လမ်းကြောင်းနှစ်ခု *
Vol. 34 Ch. 474
လီလော့သည်ကျောက်ရှင်းယင်နှင့် အခြားသော တပ်မှူးနှစ်ဦးကို တိုက်ခိုက်နေချိန်တွင် အခြားလမ်းကြောင်းနှစ်ခုတွင်လည်း အလားတူ ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်။
ချင်ဇူလု၏ ရွှေကျားနတ်ဆိုးကိုယ်ပွားသည် ဒေါသတကြီးဖြင့် တိုက်ခိုက်နေစဉ် စွမ်းအားအပြည့်ဖြင့် ဟိန်းဟောက်နေသည်။ ချင်ဇူလု၏ ရန်လိုသောဗီဇကို ဆွဲထုတ်နိုင်ဖို့သိပ်မခက်ခဲခဲ့ပေ။
သူ၏ လေးလံသောလှံသည် ပြိုင်ဘက်သုံးဦးကို တစ်ပြိုင်နက်တည်း အနိုင်ယူလိုက်ချိန်တွင် သူ့လက်ထဲတွင် လေးလံစွာ လှုပ်ယမ်းသွားခဲ့သည်။
ချင်ဇူလုနှင့် တိုက်ခိုက်နေသူသုံးဦးစလုံးသည်ပုံသဏ္ဍာန်ပြောင်းလဲခြင်းပထမအဆင့်များဖြစ်ကြပြီး လူအင်အားအသာစီးရထားသော်လည်း ဖိအားပေးခြင်းကို ဆက်တိုက်ခံနေရသည်။
ချင်ဇူလု၏ စွမ်းအားသည်အငြင်းပွားဖွယ်ရာမရှိပေ။ထိပ်တန်းခေါင်းဆောင်သုံးယောက်ကိုလီလော့ထိန်းထားသဖြင့် ချင်ဇူလုသည် ရေကန်ထဲမှငါးသဖွယ် စိတ်ကြိုက်တိုက်ခိုက်နိုင်ပြီဖြစ်သည်။
မဟာမိတ်တပ်ဖွဲ့များသည် ချင်ဇူလုကို ကိုင်တွယ်ရန် အသန်မာဆုံး ကျောင်းသားသုံးဦးကို တာဝန်ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
သို့သော်လည်း ရလဒ်မကောင်းခဲ့ကြပေ။
ချင်ဇူလုသည် စစ်မြေပြင်ရှိ ဘီလူးတစ်ကောင်ဖြစ်ပြီး လှုပ်ရှားမှု သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးအရဖြစ်စေ သူသည် မဆုတ်မနစ်သောတိုက်ခိုက်မှုတွင်သာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားခဲ့သည်။
သို့သော် သူသည် အကာအကွယ်မဲ့သူမဟုတ်ပေ။
တောက်ပသောရေခဲချပ်ဝတ်တစ်ခုသည် သူ့ခန္ဓာကိုယ်၏ အရေးကြီးသောနေရာများကို ဖုံးအုပ်ထားပြီး၊ သူ၏လှုပ်ရှားမှုများကို ကန့်သတ်မထားဘဲ ဝင်လာသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို တားဆီးပေးထားသည်။ ၎င်းသည် သူ၏ခုခံအားကို သိသိသာသာ အားကောင်းစေရုံသာမက၊ ချပ်ဝတ်တန်ဆာကိုယ်တိုင်က တိုက်ခိုက်သူများကို ထုံကျဉ်သွားစေသည့် ပြင်းထန်သောစွမ်းအားများဖြင့် တိုက်ခိုက်မှုများကို တန်ပြန်စေမည်ဖြစ်သည်။
ဤသည်မှာ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပင်.....
