ချင်ဇူလု VS စွန်းတရှန်
Vol. 34 Ch. 463
တောထဲတွင်......
ဘုန်းးးးးးးး
ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲမှုကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်လာကာ မည်းမှောင်သော မြေဆီလွှာများ ဖွာလန်ကျဲနေ၏။ စိုစွတ်သော မြေဆီလွှာ၏ အနံ့က လေထုကို လွှမ်းခြုံထားသည်။
ခပ်နိမ့်နိမ့် ကုန်းစောင်းတစ်ခုတွင်၊ လုချင်းအာနှင့် ယင်ယွဲ့တို့သည် သားရဲတိရိစ္ဆာန်များကဲ့သို့ အချင်းချင်း တိုက်ခိုက်နေကြသည့် လူနှစ်ယောက်ကို တင်းမာစွာ ကြည့်နေကြသည်။
ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ လီလော့တစ်ယောက်သာ ချင်ဇူလုကို တားဆီးနိုင်လိမ့်မည်။ ကောင်မလေးနှစ်ယောက်က သူ့ကိုကြည့်နေရင်း စိတ်ပျက်လက်ပျက်ခေါင်းခါလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ချင်ဇူလုသည် ထုံးစံအတိုင်း ခေါင်းမာစွာ အသည်းအမည်းတိုက်ခိုက်နေဆဲပင်....
ချင်ဇူလု၏ ပြိုင်ဘက်သည် မီးခိုးရောင်မီးခိုးများ ဖုံးလွှမ်းနေသော သူ့အား လှည့်ပတ်နေသည်။ သူ့တွင် ရုပ်ဆိုးပြီး ကြမ်းတမ်းသော အသွင်အပြင်နှင့် ကျီးပေါင်းတက်နေသော နဖူးရှိသည်။ သူသည် ရွှေလှံတံကိုကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနေသည်။
ထိုသူ၏မျက်လုံးများသည် ရူးသွပ်မှုကြောင့် သားရဲတစ်ကောင်လို ရိုင်းစိုင်းခက်ထန်နေသည်။
"ငါထင်တာမမှားရင် အဲ့ဒါ မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်ရဲ့ စွန်းတရှန်ပဲ"
လုချင်းအာက လေသံခပ်မာမာဖြင့် ယင်ယွဲ့ကို ပြောလိုက်သည်။
ယင်ယွဲ့ကလည်း သူမကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ တကယ့်ကို ရင်းနှီးပြီးသား နာမည်တစ်ခုပင်.... သူသည် ထိပ်တန်း လူကြိုက်အများဆုံး သုံးဦးထဲမှ တစ်ဦးဖြစ်သည်။
"ကံပဲပေါ့" ဟု ရေရွတ်ကာ ရယ်မောလိုက်သည်။ တိုက်ပွဲနယ်မြေသို့ဆင်းသက်ပြီး သိပ်မကြာခင်မှာပင် တိုက်ပွဲဖြစ်ခဲ့ကြသည်။ စွန်းတရှန်သည် ချင်ဇူလုနှင့် တူညီသော ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ပင်.... ခေါင်းမာပြီး တိုက်ပွဲကို တပ်မက်သူဖြစ်တာကြောင့် သူတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူတို့နှစ်ဦးသည် ပဋိပက္ခကိုစတင်ရန် စကားများနေစရာမလိုဘဲ သားရဲတွေလို ရူးရူးမူးမူးတိုက်ခိုက်နေကြသည်။
မင်းဘာကိုကြည့်နေတာလဲ.....
မင်း ငါ့ကို စိုက်ကြည့်နေတာလား...
တိုက်ခိုက်ချင်တာလား....
ကြာတယ်ကွာ...တိုက်မယ်.....
ချင်ဇူလုသည် ပြိုင်ဘက်၏ အဆင့်အတန်းကို ဘယ်သောအခါမျှ ထည့်တွက်ဖူးသူမဟုတ်ခဲ့ပေ။ တိုက်ခိုက်ရန် ဖိတ်ခေါ်ချက်တိုင်း ကြည်ကြည်ဖြူဖြူလက်ခံလိုက်မည်သာ.....
အချင်းချင်း နှုတ်ဆက်ဖို့တောင် စိတ်မ၀င်စားခဲ့ကြပေ။
လုချင်းအာနှင့်ယင်ယွဲ့သည် ဘေးနားတွင် ထိုင်နေပြီး စွန်းတရှန်၏ ကိုယ်ပိုင်အသင်းဖော်များကို သတိထားအကဲခတ်နေသည်။
ငါတို့မှာ ဘဝတူအဖော်တွေရှိသေးသားပဲ.....
