← Chapters

အသန်မာဆုံးမျိုးဆက်၏ခွန်အား (၁)

Vol. 36 Ch. 546

အသန်မာဆုံးမျိုးဆက်၏ခွန်အား (၁)

Vol. 36 Ch. 546

သူ့နောက်မှ ဓားကိုင်သုံးယောက် ရောက်လာသည်ကို သတိပြုမိလိုက်သည်တွင် ရွှီချင်းက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့သုံးယောက်၏ကျင့်ကြံဆင့်သည် နတ်နန်းတော်ငါးခုသာ ရှိသည်။ သူတို့တွင် ကိုယ်ပိုင်နည်းစနစ်များ ရှိနိုင်သော်လည်း သန့်စင်ရေလှိုင်းမျိုးနွယ်က ဝတ်ရုံနက်အစောင့်အရှောက်နှင့် မယှဉ်နိုင်သည်မှာ သေချာ၏။

အမှောင်ထဲက ထွက်လာသော ဝတ်ရုံနက်အစောင့်အရှောက်ကို မြင်လျှင် ဓားကိုင်သုံးယောက်တို့၏မျက်နှာက မသာမယာဖြစ်သွားသည်။

ဓားကိုင်များဖြစ်သည့်အလျှောက် သူတို့၏ဂုဏ်သိက္ခာနှင့် အတွေးအခေါ်တို့က ထွက်ပြေးရန် တားမြစ်ထားသည်။ ထို့ကြောင့် သူတို့က ကျင့်ကြံဆင့်အား အလျင်အမြန် လှည့်ပတ်လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်က တိုးတိတ်စွာ ပြောသည်။

“ကလေး… ဒီလူကို အတူတူအချိန်ဆွဲတားမြစ်ကြမယ်။”

“မင်းတို့က ငါ့ကို ထိန်းမထားနိုင်ပါဘူး။”

ဝတ်ရုံနက်အစောင့်အရှောက်က အထင်သေးသော အမူအရာဖြင့် လှမ်းလာနေသည်။ သူက တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရွှီချင်း၏မျက်လုံးများထဲ အရောင်တစ်ချက် လက်သွားသည်။

“အရိပ်အကျိုင်းသားရဲ့ တားမြစ်ခြင်း၊ နတ်ဆိုးအမိန့်တော်။”

“အင်မော်တော်အတတ်ဖြင့် ဝိညာဉ်ကို ချိုးဖျက်ခြင်း၊ ကောင်းကင်နှင့် မြေကြီးသည် ငါ့ကံကြမ္မာဖြစ်လော့…။”

ရွှီချင်းက ကျန်းကန်းဘိုးဘေးအား ထိုစကားလုံးများကို ဖန်တီးခိုင်းထားသည်။ ၎င်းသည် သူက အပြင်လူများရှေ့တွင် အရိပ်လေးနှင့်ပေါင်းစပ်ပါက သံသယဝင်ခံရခြင်းမှ ရှောင်ဖယ်ရန် ဖြစ်သည်။

သူက ထိုသို့ ပြောလိုက်ရင်း ရွှီချင်း၏အတွေးတစ်ချက်ဖြင့် အရိပ်လေးသည် သူ၏လက်ထဲက ဓားမြောင်မှတစ်ဆင့် ဖြန့်ကျက်လာပြီး ရွှီချင်းအား ခေါင်းတလားအသွင်ဖြင့် ဖုံးအုပ်သွားသည်။

ထိုအခိုက်တွင် ရွှီချင်း၏ခန္ဓာကိုယ်သည် ပြင်းထန်သော ဓာတ်နှောများ ထုတ်လွှတ်ကာ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်ကိုယ်တိုင်သည်လည်း နက်မှောင်နေသည့်တိုင် ကောင်းကင်က တစ်ခါတစ်ခါလင်းလာသော လျှပ်စီးများကြောင့် ရွှီချင်း၏ဘေးပတ်ပတ်လည်က လေဟာနယ်သည် ပုံပျက်ယိုင်နဲ့နေကြောင်းကို မြင်နိုင်သေးသည်။

