← Chapters

တိုက်ပွဲ

Vol. 34 Ch. 472

တိုက်ပွဲ

Vol. 34 Ch. 472

“ချိုင့်ဝှမ်းကိုသွားဖို့ အဓိက လမ်းကြောင်းသုံးသွယ် ရှိတယ်.... ဗဟိုလမ်းကြောင်းကိုငါတာဝန်ယူလိုက်မယ်....ချင်ဇူလု၊ရိလီရှ မင်းတို့နှစ်ဖွဲ့က ဘယ်ဘက်လမ်းကြောင်းကိုတာဝန်ယူလိုက်..ပိုင်တုတုနဲ့ဝမ်ဟေးကျူတို့ကညာဘက်ကိုတာဝန်ယူ....ယုလန်..မင်းကိုအားလုံးက ပဲ့တင်ထပ်သံနှစ်ခုရှိတယ်လို့ထင်နေကြတော့ မင်းအတွက် ပိုခက်ခဲနိုင်တယ်.... သူတို့က မင်းရဲ့အင်အားကို ပိုအာရုံစိုက်နိုင်ပေမယ့် မင်းဒုက္ခရောက်နေချိန်မှာ၊ ကျန်တဲ့သူတွေအတွက် ပိုလွယ်စေလိမ့်မယ်....."

လီလော့သည် သူ့အကြံအစည်ကို သေချာနားလည်စေရန်အချိန်ပေးသည့်အနေဖြင့်စကားခဏရပ်လိုက်သည်။

"အစောပိုင်းအဆင့်တွေမှာ... ငါတို့ဆီကောလိပ်နှစ်ခု ဒါမှမဟုတ် သုံးခု တစ်ပြိုင်နက် ရောက်လာနိုင်တယ်.... ငါတို့ဘက်က လူအင်အားပေမယ့် ငါတို့ရဲ့ တစ်ဦးချင်း ခွန်းအားကို ယုံကြည်တယ်....."

သူလို အထက်တန်းစား တိုက်ခိုက်ရေးသမားတစ်ယောက်အပြင် ချင်ဇူလုလည်း ရှိသေးသည်။ လီလော့ ကိုယ်တိုင် အနားမှာမရှိခဲ့ရင်တောင် ချင်ဇူလုသည် အသန်မာဆုံး ကျောင်းသားတစ်ယောက်ဖြစ်နေဆဲပင်....

ထို့အပြင် ပိုင်တုတုနှင့်ဝမ်ဟေးကျူတို့သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်းအထွတ်အထိပ်အခြေနေတွင်ရှိနေကြသည်။

ဘယ်၊ညာလမ်းကြောင်းများကြားတွင် ချင်ဇူလုရှိသည့်ဘက်က ပိုမိုလွယ်ကူသွားပုံရပြီး ပိုင်တုတုနှင့်ဝမ်ဟေးကျူတို့ကိုသာ အနည်းငယ်စိတ်ပူရမည်။

"ယုလန်...မင်း ငါ့တို့ဘက်လာမလား..."

ချင်ဇူလုက ယုလန်ကို ကမ်းလှမ်းခဲ့သည်။

သူသည် ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားပြီး ပျော်ရွှင်စွာတိုက်ခိုက်နိုင်လိမ့်မည်။

လီလော့ ခဏလောက် စဉ်းစားသော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။

"မင်းဘက်ကို အသာစီးရဖို့ ရည်မှန်းထားတယ်.....မင်းရဲ့ပြိုင်ဘက်တွေကို မြန်မြန်ပြန်အနိုင်ယူနိုင်ရင် အကောင်းဆုံးပဲ....ယုလန်တို့ဘက်က ဘက်က ဒုက္ခရောက်နေလိမ့်မယ်ဆိုပေမယ့် သူ့ကို စိတ်ပူစရာ မလိုဘူး....."

ယုလန် မျက်လုံးပြူးသွားသည်။

အခု သူက သဲအိတ်ဖြစ်နေပြီလား.....

သို့သော်လည်း လီလော့၏ ရဲရင့်သော အစီအမံကို သူနားလည်ခဲ့သည်။ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို ပုံမှန် ခွဲဝေပေးခြင်းသည် ပိုမိုအားကောင်းသော အင်အားကို ကျော်လွှားရန် အထောက်အကူ ပြုမည်မဟုတ်ပေ။ယခုချိန်တွင် လီလော့ ဖြန့်ခဲ့သော အချက်အလက်အတုများကို ထုတ်သုံးရပေလိမ့်မည်။

"အားလုံးပဲ....ဒါက ငါတို့ရဲ့ ပထမဆုံး တိုက်ပွဲပါ.....ကောလိပ်အတွက်အကောင်းဆုံးကြိုးစားကြမယ်လို့ယုံကြည်ပါတယ်...."

