← Chapters

ရိုက်ချက်နှစ်ချက်

Vol. 34 Ch. 465

ရိုက်ချက်နှစ်ချက်

Vol. 34 Ch. 465

ဝုန်းးးးးး

ရွှေလှံသည် ကောင်းကင်မှ တိုင်တစ်ခုကဲ့သို့ လီလော့ ပေါ်သို့ ပြိုဆင်းလာသော်လည်း သူသည် မြေပြင်တွင် ရပ်နေရုံသာဖြစ်ပြီး လက်ချောင်းများက သူ့ဓားကို ခိုင်မြဲစွာ ရစ်ပတ်ထားသည်။

ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခု သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသည်။

ပဲ့တင်ထပ်သံနှစ်ခု၏စွမ်းအား....

သူသည် တသားတည်းဖြစ်အောင်ပေါင်းစပ်သောအဆင့်၏ သေးငယ်သောပေါင်းစပ်မှုကိုသာ အသုံးပြုနိုင်ခဲ့သည်။ စွန်းတရှန်ရဲ့ တိုက်ခိုက်မှုက အပြည့်အဝထုတ်သုံးရလောက်အောင် မပြင်းထန်ခဲ့ပေ။

တသားတည်းဖြစ်အောင်ပေါင်းစပ်ခြင်းအဆင့်ကို ကျွမ်းကျင်လာကတည်းက လီလော့ သည် ဤအဆင့်နှစ်ခုကြားတွင် လွတ်လပ်စွာ ကူးလူးဆက်ဆံနိုင်ခဲ့သည်။

ကျင်းစဲ့ယွီ့ရှန်းဓားကလည်း လီလော့၏ ထိုးနှက်မှုကို ထိန်းပေးထားသည်။

"ရေတစ်ထောင် ဓားချက်...!"

ရွှမ်းးးးး

ဓါးချက်က လေခွင်းသံနှင့်အတူ လေထုထဲတွင် တဟုန်ထိုး ပျံသန်းလာသည်။

လီလော့၏ဓားသည် ထောင်ပေါင်းများစွာသော ရေစီးကြောင်းများ၏ စွမ်းအားများဖြင့် တောက်ပနေ၏။

ဆူညံသောအသံဖြင့် ရွှေလှံနှင့် ထိပ်တိုက်တွေ့ကြသည့်အခါ.....

ဝုန်းးးးးး

တိုက်ခိုက်မှုအရှိန်ကြောင့် ၎င်းတို့အနီးတစ်ဝိုက်တွင် သစ်ပင်တစ်ပင်မျှ မကျန်ရစ်ခဲ့ပေ။

နှစ်သင်းစလုံး အပျက်အစီးများကြားမှ ချောင်းကြည့်ကာ အသက်ရှုကြပ်သွားကြသည်။

လှံချက်နှင့် ဓားချက် နှစ်ခုစလုံး ပျက်ပျယ်သွားသော်လည်း လီလော့က ခြေတစ်လှမ်းမျှမရွေ့ဘဲ မြဲမြံစွာ ရပ်နေတဲပင်.....

ဘုရားရေ.... စွန်းတရှန်ရဲ့ တိုက်ခိုက်မှုက မယုံနိုင်လောက်အောင်စွမ်းပေမယ့် လီလော့အပေါ် သက်ရောက်မှု မရှိဘူးလား?

"မဖြစ်နိုင်ဘူး၊ သူဘယ်လို လွယ်လွယ်နဲ့ ကာကွယ်ခဲ့တာလဲ...."

မြင့်မြတ်သောအဖွဲ့အစည်းကောလိပ်ဘက်မှ ကျောင်းသားများ နှစ်ဆ ထိတ်လန့်သွားကြသည်။ ဤသည်မှာ သူတို့၏ အကြွင်းမဲ့ယုံကြည်မှု ဖြစ်သည်။တည်ငြိမ်သူ ခေါင်းဆောင်လုပင်လျှင်တည်ငြိမ်မှု ပျက်ပြားနေပြီဖြစ်သည်။

ကြယ်တာယာခရီးရှည်ကောလိပ်ကကောင်တွေ လူရောဟုတ်သေးရဲ့လား...

စွန်းတရှန်လည်း ထပ်တူထပ်မျှ အံ့သြသွားသည်။ သူသည် လီလော့ကို တချက်တည်းနှင့် အနိုင်ပိုင်းနိုင်မည်ဟု တွက်ဆထားခဲ့သည်မဟုတ်လော....

"လုမင်ကလွဲရင် ဒီမှာ ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ ရှိနေသေးတာပဲ... ကောင်းပြီ...."