ထိုမြင်ကွင်းကို ကြည့်နေသူတိုင်းမှာလည်း စိတ်နှလုံးထဲ၌ ကြောက်စိတ်များ အလိုလိုထကြွလာနေ၏။

သို့သော်လည်း ရွှီချင်း၏စကားလုံးတချို့မှ သူတို့သည် ထိုမြင်ကွင်းမှာ အလွန်တရာထူးခြားနက်နဲသောအတတ်တစ်ခုကြောင့်ဟု ထင်မှတ်မှားကြသည်။

ဓာတ်နှောများက သူတို့၏စိတ်နှလုံးကို တုန်လှုပ်စေသည့်တိုင် အများစုက ထိုလျှို့ဝှက်အတတ်သည် ထူးဆန်းကာ ကြောက်စရာကောင်းသည်ဟု ခံစားကြရသည်။

ဓားကိုင်သုံးဦး ထိတ်လန့်အံ့အားသင့်နေစဉ်မှာ ရွှီချင်းက ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ သူ့ထံမှ ကာယခွန်အားများ ပေါက်ကွဲထွက်လာသည်။

အရိပ်ဖြင့် ပေါင်းစပ်ခြင်းသည် သူ၏မန္တန်အတတ်အား စတေးကာ အဆုံးစွန်သောခန္ဓာကိုယ်သန်မာမှုအား ရယူခြင်း ဖြစ်သည်။

ရွှီချင်းတွင် နတ်နန်းတော်လေးခုရှိစဉ်က သူသည် ထိုနည်းစနစ်ဖြင့် နတ်နန်းတော်ခြောက်ခုခွန်အားကို ပိုင်ဆိုင်နိုင်သည်။ ယခု သူ့တွင် နတ်နန်းတော်ငါးခုရှိရာ သူ့ခန္ဓာကိုယ်သန်မာမှုသည် နတ်နန်းတော်ခုနစ်ခုသို့ တမုဟုချင်း ထိုးတက်သွားသည်။

နတ်နန်းတော်ခုနစ်ခု ကာယခွန်အားသည် မန္တန်စွမ်းရည်အတတ်ထက် ပို၍ အားကောင်းပေသည်။ သတ်ဖြတ်နိုင်စွမ်းနှင့် ပေါက်ကွဲနိုင်စွမ်းတို့ကြောင့် ၎င်းသည် ကြောက်စရာလည်း ကောင်းသည်။

လျှို့ဝှက်အတတ်အား အသက်သွင်းလိုက်လျှင် ရွှီချင်းထံမှ ရုန့်ရမ်းကြမ်းတမ်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်တွင် မုန်တိုင်းများ ထန်လာကာ အရပ်မျက်နှာမျိုးစုံသို့ လေလှိုင်းများ လွင့်စင်သွားကြသည်။

လေလှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားလျှင် ဓားကိုင်သုံးဦးသည် အထိတ်တလန့်ဖြင့် နောက်ဆုတ်လိုက်ကြသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်ကလူသည်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ရွှီချင်း လှုပ်ရှားလိုက်သည်။

သူကား လျှပ်စီးအလား မြန်ဆန်လွန်းရာ ပကတိမျက်လုံးဖြင့် မြင်နိုင်ရန် ခက်ခဲ၏။ ပြင်းထန်သော အသံများကြားတွင် ရွှီချင်းသည် ဝတ်ရုံနက်လူရှေ့သို့ ရောက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ပထမဆုံးလက်သီးသည် ရွှီချင်း၏ကာယခွန်အားများအားလုံး စုပေါင်းထားခြင်း ဖြစ်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်လူ၏ မျက်မှောင်များ ကျုံ့သွားသည်။ သူ့ရှေ့မှ လူသား၏အပြောင်းအလဲက ကြီးမားလွန်းကာ ဓာတ်နှောများမှာလည်း သိပ်သည်းလွန်း၏။ သူ့စိတ်နှလုံးက လေးလံသွားကာ လက်ဟန်အတွဲလိုက်ပြုလုပ်လျှက် သူ့ခန္ဓာကိုယ်အား အတားအဆီးတစ်ခုဖြင့် ရံတားလိုက်သည်။ သူက မှော်လက်နက်တစ်ခုကိုပင် ထုတ်ကာ ထိုလက်သီးကို ခုခံလိုက်သည်။

