တပ်ဖွဲ့ဝင်များ တွေ့ဆုံခြင်း
Vol. 34 Ch. 473
သစ်တောတစ်လျှောက်တွင် ပဲ့တင်ထပ်သံ စွမ်းအားစုများ မြင့်တက်လာခြင်းနှင့်အတူ ဝိဉာဉ်နှင်းစက်တိမ်တိုက်အတွက် တိုက်ပွဲစတင်ခဲ့သည်။
လီလော့သည် ရန်သူများစွာနှင့်ရင်ဆိုင်နေရသော်လည်း တည်ငြိမ်နေဆဲပင်....
သူသည် ပဲ့တင်ထပ်သံစွမ်းအားမီးတောက်များ သူ့ထံသို့ ချဉ်းကပ်လာသည်ကိုပင် လေ့လာထားနေသည့် အမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။ ၎င်းတို့ထဲမှ သုံးဦးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်တွင် ရှိနေသည်ကို သူမြင်နိုင်သည်။
ထိုအထဲတွင် ကျောက်ရှင်းယင်လည်းပါနေသည်။
ဤသုံးပါးသည် ကောလိပ်သုံးခု၏ ခေါင်းဆောင်များဖြစ်လိမ့်မည်။
သေချာတာကတော့ သူတို့ အရမ်းသန်မာကြသည်။
သို့သော်လည်း သူတို့ ဤမျှလောက် သန်မာသည်က်ု သံသယဝင်နေစရာမလိုခဲ့ပေ။ ၎င်းတို့သည်သက်ဆိုင်ရာ အတန်းများ၏ ထိပ်တန်းအဆင့်ကျောင်းသားများဖြစ်ကြပြီး ဂုဏ်ပြုရန်စောင့်ဆိုင်းနေသော ဂန္ထဝင်စွမ်းရည်များ၏ပေါင်းစပ်မှုနှင့် ၎င်းတို့၏ကျောင်းများမှ ထိုဂုဏ်သတင်းများကို ဖြည့်ဆည်းပေးရန်အတွက် အရင်းအမြစ်များကိုရက်ရက်ရောရောပေးကမ်းခဲ့မည်သာ...
ထိုသို့သောသူများကို အားနည်းမည်ဟုတွေးနေခြင်းကသာ ရူးမိုက်ရာကျပေလိမ့်မည်။
သူတို့ သုံးယောက် တစုတစည်းတည်း ပေါင်းစည်းထားဖို့ တွန်းအားတစ်ခုသာလိုအပ်ခဲ့သည်။
သူတို့သည် လီလော့နှင့် မီတာအနည်းငယ်အကွာတွင် အရှိန်လျှော့လိုက်ကြသည်။
ကျောက်ရှင်းယင်က သူ့ကို ပြုံးပြလိုက်ပြီး...
" လီလော့၊ ဒါက တော်ဝင်ကျောက်မျက်ကောလိပ်ရဲ့ တပ်မှူးကျန်းဖူရှင်း ...နောက်တစ်ယောက်က ကောင်းကင်လမ်းကြောင်းကောလိပ်ရဲ့တင်းချီ...."
လီလော့က သူတို့ကို ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်ရှင်းယင် သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေမှန်း သူသိသည်။
သန်မာသော တပ်မှူးသုံးဦး.....
" လီလော့... ငါတစ်ခုလောက်မေးမယ်....မင်း ဝိဉာဉ်နှင်းစက်တိမ်တိုက် တစ်ခုလုံးကို မင်းကိုယ်တိုင်သိမ်းထားဖို့ ရည်ရွယ်ထားလား..."
ကျန်းဖူရှင်းက ရင်ခေါင်းသံဖြင့် မေးလိုက်သည်ကို လီလော့ကလည်း ခေါင်းညိတ်လိုက်သည်။
" လီလော့...ဒီတိုက်ပွဲက တခြားကောလိပ်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်....သူတို့တွေအခုထိမလှုပ်ရှားကြသေးပေမယ့် မင်းရဲ့ခံစစ်စည်းမှာ အားနည်းချက် ပေါ်လာတာနဲ့...သွေးညှီနဲ့ရတဲ့အသားစားငါးတွေလို ဝိုင်းအုံလာလိမ့်မယ်....."
"အင်း... ဒါဆို ငါ့ခံစစ်လိုင်းမှာ အားနည်းတဲ့ အရိပ်အယောင်တွေ မပေါ်အောင် တားမယ်..."
လီလော့ ရယ်မောလိုက်ပြန်သည်။
"မင်း ငါတို့သုံးယောက်ကို ဥပမာပေးချင်လို့ စိန်ခေါ်လိုက်တာလား...."