အချင်းချင်း အပြုံးများ ဖလှယ်ကြပြီးမှ သက်ဆိုင်ရာ နေရာများဆီသို့ ထွက်ခွာသွားခဲ့ကြသည်။

လုချင်းအာသည် လီလော့၏ကျောပြင်ကိုကြည့်ပြီးအနည်းငယ် တုံ့ဆိုင်းသွားသည်။

"လီလော့... နင် အဆင်ပြေရဲ့လား?"

လီလော့သည် ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သည်။ထို့ကြောင့် ပစ်မှတ်ထားခံရမှာအသေချာပင်။ သူတစ်ခုခုဖြစ်ခဲ့ရင် အခြားသူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေလိမ့်မည်။ သူတို့ရဲ့ ခံစစ်စည်းကိုလည်း အလယ်ကနေ ကျယ်ပြန့်စွာ ချိုးဖျက်နိုင်ကြလိမ့်မည်။

" ယောက်ျားလေးတစ်ယောက်ကို အဆင်ပြေရဲ့လားလို့ ဘယ်တော့မှ မမေးနဲ့!"

"ဟွန့်...ငါက နင့်ကိုကူညီဖို့ နေပေးမလို့မေးတာ...."

"ကျောင်းသူ လုချင်းအာ...ခေါင်းဆောင်ရဲအမိန့်ကို လိုက်နာဖို့ အကြံပေးပါရစေ.... မင်းက အရမ်းလှပေမဲ့ မနာခံရင် အပြစ်ပေးခံရမှာပဲနော်......"

"ပြောလိုက်ရင် ပေါက်ကရတွေချည်းပဲ...."

သူမသည် အသင်းဖော်များနှင့် ပူးပေါင်းရန် အမြန်ထွက်ခွာမသွားမီ သူ့ကို မျက်လုံးပြူးပြီးကြည့်သွားခဲ့သေးသည်။

လုချင်းအာထွက်သွားသည်နှင့် လီလော့သည်စစ်မြေပြင်တစ်ခုလုံးကို ကောင်းကောင်းမြင်ရသည့် မြင့်မားသော သစ်ပင်ထိပ်သို့ ခုန်တက်လိုက်သည်။

သူသည် သစ်ပင်ထိပ်များကို ဂရုတစိုက်စိုက်ကြည့်ကာ အရွက်များရွေ့လျားမှုများကို စောင့်ကြည့်နေသည်။

အများကြီးရောက်လာကြတာပဲ....

ရောက်လာသူအများစုက ဘယ်၊ညာလမ်းကြောင်းနှစ်ခုဆီသာ ဉီးတည်နေကြသည်။

ရုတ်တရက် အဝါရောင်အဝတ်အစားဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်ဟာ လူအူပ်ထဲက ဖောက်ထွက်ပြီး အနီးနားက သစ်ပင်တစ်ပင်မှာ သတိထားပြီး စောင့်ကြည့်နေသည့် လီလော့ဆီကို ချဉ်းကပ်လာခဲ့သည်။

သူသည် မီတာ 20 သို့မဟုတ် ထိုမျှသာဝေးသည်။

"မင်းက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ကြယ်တစ်ပွင့်ခေါင်းဆောင် လီလော့မဟုတ်လား.... ငါက သဲသံမဏိကောလိပ်ကဘကျောက်ရှင်းယင် ပါ"

လီလော့က ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်းသေချာ ဖုံးကွယ်ထားနိုင်ခဲ့တာပဲ...မင်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေဘာတခုမှမရှိဘူး...."

"အင်း.... ငါတို့ဘက်က မင်းတို့ကို တစ်ယောက်ပြပြီးပြီလေ...အကုန်လုံးထုတ်ပြလို့မှမဖြစ်တာ..."

"မင်း ယုလန်ကိုပြောနေတာလား.... သူက တကယ်ပဲ ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူတစ်ယောက်လား?"

"ဘယ်သူသိနိုင်မလဲ?"

" လီလော့.... ငါ မင်းကို တည့်တည့်ပဲပြောမယ်.....တိမ်တိုက်တစ်ခုလုံးကို မင်းတို့ချည်းပဲယူဖို့ ကြံစည်နေတာလား....."

လီလော့ ခေါင်းညိတ်လိုက်သည်။

"ဝါးနိုင်တာထက် ပိုမကိုက်သင့်ဘူးနော်..."

