အကဲစမ်းခြင်း *
Vol. 34 Ch. 464
အိုး!
လုချင်းအာနှင့်ယင်ယွဲ့တို့ အနီးရှိ တောင်ကုန်းပေါ်တွင် လူများ ထပ်မံရောက်ရှိလာသည်။
"ချင်းအာ... နင်အဆင်ပြေရဲ့လား"
စိုးရိမ်တကြီးမေးလာသော ပိုင်မျန်မျန်ကြောင့် လုချင်းအာ စိတ်သက်သာရာရစွာ ပြုံးလိုက်လေတော့သည်။ပိုင်မျန်မျန်အပြင် ရိလီရှတို့အဖွဲ့နှင့် ဝမ်ဟေးကျူတို့အဖွဲ့နှစ်ဖွဲ့ပါ အတူပါလာကြသည်။
သို့သော်လည်း ပိုင်တုတုတို့အဖွဲ့ကတော့ရောက်မလာနိုင်သေးပေ။
ယခုဆိုလျှင် လီလော့တို့ဘက်က အပြည့်အဝ အားသာနေပြီဖြစ်သည်။
"အဆင်ပြေပါတယ်...မြင့်မြင့်သောအဖွဲ့အစည်းကောလိပ်က အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ခဲ့တယ်...အဲ့ဒီလူက စွန်းတရှန် ဖြစ်နိုင်တယ်..."
ရိလီရှနှင့်ဝမ်ဟေးကျူတို့ ထိုစကားကြောင့် လန့်သွားကြသည်။
" စွန်းတရှန် ...မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်ရဲ့ ထိပ်တန်းကျောင်းသားလား "
ရွှေလှံနဲ့ ကောင်လေးကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ တကယ်တော့ သူက တကယ့်ခြိမ်းခြောက်မှုတစ်ခုလိုဖြစ်နေခဲ့သည်။
"သူ ချင်ဇူလုကို ဒီလို အနိုင်ယူနိုင်တာ အံ့သြစရာမဟုတ်တော့ဘူး... "
ချင်ဇူလုသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ကြယ်တစ်ပွင့်ကျောင်းသားများထဲတွင် ဒုတိယ အသန်မာဆုံးဖြစ်ပြီး ကျားတစ်ကောင်လို တိုက်ခိုက်နိုင်သူတစ်ယောက်ပင်....ချင်ဇူလုကိုတောင် ဖိအားပေးနိုင်သည့်အတွက် စွန်းတရှန်၏ခွန်အားကို ခန့်မှန်းကြည့်နိုင်သည်။
" စွန်းတရှန်ကို လီလော့ တစ်ယောက်တည်းတကယ်အနိုင်ယူနိုင်ပါ့မလား.... သူက ဒီအချိန်မှာ သူရဲကောင်းဝင်လုပ်ချင်နေတာလား"
ဒူဇီပိုင်ရွှမ်း ငြီးတွားလိုက်သည်။
လီလော့ သန်မာသည်မှာမှန်သော်လည်း စွန်းတရှန်က သွားရှုပ်သင့်သူမဟုတ်ပေ။ စွန်းတရှန်သာ ချင်ဇူလုနှင့်လီလော့တို့ကို အမှောက်သိပ်လိုက်လျှင် သူတို့အားလုံး ဒုက္ခရောက်လိမ့်ကုန်လိမ့်မည်။
"ခေါင်းဆောင်က တကယ်အားကိုးရတဲ့သူပါ..သူက အမြဲတမ်း သေချာတွက်ချက်ပြီးမှ လုပ်တာ... နောက်ပြီး မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်ဘက်မှာ စောင့်နေတဲ့ အဖွဲ့တွေကိုလည်း မတွေ့ဘူးလား....သူတို့ကို စောင့်ကြည့်ထားရမယ်..."