မျက်လုံးတစ်မှိတ်အတွင်း သူတို့နှစ်ဦး ထိတွေ့ကြသည်။

ဘုန်းခနဲမြည်သံနှင့်အတူ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်၏ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ၏အတွင်းကလီစာများအားလုံး လှုပ်ယမ်းသွားကာ အသက်ပြင်းစွာရှုလျှက် အလျင်အမြန် နောက်ဆုတ်လိုက်သည်။

ရွှီချင်း မရပ်တန့်ပါ။ သူက ရှေ့ကို တစ်လှမ်းထပ်တိုးလျှက် အဆက်မပြတ် ထိုးနှက်လိုက်သည်။

ဒုတိယလက်သီး… တတိယလက်သီး…

သူတို့ထံမှ စွမ်းအားများသည် ပတ်ဝန်းကျင်တခွင်၌ အပျက်အစီးများ ဖြစ်စေသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်သည် အနည်းငယ်မျှပင် သတိလစ်ဟင်းခြင်း မရှိတော့ပေ။ သူက နောက်ထပ်လက်ဟန်အတွဲလိုက်ပြုလုပ်ကာ အင်ပါယာကျင့်ကြံခြင်းအတတ်အား ဆင့်ခေါ်လိုက်သည်တွင် သူ့နောက်၌ ပြင်းထန်သော အငွေ့အသက်များဖြင့် အနက်ရောင်လက်ကြီးသည် ရွှီချင်းထံသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ရွှီချင်းကား ရှောင်ဖယ်ခြင်းပင် မပြုဘဲ အစွမ်းကုန်ဆက်လက်ထိုးနှက်လိုက်သည်။

လေးချက်မြောက်၊ ငါးချက်မြောက်၊ ခြောက်ချက်မြောက်…

တစ်ဘုန်းဘုန်းအသံများ အဆက်မပြတ် မြည်ဟီးလာသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်ကား နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေရကာ သူ့မျက်နှာမှာလည်း ပြာနှမ်းလာ၏။ သူ့ခန္ဓာကိုယ်ကို ကာထားသော အရံအတားများမှာလည်း တစ်လွှာပြီးတစ်လွှာ ပြိုကျလာသည်။ အနက်ရောင်လက်ကြီးသည်လည်း ရွှီချင်း၏လက်သီးချက်များကို တားဆီးရန် ခက်ခဲလာသည်။

ရွှီချင်း၏အရှိန်က ပိုမိုမြန်ဆန်လာသည်။ သူက ခုနစ်ချက်မြောက်၊ ရှစ်ချက်မြောက်နှင့် ကိုးချက်မြောက် လက်သီးတို့အား ထုတ်လွှတ်လိုက်သည်။

အက်သံတစ်ခုနှင့်အတူ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်သည် သွေးတစ်ပွက်အန်ထုတ်၏။ သူ၏ခန္ဓာကိုယ်က ဓမ္မတံခါးတစ်ခုမှာ တိုက်ရိုက်ပြိုလဲသွားသည်။ သူ၏နတ်နန်းတော်တစ်ခုလည်း ပြိုလဲသွား၏။ သူ၏ခန္ဓာကိုယ်သည် နောက်သို့ လူးလိမ့်သွားကာ သူက ကြောက်လန့်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

“ဒါက ဘယ်လိုကျင့်ကြံခြင်းအတတ်လဲ…”

