← Chapters

ပဲ့တင်ထပ်သံနှစ်ခုရှိသည့် ယုလန် *

Vol. 34 Ch. 467

ပဲ့တင်ထပ်သံနှစ်ခုရှိသည့် ယုလန် *

Vol. 34 Ch. 467

"ပဲ့တင်ထပ်သံနှစ်ခုလား?!"

လျှိုရှောင် ထိုအကြောင်း ထုတ်ဖော်လိုက်သောအခါတွင် အခြားအဖွဲ့ခေါင်းဆောင်နှစ်ဦးစလုံး ဖြူဖျော့သွားကြသည်။

ပဲ့တင်ထပ်သံနှစ်ခုတဲ့လား...

လုမင်သည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ ကြယ်တစ်ပွင့်ခန်းမတွင် ထင်ရှားသော ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူဖြစ်သည်။ သူမသည် ထိပ်တန်း သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ရောက်နေပြီဖြစ်သည်။ သူမသည် ခရမ်းအဆင့် အဖွဲ့တစ်ခုလုံးကို သုတ်သင်နိုင်လောက်အောင် ပြင်းထန်သည်။

သူတို့တွင် လက်ရှိအဖွဲ့သုံးဖွဲ့ရှိသော်လည်း ဒီလိုလူတစ်ယောက်ကို ဆန့်ကျင်ရင် ကြီးမားသောတန်ဖိုးတစ်ခုပေးရမည်သာ.... ထို့အပြင် ၎င်းတို့၏ ပြိုင်ဘက်သည် တစ်ဦးတည်း မဟုတ်ပေ။ သူတို့နှင့်အတူ အခြားအသင်းဖော် နှစ်ဦးလည်း ရှိနေသေးသည်။

"ဒီအချက်အလက်ကို ယုံကြည်လို့ရလား..."

ခေါင်းဆောင်တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

"သေချာတယ်..... မင်း လွယ်လွယ်ကူကူ စိစစ်နိုင်တဲ့ အရာကို ငါလိမ်ပြောနေစရာ မလိုဘူး မဟုတ်လား....."

တခြားသူတွေ ခေါင်းညိတ်လိုက်ကြသည်။ ယုလန်သည် လွယ်လွယ်ကူကူ ထိပါးနိုင်သူမဟုတ်မှန်းလက်ခံလိုက်ရပြီ.....

"မင်း ယုလန်နဲ့ ခပ်ဝေးဝေးမှာ နေတာ အံ့သြစရာမဟုတ်ဘူးပဲ... ဘာလို့ဆို သူက လျှို့ဝှက်ထားတဲ့ နဂါးတစ်ကောင်ဖြစ်နေတာကိုး..."

လျှို့ရှောင်၏လုပ်ဆောင်ချက်များကို အခြားခေါင်းဆောင်များ ရှင်းလင်းစွာ နားလည်လိုက်ကြပြီဖြစ်သည်။

လျှို့ရှောင်က ခေါင်းညိတ်လိုက်ပြီး....

"ဒီလိုသားရဲတွေကို သတိထားတာ အကောင်းဆုံးပဲ... သူ့ကြောင့်နဲ့ဆုံးရှုံးခဲ့ရရင် ကောလိပ်အတွက်လည်း နစ်နာစေလိမ့်မယ်"

"မကြာခင် ငါတို့လူတွေရောက်လာတော့မယ်..အဲ့တော့မှ သူ့ကို ဝိုင်းထားနိုင်မယ်... ယုလန်ကို သုံးဖွဲ့ပေါင်းပြီးတိုက်မယ်ဆို သူ့မှာပဲ့တင်ထပ်သံနှစ်ခုရှိနေရင်တောင် ပဲ့တင်ထပ်သံသုံးခုကိုယှဉ်နိုင်ဖို့လွယ်မှာမဟုတ်ဘူး.... "

အခြားလူများက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

"လျှို့ရှောင်.... မင်းရဲ့သတိကြီးမှုက ချီးကျူးစရာပဲ....."

"ကောင်းပြီ၊ ဒါဆို စောင့်ရအောင်......"

ယုလန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ အားလုံး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

....................................

"ဟိုကောင်တွေ ဘာကြံစည်နေကြပြန်ပြီလဲ..."

ယုလန် အံ့သြနေမိသည်။ ရှင်းရှင်းလင်းလင်း ချောင်ပိတ်ခံထားရသော်လည်း ရန်သူဘက်ကလှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးပေ။

သို့သော်လည်း လီလော့ရောက်လာမည့်အချိန်ကို စောင့်ရပေဉီးမည်။

ယုလန်တစ်ယောက်တည်း ထိုသို့တွေးနေခြင်း မဟုတ်ဘူးပေ။ ပိုင်တုတုက နဖူးပေါ်ကချွေးများကိုသုတ််ရင်း....

"သူတို့က ငါတို့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား.... ဘာလို့ မတိုက်ခိုက်တာလဲ၊ ဘာဖြစ်နေကြတာလဲ....."