"မရဘူးလား?"
"မင်းကိုယ်မင်း ကျင်းထန်ရှု၊ စွန်းတရှန် ဒါမှမဟုတ် လုမင်တို့နဲ့ အဆင့်အတန်းတူတယ်လို့ထင်နေတာလား.... မင်းက တကယ်သန်မာတယ်ဆို ဘာလို့နာမည်မကြီးတာလဲ...."
"အင်း... ဒီနေ့ပြီးရင် သေချာပေါက်နာမည်ကြီးလာမှာပါ....."
သုံးယောက်သား မည်သို့တုံ့ပြန်ရမည်မှန်း မသေချာသောကြောင့် ထိုအစားတိုက်ခိုက်ဖို့သာ စွမ်းအားများ ဆင့်ခေါ်လိုက်လေသည်။
ကျောက်ရှင်းယင်၏ ပဲ့တင်ထပ်သံသည် နက်ရွှေရောင်သတ္တုပဲ့တင်ထပ်သံဖြစ်သော်လည်း မာကြောခိုင်ခံခြင်းမရှိဘဲ မြွေလိမ်မြွေကောက်သဏ္ဍာန်ဖြစ်နေသည်။
ကျန်းဖူရှင်း၏ ပဲ့တင်ထပ်သံ စွမ်းအားသည် အနက်ရောင်ဖြစ်ပြီး နတ်ဆိုးတိုက်ပွဲဝင်နွားသိုးပဲ့တင်ထပ်သံဖြစ်သည်။
တင်းချီတွင် သာမာန်မီးပဲ့တင်ထပ်သံရှိပြီး သူ၏ခြေထောက်အောင်ရှိ သစ်ရွက်များကို ပြာမှုန့်အဖြစ်သို့ ချက်ချင်းပြောင်းသွားစေသည်။
သုံးယောက်စလုံး တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်နေသော်လည်း လီလော့၏အတိမ်အနက်ကို ရူးရူးအးမိုက်မိုက်စမ်းသပ်လောက်သည်အထိ မမိုက်မဲကြပေ။ လီလော့ အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ၎င်းတို့၏တစ်ခုတည်းသောရည်မှန်းချက်မှာ သူ့ကိုအနိုင်ယူပြီး ဝိဉာဉ်နှင်းစက်တိမ်တိုက်ကိုရယူရန်ဖြစ်သည်။
ထို့အပြင် လီလော့သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ခေါင်းဆောင်ဖြစ်သည်။ သူရှုံးနိမ့်သည်နှင့် ကျန်အဖွဲ့သားများ ဆုတ်ယုတ်သွားလိမ့်မည်။
ဝှစ်....ဝှစ်.....
ကျောက်ရှင်းယင်ကပထမဦးစွာ လှုပ်ရှားလိုက်ပြီး သူ၏ရွှေနွယ်ပင်များသည် လျှပ်စီးလက်သလို လျင်မြန်စွာ လွင့်ထွက်သွားသည်။
ချွန်ထက်သော ကြာပွတ်ရိုက်သံနှင့်တူသော အက်ကွဲသံသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
လီလော့ မြေပြင်ပေါ် ခြေတစ်လှမ်းချကာ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားကို နှိုးဆွလိုက်သည်။
"သစ်နွယ်ပင်ပေါင်းစည်းခြင်း... "
ကျောက်ရှင်းယင်၏တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် သစ်ပင်တစ်ပင် မြေပြင်မှပေါက်ထွက်လာပြီး စပျစ်နွယ်ပင်များအဖြစ်အခက်အလက်များဆန့်ထွက်လာသည်။
ရွှေရောင်နှင့် အညိုရောင် စပျစ်နွယ်ပင်များသည် အံ့သြဖွယ်ကောင်းသော အရောင်အသွေးတို့ဖြင့် တစ်ခုနှင့်တစ်ခု ရစ်ပတ်ထားသည်။
အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကျန်းဖူရှင်းသည် အလွန်ကြီးမားသော ပုဆိန်ကို ဆုပ်ကိုင်ထားသည်။ သူသည် မြေပြင်ကို တုန်ခါစေလောက်သောခွန်အားဖြင့် ရှေ့တိုးလာခဲ့သည်။
သို့သော် လီလော့ကတော့ မတုန်မလှုပ်ပင်။ လျင်မြန်သောလှည့်ကွက်ဖြင့် သူ့လက်ထဲတွင်ရှိသော ကျန်းစဲ့ယွီ့ရှန်းဓားဖြင့် ကျန်းဖူရှင်း၏ပုဆိန်ကြီးကို ခုခံလိုက်သည်။
ထန်....