ရှင်းဖူက လီလော့ဘက်ကနေ အခိုင်အမာရပ်တည်ပေးနေသည်။
အခြားသူများသည် အနီးအနားတွင် မြင့်မြတ်သောထိပ်သီးအဖွဲ့များ အမှန်တကယ်ရှိနေကြောင်း သိမြင်လာကာ သေချာ စိုက်ကြည့်နေကြသည်။
ဒါဟာ တကယ့်ကို ထိပ်တိုက်ရင်ဆိုင်မှုပဲ....
နှစ်ဖက်စလုံးက တစ်ဖက်ကို ဘယ်လို တုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်နေတယ်.....
စွန်းတရှန်က လီလော့ကို သေချာအကဲခတ်ကြည့်ပြီး ချင်ဇူလုကိုလှမ်းမေးလိုက်သည်။
"ဒါဆို ဒီကောင်က မင်းထက် သန်မာတဲ့သူလား"
ချင်ဇူလုက ခေါင်းညိတ်လိုက်သည့်အတွက် စွန်းတရှန် အံ့သြသွားသည်။
"မယုံနိုင်စရာကောင်းလိုက်တာ....ဒီလိုပျော့တိပျော့ဖတ်နဲ့ ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ...."
"ဟေ့...ဟေ့ မင်းမှားနေပြီ...မင်းလို ရုပ်ဆိုးတဲ့သူတွေတောင် တိုက်ခိုက်နိုင်သေးတာပဲမဟုတ်လား....."
လီလော့၏ ခပ်ပြတ်ပြတ်အပြောကြောင့် စွန်းတရှန် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ငါ့ကိုရုပ်ဆိုးတယ်လို့ ပြောနေတာလား....."
"မဟုတ်ပါဘူး..ဒါပေမယ့်.မင်းက နည်းနည်းတော့ ထူးဆန်းနေတယ်....."
စွန်းတရှန်က ရွှေလှံကိုဝှေ့ယမ်လိုက်ပြီး..
"တော်လောက်ပြီ... မင်း သူ့ကို ခေါ်သွားချင်တယ်ဆို ငါ့ဆီကခွင့်ပြုချက်အရင်ယူမှရမယ်.... "
လီလော့ ရယ်လိုက်သည်။
"ငါ့ သူ့ကို မခေါ်သွားဖ်ို့လာတာမဟုတ်ဘူး... မင်းသူ့ကို ဒီလိုမျိုး ရိုက်ထားတဲ့အတွက် တောင်းပန်သင့်တယ်မဟုတ်လား...."
စွန်းတရှန်၏ မျက်လုံးများ စက္ကန့်ပိုင်းအတွင်း ဝိုင်းစက်လာသည်။
"ရုပ်ချောတဲ့ကောင်တွေ ဉီးနှောက်မရှိကြဘူးလား........ငါ အရင်က ဘယ်သူ့ကိုမှ မတောင်းပန်ဖူးဘူး...တောင်းပန်စေချင်တာလား... လွယ်လွယ်လေးပါ... ငါ့ဆီက ရိုက်ချက်နှစ်ချက်လောက်ခံယူနိုင်ရင် ငါတောင်းပန်မယ်" ဟု လှောင်ပြောင်ပြောဆိုလိုက်သည်။
လီလော့ မထင်မှတ်ဘဲ ခေါင်းညိတ်လိုက်သည်။ သူ့လက်ကောက်ဝတ်လှည့်လိုက်သောအခါ တောက်ပသော အဝါရောင်နှင့် အစိမ်းရင့်ရောင်တို့ယှက်သန်းနေသော ကျင်းစဲ့ယွီ့ရှန်းဓားသွား သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
"ကောင်းပြီ....ရိုက််ချက်နှစ်ချက်ခံယူမယ်...."
လီလော့က ချင်ဇူလုဘက်ကို လှည့်သွားပြီး...
"မင်း တခြားသူတွေဆီသွားပြီး အနားယူလိုက်ပါ....."