"သူတို့တွေ စစ်ကူရောက်တဲ့ထိစောင့်နေတာလား"

ချိုးလော့က သံသယစိတ်ဖြင့် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...ငါတို့တစ်ဖွဲ့တည်းကိုတိုက်ဖို့ လူအင်အားအဲ့လေယက်လိုလို့လား.. "

"ဟုတ်သားပဲ...အခုတောင် သူတို့မှာလူတွေအများကြီးရှိနေပြီ!"

ချိုးလော့ တိတ်ဆိတ်သွားသည်။

"ဒါဆို စောင့်ရအောင်.... လီလော့နဲ့ တခြားသူတွေ ဒီကို မြန်မြန်ရောက်ဖို့ပဲ မျှော်လင့်ရတော့မယ်....."

နောက်ထပ်နှစ်နာရီကြာသည့်အခါ ရန်သူဘက်တွင် အဖွဲ့နှစ်ဖွဲ့တိုးလာသော်လည်း လီလော့တို့ ရောက်မလာသေးပေ။

ဆိုလိုသည်မှာ ယခုအခါ ပိုင်တုတုတို့သည် အဖွဲ့ငါးဖွဲ့နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်ကူများရောက်လာပြီဖြစ်သောကြောင့် ရန်သူဘက်က စတင်လှုပ်ရှားကြပြီ......

လူသုံးယောက်ကို ဝန်းရံရန် တောအုပ်အတွင်းမှ လူရိပ်များ လျင်မြန်စွာ ရွေ့လျားနေကြသည်။

ပိုင်တုတုသည် သူမ၏လှံကို လက်တစ်ဖက်တွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အစိမ်းရောင်လေပြင်းများက သူမကို စက်ဝိုင်းသဏ္ဍာန်ဝိုင်းရံတိုက်ခတ်နေ၏။

ပိုင်တုတုသည် အလစ်တိုက်ခိုက်သူများနှင့် ရင်ဆိုင်လိုက်ရသည်။

"နင်တို့နှစ်ယောက် သတိထားကြ..ငါတတ်နိုင်သလောက်ခုခံထားပေးမယ်.... "

ပိုင်တုတု ထိုသို့သတိပေးနေသော်လည်း သူမတစ်ယောက်တည်း ဒီလူအုပ်ကို ထိန်းထားနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ရွေးချယ်စရာမရှိခဲ့ပေ။ သူမသည် သုံးယောက်ထဲတွင် အသန်မာဆုံးဖြစ်ကို ပြိုင်ဘက်များလည်း သိထားလိမ့််မည်။ထို့ကြောင့် သူမကို ဖိအားပေးတိုက်ခိုက်ကြမည်သာ.....

"စိတ်မပူပါနဲ့ ..... သူတို့က ငါ့ကို သေအောင်ရိုက်ရင်တောင် တိမ်တိုက် ဘယ်မှာလဲဆိုတာ လုံးဝမပြောဘူး....!"

ယုလန် ရဲဝံ့စွာ ကတိပြုလိုက်သည့်အခါ ချိုးလော့က သက်ပြင်းတစ်ချက်ချလိုက်သည်။

ဟူးးး စစချင်းကတည်းက ထုတ်ပယ်ခံရတော့မယ်...ကံဆိုးလိုက်တာ....

ချိုးလော့သည် ယုလန်ကို မလိုလားအပ်သောခံစားချက်များဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဒီကောင့်ကို ဘယ်လိုလုပ်ရမလဲ...အားနည်းပေမယ့် ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို တည့်တည့်ကြီးရှာတွေ့ခဲ့တယ်ဆိုတော့ ကံတော့ကောင်းသားပဲ....

ကံကောင်းတယ်ဆို ဘာလို့ ငါးဖွဲ့၊တစ်ဖွဲ့ရင်ဆိုင်နေရတာလဲ..... ဒီကောင်က အကန့်အသတ်မရှိ အံ့အားသင့်စရာတွေ ထောက်ပံ့ပေးနေတာတော့ သေချာတယ်...ဒါပေမယ့် အကောင်းရော အဆိုးရောပါရောထွေးနေတယ်....တကယ့်ကို ဆန်းကြယ်ပါပေတယ်.....

သူတို့၏ ရန်သူများသည် သစ်ပင်များကြားမှ တရိပ်ရိပ် တိုးထွက်ဘာကြသည်။

ပိုင်တုတုက ခေါင်းဆောင်ပီပီ ရှေ့ထွက်လာပြီး လှံကို ကိုင်ထားရင်း အေးဆေးစွာ ရင်ဆိုင်လိုက်သည်။

အရေအတွက်များလွန်းသော်လည်း သူမ အကြောက်အလန့်မရှိခဲပေ။

ဆံပင်တိုတိုနှင့် သူ့နောက်တွင် ပျံဝဲနေသောဝတ်ရုံတို့ကြောင့် စစ်သည်တော်နှင့်ပင်တူနေလေတော့သည်။