ယင်ယွဲ့တို့အဖွဲ့ ချင်ဇူလုကို စိတ်ပူနေသော်လာ်း စွန်းတရှန်၏အဖွဲ့သားများကတော့ လုချင်းအာတို့ကို ငမ်းနေရသဖြင့်ပျော်ရွှင်နေကြသည်။
ခေါင်းဆောင်စွန်းသာ ချင်ဇူလုကို အမှောက်သိပ်ပြီးရင် ဒီမိန်းကလေးနှစ်ယောက်ကို အေးဆေးကိုင်တွယ်လို့ရပြီ......
သူတို့တွေးသည်မှာလည်း မမှားပေ။ ဉာဏ်အလင်းကောလိပ်သာ ပေါ်မလာပါက၊ စွန်းတရှန်သည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင် အသန်မာဆုံးသူဟု သတ်မှတ်ခံရလိမ့်မည်။
"လီလော့ ဒီကို မြန်မြန်ရောက်ဖို့ပဲဆုတောင်းရတော့မယ်... "
လုချင်းအာက တိုးညှင်းသောလေသံဖြင့် ရေရွတ်လိုက်သည်။
"လီလော့ကသာ ဒီမျောက်ကို ယဉ်ပါးအောင်လုပ်နိုင်လိမ့်မယ်....."
ယင်ယွဲ့ တိတ်ဆိတ်နေသော်လည်း သူမ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများထင်ရှားနေသည်။
ဟုတ်တယ်....လီလော့ ယက သန်မာတယ်... ဒါပေမယ့် ဒါက သူတို့ပြောနေတဲ့သူက ထိပ်တန်းသုံးယောက်ထဲက တစ်ယောက်လေ....စွန်းတရှန်ကို အနိူင်ယူနိုင်လောက်အောင် သန်မာလို့လား....
ခပ်လှမ်းလှမ်းတွင်...မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်၏ ကျောင်းသားနှစ်ဦးသည်လည်း ခပ်တိုးတိုး ဆွေးနွေးနေကြသည်။
"ခေါင်းဆောင်လု၊ ငါတို့နှစ်ယောက်ကို အရင်ထုတ်မှာ မဟုတ်ဘူးလား...."
အုပ်စုငယ်လေးသည် ပါးနပ်သောအမူအရာရှိသည့် ပျော့ညံ့သောလူငယ်တစ်ဦးကို လှည့်ကြည့်လိုက်ကြသည်။
"ခေါင်းဆောင် အကြောင်းမသိတာကျနေတာပဲ... သူက အမြဲတမ်း အရင်တိုက်တယ်၊ နောက်မှ စဉ်းစားတယ်... ဒါတောင် ဒီကောင်က တော်တော့်ကို တော်တယ်...ခေါင်းဆောင်ရဲ့ စိတ်ဝင်စားမှုကို တော်ရုံလူရနိုင်တာမဟုတ်ဘူး......"
"ဝင်မကူနဲ့ဉီး တော်ကြာ အရင်တစ်ခေညကိလို အဆူခံနေရဉီးမယ်.... "
မကျေမနပ်နဲ့ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ခေါင်းဆောင်ရဲ့ ရူးသွပ်တဲ့ဒေါသအကြောင်း သူတို့သာအသိဆုံးပင်.....
မွဲခြောက်ခြောက်နှင့် အရောင်ကင်းစင်သော ဤနေရာသည် တိုက်ပွဲများရှိနေ၍သာ သက်ဝင်လှုပ်ရှားနေခြင်းဖြစ်သည်။
ဘုန်းးးးးး
တိုက်ခိုက်ရေးသမား နှစ်ဦးစလုံး၏ လှံတံများ ပြင်းထန်စွာ ထပ်မံ ထိပ်တိုက်တွေ့ ဆုံကြသဖြင့် သတ္တုချင်းထိခတ်သံများဆူညံနေလေ၏။
သို့သော်လည်း မည်သူမျှနောက်ဆုတ်ကြမည်မဟုတ်ပေ။
သို့သော်လည်း စွန်းတရှန်က အသာစီးရနေသည့်အတွက် ချင်ဇူလု အဆက်မပြတ်နောက်ဆုတ်နေရသည်။ထို့အပြင်လေးလံသောလှံကို ဆုပ်ကိုင်ထားသော လက်ဖဝါးမှ သွေးများယိုစီးနေ၏။
ချင်ဇူလု လုံးဝကြောက်ရွံ့ခြင်းမရှိသည့်အပြင် သူ့မျက်လုံးများက ပို၍ပို၍ရိုင်းဆန်လာကာ အရေပြားပေါ်ရှိ ရွှေရောင်အစင်းကြောင်းများ ပိုတောက်ပလာသည်။
သူတိုက်ခိုက်လိုက်တိုင်း သူ့ကိုယ်ပွားဖြစ်တဲ့ ကျားနတ်ဆိုးရဲ့ ခွန်အားတွေ တရိပ်ရိပ်မြင့်တက်လာသလိုပင်.....
