← Chapters

ပဲ့တင်ထပ်သံနှစ်ခု ရှိသူနှစ်ဦး

Vol. 34 Ch. 469

ပဲ့တင်ထပ်သံနှစ်ခု ရှိသူနှစ်ဦး

Vol. 34 Ch. 469

ယုလန်သည် လီလော့နှင့် အခြားသူများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာမျက်ရည်ကျမိသည်။

တစ်ဖက်တွင် လျှို့ရှောင်တို့အဖွဲ့သည် လှည့်စားခံလိုက်ရသလိုခံစားနေကြရသည်။ စားရခါနီးမှ သဲနှင့်အပက်ခံလိုက်ရသလိုပင်.....

"မိတ်ဆွေ.... ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ လာဘ်ကောင်လေးကို မင်းတို့ ဘယ်လို ဆက်ဆံလိုက်တာလဲ... ငါတို့ဘက်က ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူးနော်...."

လီလော့က ညစ်ကျယ်ကျယ်ပြုံးရင်း ရှေ့ကို တိုးလာသည်။

လျှို့ရှောင် ​ခြေတစ်လှမ်းနောက်ဆုတ်လိုက်သော်လည်း ယုလန်ကို စိုက်ကြည့်နေဆဲပင်....

ဒါဆို ဒီခွေးကောင်က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဂျီးနီးယပ်ပေါ့......

ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသားတွေတောင်မှ ဒါကို အသိအမှတ်ပြုထားကြတယ်.....ဒါဆို ဒီကောင်တွေငါတို့ကိုကောင်းကောင်းကြီးလှည့်စားခဲ့တာပေါ့.......

ယုလန် ရှက်ရွံ့နေဟန်ဖြင့် ပြုံးလိုက်ပြီး....

"ဟီးးးဟီးးး ငါက ကောလိပ်ရဲ့ လာဘ်ကောင်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူးထင်တယ်......"

" ကြယ်တာယာခရီးရှည်ကောလိပ်ကလူတွေရောက်လာတော့လဲ ဘာဖြစ်လဲ... ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို အစပျိုးလိုက်ရင် သက်တံ့အလင်းက သူ့ရဲ့တည်နေရာကို ချက်ချင်းထုတ်ပြလိမ့်မယ်...မင်းတို့တွေ အကုန်ရနိုင်မယ်ထင်လား...."

"မင်း ဉာဏ်ကောင်းတယ်ဆို ငါတို့နဲ့ ပူးပေါင်းသင့်တယ်...."

လီလော့နှင့် အခြားသူများသည် ယုလန်ကို အံ့အားသင့်စွာလှည့်ကြည့်လိုက်ကြသည်။

"မင်း ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို တကယ်တွေ့ခဲ့တာလား....."

ယုလန်က အရေးမကြီးဟန်နဲ့ လက်ခါပြလိုက်ပြီး.....

"ဘာမှ အံ့ဩစရာ မရှိပါဘူး.... ငါ့ အလုပ်ပဲဟာ....."

ပါးစပ်ကသာထိုသို့ပြောနေသော်လည်း သူ့မျက်လုံးတွေထဲက ဂုဏ်ယူနေမှုကိုဖုံးဖိမရနိုင်ခဲ့ပေ။

လီလော့က ယုလန်ရဲ့ပခုံးကို လှမ်းဖက်လိုက်ပြီး ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။

"အစ်ကိုလန်.... မင်းက တကယ်ပဲ ငါတို့ရဲ့ကံကောင်းခြင်းကြယ်ပွင့်လေးပဲ.... မင်းရဲ့အကျိုးဆောင်မှုကိုအမြဲအမှတ်ရနေမှာပါ...!"

လီလော့တို့အတွက် ဝိဉာဉ်နှင်းစက် တစ်စက်ရှာတွေ့ဖို့ခက်ခက်ခဲခဲရှာဖွေခဲ့ရသော်လည်း ယုလန်ကတော့ ထီပေါက်သလိုကံကောင်းခဲ့သည်။ထို့ကြောင့် နောက်လာမည့် ဘေးဆိုးကို လျစ်လျူရှုထားလိုက်ကြသည်။

လီလော့က လျှို့ရှောင်နှင့်အခြားသူများဆီသို့ ပြန်လှည့်လိုက်ပြီး....

"အစ်ကိုလန်ကို ဘယ်သူထိရဲလဲ.... ထိတဲ့ကောင် ငါနဲ့တွေ့မယ်...."

ဝိဉာဉ်နှင်းစက်တိမ်တိုက်သည်ကြီးမားသော အလောင်းအစားတစ်ခုဖြစ်သည်။ သက်တံရောင်အလင်းသည် ၎င်း၏တည်နေရာကို အခြားကျောင်းများသို့ ထုတ်ဖော်ပြသမည်ဖြစ်သော်လည်း လီလော့ဘက်က ၎င်းအား အခြားသူနှင့်မျှဝေရန် ရည်ရွယ်ချက်မရှိပေ။ထို့ကြောင့် သူတစ်ယောက်တည်း စွန့်စားဖို့ ပြင်ထားပြီးဖြစ်သည်။

"အဲဒီကောင်ပဲ... သူက ငါ့ကို နှင်းမြွေနဲ့တိုက်ခိုက်တာ.."

