ခုခံခြင်း
Vol. 34 Ch. 471
အစီအစဉ်ကို ဆုံးဖြတ်ပြီးနောက် လီလော့နဲ့ တခြားသူတွေက တုံ့ဆိုင်းမနေတော့ဘဲ ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုစတင် စုဆောင်းကြတော့သည်။
လှုံ့ဆော်မှုပြုလုပ်ရန် ရွေးချယ်ခံရသူမှာ ပိုင်မျန်မျန် ဖြစ်သည်။ သူမသည် ပဲ့တင်ထပ်သံ စွမ်းအားများကို ဝိဉာဉ်နှင်းစက်တိမ်တိုက်ထဲသို့ ဖြည့်သွင်းကာ ၎င်းတို့အတွင်းမှ သဘာဝစွမ်းအင်ကို တုံ့ပြန်မှုနိုင်ရန် လှုံ့ဆော်ပေးရမည်ဖြစ်သည်။
ပိုင်မျန်မျန်သည် သူတို့ထဲတွင် အညံ့ဆုံးဖြစ်သည်။ ထို့အပြင် သူမ၏ စွမ်းရည်များသည် တိုက်ပွဲဝင်ရန်ထက် ပံ့ပိုးရန်သာ သင့်တော်သည်။ သူမကို ဤသို့တာဝန်ပေးလိုက်ခြင်းကြောင့် အခြားကျောင်းသားများနှင့်တိုက်ခိုက်ရာတွင်ပါဝင်စရာမလိုတော့ပေ။
သူမသည် ရေကန်ထဲသို့ ခုန်ဆင်းကာ ရေပေါ်ရှိ ကြာပန်းပေါ်တွင် နေရာယူလိုက်သည်။
"စတော့..."
လီလော့ ခေါင်းညိတ်ပြလိုက်သည်နှင့်ပိုင်မျန်မျန် မျက်လုံးမှိတ်လိုက်ပြီး ကြယ်ရောင် ပဲ့တင်ထပ်သံစွမ်းအား သူမ၏ ခန္ဓာကိုယ်မှ စတင်ပျံ့နှံ့လာပြီး ဝိဉာဉ်နှင်းစက်တိမ်တိုက် ထဲသို့ တိုးဝင်သွားခဲ့သည်။
သူမ၏ ပဲ့တင်ထပ်သံစွမ်းအားကို ပေါင်းထည့်လိုက်ခြင်းဖြင့် ဝိဉာဉ်နှင်းစက်တိမ်တိုက် အတွင်းရှိ သဘာဝစွမ်းအင်များ စတင်လှုပ်ရှားလာသည်။ တိမ်တိုက်ကို အားဖြည့်ပေးသည့် အဝါရောင်များစွာကို ဖန်တီးရန် ရေမျက်နှာပြင်မှ အလင်းပြန်နေသော အရောင်များ အရပ်ရပ်သို့ ပျံ့နှံ့နေလေ၏။
ထို့နောက်တွင် စွမ်းအင်ရှိသော အခိုးအငွေ့များသည် ပုံမှန်အတိုင်း ပန်းပွင့် ၂၃ ပွင့်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီး ယခုအခါ ပွင့်ချပ်လေးများပေါ်တွင် ရောင်စုံ ငွေ့ရည်ဖွဲ့မှုများ ရှိနေပြီဖြစ်သည်။
ဤသည်မှာ နှင်းရည်စက်များ ဖြစ်ပေါ်လာသော နိမိတ်ဖြစ်သည်။
ထိုမြင်ကွင်းက လှပနေပေမယ့် ဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ အခမ်းနားဆုံး ဖြစ်စဉ်တော့ မဟုတ်ခဲ့ပေ။ လူတိုင်း၏ မျက်လုံးများသည် ကောင်းကင်သို့ ဦးတည်သွားကြသည်။ သက်တန့်အလင်းများသည် ၎င်းတို့အပေါ်ရှိ စွမ်းအင်အမြှေးပါးအမိုးခုံးမှတဆင့် ကောင်းကင်တွင် မီးမောင်းထိုးပြသလိုမျိုး ပေါက်ကွဲသွားခဲ့သည်။
ထိုအလင်းတန်းများကို ကီလိုမီတာ 50 အကွာအဝေးတွင်ရှိနေသူ တိုင်းမြင်တွေ့နိုင်သည်။
လီလော့....."ကဲ...ပွဲစပြီ..."
