ကျွမ်းကျင်သူများအဖွဲ့ *
Vol. 34 Ch. 466
မြင့်မြတ်သော ထိပ်သီးအစည်းအဝေးမှ ကျောင်းသားများ ထွက်သွားပြီးနောက် လီလော့က ချင်ဇုလုဘက်လှည့်လိုက်ပြီး....
"ဒဏ်ရာက ဘယ်လိုလဲ"
" အရေးမကြီးဘူး.. ဒါပေမယ့် ဒီကောင်က တကယ် သန်မာတယ်"
ချင်ဇူလုသည် စွန်းတရှန် ထွက်သွားသည့် လမ်းကြောင်းကို တောက်ပသောအကြည့်များနှင့်ကြည့်နေခဲ့သည်။ သူ့လိုတိုက်ပွဲဆာလောင်သူမျိုစ တွေ့ရခဲသည် မဟုတ်လော.... အကယ်၍ သူတို့သည် ယခုပြိုင်ပွဲတစ်ခု၏အလယ်တွင် ရှိနေခြင်းကြောင့်သာ မဟုတ်ပါက အသေအကြေတိုက်ခိုက်ကြမည်သာ....
"ငါသာ မင်းအဖေဖြစ်ခဲ့ရင်...ဒီလိုရုပ်ဆိုးဆိုးကောင်မျိုးကိုစွဲလန်းနေမယ့်အစား ကျောင်းသူချောချောလေးတွေကို စိတ်ဝင်စားဖို့ ပြောမိမှာအမှန်ပဲ.....မင်းပုံမှန်ရော ဟုတ်ရဲ့လား....."
လီလော့၏အပြောကြောင့် ပိုင်မျန်မျန်နှင့်လုချင်းအာတို့ မိန်းကလေးတသိုက်ရယ်မောနေကြသည်။
ချင်ဇူလုက မျက်မှောင်ကုတ်လိုက်ပြီး...
"ငါ့ကို လှောင်မနေစမ်းနဲ့...."
ထိုစဉ် လုချင်းအာက လီလော့ကို ပြုံးပြလိုက်ပြီး....
"ဒါဆို ငါတို့ရဲ့ ခေါင်းဆောင်ကြီးမှာ ဘာအစီစဉ်များရှိသေးသလဲ.. "
အခြားလူများ အားလုံးက သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ စွန်းတရှန်နဲ့ ယှဉ်ပြိုင်ရာမှာ နှစ်ဖက်စလုံးက အပြည့်အ၀ ကတိမတည်ခဲ့ကြပေမဲ့ သူတို့အတွက် အခြေနေကောင်းခဲ့သည်မဟုတ်လော......
စွန်းတရှန်သည် သာမန်လူမဟုတ်ပေ။ ထိပ်တန်း သုံးဉီးစလုံး လူလုံးထွက်မပြသေးဘဲ ရန်သူများကိုတိတ်တဆိတ်ချောင်းမြောင်းနေကြသည်။
နောက်ဆုံး ကျန်ရစ်မည့်သူများသည် အကောင်းဆုံးထဲမှ အကောင်းဆုံးများဖြစ်သည်။ သူတို့ရဲ့ခေါင်းဆောင် လီလော့က သူတို့ဘက်က ရပ်တည်နိုင်တာကြောင့်ကြယ်တာယာခရီးရှည်ကောလိပ်အတွက်နေရာတစ်ခုရရှိမည်မှာ အသေအချာပင်....
ဤပြိုင်ပွဲတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု အားလုံးက မျှော်လင့်ထားကြသည်။
လီလော့အပေါ် မကျေနပ်ကြသည့် ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့ပင် သူ၏ခေါင်းဆောင်မှုကို အသိအမှတ်ပြုခဲ့ကြသည်။
" ပိုင်တုတုနဲ့ယုလန်တို့ကို သွားရှာရအောင် "
အမှန်တကယ်ပင်၊ နောက်ဆုံးအသင်းဖြစ်သည့် ပိုင်တုတုတို့အဖွဲ့ ပျောက်ဆုံးနေဆဲဖြစ်သည်။
လီလော့က သလင်း သံလိုက်အိမ်မြှောင်ကို ဆွဲထုတ်လိုက်သည်။
"သူတို့က သီးခြားနေရာတစ်ခုမှာ ပုန်းနေကြတယ်.... သူတို့ကို စောင့်ကြည့်ဖို့ မျန်မျန်ကို တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် သူတို့ဆီကနေ ဒုက္ခရောက်နေလို့အချက်ပြတာမျိုးတော့ မတွေ့ရသေစဘူး..."