၎င်းကား ငရဲကိုးထပ်ဖြစ်သည်။

ထိုအတတ်သည် မန္တန်အတတ်ဟု ထင်မှတ်ရသော်လည်း ရုပ်ခန္ဓာနည်းစနစ်တစ်ခု ဖြစ်နေသည်။

အခြေတည်အဆင့်၌ ၎င်းသည် ဓမ္မတံခါးများကို ဖျက်ဆီးနိုင်ကာ အမြုတေဖွဲ့စည်းခြင်းအဆင့်၌ နတ်နန်းတော်များကို ဖျက်ဆီးနိုင်သည်။

နတ်နန်းတော်တစ်ခု ပြိုလဲသွားသည်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်သည် ရွှီချင်းက မည်မျှ ကြောက်စရာကောင်းသည်ကို နားလည်လိုက်၏။ သေခြင်းရှင်ခြင်းကဒ်ဘေးနှင့် ကြုံရတော့မည်ကို သိသောအခါ သူသည် ခြောက်ခြားသွားကာ သည်နေရာမှ ထွက်ပြေးလိုတော့သည်။

သူ၏တာဝန်ကား ဓားကိုင်များ၏လမ်းကြောင်းကို ပိတ်ဆို့ရန် ဖြစ်သည်။ အနည်းဆုံး သူက အချိန်ဆွဲရမည်။

သို့သော်လည်း သူ၏တာဝန်ထက် သူ့အသက်က ပို၍ အဖိုးတန်သည်။

သူက မြန်ဆန်စွာ နောက်ဆုတ်သော်လည်း အလွန်နောက်ကျသွားချေပြီ။

သူက နောက်ဆုတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင် သေးငယ်သော အနက်ရောင်ပိုးကောင်များဖြင့် ပြည့်နေသည်ကို သတိမထားမိပေ။ ၎င်းတို့သည် ရူးသွပ်စွာဖြင့် ကိုက်ဖဲ့နေကြ၏။ သူတို့၏ ဝါးမျိုခြင်းနှင့် အဆိပ်တို့ကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်၏အမူအရာသည် အဆက်မပြတ်ပြောင်းလဲသွားကာ နာနာကျင်ကျင်ဖြင့် အော်ဟစ်လိုက်တော့သည်။

အနက်ရောင်သွေးများ ပန်းထွက်လာကာ သူ၏မျက်နှာမှာလည်း ညိုမည်းလာတော့သည်။ သူ့မျက်လုံးမှ အကြောက်တရားတို့မှာ ပို၍ သိပ်သည်းလာကာ ရွှီချင်း ချဉ်းကပ်လာခြင်းသည် သေမင်းတစ်ပါး လှမ်းလာနေသည့်အလား သူ့စိတ်ထဲ ထင်မှတ်လာတော့သည်။

သူက တစ်ဘက်လူ၏အမြုတေကို ရယူရန်အတွက်တော့ သတ်ဖြတ်ခြင်းကို အချိန်မဆိုင်းပါ။ ၎င်းသည် သူ၏စရိုက်လက္ခဏာမဟုတ်ပေ။ သူက သန့်စင်ရေလှိုင်းမျိုးနွယ်၏ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်ပစ်လိုက်သည်။

သို့သော်လည်း သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်သည်လည်း သာမန်မဟုတ်ပါ။ သူက ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ရှောင်ဖယ်ကာ လက်ဟန်များအတွဲလိုက်ပြုလုပ်လိုက်သည်။ ထို့နောက် သူက ဓမ္မရတနာအပိုင်းအစတစ်ခုအား ထုတ်ကာ လိပ်ခွံကဲ့သို့ အရံအတားတစ်ခုကို စီမံလိုက်၏။ သူက ရှိရှိသမျှစွမ်းအားဖြင့် ကာကွယ်ကာ တစ်ချိန်တည်းတွင် သူ့နဖူးက အနက်ရောင်မျဉ်းသည်လည်း ပွင့်ဟသွားပြီး အနက်ရောင်အမျှင်တန်းများသည် အပ်မျှင်များအလား ရွှီချင်းထံသို့ လွင့်စင်သွားကြသည်။