ယုလန်....."လူတိုင်း ငါတို့ဆီရောက်လာကြလိမ့်မယ်....ပြိုင်ပွဲဝင်နေတဲ့သူတိုင်း ဘယ်လိုတိုက်ခိုက်ရမလဲသိကြတယ်....."
ပိုင်တုတု....."ကောင်းပြီ၊ တိုက်ပွဲက ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ အဓိကအချက်ပဲ.... အသန်မာဆုံးကျောင်းနဲ့ အသန်မာဆုံး ကျောင်းသားတွေကို ဆုံးဖြတ်ဖို့ပဲ ဒီကိုရောက်နေကြတာမဟုတ်လား....."
လီလော့က ရွှင်မြူးစွာ ခေါင်းညိတ်လိုက်သည်။
"သူငယ်ချင်းတို့ရေ.... ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုအသက်သွင်းပြီးပြီဆိုတော့ မကြာခင် ဒုက္ခပင်လယ်ဝေသလိုဖြစ်လာတော့မယ်..... အခြားကျောင်းသားတွေ အားလုံးငါတို့ဆီ အပြေးအလွှားရောက်လာကြမှာသေချာတယ်..... တိုက်ပွဲပေါင်းများစွာကြုံတွေ့နိုင်တာမို့ စစချင်းမှာ ဘာအားနည်းချက်မှ ထုတ်ပြလိုက်လို့မရဘူး....နို့မို့ဆို နောက်ထပ်တိုက်ပွဲတွေအတွက် ခက်ခဲသွားလိမ့်မယ်.....ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ဒါပေမယ့် မှန်ကန်တယ်လို့ထင်ပါတယ်.....အချင်းချင်းတိုက်ခိုက်ကြပြီးမှ ငါတို့က နောက်ဆုံးကျန်တဲ့အဖွဲ့နဲ့ရင်ဆိုင်ရမှာ....."
တခြားသူတွေ ခေါင်းညိတ်လိုက်ကြသည်။ ရန်ပွဲတစ်ခုတွင်၊ သင့်ကိုယ်သင် ခြင်္သေ့တစ်ကောင်အဖြစ် ဉီးဆောင်နိုင်မှသာ ဝံပုလွေများကို ခြောက်လှန့်နိုင်လိမ့်မည်။
လီလော့သည် ခြင်္သေ့ဖြစ်ရန် ရည်မှန်းထားသည်။
"ငါတို့ရဲ့တာဝန်က ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို ထိန်းသိမ်းထားဖို့ပဲ....ဘယ်လိုတန်ကြေးမျိုးပဲပေးဆပ်ရပါစေ ဝိဉာဉ်နှင်းစက်တွေကို စုဆောင်းဖို့ နောက်တစ်နေ့နံနက်ရောက်တဲ့အထိ အချိန်ဆွဲထားနိုင်မှဖြစ်မယ်..... နှင်းစက်တွေသာ ငါတို့ရဲ့ဘူးသီးခြောက်ထဲရောက်သွားရင် ကိစ္စပြတ်ပြီ....နောက်ပိုင်း အခိုးခံရရင်တောင် နှင်းစက်တွေ သူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်....."
နှင်းစက်များကို ဘူးသီးခြောက်ထဲမှ ပြန်လည်ထုတ်ယူလို့မရပေ။ဘူးသီးခြောက်ကိုင်ဆောင်ထားသူကို ဖယ်ရှားပစ်ရင်တောင်မှ နှင်းစက်များကိုရရှိနိုင်မည်မဟုတ်ပေ။
ဒါကလည်း ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုသာပင်..... ထိုအချက်သည် ကျောင်းသားများကို ကိုယ်ကျိုးမဖက်ဘဲ တိုက်ခိုက်ရန် တွန်းအားပေးခဲ့ပြီး တိုက်ပွဲတွင် ရွေးချယ်မှုများလည်း ပေးခဲ့သည်။
တိုက်ပွဲတွေကို အတတ်နိုင်ဆုံး သန့်ရှင်းအောင်လုပ်ပေးထားသည့်သဘောပင်....