ဤစိတ်ပျက်စရာကောင်းလောက်အောင် အသုံးတည့်သောချပ်ဝတ်တန်ဆာကို ချင်ဇူလုတို့၏အဖွဲ့ထဲက လှပသောမိန်းကလေးက ထောက်ပံ့ပေးထားသည်။ သူမသည် လက်ရှိတွင် အဆင့်အတန်းမြင့်သော ရေခဲပဲ့တင်ထပ်သံကို ကျွမ်းကျင်စွာ အသုံးပြုနေခဲ့သည်။
ချင်ဇူလုနှင့် တိုက်ခိုက်နေသော သုံးယောက်သည် အံကြိတ်ကာ အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားကြသည်။ လျှို့ဝှက်စွာဖြင့်လည်း အခြားတိုက်ခိုက်ရေးသမားများ စစ်ကူပေးလာဖို့ ဆုတောင်းခဲ့ကြသည်။
တခြားတိုက်ခိုက်ရေးသမားတွေလည်း အခြေနေမကောင်းကြပေ။
ရိလိရှတို့အဖွဲ့သည် ၎င်းတို့၏ပြိုင်ဘက်များကို တွန်းလှန်ပြီး တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် ယင်ယွဲ့သည် ချင်ဇူလုတို့ဘက်မှနေ၍ကောင်းမွန်စွာ ပံပိုးပေးနေသည်။
လုချင်းအာသည် ဤတိုက်ပွဲတွင် သူမ၏တန်ဖိုးကို အမှန်တကယ် သက်သေပြခဲ့သည်။ သူမသည် တစ်ကိုယ်တော် ချင်ဇူလုကို အကာအကွယ်ပေးရုံသာမက ပြိုင်ဘက်ငါးဦးလုံးကိုပါ တပြိုက်နက်တည်း ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ထိုငါးဦးသည် ခေါင်းဆောင်များကိုကူညီဖို့ မတတ်နိုင်ကြတော့ပေ။
တစ်ဖက်တွင်မူ လုချင်းအာ၏ ရေခဲပဲ့တင်ထပ်သံသည် အဆင့်ရှစ်သို့ ရောက်ပြီးကတည်းက သူမ၏ကျင့်ကြံမှု အရှိန် တိုးလာသည်။ ကျောင်းကပေးသော အရင်းအမြစ်များကြောင့် သူမသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ဖြစ်နေပြီဖြစ်ပြီး ချင်ဇူလုနှင့်လီလော့တို့အပြင် အခြားအဖွဲ့ခေါင်းဆောင်များကိုပါ အံ့အားသင့်စေခဲ့သည်။
လုချင်းအာ၏ ပတ်ပတ်လည်တွင် နှင်းပွင့်များ လှည့်ပတ်နေပြီး သူမ၏ခြေထောက်အောက်ရှိ သစ်ရွက်ခြောက်များ အေးခဲမာကျောကာ ကြွပ်ဆတ်သွားလေသည်။ သူမသည် ပြိုင်ဘက်များကို အေးစက်စွာကြည့်ကာ ရေခဲ-ပိုးလက်အိတ်ကိုချွတ်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
သူမ၏ ပြိုင်ဘက်ငါးဦးစလုံး တုန်လှုပ်သွားသည်။
လုချင်းအာ တုံ့ဆိုင်းမနေခဲ့ပေ။ နှင်းဖြူရောင် ပဲ့တင်ထပ်သံစွမ်းအားများသည် သူမ၏ သွယ်လျသော လက်များမှ ထွက်လာပြီး ကံဆိုးသော ရန်သူများထံသို့ တည့်တည့်ကြီး တိုးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ နှုတ်ခမ်းများမှ ပြင်းထန်အေးစက်သော အမှုန်အမွှားများကို မှုတ်ထုတ်ကာ သူတို့၏ အမြင်အာရုံကို ထိခိုက်စေပြီး ခြေလှမ်းများကို နှေးကွေးစေခဲ့သည်။
ငါးယောက်သား အတင်းအကြပ် ခုခံကာကွယ်ခပြီး မြူခိုးတွေထဲ ခိုကိုးရာမဲ့ ပြေးလွှားနေကြရှာသည်။
ခြုံငုံသုံးသပ်ရရင် ချင်ဇူလုရဲ့ လမ်းကြောင်းက အခြေနေကောင်းနေသည်ဟုဆိုနိုင်သည်။
ကံမကောင်းနိုင်သည်က ပိုင်တုတုနှင့် ဝမ်ဟေးကျူတို့သာပင်.....
ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူဖြစ်သည်ဟူသော ကောလဟာလသတင်းများကြောင့် ယုလန်ကိုရင်ဆိုင်ဖို့ ကျောင်းသုံးကျောင်းက အရေအတွက်များစွာစေလွှတ်ခဲ့သည်။
"တစ်၊ နှစ်၊ သုံး... ခြောက်ဖွဲ့....?"
ယုလန်သည် ဆန့်ကျင်ဘက်အင်အားစုကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
"ငါတို့မှာ တပ်ဖွဲ့နှစ်စုပဲရှိတယ်..ဒီလောက် အများကြီးကို ဘယ်လိုတိုက်ရမလဲ...."
"ကြောက်လား?"
ပိုင်တုတုကလည်း သူ့ကို စိုက်ကြည့်နေသည်။
ယုလန် ခေါင်းယမ်းလိုက်သည်။
“ဟင့်အင်း..... ငါမကြောက်ပါဘူး....ဘာပဲပြောပြော သူတို့မှာ လူတွေအများကြီးရှိလို့ ငါတို့ကို ကျော်ဖြတ်နိုင်မယ်လို့တွေးနေကြမှာပဲ... သူတို့သာ ချိုင့်ဝှမ်းထဲရောက်သွားရင် ငါတို့ဒုက္ခရောက်လိမ့်မယ်..... “
ပိုင်တုတုက မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး.... အားလုံးအတူကြိုးစားရမှာပဲ....."