ယုလန်က လျှို့ရှောင်ကိုလက်ညိုးငေါက်ငေါက်ထိုးလိုက်ပြီ.....

"ဒီလူယုတ်မာက ငါ့ကို ရိုက်နှက်ရုံတင်မကဘူး..အရှက်ပါခွဲချင်သေးတာ... ငါ ပျော့ညံ့တယ်ဆိုတာ သိတယ်၊ ဒါပေမယ့် ဒါက အဓမ္မအနိုင်ကျင့်တာပဲ"

လီလော့ တခုခုတွေးမိလိုက်သည့်အတွက် လျှို့ရှောင်ကိုလှမ်းမေးလိုက်သည်။

"မင်း ဘယ်ကျောင်းကလဲ...."

"သဲသံမဏိကောလိပ်....."

သဲသံမဏိကောလိပ် ... ဒါဆိုသဲသံမဏိအင်ပါယာကပေါ့.......

ရွှေနဂါးတာအိုနယ်မြေမှ အဖြစ်အပျက်များသည် ကြည်လင်ပြတ်သားစွာဖြင့် လီလော့အတွေးထဲသို့ရောက်ရှိလာခဲ့သည်။

"ယုလန်၊ မင်းကပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူပါ....မင်းရဲ့အစွမ်းသတ္တိကို ငါတို့ကိုပြတာ ဘာမှားနေလို့လဲ....?"

လျှို့ရှောင်က တောင်းဆိုလိုက်ပြန်သည်။

ယုလန် သူ့ကို ထပ်ပြီးအော်တော့မှာမို့ လီလော့က "မင်းမှန်တယ်" ဟု တိုးညှင်းစွာပြောလိုက်သည်။

"ယုလန်က ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူပါ...ဒါပေမယ့် ကြယ်တာယာခရီးရှည်ကောလိပ်မှာ သူတစ်ဉီးတည်းရှိတာမဟုတ်မှန်း မင်းမသိဘူးမလား......."

လီလော့က ပြောပြောဆိုဆိုနှင့် ပဲ့တင်ထပ်သံနှစ်ခု၏စွမ်းအားများကိုထုတ်ဖော်လိုက်လေသည်။

"နောက်တစ်ယောက်က ငါပဲ..."

လျှို့ရှောင်နှင့်အခြားသူများ စိတ်ရှုပ်သွားကြပြီး လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုကို စိုက်ကြည့်နေကြသည်။

ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူနှစ်ဦး?!

ကြယ်တာယာခရီးရှည်ကောလိပ်မှာ တကယ်ပဲ ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူနှစ်ယောက်ရှိနေတာလား....မဖြစ်နိုင်ဘူး!

တစ်ယောက်ရှိရင်တောင် ဘုရားကို ကျေးဇူးတင်ဖို့ အမွှေးတိုင်တွေ ထွန်းရမယ်ဟာကို ကြယ်တာယာခရီးရှည်ကောလိပ်မှာ နှစ်ယောက်​တောင်ရှိနေတာလား.....ဘာကြောင့် ဒီလို သတင်းထူးမျိုး တစ်ခါမှ မကြားဖူးတာလဲ......

ယုလန် ပါးစပ်ဟောင်းလောင်းဖြစ်နေရှာသည်။ ဘာတွေဖြစ်နေမှန်းမသိသော်လာ်း လီလော့က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သဖြင့် နားလည်သွားခဲ့သည်။

ချော်လဲရောထိုင်ဆိုတာမျိုးလား......

မှားယွင်းသောအချက်အလက်များသည် အဆိပ်ပြင်းသော၊ လောင်းကြေးများဖြစ်သည်။ ရန်သူ၏ နှလုံးသားထဲသို့ မောင်းသွင်းရန် အားနည်းလွန်းသော်လည်း မှားယွင်းသော အချက်အလက်ကို အခြေခံ၍ ကောင်းကင်တွင် ရဲတိုက်ကြီး ဆောက်နိုင်လောက်အောင် ဆိုးရွားလှသည်။ အထူးသဖြင့် ပရမ်းပတာများကို ဖန်တီးပေးသူများရှိလျှင် အခွင့်အရေးများ ရှိလာမည်သာ....

လီလော့၏ အတွေးသည် အမှန်တကယ်ပင် အမြော်အမြင်ရှိခဲ့သည်။

“ပိုကောင်းအခွင့်အရေးအတွက် ပိုများတဲ့ဖိအားတွေကိုခံနိုင်ရည်ရှိရမယ်...."

ယုလန် တမဟုတ်ချင်းအမူအရာပြောင်းသွားပြီး အကြည့်များကအစ အေးစက်ခက်ထန်လာသည်။

"အင်း၊ ကစားပွဲပြီးသွားပြီ....မင်းတို့ကောင်တွေ ဒီလောက်အားကောင်းတာ ငါမယုံနိုင်ဘူး.... ငါ့ရဲ့စွမ်းအားတွေကို ဝှက်ထားပေမယ့် မင်းတို့​ငါ့ကို ရှာတွေ့တုန်းပဲ.....ငါက ဒီနှစ်အတွက် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ဝှက်ဖဲပဲ....!"