သတ္တုမြည်သံသည် ၎င်းတို့၏လက်နက်များမှ ပဲ့တင်ထပ်သံ စွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်လာသည်။
"ဥက္ကာပျံပုလဲ!"
လီလော့၏ မျက်နှာဆီသို့ မီးလုံးတစ်ခု ရောက်ရှိလာသည်။
ဖွီးးးးးး
လီလော့၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်သံဖြင့်ဖန်တီးထားသော မြှားတံလွင့်ထွက်လာပြီး မီးလုံးကြီးကို ဖြိုခွင််းလိုက်လေသည်။
သုံးယောက်သား တိုက်ပွဲသည် သေလောက်အောင်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေခဲ့သည်။
လီလော့သည် ၎င်းတို့၏ တိုက်ခိုက်မှုများမှ ရုန်းထွက်နိုင်သော်လည်း ဆုတ်ခွာရန် မရွေးချယ်ဘဲ ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲပင်....
သူသည် ထိုသုံးယောက်စလုံး၏ တိုက်ခိုက်မှုအားလုံးကို ထိပ်တိုက်တွေ့ပြီး ပိုမိုအားကောင်းသောစွမ်းအားဖြင့် အနိုင်ယူခဲ့သည်။
သူ၏ ရေလင်း ပဲ့တင်ထပ်သံနန်းတော်အတွင်းတွင်.....
ရေကန်ထဲမှ ရေများသည် လှိုင်းထလာသကဲ့သို့တုန်ခါနေပြီး ကြီးမားသော နေရောင်သည် သူ့အတွင်း၌ တောက်ပနေ၏။
သူ၏ မြေ သစ်သားပဲ့တင်ထပ်သံ နန်းတော်အတွင်း၌ စိမ်းလန်းစိုပြေသော ရှန်းလိသစ်ပင်ကြီးတစ်ပင်သည် ၎င်း၏အမြစ်များကို မြေကြီးထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်ပြီး ၎င်း၏အကိုင်းအခက်များကို အကန့်အသတ်မရှိ ဆန့်ထုတ်လိုက်သည်။
နှစ်ခုစလုံးက လီလော့ကို ပဲ့တင်ထပ်သံ စွမ်းအားများ အကန့်အသတ်မရှိ ထောက်ပံပေးနေကြသည်။
ကလန်.....
ကျန်းစဲ့ယွီရှန်းဓားသည် ပါးလွှာသော်လည်း ၎င်းသည် ရန်သူ၏ ရက်စက်ကြမ်းကြုတ်သော ပုဆိန်ကို လျင်မြန်ထိရောက်စွာတွန်းလှန်လိုက်သည်။ဓားသွားကို အပြာရောင်စွမ်းအားဖြင့် ဖုံးအုပ်ထားပြီး ရံဖန်ရံခါ ဓါးသွားမှစွမ်းအားများ ဖိတ်စင်ထွက်လာသည်။ လီလော့သည် ကျောက်ရှင်းယင်နှင့်တင်းချီတို့ကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့သည်။
သူသည် လက်နှစ်ဖက်ကို ပူးကပ်လိုက််ပြီး ပဲ့တင်ထပ်သံ စွမ်းအားများကို ပေါင်းစပ်ထားသည်။
ပဲ့တင်ထပ်သံနှစ်ခု .......
ဝုန်းးးးးးး
ရေစီးကြောင်းများပါဝင်နေသည့် လခြမ်းလေးများ လေထုထဲသို့ ဖြတ်သွားသည်။ လီလော့၏ ရေအစွန်အဖျားပညာရပ်သည် ရေ
လင်းပဲ့တင်ထပ်သံ စွမ်းအားကြောင့် အမြင့်ဆုံးအထိ မြှင့်ထားနိုင်ခဲ့သည်။ ကျန်းစဲ့ယွီရှန်းဓားကဲ့သို့ ထိုက်တန်သော ဓားတစ်လက်ကြောင့် ပို၍ပင်အားကောင်းနေလေတော့သည်။
ကျောက်ရှင်းယင်နှင့် သူ၏ မဟာမိတ်များ ချက်ချင် နားလည်နိုင်ခဲ့သည် ။ သူတို့သည် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ကြသဖြင့် အတွေ့အကြုံများကြောင့် ဤတိုက်ခိုက်မှုကို ရှောင်လွှဲ၍မရနိုင်ကြောင်း နားလည်လိုက်ကြသည်။ ယ
ထို့ကြောင့် ကြွေးကြော်သံနှင့်အတူ စုစည်း၍ တိုက်ခိုက်ရန် ခွန်အားများကို ပေါင်းစပ်လိုက်ကြသည်။
ကလန်.......