ပထမတိုက်ကွက်မှာတင် ထူးခြားသော ခြားနားချက်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီဖြစ်သည်။

ဤလူတွင် ပဲ့တင်ထပ်သံနှစ်ခုရှိသည်။

လီလော့က သူ့ကို ပြုံးပြလိုက်ပြီး...

"ကောင်းပြီ၊ မင်း နှစ်ချက်လောက် ရိုက်မယ်လို့ ပြောခဲ့တယ်မလား... ဒုတိယ ရိုက်ချက်က ဘယ်မှာလဲ"

စွန်းတရှန် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်လေသည်။ ထူးခြားသည့် အသွင်အပြင်ရှိသော ဤလူသည် အမှန်တကယ် အာရုံစူးစိုက်မှုကို ခံထိုက်သူဖြစ်သည်။ ဤသည်မှာ စစ်မြေပြင်တွင် မထင်မှတ်ထားတဲ့ ရတနာတစ်ခုကို ရှာတွေ့သလိုပင်.....

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ ပါရမီရှင်တွေကို လျှော့တွက်မိပြီထင်တယ်...."

စွန်းတရှန်၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး သူ့ရွှေလှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် သွေးကြောများ ပေါက်ထွက်လုမတတ်ပင်...မကြာမီ မီးခိုးရောင်စွမ်းအားများက လူဝံပုံစံ ပြန်ဖြစ်လာပြီး သူ့နောက်တွင် တည်ရှိနေသည်။

"မင်း နာမည်ဘယ်လိုခေါ်လဲ?"

နာမည်မေးရလောက်သည်အထိ အသိအမှတ်ပြုခံထိုက်သူပင်.....

"ကြယ်တာယာခရီးရှည်ကောလိပ်က လီလော့......."

"ကောင်းပြီ.... လီလော့"

စွန်းတရှန် က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

"မင်းကို ငါမျက်စိလည်စေခဲ့တယ်... ​​ဒါပေမယ့် မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုက လုမင်ထက် အများကြီး အားနည်းတယ်.... ဒီလောက်ဆိုရင် ငါ့ရဲ့ ဒုတိယမြောက် ရိုက်ချက်ကို မင်းကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...."

လီလော့၏နှလုံးခုန်သံမြန်ဆန်နေသည်။

ဒီကောင် အရင်က လုမင်နဲ့ တိုက်ခိုက်ဖူးတာလား...

သက်ရောက်မှုတွေကို စူးစမ်းဖို့ အချိန်သိပ်မရှိပေ။ သူသည် ဆင်ခြင်စဉ်းစားကာ ဓားမြှောက်လိုက်သောအခါ စွန်းတရှန်၏ ထုတ်ဖော်နေသည့် စွမ်းအားများကို ခံစားနိုင်ခဲ့သည်။

"မျောက်ဘုရင်၏ ရိုက်ချက်သုံးချက်- ပင်လယ်များကို ရွေ့လျားစေသော ရိုက်ချက်...."

ဘုန်းးးးးးးးး

ဤတစ်ကြိမ်တွင်၊မီးခိုးရောင်စွမ်းအားများသည် ယခင်ကကဲ့သို့ တည့်တည့်တိုးဝင်လာခြင်းမရှိဘဲ မြွေကဲ့သို့ လှည့်ပတ်နေသော ရွှေလှံကိုပါ တပါတည်းယူဆောင်လာခဲ့သည်။

စွန်းတရှန်၏လှံသည် လေထဲတွင် အားမစိုက်ဘဲ ပျံသန်းနေသော်လည်း မြေပြင်သည် ပဲ့တင်ထပ်သံ ဖိအားကြောင့် ကွဲထွက်သွားသည်။

လီလော့ ၏အမြင်တွင် ရွှေလှံသည် လျင်မြန်စွာကြီးထွားလာသည်။ထို့​​ကြောင့် ပဲ့တင်ထပ်သံ စွမ်းအားများကို နက်နက်နဲနဲပေါင်းစပ်လိုက်လေသည်။

ယခုတစ်ကြိမ်တွင်မူ ယခင်ထက် ပိုမိုအားကောင်းသည့် စွမ်းအားကို ထုတ်လွှတ်တော့မည်ဖြစ်သည်။

လီလော့၏ ချောမောသောမျက်နှာပေါ်တွင်အပြုံးတစ်ခုတွဲခိုနေသည်။ဤသည်မှာ လူတစ်ဦးအား လုံခြုံမှုကို ပေးစွမ်းနိုင်သော စွမ်းအားဖြစ်သည်။

လီလော့ ရှေ့တိုးလာပြီး ဓားကို ထောင့်ဖြတ်ခုတ်ပိုင်းလိုက်သည့်အခါ ပထမဦးစွာ မြေပြင်ကွဲထွက်သွားပြီး ခဏအကြာတွင် သူ၏လက်နက်မှ စွမ်းအားများပေါက်ကွဲထွက်လာသည်။

ဒင်!