သူသည် ဤတိုက်ပွဲကို နှစ်သက်သည်။ယခင်က အခြားမည်သူမျှ မဖြည့်စည်းပေးန်ိုင်သော တိုက်ပွဲဆာလောင်စိတ်ကိုအပြည့်အဝဖြည့်ဆည်းပေးနေသလိုပင်....
ဤတိုက်ပွဲသည် လီလော့နှင့် တိုက်ခိုက်ခဲ့သည်ထက် ပိုကျေနပ်စရာကောင်းသည်။ ထို့အပြင် စွန်းတရှန်သည်လည်း သူ့လို ရူးသွပ်ပြီး မဆင်မခြင် ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်တတ်သူပင်....
ယခုမှပင် သူလို ရူးသွပ်သူတစ်ဉီးရှိနေသေးမှန်း သိခဲ့ရလေပြီ.....
ဝူးးးးးး
ချင်ဇူလုသည် မျက်လုံးများနီရဲလာကာ လှံရိုးရိုးမှ လွတ်လွတ်လပ်လပ် စီးဆင်းနေသည့် သွေးများကို လျစ်လျူရှုလိုက်သည်။ထိုအခါ သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ အတားအဆီးမရှိ ပေါက်ကွဲထွက်လာသည်။
ရွှေကျားနတ်ဆိုးကိုယ်ပွားက သူ့နောက်မှာ တဝဲလည်လည် လှည့်ပတ်နေသည်။
"ရွှေကျားနတ်ဆိုး!"
ချင်ဇူလုထံမှ ရူးသွပ်ဖွယ်ရယ်မောသံကြောင့် ရွှေကျားနတ်ဆိုးအရိပ်က သူ့လှံထဲသို့ စိမ့်ဝင်သွားပြီး အားဖြည့်ပေးနေသည်။
စွန်းတရှန်၏ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
"မဆိုးဘူး! မဆိုးဘူး! ဘယ်လိုတိုက်ခိုက်မှုလဲ!"
သူလည်း ရှေ့ကို လှမ်းတက်ပြီး သူ့ခြေအောက်မှာ မီးတောင်တစ်ခု ဖန်တီးလိုက်လေသည်။
ချင်ဇူလု၏ ရွှေကျားနတ်ဆိုး ပဲ့တင်ထပ်သံကို ခုခံနိုင်ဖို့အတွက် ကျောက်သားလူဝံပဲ့တင်ထပ်သံကိုဆင့်ခေါ်လိုက်ပြီဖြစ်သည်။
အဆင့်ရှစ် အဆင့်မြင့် ကျောက်သားလူဝံ ပဲ့တင်ထပ်သံ.....
""မျောက်ဘုရင်ရဲ့ ရိုက်ချက်သုံးချက်..... တောင်များကို ရွေ့လျားစေသော ရိုက်ချက်...."
ကျောက်သားလူဝံကြီးသည် ရွှေရောင်လှံတစ်ချောင်းကိုဆွဲကိုင်၍ စွန်းတရှန် နောက်မှညပြေးထွက်လာသည်မှာ ဒဏ္ဍာရီလာစွန်းဝူခုန်းနှင့်ပင်တူနေသေးသည်။
ဘုန်းးးးးး
ကျားနှင့် မျောက် ပဲ့တင်ထပ်သံ ထိပ်တိုက်တွေ့ဆုံမှု၏ သက်ရောက်မှုကြောင့် သစ်တောတခုလုံး ထောင်းထောင်းကြေနေပြီဖြစ်သည်။
ချင်ဇူလု နောက်သို့ လွင့်စင်သွားသော်လည်း ပြိုလဲနေသောသစ်ပင်များကို ကန်ပြီး အမြန်ဟန်ချက်ထိန်းလိုက်သည်။ ဘဝမှာ တစ်ခါမျှ သည်လောက်မပျော်ရွှင်ခဲ့ဖူးပေ။
" နောက်တစ်ကြိမ်...."
စွန်းတရှန်က ချင်ဇူလု၏ သွေးထွက်နေသော လက်များကို စိုက်ကြည့်နေပြီး....
"တိုက်ပွဲပြီးတဲ့အထိ မင်းအသက်ရှင်နိုင်မှာမဟုတ်ဘူး...."
သူ ဒဏ်ရာ အနည်းငယ် ရခဲ့သော်လည်း ချင်ဇူလုကအခြေနေပိုဆိုးနေသည်မဟုတ်လော....