ဝိဉာဉ်နှင်းစက်တိမ်တိုက်၏ ဖန်တီးရှင်က လုံလောက်သော တိုက်ပွဲများကို စတင်နေပြီဖြစ်သည်။
အကယ်၍ ကျောင်းတစ်ကျောင်းသည် အကာအကွယ်များကို မချိုးဖျက်ဘဲ တစ်ညလုံး ထိန်းထားနိုင်လျှင် ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို ထိုက်တန်စွာပိုင်ဆိုင်နိုင်လိမ့်မည်။
"မျန်မျန်၊ ဝိဉာဉ်နှင်းစက်တွေ သိမ်းပြီးတာနဲ့ ချက်ချင်းပြောနော်...."
"အင်း... နင့်တို့အားလုံး ကံကောင်းပါစေ....ငါ့တာဝန်ကအလွယ်ကူဆုံးပဲလေ....."
ပိုင်မျန်မျန်က ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။
ယုလန်သည် ချောမောလှပသော ကလေးမလေးကို ပျော့ပျောင်းသောအကြည့်များနှင့်ကြည့်နေခဲ့သည်။
"နင့်မျက်နှာပေါ်က ပြန်သိမ်းလိုက်စမ်း...ဒါမှမဟုတ် နင့်ပါးစပ်ကို အပ်နဲ့ချုပ်ပေးလိုက်ရမလား....."
ပိုင်တုတု၏ကြိမ်းမောင်းသံကြောင့် ယုလန်း၏ အပြုံးများ အငွေ့ပျံသွားလေတော့သည်။
"ကောင်းပြီ.... သွားကြရအောင်...."
လီလော့က လက်ခုပ်တီးအချက်ပြလိုက်ပြီး ချိုင့်အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
အခြားသူများ လိုက်သွားကြသည်။
..............................................
သက်တံအလင်းတန်း ကောင်းကင်ယံသို့ ထိုးထွက်လာသောအခါ အဖွဲ့များစွာက ၎င်းကို ချက်ချင်းသတိပြုမိကြသည်။
".ဝိဉာဉ်နှင်းစက်တိမ်တိုက်ရဲ့သက်တန့်အလင်း.... အလင်းတန်းရဲ့တောက်ပမှုအရဆိုအလယ်အလတ်အဆင့်ဖြစ်နိူင်တယ်...." ဟု အဝါရောင်ဝတ် လူငယ်တစ်ဦးက မှတ်ချက်ပေးသည်။
သူ့အသင်းဖော်များ၏မျက်နှာပေါ်တွင် လောဘနှင့် ဆာလောင်မှုများ ထင်ထင်ရှားရှား ပေါ်ထွက်လာကြသည်။
"လျှို့ရှောင်၊ မင်းပေးတဲ့သတင်းက သတင်းကောင်းပဲ....." ဟု အဝါရောင်ဝတ်လူငယ်က သူ့ဘေးနားရှိလူကို ပြောလိုက်သည်။
လျှို့ရှောင်သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း နောက်ဆုံးတိုက်ပွဲအပြီးတွင် လွတ်မြောက်နိုင်ခဲ့သည်။
လျှို့ရှောင်နှင့်စကားပြောနေသော အဝါရောင်ဝတ်လူငယ်သည် သဲသံမဏိကောလိပ် ၏ ကြယ်တစ်ပွင့်ခန်းမခေါင်းဆောင် ကျောက်ရှင်းယင် ဖြစ်သည်။ သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ဖြစ်သည်။
"အလယ်အလတ်အဆင့် ဝိဉာဉ်နှင်းစက်တိမ်တိုက်က ဆွဲဆောင်မှုရှိတဲ့ ဆုတစ်ခုဖြစ်ပေမယ့် ကြယ်တာယာခရီးရှည်ကောလိပ်ကလူတွေ အဲ့ဒီမှာရှိတယ်...သူတို့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူနှစ်ယောက်ရှိနိုင်တယ်လို့ ငါမင်းကိုပြောထားပြီးသား....."