သတ္တုလက်နက် နှစ်ခုထိခတ်သံကြောင့် နားအူစေလောက်သော ပဲ့တင်သံများ မြည်ဟီးနေလေ၏။

လီလော့ ရပ်နေသည့် မြေပြင်အောက်တွင် မီတာဝက်ခန့် အနက်ရှိတဲ့ အပေါက်တစ်ခု ကျန်ရစ်ခဲ့သည်။

ဖုန်မှုန့်တွေ ရှင်းသွားမည့်အချိန်ကို အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ စွန်းတရှန်၏ ဒုတိယမြောက်ရိုက်ချက်သည် ပထမအကြိမ်ထက် ပို၍ပင် အထင်ကြီးစရာကောင်းသည်။

လီလော့ ဘာဖြစ်သွားပြီလဲ.....

သို့သော် လီလော့က ဖုန်မှုန့်များကြားကနေ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာပြီးစွန်းတရှန် ကို ကြည့်လိုက်သည်။

"လုမင်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုက ဒီလိုမျိုးလား?"

သူ့ဓားလက်ကို မြှောက်လိုက်သည့်အခါ ဓားသွားထိပ်တွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဝိုင်းရံထားသည်။

ထိုအလင်းတန်းကြောင့် ဓားသွားထိပ်တွင် လှပသောရေစက်များတွဲခိုနေပြီး ဓားသွား၏နဂိုမူလကျောက်စိမ်းရောင်ကို ပိုမိုတောက်ပစေသည်။

စွန်းတရှန်က ဒါကို စိုက်ကြည့်နေပြီး....

"တသားတည်းပေါင်းစည်းခြင်းအဆင့်ပဲ... "

ပဲ့တင်ထပ်သံနှစ်ခု၏ အဆင့်သုံးဆင့်အကြောင်းကို သူ သေချာသိထားသည်။

" အထင်ကြီးစရာပဲ...ခန်းမအဆင့်ပြိုင်ပွဲမှာ မင်းလို ဖျက်မြင်းတွေရှိနေသေးတာပဲ...."

ဤသည်မှာ ဒဏ္ဍာရီဆန်သော တိုက်ပွဲတစ်ခုအတွက် ထိုက်တန်သော ပြိုင်ဘက်ဖြစ်သည်။

လီလော့ ရယ်မောလိုက်သည်။

"မင်းလည်း တကယ်သန်မာပါတယ်... "

စွန်းတရှန်၏ ထိုးနှက်ချက် နှစ်ခုကို တားဆီးနိုင်ခဲ့သော်လည်း ကြီးမားသော ဖိအားများကိုခံစားခဲ့ရသည်။ အထူးသဖြင့် ဒုတိယရိုက်ချက်သည် ပဲ့တင်ထပ်သံနှစ်ခု၏ တသားတည်းပေါင်းစည်းခြင်းအဆင့်ကိုပင် တွန်းအားပေးခဲ့သည်။

ဤသည်မှာ စွန်းတရှန် ဘယ်လောက်သန်မာသည်ကို သက်သေပြနေသည့် အဓိပ္ပါယ်ပင်.... စွန်းတရှန်ထံတွင် ထုတ်မသုံးရသေးသော ဝှက်ဖဲများရှိဉီးမည်သာ.....

မြို့စားအဆင့်ပညာရပ်ကိုသာ စွန်းတရှန် ထုတ်သုံးခဲ့လျှင် ရလဒ်ပြောင်းသွားနိုင်သည်။

သို့သော်လည်း ကျင်းထန်ရှုက စွန်းတရှန်ထက်ပင် ဂုဏ်သတင်းကြီးမားနေသည်။

ကျန်းချင်းအာ...နင် ငါ့ကိုတကယ်ကြီးမား တာဝန်ပေးခဲ့တာပဲ.....

မည်သို့ပင်ဆိုစေ၊ စွန်းတရှန်၏ခွန်အားသည် ကျင်းထန်ရှု၏ခွန်အားကိုမှန်းဆရန်အတွက် ကောင်းမွန်သောရည်ညွှန်းချက်တစ်ခုပေးခဲ့သည်။

ထိုအချိန်တွင် စွန်းတရှန်၏ ပဲ့တင်ထပ်သံစွမ်းအားများ မှေးမှိန်သွားကာ သူ၏ ရွှေလှံကို သူ့နောက်ကျောတွင် ချိတ်ဆွဲ​ထားလိုက်သည်။

"တိုက်ပွဲပြီးပြီ....."

