းတော်ငါးခု အမြုတေဖွဲ့စည်းခြင်းအစွမ်း ပေါက်ကွဲထွက်လာသည်။ သို့သော်လည်း သူသည် ရွှီချင်းအနီးသို့ မရောက်မီ သူ့မျက်နှာအမူအရာက တမုဟုချင်း ပြောင်းလဲသွားကာ သူ့မျက်လုံးများ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး အနက်ရောင်သွေးတစ်ပွက် အန်ထုတ်သည်။

“ဒါက ဘယ်လိုအဆိပ်မျိုးလဲ…”

သူက အဆိပ်မိခြင်းအား မအံ့ဩပါ။ သူ အံ့အားသင့်မိသည်ကား အဆိပ်က ပြင်းထန်လွန်းနေသည်။ သူက အသက်တစ်ရှုစာမျှဖြင့်ပင် အတွင်းကလီစာများအားလုံး လောင်ကျွမ်းသွားကာ သူ့မြင်ကွင်းများ မှောင်မိုက်လာသည်။

သို့သော်လည်း သူ့တွင် ထိတ်လန့်အံ့အားသင့်ရန် အချိန်မရှိတော့ပါ။ ရွှီချင်းကား မြန်ဆန်လွန်းသည်။ သူက အနီးသို့ ရောက်လာသည်နှင့် ခေါင်းဆောင်ပေးထားသော ဓားမြောင်သည် သူ့လက်ထဲ၌ ပေါ်လာ၏။ သူက အဝတ်စဖြင့်အုပ်ထားသော လက်ကိုင်ကို ဆုပ်ကိုင်ထားရင်း သတ်လတ်ပိုင်းလူအား ကျော်ဖြတ်သွားသည်။

ဓားမြောင်သည် သတ်လတ်ပိုင်းလူ၏ လည်ပင်းကို ဖြတ်ကျော်သွားရာ သူ့ခေါင်းပြတ်မှာလည်း လွင့်စင်သွား၏။

ရွှီချင်းက ကိုယ်ကို နှိမ့်ကာ အမဲလိုက်မုဆိုးတစ်ဦးအလား ညအမှောင်ထဲကို ဝင်ရောက်သွားသည်။ သူသည် အနက်ရောင်ထောင့်တစ်နေရာသို့အထိ လမ်းလျှောက်သွားသည်။ သူ ရွေ့လျားသွားရင်း ရုတ်တရက် အရှိန်တင်လိုက်ကာ သူ၏ဓားမြောင်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

အပြင်သို့ ပြေးထွက်လာသော ပုံရိပ်သည် မည်သို့မှ မလုပ်လိုက်ရသေးခင် ရွှီချင်းနှင့် တိုးသွားသည်။ ထိုသူသည် မယုံကြည်နိုင်စွာဖြင့် အပေါ်သို့ မြောက်တက်သွား၏။

ရွှီချင်းက သူ့အား တစ်ချက်မျှပင် မကြည့်ပါ။ သူသည် အမှောင်ထုထဲသို့ တဖန် ဝင်ရောက်ပျောက်ကွယ်သွားပြန်သည်။

အမှောင်ထဲတွင် ပုန်းနေသော သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်တစ်ဦးသည် အနီးအနားကို အကဲခတ်ကြည့်နေစဉ် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သောအခါတွင်ကား နောက်ကျသွားပြီ ဖြစ်သည်။

ရွှီချင်း၏ပုံရိပ်သည် ထူးဆန်းစွာဖြင့် သူ့နောက်တွင် ပေါ်လာသည်။ ဓားမြောင်သည် ရပ်တန့်သွားခြင်းမရှိဘဲ သူ့လည်ပင်းကို ဖြတ်တောက်သွား၏။

ရွှီချင်းက သူ့နောက်မှ လေတိုးသံတစ်ချက်အား ကြားကာ မျက်မှောင်ကြုတ်သည်။ သို့သော်လည်း မိုးကြိုးနီနှင့် အရိပ်မျက်လုံးတို့ ပွင့်လာသည်တွင် ရွှီချင်းအား အလစ်ဝင်တိုက်သည့်လူသည် နဖူးတွင် သံချောင်းထွင်းဖောက်ခြင်းကို ခံလိုက်ရသည်။

တောအုပ်ထဲတွင် မန္တန်အတတ်များ အဆက်မပြတ် ပေါက်ကွဲဖြစ်ပေါ်လာကာ အဆက်မပြတ် တိုက်ခိုက်သံများ ထွက်ပေါ်လာ၏။ ခုန်ရှန်းလုံ၏မာန်သွင်းသံတစ်ချက်ကို ကြားရကာ သူသည် လေထဲသို့ ခုန်တက်သွားသည်။ ထိုနေရာတွင် နတ်နန်းတော်ရှစ်ခုခွန်အားရှိသော သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်လေးဦး ရှိနေသည်။