ပြင်းထန်လွန်းသည့် တိုက်ပွဲပင်.....
လီလော့သည် နေရာတွင်ပင် ယိမ်းယိုင်သွားခဲ့ပြီး ကျောက်ရှင်းယင နှင့် အခြားလူများကတော့ ခြေလှမ်းတစ်ဒါဇင်ခန့် နောက်ဆုတ်သွားခဲ့သည်။
"ရေပဲ့တင်ထပ်သံ... သစ်သားပဲ့တင်ထပ်သံ... ဘယ်လောက်ခွန်အားကြီးလိုက်သလဲ.... ဒါဆို လီလော့မှာ တကယ်ပဲ့တင်ထပ်သံနှစ်ခုရှိနေတာပေါ့...."
၎င်းတို့လေးဦးစလုံးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်တွင်ရှိနေသော်လည်း လီလော့သည် ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးရခဲ့သည်။ ဤသည်မှာ စစ်မှန်သော ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူတစ်ဦးသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။
နောက်ဆုံးတွင်၊ သူ့တွင် ပဲ့တင်ထပ်သံနန်းတော်နှစ်ခုရှိသည်၊ ထို့ကြောင့် သူ၏အမြင့်ဆုံး ပဲ့တင်ထပ်သံစွမ်းအားသည် ၎င်းတို့ထက် များစွာမြင့်မားသည်။
အကယ်၍ သူတို့သာ စည်းလုံးမှုမရှိပါက၊ ထိုတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
လီလော့က ဘာမှပြန်မဖြေဘဲ ခက်ထန်သော အပြုံးဖြင့် ဓားကို ဖြည်းညှင်းစွာ မြှောက်နေသောကြောင့် သူ့ပြိုင်ဘက် သုံးယောက်စလုံး တုန်လှုပ်သွားသည်။
"လီလော့....မင်းက အရမ်းသန်မာတယ်၊ ငါတို့ မင်းကို တစ်ဦးချင်းတိုက်ရင် ရှုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး.... မင်း တိုက်ပွဲကို အောင်နိုင်ပေမယ့် စစ်ပွဲကို ရှုံးလိမ့်မယ်..."
"ငါတို့အဖွဲ့တွေ အခြားလမ်းကြောင်းနှစ်ခုဆီ ချီတက်နေကြတယ်.... သူတို့သာ ဝိဉာဉ်နှင်းစက်တိမ်တိုက်အတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်သရွေ့ မင်း ငါတို့ကိုထုတ်ပယ်လိုက်လဲကိစ္စမရှိဘူး....."
“နောက်ပြီး နောက်ထပ်အဖွဲ့တွေက အခွင့်အလမ်းတွေကို စောင့်ကြည့်ရင်း အရိပ်ထဲမှာ ပုန်းနေကြတုန်းပဲဆိုတာ မင်းလည်း သဘောပေါက်မှာပါ.... ငါတို့တွေသာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရအောင်လုပ်လိုက်ရင် တခြားသူတွေကို အမြတ်ထုတ်ဖို့အခွင့်ရေးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်....ဒီအချိန်က လိုက်လျောမှုတွေ လုပ်သင့်တဲ့အချိန်ပဲ.....”
လီလော့က သူ့ကို မယိမ်းယိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“ ငါ့အဖော်တွေကို ယုံတယ်.....သူတို့ကို ကျော်ဖြတ်ဖို့ သိပ်လွယ်မှာ မဟုတ်ဘူး....ဒါ့အပြင် ပွဲလန့်တုန်းဖျာခင်းမယ့်သူတွေကိုလည်း ဂရုမစိုက်ဘူး.... မင်းသုံးယောက်ကို ဖျက်ဆီးပစ်ဖို့ပဲလိုတယ်...ဒါဆို ဘယ်သူမှ နောက်ထပ် လှုပ်ရှားဝံ့မှာ မဟုတ်ဘူး....”
ညှိမရသည့်အဆုံး တိုက်ခိုက်ဖို့သာကျန်တော့သည်။
"ကောင်းပြီ....ဒါဆို ပဲ့တင်ထပ်သံနှစ်ခုက တခြားသူတွေပြောသလို ကြီးမြတ်သလား...ဒါမှမဟုတ်မင်းကပဲလေကျယ်နေတာလားဆိုတာ ငါတို့ကိုယ်တိုင် သိအောင်လုပ်တော့မယ်....."
***