ယုလန်၏ ယုံကြည်ချက်ရှိသောပြောကြောင့်

လျှို့ရှောင်နှင့်အခြားလူများ စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ကြသည်။

လီလော့ အမှန်အတိုင်းပြောနေတာလား.....

သို့သော် လီလော့သည် မျက်စိရှေ့တွင် ပဲ့တင်ထပ်သံနှစ်ခုကို အမှန်ပင် ထုတ်ဖော်ပြသခဲ့သည်။ဤသည်မှာအတုလုပ်နိုင်သည့် စွမ်းအားမဟုတ်ပေ။ ယုလန်ဘက်က ဘာမှမယ်မယ်ရရ ထုတ်မပြသော်လည်းအချက်အလက်အားလုံးက ယုလန်တွင်ပဲ့တင်ထပ်သံနှစ်ခုရှိနေသည်ဟုအတိအကျညွှန်ပြနေသည်။

ကြယ်တာယာခရီးရှည်ကောလိပ်မှာ တကယ်ပဲ ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူနှစ်ယောက်ရှိနေတာလား....ဒီလိုသာဆို.....

ဆုတ်ခွာပြီး အစီအစဥ်အသစ် ရေးဆွဲသင့်သည်။

လျှို့ရှောင်နဲ့ တခြားသူတွေက သူတို့ရဲ့ အင်္ကျီလက်ကို ဆန့်တန်းပြီး မီးခိုးလုံးတွေများပစ်ထုတ်လိုက်လေသည်။ ထိုအခါ မီးခိုးလုံးများကိုအကာအကွယ်ယူပြီး ချက်ချင်း နောက်လှည့်ပြေးလေတော့သည်။

"သွားကြစို့။ သူတို့နောက်လိုက်ကြ...."

လီလော့၏အချက်ပေးသံကြောင့် လုချင်းအာ၊ရှင်းဖူနှင့်အခြားသူများ ပြေးထွက်သွားကြသည်။

အရှုပ်အထွေးကြားတွင် ယုလန် သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့....

"ငါတို့ ခေါင်းဆောင်ကို ကူညီဖို့ လိုတယ်.... သူလည်း ဝိုင်းခံခဲ့ရတယ်...."

"မှတ်မိတဲ့အတွက် ကျေးဇူးပါ...."

လီလော့ ရယ်လိုက်သည်။

"ဒါပေမယ့် စိတ်မပူနဲ့.... ချင်ဇူလုနဲ့ဝမ်ဟေးကျူတို့ ဟိုမှာ ရောက်နေပြီ..."

"ငါတော်တော်ကံဆိုးတာပဲ....ဒီကောင်တွေ ဘယ်လိုသတင်းတွေရလာလဲမသိဘူး....ငါ့ကိုအသန်မာဆုံးထင်ပြီး အလုံးအရင်းနဲ့ဿိ လိုက်ဖမ်းကြတာ...ငါ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ အပြေးစွမ်းရည်ကြောင့်သာ မဟုတ်ရင် ငါဒီလောက် ကြာကြာခံမှာ မဟုတ်ဘူး... ."

"ဒီကောင်တွေကို ခေါင်းထဲထည့်မနေနဲ့....အခုချိန်ကစပြီး မင်းက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုပိုင်ရှင်တွေထဲကတစ်ယောက်ဖြစ်သွားပြီ.....အခုလောက်ဆို

ဝိဉာဉ်နှင်းစက်တိမ်တိုက်သတင်းလည်း ပျံ့နေလောက်ပြီ... မင်းမှာလည်း ပဲ့တင်ထပ်သံနှစ်ခုရှိတယ်ဆိုတဲ့သတင်းလည်း ပျံ့သွားမယ်ဆို ငါတို့အတွက်ပိုလုံခြုံသွားလိမ့်မယ်..ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်းပေါ့ကွာ.... အဒါက မင်းအတွက် ဖိအားတွေ အများကြီး ရှိမယ်ဆိုတာ ငါသိပါတယ်..

. ဒါပေမယ့် ဒါတွေအားလုံးက ကောလိပ်အတွက်ပဲလေ.... မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်....ဟုတ်တယ်မလား...."

"ဟုတ်တယ်.. ငါလုပ်နိုင်တယ်! ငါက ​​မနက်စာအဖြစ် ဖိအားနဲ့ သံမဏိသံချောင်းတွေကို စားခဲ့တာလေ...ဟားးဟားးးလာစမ်းပါ...ဆယ်ယောက် တစ်ယောက်ဆိုလည်းကြောက်နေစရာမလိုဘူး...."

စီစဉ်ထားသည့်အတိုင်းဖြစ်လာသည့်အတွက် လီလော့ ပျော်ရွှင်စွာ ပြုံးလိုက်လေတော့သည်။

***

All Chapters