"အပိုတွေမပြောနဲ့...အချိန်ကုန်တယ်..."
ချင်ဇူလု နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော်လည်း စိတ်လှုပ်ရှားနေဆဲပင်....
စွန်းတရှန်က ရယ်မောလိုက်ပြီး....
" အဓိပ္ပာယ်မရှိဘူးဆိုပေမယ့် မင်းကို ငါနားလည်ပါတယ်.... ကောင်းပြီ....မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက လေးစားစရာကောင်းတယ်... မင်းက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခန်းမမှာ အသန်မာဆုံးဖြစ်ရမယ်...."
"စိတ်ပျက်စေလို့ တောင်းပန်ပါတယ်... ငါက အသန်မာဆုံး မဟုတ်ဘူး....."
"ဘယ်လို?"
စွန်းတရှန် တကယ်ကို အံ့သြနေသည်။
"မင်းထက် သန်မာတဲ့သူရှိသေးတာလား...."
သူသည် ချင်ဇူလုထက် ပိုသန်မာပေမယ့် သူတို့ကြားတွင် ကွာခြားချက်သိပ်မကြီးမားပေ။ ချင်ဇူလုသာ သူနှင့်အဆင့်တူလျှင် အတော်ခက်ခက်ခဲခဲတိုက်ခိုက်ရမည်သာ.....
အခု ချင်ဇူလုက ကြယ်တာယာခရီးရှည်ကောလိပ်မှာ သူ့ထက်သန်မာတဲ့သူ တစ်ယောက်ရှိနေတယ်လို့ ပြောနေတာလား.....
ဒါဆို အဲ့လူက သူ့အတွက်ပဲဖြစ်ရမယ်.....
ဒါပေမယ့် ကြယ်တာယာခရီးရှည်ကောလိပ် မှာ ဒီလောက်သန်မာတယ်သူရှိတယ်လို မကြားခဲ့မိဘူး...
စွန်းတရှန် အတွေးများကို ရှင်းလင်းရန် ခေါင်းခါလိုက်သည်။ လှံတံကိုဝှေ့ယမ်းပြီး တိုက်ပွဲအဆုံးသတ်ရန်ပြင်ဆင်လိုက်တော့သည်။
ထိုအခါ မီးခိုးရောင်စွမ်းအားများ သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲလာသည်။
နောက်ဆုံး ပွဲသိမ်းတိုက်ကွက် ထုတ်သုံးခါနီးတွင် တောထဲက တခြားဦးတည်ချက်ကနေ သူ့ဆီရောက်လာတဲ့ တိုက်ခိုက်မှုအသစ်တစ်ခုကို ခံစားလိုက်ရသည်။
ထို့ကြောင့် ရွှေလှံကို ဆွဲထုတ်လိုက်ပြီး စွမ်းအားအပြည့်ပါသော ဓားခုတ်ချက်ကို ခုခံလိုက်တော့သည်။
ထန်......
စွန်းတရှန် အနည်းငယ် အံ့အားသင့်နေမိသည်။ တိုက်ခိုက်မှုတွင်၊ အသုံးပြုသူ၏ ပဲ့တင်ထပ်သံအစွမ်းကို ခံစားနေရသည်။ အမှန်တိုင်းပြောရလျှင် ထိုတိုက်ခိုက်မှုသည် ချင်ဇူလုထက် ပိုအားကောင်းပြီး သူ၏ခံစစ်ကိုထိုးဖောက်လုနီးပါးပင်.....
နောက်ဆုံးတွင် သူသည် ပြင်းထန်သော ခွန်အားကို အသုံးပြု၍ ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။
စွန်းတရှန်သည် တိုက်ခိုက်မှုအသစ်၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ရာ လူတစ်ဦး အရှိန်ဖြင့် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် လူသစ် သူ့ရှေ့သို့ ရောက်လာသည်။
"တွေ့ရတာဝမ်းသာပါတယ်... မင်းလိုချင်တဲ့ ပြိုင်ဘက်မျိုးဖြစ်ခွင့်ပေးနိုင်မလား..."
လီလော့က စွန်းတရှန်ကို တောက်ပစွာပြုံးပြီုက်ပြီး သူ့မျက်လုံးတွေက ဒဏ်ရာရနေတဲ့ ချင်ဇူလုနဲ့ သူ့ပြိုင်ဘက်ကို သေချာလေ့လာနေသည်။
စွန်းတရှန် ၏အကြည့်များက လီလော့ ၏မျက်နှာပေါ်တွင် စက္ကန့်အနည်းငယ်လောာက် ရပ်နားနေပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းက ရုပ်ချောသားပဲ..... ဒါပေမယ့် မင်းတကယ် တိုက်ခိုက်နိုင်ပါ့မလား...."
***