ချင်ဇူလု ခေါင်းညိတ်လိုက်သည်။ လီလော့ထံတွင် စွန်းတရှန်ကို ရင်ဆိုင်နိုင်မည့် ဝှက်ဖဲရှိရမည်ကို သူသိသည်။ သေချာတာကတော့ စွန်းတရှန်ဘက်က တောင်းပန်မည်မဟုတ်ပေ။
လီလော့က သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုရှာခဲ့ခြင်းဖြစ်သည်။
ထိပ်တန်းကျောင်းသားသုံးဉီးရဲ့ စွမ်းရည်ကို အမှန်တကယ် စမ်းသပ်ချင်နေတာလား.....
"သတိထား.... ဒီမျောက်က တကယ့်ခေါင်းကိုက်စရာပဲ..."
ထိုသို့ သတိပေးပြီးသည့်နောက် ချင်ဇူလုသည် လေးလံသောလှံကို ချိုင်းထောက်အဖြစ် ထောက်ကာ တရွေ့ရွေ့ထွက်သွားခဲ့လေသည်။
စွန်းတရှန်သည် ယခုအချိန်တွင် ဒေါသထွက်နေသဖြင့် မျက်နှာထားတင်းမာနေပြီးမီးခိုးရောင်ပဲ့တင်ထပ်သံစွမ်းအားများကို ရွှေရောင်လှံထဲသို့ပို့လွှတ်လိုက်ပြီး သူ၏မျောက်ဝံကိုယ်ပွားနှင့် သဟဇာတဖြစ်အောင် ပြင်ဆင်လိုက်သည်။
စွန်းတရှန်သည် လီလော့၏ ချောမောသော ရုပ်ရည်ကြောင့် အထင်သိပ်မကြီးသော်လည်း တိုက်ခိုက်ရာတွင် ညှာတာနေမည်မဟုတ်ပေ။
" ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်...အဆင့်ရှစ် အဆင့်မြင့် ကျောက်သားလူဝံ ပဲ့တင်ထပ်သံ....."
လီလော့ သူ့ကိုယ်သူ သတိပေးလိုက်သည်။စွန်းတရှန်သည် လုကျန်း ထက်ပင် ခြိမ်းခြောက်နိုင်စွမ်းရှိသောကြောင့် အလေးအနက်ထား တိုက်ခိုက်မှဖြစ်မည်။
သူ့ရဲ့ စစ်မှန်တဲ့ ပန်းတိုင်က ထိပ်တန်း သုံးယောက် ဘယ်လောက် အားကောင်းသလဲ သိရဖို့ပင်....
ကျန်းချင်းအာသည် လီလော့ကို အကြီးမားဆုံး အတားအဆီးဖြစ်သည့် ကျင်းထန်ရှုကို ဖယ်ရှားရန် မစ်ရှင်တစ်ခု ပေးထားပြီးဖြစ်သည်။ စွန်းတရှန်ကို ကျော်ဖြတ်နိုင်မှသာ ကျင်းထန်ရှုနဲ့ ရင်ဆိုင်နိုင်မည်ဖြစ်သည်။
ထိုမတိုင်ခင်က လီလော့သည် ကျင်းထန်ရှု မည်မျှသန်မာနိုင်သည်ကို အကဲစမ်းလို၍ စွန်းတရှန်ကို တိုက်ခိုက်ဖို့ကြံရွယ်ခဲ့ခြင်းဖြစ်သည်။
သူသည် ကျင်းစဲ့ယွီ့ရှန်းဓားကို ကိုင်ဆောင်ထားသည်။ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်သည် အမှန်တကယ်ပင် သူ့ထက်တစ်ဆင့် ပိုအားကောင်းသော်လည်းစွမ်းအားပိုပြင်းသည်ဟု မဆိုလိုနိုင်ပေ။ သူ့တွင် ပဲ့တင်ထပ်သံနှစ်ခုနှင့် ဆင့်ပွားပဲ့တင်ထပ်သံနှစ်ခုရှိသည်။ သူ၏ ပဲ့တင်ထပ်သံနန်းတော်တွင် စုစည်းထားသော ပဲ့တင်ထပ်သံ စွမ်းအားပမာဏသည် အဆင့်ခြားနားမှုကို လုံလောက်အောင် ဖြည့်စွက်ပေးနိုင်သည်။
လီလော့၏ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခု တပြိုင်နက် စီးဆင်းလာသည်။
မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်ဘက်မှ ကြည့်ရှုနေသည့် ကျောင်းသားများ ခေါင်းယမ်းလိုက်ကြသည်။
"ဒီကောင်ကရော ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ထိပ်တန်းခေါင်းဆောင်ပဲလား
ဒီလိုမျိုး ငါတို့ရဲ့ခေါင်းဆောင်ကို စိန်ခေါ်ရဲတဲသတ္တိရှိတယ်....."