"ငတ်သေတာထက်စာရင် ပိုစားလိုက်တာက ပိုကောင်းတယ်"

"ငါတို့ ဒီမှာ စုဝေးနေတဲ့ကောလိပ် သုံးခုရှိတယ်...မင်းတို့တွေ ငါတို့အားလုံးကို ရင်ဆိုင်နိုင်မှာလား....."

"ကြိုးစား ကြည့်ရမှာပေါ့..."

"လီလော့... မင်းဆန္ဒရှိရင် သဲသံမဏိကောလိပ်က မင်းနဲ့အတူ အလုပ်လုပ်နိုင်တယ်....ငါတို့နဲ့ လက်တွဲပြီး တခြားကျောင်းနှစ်ကျောင်းကို ဖယ်ထုတ်လိုက်ရအောင်..."

"မင်းရဲ့ မဟာမိတ်တွေကို ဒီလောက်မြန်မြန် သစ္စာဖောက်တော့မယ်ပေါ့...?"

လီလော့ အံ့သြသွားသည်။

"ငါတို့က မဟာမိတ်တွေ မဟုတ်ဘူး....ဝိဉာဉ်နှင်းစက်တိမ်တိုက်အတွက် အတူတူ လာခဲ့ကြရုံပဲ.... ဒါကြောင့်မို့ ဘယ်သူနဲ့မဆိုပူးပေါင်းလို့ရတယ်....."

"ငါ သူတို့ကိုပြောပြလိုက်မှာမစိုးရိမ်ဘူးလား..."

"သူတို့ မင်းကို ယုံမှာမဟုတ်သလို ငါကလည်း... ဝန်ခံမှာ မဟုတ်ဘူး...လာစမ်းပါလီလော့ရာ...မင်းအဲ့လောက်မပိန်းပါဘူး....."

" ကောင်းပြီ.... မင်းဘယ်လောက်လိုချင်လဲ"

"တစ်ဝက်...."

လီလော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟားးးဟားးးးး မင်းလည်း တော်တော် လောဘကြီးတာပဲ.... ကြည့်ရတာပူးပေါင်းဖို့မဖြစ်နိုင်တော့ဘူးထင်တယ်...."

" ယုံကြည်မှုသိပ်ရှိနေတယ်ပေါ့...."

"ဒီလိုဆိုရင်ရော.. မင်း ဟိုခေါင်းဆောင်သုံးယောက်နဲ့တိုက်လိုက်....မင်းနိုင်ရင် နှင်းစက်တစ်ဝက်ပေးမယ်...မင်းရှုံးရင် ငါတို့ကိုလွှတ်ပေး...."

"မင်းက ငါတို့ကို သုံးယောက် တစ်ယောက် တိုက်စေချင်နေတာလား....လီလော့..မင်း ယုတ်မာလှချည်လား....."

"လူတစ်ယောက်ရဲ့ ကန့်သတ်ချက်တွေကို ရှာရတာ ကောင်းတဲ့အရာပဲလေ "

"မင်းရဲ့ ကောင်းမွန်လှတဲ့ကမ်းလှမ်းချက်ကို ငြင်းပါရစေ....လီလော့...ငါတို့ဘက်ကလူအင်အားများတယ်....မင်း သေချာစဉ်းစားနော်....."

"သနားစရာပဲ..."

လီလော့ သက်ပြင်းချလိုက်သည်။ အမှန်မှာ၊ ကျောက်ရှင်းယင်သည်လည်း နုံအသူမဟုတ်ပေ။

"ကဲ..ညှိနှိုင်းလို့မရတဲ့အတွက် ဒီစကားဝိုင်းက ပြီးသွားပြီ....သဲသံမဏိကောလိပ်၊ကောင်းကင်လမ်းကြောင်းကောလိပ်၊ကောင်းကင်ငရဲကောလိပ်နဲ့ တော်ဝင်ကျောက်မျက်ကောလိပ်ရဲ့ ကိုယ်စား မင်းကိုစစ်ကြေငြာလိုက်ပြီ.....ဒါပေမယ့် မင်းကို လေးစားတဲ့အနေနဲ့ ကျန်တဲ့ခေါင်းဆောင် သုံးယောက်စလုံး မင်းကို လာတွေ့လိမ့်မယ်.... "

စကားဆုံးသည်နှင့်ကျောက်ရှင်းယင်က လက်ကို လေထဲသို့ မြှောက်လိုက်ပြီး ကန့်လန့်ဖြတ် လှုပ်ရှားလိုက်သည်။

ထိုအခါ......

နေဝင်ရီတရောညနေခင်းတွင် ပိုးစုန်းကြူးများကဲ့သို့သော ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။

***

All Chapters