သို့သော်လည်း ထိပ်တိုက်တွေ့ခါနီးတွင် ရန်သူများက ပိုင်တုတုကိုကျော်ပြီး သူမနောက်သို့ပြေးသွားကြသည်။သူမနှင့် ရင်ဆိုင်ရန် နှစ်ယောက်ခန့်သာကျန်ခဲ့သည်။

အဖွဲ့ခေါင်းဆောင် သုံးဦးအပါအဝင် လူဆယ်ဦးအပြည့် ယုလန်ဆီတန်းတန်းမတ်မတ်ပြေးသွားကြသည့်အတွက် ဓားမြှောင်တစ်လက်ကိုင်ပြီး ပုန်းအောင်းနေသော ယုလန်ခင်မျာ မေးရိုးများကျွတ်ကျလုမတတ် အံ့သြနေရှာသည်။

ဟမ်......သေပြီး ငရဲကျသွားပြီလား?

ဆယ်ယောက်စလုံး ပိုင်တုတုကို လျစ်လျူရှုပြီး ဘာလို့ငါ့ဆီပြေးလာနေတာလဲ.....

ရန်သူများက ယုလန်က်ု ချက်ချင်းမတိုက်ခိုက်သေးဘဲ သတိထားပြီးအကဲခတ်နေကြသည်။

ယုလန်တစ်ယောက် သူ့ကိုလီလော့နှင့်မှားနေသလားဟုပင်တွေးနေမိသည်။ထို့နောက် တုံ့ဆိုင်းမနေဘဲ တချိုးတည်းနောက်လှည့်ပြေးလေတော့သည်။

"အဲ့ကောင်တွေ ဘာဖြစ်နေတာလဲ?!"

သူသည် ပျော့ညံ့သူဖြစ်သည်။ဒီလူအုပ်ကို ဘယ်နည်းနှင့်မျှ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ချိုးလော့သည် အနီးအနားတွင် ရှိနေသော်လည်း လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် နှစ်ခါစဉ်းစားမနေဘဲ လှည့်ပြေးသွားခဲ့သည်။ ဘာဖြစ်နေမှန်း မသိပေမယ့် သူတို့ကို ရင်ဆိုင်ဖို့ ကြိုးစားလို့မရကြောင်း သေချာစွာနားလည်နေသောကြောင့်ပင်......

ပိုင်တုတုက အကူအညီပေးဖို့ ကြိုးစားခဲ့ပေမယ့် ရန်သူနှစ်ယောက်စလုံးက သူမကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသဖြင့် အသည်းအသန်ခုခံနေရသည်။

ထို့ကြောင့် ယုလန် သူ့ကိုယ်သူသာ အားကိုးရတော့မည်။

တောတောင်တွေကြား ပြေးလွှားရင်း ပဲ့တင်ထပ်သံစွမ်းအားတွေကို တတ်နိုင်သမျှထုတ်သုံးနေသော်လည်း သူ့နောက်တွင်လိုက်လာသူများက သိပ်မကြာခင်လိုက်မှီလာကြသည်။

ဝှစ်...ဝှစ်...ဝှစ်....

ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်လိုက်သောကြောင့် ယုလန်ကို ဖမ်းမိသွားကြလေပြီ.....

“အားးးးး”

ယုလန် ဒဏ်ရာရသွားပြီးမြေပြင်ပေါ်လဲကျသွားသည့်အတွက် လျှို့ရှောင်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

ဒီကောင်ကို လွယ်လွယ်ဖမ်းမိနိုင်ပြီလား.....

"သတိထား!....တခုခုတော့မှားနေပြီ...."

လျှို့ရှောင်၏ သတိပေးချက်ကိုတခြားသူတွေက မဝံ့မရဲနဲ့ ခေါင်းညိတ်လိုက်ကြသည်။ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူကို အလွယ်တကူ ဖြုတ်ချဖို့မလွယ်ကူမည်မဟုတ်ပေ။

ဤသည်မှာ သရုပ်ဆောင်နေမှန်း ရူးနေသူပင်သိနိုင်လောက်သည်။

လျှို့ရှောင်တို့ အရှိန်လျော့လိုက်ပြီး သတိထားကာချဉ်းကပ်လာကြသဖြင့် လက်နက်ချဖို့စိတ်ပိုင်းဖြတ်ထားသူ ယုလန်တစ်ယောက် အားယူပြီး လှည့်​ပြေးလေတော့သည်။ထို့ကြောင့် ပြေးပွဲ လိုက်ပွဲတဖန်စတင်ခဲ့ပြန်သည်။

ယုလန် အခုမှ သဘောပေါက်နိုင်တော့သည်။

ခွေးမသားတွေ ကြောင်ကကြွက်ကိုလိုက်ဖမ်းသလို ကစားချင်နေတာလား......

"ခွေးမသားတွေ မင်းတို့တွေ ဘယ်ကောလိပ်ကလဲ....ဒီလိုယုတ်မာဖို့​မင်းတို့တွေကိုဘယ်သူခိုင်းလိုက်တာလဲ...."

"ငါ မင်းတို့အားလုံးကို တိုင်မယ်....!"

***

All Chapters