လီလော့ သူ့ကို စိုက်ကြည့်လိုက်သည်။

ဒီကောင်လွယ်လွယ်နဲ့ခေါင်းရှောင်တော့မလို့လား......

"ငါ့ကို အထင်မလွဲပါနဲ့ ငါ တကယ် တိုက်ချင်နေတာ!"

စွန်းတရှန်က လီလော့ စိတ်ကိုသိနေသည့်နှယ်အဖြေပေးလိုက်သည်။

"ဒါပေမယ့် မင်းက တော်တော် သန်မာတယ်... ဒါကြောင့် မင်းကို အနိုင်ယူရင်တောင် ငါ ပေးရမယ့် တန်ဖိုးကြီးမားလိမ့်မယ်...ဒါဆို ဒီတိုက်ပွဲအတွက်ရမယ့် အကျိုးအမြတ်မရှိနိုင်ဘူး..... ငါ့အသင်းဖော်တွေအတွက်လည်း တရားမျှတမှု မရှိဘူး"

လီလော့ ပြုံးလိုက်သည်။ စွန်းတရှန်သည် အမှန်တကယ်ပင် ဆင်ခြင်တုံတရားရှိသူဖြစ်သည်။

ဤအတိုင်းသာဆို လီလော့၏ အကဲစမ်းလိုခြင်းရည်ရွယ်ချက်လည်း ဆုံးခန်းတိုင်ခဲ့ပြီဖြစ်သည်။

စွန်းတရှန် တချက်ခုန်ပြီး သူ့အဖွဲ့နှင့်ပူးပေါင်းကာ ချင်ဇူလုကို လက်ပြနှုတ်ဆက်လိုက်သည်။

"သူငယ်ချင်း.....မင်းနာမည်ဘယ်လိုခေါ်လဲ"

"ချင်ဇူလု"

"ဟာဟား၊ ချင်ဇူလု၊ မင်းလည်း တော်တော် သန်မာတယ်.... ငါ့မှာသာ အဆင့် အားသာချက် မရှိရင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကြယ်တာယာခရီးရှည်ကောလိပ်မှာ ဖျက်မြင်းတွေပေါသားပဲ..... ငါ စောင့်နေတယ်.... လုံကူကျွန်းမှာ ထပ်တွေ့ကြတာပေါ့....."

စွန်းတရှန် ၏ အသင်းဖော်များက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ ဒါဟာ မမျှော်လင့်ထားသည့် ချီးမြှောက်ခြင်းပင်.....

လီလော့သည် စွန်းတရှန်ထံမှ ရိုက်ချက်နှစ်ချက်ခံယူနိုင်ခဲ့သည့်အတွက် စွန်းတရှန်ဘက်က ချင်ဇူလုကို တောင်းပန်ရတော့မည်။ သို့သော် တိုက်ရိုက် မတောင်းပန်ဘဲ သွယ်ဝိုက်သောနည်းဖြင့်သာ ဝန်ခံသွားခဲ့သည်။

ချင်ဇူလုကလည်း စွန်းတရှန်ကို ခပ်စူးစူးစိုက်ကြည့်နေပြီး.....

"ကောင်းပြီ...နောက်တစ်ခါပြန်တွေ့ရင် မင်းကိုငါကိုယ်တိုင်ရိုက်မယ်...."

"စောင့်နေမယ်..."

စွန်းတရှန်က ရယ်မောလိုက်ပြီး လီလော့ကို လှည့်ကြည့်လိုက်သည်။

"မင်းနဲ့ လုံကူကျွန်းမှာ ထပ်တွေ့မယ်..... မင်း ငါ့ရဲ့ တတိယမြောက်ရိုက်ချက်ကို ခုခံနိုင်မလားကြည့်ကြသေးတာပေါ့....."

ထို့နောက် လီလော့၏ အဖြေကို မစောင့်ဘဲ လှည့်ထွက်သွားလေတော့သည်။

ဝမ်ဟေးကျူ၊ ဒူဇီပိုင်ရွှမ်းနှင့်အခြားသူများ အခုမှသာ အသက်ဝဝရှူနိုင်ကြတော့သည်။

သို့သော် တစ်ချိန်တည်းမှာပင် စွန်းတရှန်က လီလော့၏ စွမ်းအားကို သတိထားနေကြောင်း တွေ့မြင်ခဲ့ရသည်။

ဆိုလိုသည်မှာ လီလော့သည် ဝင်ခွင့်ပြိုင်ပွဲကထက်ပင် ပို၍ပင် အားကောင်းလာပြီဖြစ်သည်။

ဘီလူးကြီးတွေတောင် သူ့ပတ်ဝန်းကျင်မှာ ညင်သာစွာ လျှောက်လှမ်းနေတဲ့ အဆင့်ကို ရောက်နေပြီ။

***

All Chapters