"သူတို့ မလာသေးရင် သူတို့ဆီ သွားကြရအောင်"
လီလော့က သလင်းသံလိုက်အိမ်မြှောင်ကို ပြန်သိမ်းလိုက်သည်။ အရေးပေါ်အခြေနေဖြစ်နေသည့် ချင်ဇူလုတို့ကိုကူညီပြီးပြီဖြစ်သောကြောင့် ပိုင်တုတုတို့ကို သွားရှာဖို့သာကျန်တော့သည်။
"ယုလန်တို့တွေ ဝိဉာဉ်နှင်းစက်တိမ်တိုက် ရှာတွေ့ခဲ့တာများလား... အဲဒီလိုဆိုရင် သူက တကယ့်ကို ကံကောင်းတာပဲ..."
လုချင်းအာ၏ တွေးဆချက်ကို လီလော့ကိုပခုံးတွန်းလိုက်ပြီး....
"ဘယ်သူသိနိုင်မလဲ?" ..
ယုလန်သည် လျှို့ဝှက်လက်နက်ဖြစ်သည်။ တစ်ချိန်လုံး သူဘာလုပ်နေသည်ကိုပင် မသိခဲ့ကြပေ။
"သွားဖို့ ပြင်ထားပါ"
...........
တောင်တန်း၏ နက်ရှိုင်းသော နေရာတွင်.....
နှင်းများထူထပ်စွာ အလှဆင်ထားသော သစ်ပင်များနှင့် အဖြူရောင် ဦးထုပ်များဆောင်းထားသလိုနှင်းဖုံးနေသည့် တောင်ထိပ်များ ရှိသည်။
တောအုပ်ထဲတွင်...
လူသုံးယောက် ထိုင်ပြီး အနားယူနေကြတယ်။
ပိုင်တုတုတို့အဖွဲ့ ပင်....
ယုလန်သည် တောရိုင်းအသီးအနှံအချို့ကို စုဆောင်းပြီး နှင်းများကိုအရည်ဖျော်ကာ ချက်ပြုတ်ခဲ့သည်။
" ခေါင်းဆောင်... စားလို့ရပြီ..."
ပိုင်တုတုက စားစကာများအပေါ် ဒေါသပုံချလိုက်ပြီး.....
"ကံကောင်းတာလား ကံဆိုးတာလားမသိတော့ဘူး..."
သူတို့ ဒီဒေသထဲကို ဝင်ပြီး မကြာခင်မှာပဲ ယုလန်ဟာ ဝိဉာဉ်နှင်းစက်တိမ်တိုက် တစ်ခုကို ရှာတွေ့ခဲ့သည်။ ဒါပေမယ့် သတင်းပေးဖို့ အပြေးအလွှားပြန်လာချိန်မှာတော့ သူတို့ကို ခြေရာခံနေတဲ့ အဖွဲ့တချို့နှင့်တည့်တည့်တိုးခဲ့ကြသည်။
အခြားအဖွဲ့များအတွက် အချက်အလက်မရှိဘဲ၊ တိမ်တိုက်၏တည်နေရာအတိအကျကိုရှာဖွေရန်မှာ အမှန်ပင်ခက်ခဲပါသည်။
"ဒါ ငါ့အပြစ်မဟုတ်ဘူး..."
ယုလန် စိတ်ပျက်လက်ပျက် ညီးညူလိုက်သည်။
"သူတို့ဆီမှာ ခြေရာခံကျွမ်းတဲ့ နှင်းမြွေတွေရှိမယ်မှန်း ဘယ်သူသိလဲ...ဒီကောင်တွေက နှင်းတွေနဲ့ရောနေတာ ငါတို့တောင် မမြင်ရဘူး!"
"မင်း တိုးတိုးပြောသင့်တယ်.... သစ်ပင်တွေနဲ့ ငှက်တွေမှာ နားတွေရှိတယ်...."
ယုလန်က ဆရာဝင်လုပ်နေသော ချိုးလော့ကို ဘုကြည့်ကြည့်လိုက်ပြီး....
"ဒါပေမယ့်..ငှက်တွေကဘာလုပ်နိုင်မှာမို့လို့လဲ....."
"တော်ကြတော့....ယုလန်က တိမ်တိုက်တစ်ခုရှာတွေ့ခဲ့တယ်... ဒါက အရေးကြီးတဲ့ ပံ့ပိုးမှုတစ်ခုပဲလေ.... အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းတယ်... အဲ့ဒီနှင်းမြွေတွေကို ငါတောင် သတိမထားမိဘူး.....အခုချိန်မှာ လုံအောင်ပုန်းနေဖို့ပဲလိုတယ်...လီလော့နဲ့ တခြားသူတွေ ရောက်လာရင် ဘာမှပူစရာမလိုတော့ဘူး....."
ပိုင်တုတုတစ်ယောက် ယုလန်ကို ကာကွယ်နေတာတွေ့တော့ ချိုးလော့က ခေါင်းငြိမ့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
" ဒါပေမယ့် ထူးဆန်းနေတယ်...သူတို့က တခြားအဖွဲ့တွေကို စုစည်းထားပေမယ့် အခုထိ မလှုပ်ရှားသေးဘူး...တစ်ခုခုကို ကြောက်နေပုံရတယ်...."