တစ်ဘက်လူက ရှောင်ဖွယ်လိုက်ခြင်းက ရွှီချင်း၏လက်ကျန်ခွန်အားများကို ပျက်ပြယ်သွားစေရာ သူ့အတွက် တန်ပြန်တိုက်ခိုက်ရန် ခက်ခဲသွားသည်။ သို့သော်လည်း သူ၏တုန့်ပြန်နိုင်စွမ်းက မြန်ဆန်လွန်းသည်။

ရှေ့သို့ ရုတ်တရက် လူးလိမ့်လိုက်ကာ ရွှီချင်းက သူ၏လက်များကို အားပြုလျှက် ခွန်အားများကို ခြေထောက်တွင် စုစည်းကာ ဝတ်ရုံနက်လူ၏ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။

လိပ်ခွံအရံအတားသည် ရွှီချင်းနှင့် ထိတွေ့လျှင် အလင်းများ တောက်ပလာပြီး ကွေးညွှတ်သွားကာ ပြိုပျက်သည်။ သို့တိုင်အောင် ၎င်းသည် သူ၏တိုက်ခိုက်မှုအား အတန်ငယ် တားဆီးလိုက်၏။ သို့သော်လည်း ရွှီချင်း၏ကန်ချက်သည် အားပြင်းလွန်းရာ ဝတ်ရုံနက်လူအား အပေါ်သို့ မြောက်တက်သွားစေတော့သည်။ သူ့နဖူးက အနက်ရောင်ချည်မျှင်များသည်လည်း အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။

ထိုအခွင့်အရေးအား ယူကာ ရွှီချင်းသည် လေထဲကို ခုန်တက်လိုက်ပြီး အကွာအဝေးကို ချုံ့ချလိုက်သည်။ သူ၏လက်က ဓားမြောင်သည် အေးစက်သောအလင်းတစ်ခုအား ထုတ်ဖော်ကာ လိပ်ခွံအရံအတားကို ထိုးသွင်းလိုက်သည်။ အရိပ်လေး၏စွမ်းအားနှင့်အတူ ၎င်းသည် အရံအတားကို ကျော်လွှားကာ ဝတ်ရုံနက်လူအား တိုက်ရိုက်ထွင်းဖောက်သွားတော့သည်။

ဝတ်ရုံနက်လူ နာကျင်စွာ အော်ဟစ်လိုက်သည်။ ရွှီချင်းက ဓားမြှောင်ဖြင့် ထိုးနှက်လိုက်သည်နှင့် သူသည်လည်း အပေါ်သို့ ရွေ့လျားသွားသည်။

ဓားမြောင်သည် ဝတ်ရုံနက်အစောင့်အရှောက်၏ရင်ဘတ်မှသည် လည်ပင်း၊ သူ့ပါးစပ်နှင့် နဖူးသို့အထိ တိုက်ရိုက်ပွင့်ဟသွားစေသည်။

သွေးများ အဆက်မပြတ် ပန်းထွက်လာကာ ဝတ်ရုံနက်အစောင့်အရှောက်၏ အပေါ်ပိုင်းခန္ဓာကိုယ်က နန်းတော်ခုနစ်ခုမှာလည်း နှစ်ခြမ်းကွဲထွက်သွားတော့သည်။ သူ့ခန္ဓာကိုယ် ထက်ခြမ်းကွဲသွားလျှင် သူသည်လည်း ချက်ချင်း အသက်ပျောက်သွားတော့သည်။

ထိုတိုက်ခိုက်မှုအစီအစဉ်သည် မြန်ဆန်လွန်းကာ ရွှီချင်း၏တိုက်ခိုက်ဟန်ကိုလည်း ပြသနေသည်။

All Chapters