နတ်နန်းတော်ရှစ်ခုအဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းက သူတို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်၏သာမန်လူများ မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ သူတို့တစ်ဦးချင်းစီတွင် အင်ပါယာကျင့်ကြံခြင်းအတတ်တစ်မျိုးစီ ပိုင်ဆိုင်ကြသည်။

သူတို့က အလယ်အလတန်တန်းစား အင်ပါယာကျင့်ကြံခြင်းအတတ်ကို သုံးနေကြခြင်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီက မိစ္ဆာလက်များအား ဖန်ဆင်းကာ ပြင်းထန်သော အရှိန်အဝါအား ထုတ်လွှတ်ကြသည်။ ထို့အပြင် သူတို့က မှော်လက်နက်အပိုင်းအစများဖြင့်ကလည်း ဝင်္ကပါအား ဖွဲ့စည်းထားကြသည်။

ထိုအရာများအားလုံးသည် သတ်ဖြတ်ခြင်းအတွက် မဟုတ်ပေ။ ခုန်ရှန်းလုံအား သတ်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲသည်။ ထို့ကြောင့် သူတို့၏ဦးတည်ချက်သည် ခုန်ရှန်းလုံအား ပိတ်ဆို့ထားရန် ဖြစ်သည်။

တစ်ချိန်တည်းတွင် ကောင်းကင်၌ မိုးကြိုးလျှပ်စီးများ ပြည့်လာကာ အောက်သို့ သက်ဆင်းတော့မည့်ဟန် ရှိနေသည်။ ၎င်း၏ပစ်မှတ်သည် ခုန်ရှန်းလုံ ဖြစ်သည်။

ရွှီချင်းက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်သည်။ သို့သော်လည်း သူ သွားရောက်ခြင်းတော့ မပြုပေ။ ၎င်းအစား သူက နောက်လှည့်ကာ အမှောင်ထုတစ်နေရာသို့ ကြည့်သည်။

လူတစ်ယောက် တစ်လှမ်းချင်း လျှောက်လာနေသည်။

“စိတ်ဝင်စားစရာပဲ။ ဒီတစ်ခေါက် လူသားမျိုးနွယ်ရဲ့ ဓားကိုင်တွေက အရင်တွေ့ဖူးတဲ့ဓားကိုင်တွေနဲ့ နည်းနည်းကွဲပြားနေတယ်။”

သန့်စင်ရေလှိုင်းမျိုးနွယ်တွင်လည်း ဓားကိုင်ရုံးတော်ကဲ့သို့ ဆင်တူသော ရုံးတော်ရှိသည်။ သူတို့အား ဝတ်စုံနက်အစောင့်အရှောင်များဟု ခေါ်သည်။

ထိုအခိုက်တွင် လေတိုးသံတစ်ချို့နှင့်အတူ ဓားကိုင်သုံးဦး ရွှီချင်းနောက်သို့ ရောက်လာကြသည်။ သူတို့က လမ်းတွင် အဆိပ်၏အငွေ့အသက်များကို ခံစားမိကာ အဆိပ်ဖြေဆေးအများအပြားကိုလည်း ဝါးမျိုခဲ့ကြ၏။

၎င်းသည် ရွှီချင်းက ရန်သူများအား သတ်ဖြတ်ပြီးနောက် အဆိပ်တချို့အား ပြန်သိမ်းခဲ့သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ထိုအဆိပ်ဖြေဆေးများမှာ အသုံးမဝင်ပါ။

လမ်းတစ်လျှောက်တွင် သူတို့က သန့်စင်ရေလှိုင်းမျိုးနွယ်များ ခေါင်းပြတ်လျှက် သေဆုံးနေသည်ကို အများအပြား မြင်တွေ့ခဲ့ကြသည်။

ထိုသူတစ်ဦးတစ်ယောက်စီတိုင်းသည် အနည်းဆုံး နတ်နန်းတော်ငါးခုစွမ်းရည်များကို ပိုင်ဆိုင်ကြသည်။

ထို့ကြောင့် သူတို့၏စိတ်နှလုံးသည် ရွှီချင်းကြောင့် အပြင်းအထန် လှုပ်ရှားနေကြ၏။

သည်တစ်ခေါက် ဓားကိုင်လက်သစ်များသည် ယခင်ကနှင့် ကွဲပြားကြောင်း သူတို့ ကြားသိထားသည်။ သူတို့ထဲတွင် ကြောက်စရာပါရမီရှင်အနည်းငယ် ပါဝင်ကြောင်းနှင့် ထိုအနည်းငယ်ထဲတွင် ရွှီချင်း၏နာမည် ရှိနေသည်။ သို့သော်လည်း ရွှီချင်း လှုပ်ရှားသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။