ပိုင်တုတု မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်သည်။ သူတို့ရဲ့ ပြိုင်ဘက်တွေအတွက် သူတို့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက် မရှိခဲ့ပေ။ သို့သော်လည်း ပြန်လည်ဆုတ်ခွာသွားသည်မှာ ယာယီအတွက်သာဖြစ်လိမ့်မည်။
အဖွဲ့တွေအားလုံးစုဝေးလာမှာသာ စတင်လှုပ်ရှားကြလိမ့်မည်။
"သူတို့ကို လျစ်လျူရှုထားလိုက်...ရသလောက်တော့အချိန်ဆွဲထားရမယ်..လီလော့နဲ့ တခြားသူတွေ သွားလာနေကြပပြီ"
ပိုင်တုတုက သလင်းသံလိုက်အိမ်မြှောင်ကို လက်ဟန်ပြကာ ပြောလိုက်သည်။
ယုလန်နှင့် ချိုးလော့တို့လည်း ခေါင်းညိတ်လိုက်ကြသည်။
အနီးနားရှိသစ်ပင်များကြားတွင် ပုန်းခိုနေသော အဖွဲ့အချို့မှာမူ.....
"လျို့ရှောင် မင်း ဘာကိုဆိုလိုချင်တာလဲ... ငါတို့မှာ လူဉီးရေ အားသာချက်ရှိတယ်... ကြယ်တာယာခရီးရှည်ကောလိပ်အဖွဲ့ကို သွားဖမ်းပြီး တည်နေရာအတိအကျကို ပြောပြခိုင်းရမယ်" ဟု လူငယ်တစ်ဦးက စိတ်မရှည်စွာပြောလိုက်သည်။
"သူတို့က တစ်ဖွဲ့တည်းပဲကို ဘာလို့ကြောက်ရမှာလဲ၊ ငါတို့ရဲ့ အဖွဲ့တွေ လာနေပြီလို့ မင်းပြောတယ်မလား...သူတို့ဘက်က စစ်ကူတွေလည်းရောက်လာတော့မှာ...ဒါဆို ကြာကြာမစောင့်သင့်တော့ဘူး ....."
မေးခွန်းထုတ်ခံရသူမှာ လျှို့ရှောင်ဟုခေါ်သော ခပ်ကြမ်းကြမ်း လူငယ်တစ်ဦးဖြစ်သည်။
"မင်းတို့ နားမလည်သေးပါဘူး.... ဒီအသင်းကိုမဆင်မခြင်သွားထိလို့မရဘူး..."
လျှို့ရှောင် ခေါင်းခါလိုက်သည်။
"ဘာကိုဆိုလိုတာလဲ?"
"ငါထင်တာမမှားရင် ဒီအဖွဲ့က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ထိပ်တန်းအဖွဲ့ဖြစ်နိုင်တယ်" ဟု လျှို့ရှောင်က အခိုင်အမာဆိုသည့်အခါ တခြားသူတွေ ပင့်သက်ရှိုက်လိုက်ကြသည်။
"မင်း...ဘယ်လိုသိတာလဲ ?"
"ဘာလို့လဲဆိုတော့ အဲ့အဖွဲ့ထဲမှာ ယုလန်လို့ခေါ်တဲ့တစ်ယောက်ရှိနေတယ်...."
"မင်းတို့ သတင်းအချက်အလက်တွေ မစုဆောင်းထားဘူးလား... ယုလန်က လုံးဝကိုနာမည်ကြီးပဲ..."
"ဒါပေမယ့် ဒီအချက်အလက်က ယုံရပါ့မလား......"
လျှို့ရှောင်က ဘဝင်မြင့်သည့်အမူအရာဖြင့် ရယ်မောလိုက်သည်။
"တကယ်တော့၊ တချို့အချက်အလက်တွေက အတုတွေဖြစ်နေပေမယ့် ဒီအချက်အလက်တွေကိုတော့ သံသယဖြစ်စရာမလိုဘူး.... တိုက်တိုက်ဆိုင်ဆိုင် ငါတို့ရဲ့ သဲသံမဏိကောလိပ်မှာ ကျောက်ဇီယန်လို့ခေါ်တဲ့ စီနီယာတစ်ယောက်ရှိတယ်... သူအရင်က ရွှေနဂါးတာအိုနယ်မြေထဲမှာ ယုလန်နဲ့ဆုံခဲ့ဖူးတယ်.... ဒါ့ကြောင့် ရှန့်ပိန်းတွေ့ဆုံပွဲမတိုင်ခင်ကတည်းက သူ့ကိုသတိထားဖို့ သတိပေးခဲ့ပါတယ်..ကောင်းကင်ငရဲကောလိပ်က လုမင်လိုပဲ ယုလန်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်.... "
"... ပဲ့တင်ထပ်သံ နှစ်ခု ရှိတဲ့သူ...."
သူ့အသင်းဖော်တွေက သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေလေတော့သည်။
***