ကျောင်းသားတစ်ယောက်က ရယ်မောလိုက်သည်။
"အေးလေ..သူတို့ဘက်က အရိုက်ခံထားရတော့ အဖတ်ဆယ်ဖို့ကြိုးစားတာနေမှာပေါ့..."
"အရိုက်ခံရတာ အရမ်းဆိုးတယ်...ဒါပေမယ့် ကိုယ့်အတိုင်းတာကိုယ်သိသင့်တာပေါ့ကွာ.... "
"ကောင်းပြီ၊ နားလည်နိုင်ပါတယ်... အရင်က ဒီကောင်တွေ အားလုံးက ရေအိုင်ထဲကဖားသူငယ်တွေလိုနေခဲ့ကြတာဆိုတော့ ဘယ်နားလည်ပါ့မလဲ..."
ခေါင်းဆောင်လုဆိုသူကတော့ အခြားကျောင်းသားများ လီလော့တို့ကိုလှောင်ပြောင်နေသည့်ထဲ ဝင်မပါခဲ့ပေ။
"အသင့်ပြင်ထားကြ.... ငါတို့ခေါင်းဆောင် အဲဒီကောင်ကို ဖြုတ်ချပြီးတာနဲ့ သူတို့ တစ်ခုခုလုပ်ဖို့ကြိုးစားရင် ချက်ချင်းလှုပ်ရှားကြမယ်....."
အခြားသူများကလည်း ခေါင်းညိတ်ကာ ပြင်ဆင်လိုက်ကြသည်။
သူတို့စကားပြောနေစဉ်တွင် စွန်းတရှန် စတင်လှုပ်ရှားနေပြီဖြစ်သည်။ လေထဲသို့ ခုန်တက်လာစဉ် သူ၏ မီးခိုးရောင် စွမ်းအားများသည် ကောင်းကင်တွင် တိမ်တိုက်တစ်ခုသဖွယ် ပျံ့နှံ့သွားသည်။ ထို့နောက် သူ၏ရွှေလှံတံသည် နေရောင်ခြည်သဖွယ်တောက်ပစွာဖြင့် ရန်သူဘက်သို့ အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့သည်။
"မျောက်ဘုရင်၏ ရိုက်ချက်သုံးချက်- တောင်များကို ရွေ့လျားစေသော ရိုက်ချက်..."
ဤတိုက်ကွက်သည် ချင်ဇူလုကို တိုက်ခိုက်ဖို့သုံးခဲ့သောတိုက်ကွက်ဖြစ်သည်။
တောင်ကြီးတစ်ခု၏ အလေးချိန်နှင့်အတူသော ဖိအားများကြောင့် အနီးနားရှိ ရိလီရှ၊ ဝမ်ဟေးကျူနှင့် အခြားသူများ အော်ဟစ်နေကြသည်။ ထိုတိုက်ခိုက်မှုတွင် ထည့်သွင်းထားသော စွမ်းအားအဆင့်ကို သူတို့ သိရှိနိုင်သည်။
ချင်ဇူလုတောင် ဒါကိုမတားဆီးနိုင်ဘူး... လီလော့ တကယ် အဆင်ပြေသွားပါ့မလား....
***