ကျောက်ရှင်းယင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ခန်းမလေးခုမှာ ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ နှစ်ယောက်ရှိတာ အကုန်သိနေတာပဲကို....ခန်းမတစ်ခုထဲမှာ နှစ်ယောက်လား.... အမှန်တော့ ငါ့မှာ သံသယတွေ ရှိတယ်...."
"ငါလည်း မင်းလိုပဲ..."
လျှို့ရှောင် ခေါင်းညိတ်လိုက်သည်။
" ယုလန် အကြောင်းကို ငါသေချာမသိဘူး.... ဒါပေမယ့် လီလော့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်..... ပြီးတော့ သူက တကယ်သန်မာတယ်.."
ကျောက်ရှင်းယင် ဒါကို စဉ်းစားနေခဲ့သည်။ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ... တစ်ဦးတည်းကိုပင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်။ ဉပမာ ကောင်းကင်ငရဲကောလိပ်က လုမင်ဆိုလျှင် တကယ်ခက်ခဲသောပြိုင်ဘက်ဖြစ်ပြီး သူ့ကို ဖြုတ်ချဖို့ အာမခံချက် မရှိပေ။
" ငါတို့ ဝိဉာဉ်နှင်းစက်တိမ်တိုက်ဆီ သွားကြမလား"
လျှို့ရှောင် စိုးရိမ်တကြီး မေးလိုက်သည်။
"ငါတို့ဒီကိုရောက်ကတည်းက မတိုက်ခိုက်ရသေးဘဲ အရှုံးပေးတော့မလို့လား...."
ကျောက်ရှင်းယင်က ခပ်တင်းတင်း ပြုံးပြလိုက်သည်။
"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူတွေရဲ့ အချက်အလက်တွေ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါတို့မှာလည်း ကိုယ်ပိုင်အင်အားနဲ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်.... ဒါ့အပြင် အခြားကောလိပ်က စစ်ကူတွေလည်းရှိသေးတယ်...."
သူသည် အခြားလူများစုဝေးရာ တောအုပ်ဆီသို့ လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်လေသည်။
"မိတ်ဆွေ..... မင်းက သဲသံမဏိကောလိပ်ကလား.... ငါက တော်ဝင်ကျောက်မျက်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခေါင်းဆောင် ကျန်းထးဖူရှင်းပါ...."
တောအုပ်ထဲမှ ကျောင်းသားတစ်ယောက် ထွက်လာသည်။ သူ့တွင် သန်မာသော ကြွက်သားများရှိပြီး မပြိုလဲနိုင်သောကျောက်တောင်နှင့်ပင်တူနေသေးသည်။
"ပြီးတော့ ငါက ကောင်းကင်လမ်းကြောင်းကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခေါင်းဆောင် တင်းချီ.... "
နောက်ထပ် နီရောင်တောက်နေတဲ့ ဆံပင်တွေနဲ့ လူငယ်တစ်ယောက်က ခပ်ပြုံးပြုံးအမူအရာဖြင့် ရှေ့ကို လျှောက်လာနေသည်။
ဤကျောင်းနှစ်ကျောင်းသည် လီလော့တို့ အဖွဲ့ ယခင်က ဖြိုခွင်းခဲ့သော ပူးပေါင်းတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သဖြင့် အခုလို စိတ်အားထက်သန်နေခြင်းဖြစ်သည်။
ကျောက်ရှင်းယင်က သူတို့ကို ပျူငှာစွာပြုံးပြလိုက်ပြီး.....
"ကျုပ်က သဲသံမဏိကောလိပ် ကျောက်ရှင်းယင်ပါ...ဒီအလယ်အလတ်အဆင့် ဝိဉာဉ်နှင်းစက်တိမ်တိုက်ကို ယူဖို့ကိစ္စ ပြောကြရအောင်......"
အခြားတပ်မှူးနှစ်ဦးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းတာပေါ့...."
***