ယခု သူတို့က ရွှီချင်း မည်မျှ ကြောက်စရာကောင်းသည်ကို လက်တွေ့ကြုံကြရပြီ ဖြစ်သည်။

အမှန်တကယ်အားဖြင့် သူတို့ကိုယ်တိုင်မှာလည်း ထူးချွန်သူများဖြစ်ကြသည်။ သို့သော်လည်း နှိုင်းယှဉ်ပါက သူတို့သည် နိမ့်ကျနေသေးသည်။

“နောက်ထပ်သုံးယောက်…”

ဓားကိုင်သုံးယောက် ထပ်မံရောက်လာသည်တွင် အမှောင်ထုထဲက လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေသည့် အမှတ်အသားများရှိသော အနက်ရောင်တာအိုဝတ်စုံကို ဝတ်ထားကာ ထူးခြားဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။

သူ့နောက်မှ အင်ပါယာကျင့်ကြံခြင်းအတတ်ကြောင့် ဖြစ်တည်လာသော အနက်ရောင်လက်မည်းကြီးတစ်ခု ပေါ်ထွက်လာသည်။ လက်သည် နတ်နန်းတော်ခြောက်ခုစွမ်းရည်ကို ပိုင်ဆိုင်ထားကာ သူ့ထံမှ နတ်နန်းတော်ခုနစ်ခု၏ဖိအားများလည်း ပြန့်ကားထွက်ပေါ်လာတော့သည်။

{ဘာသာပြန်သူမှတ်ချက်။  ။ မူလဝိညာဉ်အဆင့်အား ဝိညာဉ်သူငယ်အဆင့်ဟူ၍ ပြောင်းလဲသုံးစွဲထားပါသည်။ တစ်လက်စတည်း ရွှီချင်းတို့လောက၏ ကျင့်ကြံခြင်းအဆင့်များကို အနည်းငယ် ရှင်းပြလိုပါသည်။

ချီစုစည်းခြင်းအဆင့်သည် အခြေခံအဆင့်ဖြစ်သည်။ ထို့နောက် အခြေတည်အဆင့်သို့ တက်လှမ်းရသည်။ နောက်တစ်အဆင့်တွင် ဒန်ထျန်၌ အမြုတေကို ဖွဲ့စည်း၍ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ဖြစ်လာသည်။

ထိုမှတစ်အဆင့် ဝိညာဉ်သူငယ်ကို ဖွဲ့စည်းရသည်။ ၎င်းအဆင့်အား ဝိညာဉ်သူငယ်အဆင့်ဟု အလွယ်မှတ်ယူနိုင်သည်။

ပုံမှန်အားဖြင့် ထိုဝိညာဉ်သူငယ်သည် ခန္ဓာကိုယ်တွင်ရှိသော မူလဝိညာဉ်နှင့် မတူတော့ဘဲ အရည်အသွေးအားဖြင့် တစ်ဆင့်မြင့်သော ဖြစ်တည်မှုမျိုးဖြစ်သည်။ ထို့ကြောင့် မူလဝိညာဉ်ဟု ဆက်လက်သုံးစွဲခြင်း မပြုတော့ဘဲ ဝိညာဉ်သူငယ်ဟုသာ သုံးစွဲပါမည်။

ဝိညာဉ်သူငယ်များသည် ခန္ဓာကိုယ်ပြင်ပသို့ အကောင်အထည်ဖြင့် ထွက်ခွာနိုင်စွမ်း ရှိကြကာ အကယ်၍ သေမျိုးခန္ဓာ ပျက်စီးသွားပါကလည်း ဝိညာဉ်သူငယ်သည် အမှီအခိုကင်းကင်းဖြင့် ဆက်လက်အသက်ရှင်သန်နိုင်သလို တခြားရုပ်ခန္ဓာများသို့လည်း ပူးကပ်၍ အပိုင်စီးနိုင်စွမ်း ရှိကြသည်။

၎င်းဝိညာဉ်သူငယ်များသည် ကျင့်ကြံသူများ၏ ချီအားများဖြင့် စုစည်းထားခြင်းဖြစ်သဖြင့် တစ်ခါတစ်ရံ ကျင့်ကြံသူများသည် မိမိကိုယ်ကို စတေးရန်ဖြစ်လာသောအခါတွင်လည်း သူတို့၏ဝိညာဉ်သူငယ်များကို ဖောက်ခွဲပစ်ကာ ရန်သူများကို ပြင်းထန်စွာ ထိခိုက်အောင် လုပ်တတ်ကြသေးသည်။

ထို့အတူ ဝိညာဉ်သူငယ်ပျက်စီးခြင်းသည် သူတို့၏သေဆုံးခြင်းလည်းဖြစ်သည်။}

All Chapters