ယုလန် ခေါင်းတဗျင်းဗျင်းကုပ်နေလေပြီ ....
"ကောင်းပြီ၊ ငါဆိုလိုတာက... သူတို့အားလုံးကို တည့်တည့်တိုက်ဖို့ ခက်လိမ့်မယ်...
" ယုလန်...ပြောစရာရှိတာအမြန်ပြောဝေ့မနေနဲ့....."
"ဝေ့နေတာမဟုတ်ပါဘူး...ငါစဉ်းစားနေတာက ......"
သူက တုန်လှုပ်နေသော ဝမ်ဟေးကျူကို ကြည့်လိုက်ပြီး....
"ငါတို့ ကိုယ့်ကိုကိုယ် ကာကွယ်ထားပြီး
အဆိပ်ငွေ့တွေ လွှတ်လိုက်မယ်ဆိုရင်ရော....."
"စကားကိုဆင်ခြင်ပြော..."
ဝမ်ဟေးကျူ ထအော်လိုက်သည်။
"ကဲ၊ စိတ်မဆိုးပါနဲ့...ငါပြောချင်တာက မင်းရဲ့အဆိပ်ပဲ့တင်ထပ်သံက ငါတို့ကို ကူညီပေးနိုင်တယ်လို့ပြောချင်တာပါ...."
ဝမ်ဟေးကျူ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ရဲ့ အဆိပ်ပဲ့တင်ထပ်သံက အားလုံးကိုတိုက်ခိုက်နိုင်လောက်တဲ့အထိ အစွမ်းထက်တာမဟုတ်ဘူး.... သူတို့မှာ မြေ ဒါမှမဟုတ် ရေပဲ့တင်ထပ်သံအသုံးပြုသူတွေရှိရင် အလွယ်တကူ ပျက်ပြယ်သွားလိမ့်မယ်။ ဒါ့အပြင် အဆိပ်ဓာတ်ငွေ့တွေက အလုံပိတ်ဧရိယာမှာပဲ အကောင်းဆုံးအလုပ်လုပ်တယ်....."
"ရတယ်..အဲ့အတွက်စိတ်မပူနဲ့...." ဟု ယုလန်က အာမခံလိုက်သည်။
"ငါသိချင်တာက သူတို့ကို အလုံပိတ်ဧရိယာထိရောက်အောင် ဆွဲဆောင်နိုင်ရင် မင်းအဆိပ်က သူတို့ကို ဖြိုခွင်းနိုင်ပါ့မလား..."
ဝမ်ဟေးကျူ ခဏလောက်စဉ်းစားပြီးနောက်....
“ငါ့မှာ အဆိပ်ငွေ့ကို ခဏတာ အားကောင်းစေနိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုရှိတယ်....တကယ်လို့ သူတို့ကို အလုံပိတ်ထားတဲ့ ပတ်ဝန်းကျင်မှာ ဖမ်းထားနိုင်ရင် အဆင်ပြေပြီ....."
"ကောင်းပြီ!"
"နင် အပြင်ထွက်ပြီး ဓားစာခံလုပ်မလို့လား...."
ပိုင်တုတု ထိုသို့မေးသောအခါ ယုလန်သက်ပြင်းချလိုက်သည်။
"ငါကလွဲရင်ဘယ်သူရှိသေးလို့လဲ.. ... သူတို့က ငါ့ကို ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူလို့ ထင်ထားပြီးသား.... သူတို့ကို ဆွဲဆောင်နိုင်တဲ့ စွမ်းအား ငါ့မှာ ရှိတယ်.... ငါတို့ လိုချင်တဲ့ နေရာကို ရောက်တာနဲ့ အဆိပ်ငွေ့လွှတ်လိုက်မယ်.... ငါ့ကို စိတ်မပူပါနဲ့ ...ငါတို့ အချိန်ဖြုန်းရင် သူတို့ ထွက်ပြေးကုန်လိမ့်မယ်”
ဝမ်ဟေးကျူက သူ့ကို သံသယစိတ်နဲ့ ကြည့်လိုက်ပြီး....
"ငါ့အဆိပ်က ရယ်စရာမဟုတ်ဘူး... မင်းတော်တော်လေး အားနည်းနေပြီ။ အဆိပ်ငွေ့တွေ မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်တာနဲ့ ဒုက္ခရောက်လိမ့်မယ်....."
"မရဘူး...မပိရိရင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး အလဟသ ဖြစ်သွားလိမ့်မယ်...."
ဝမ်ဟေးကျူသည် ယုလန်ကို အမြင်သစ်ဖြင့် ကြည့်လိုက်သည်။ ဤအခိုက်အတန့်အထိ၊ သူသည် ဤလူကို အနည်းနှင့်အများ အာရုံစိုက်ခဲ့ဖူးသော်လည်း ယခုအခါတွင် သူ့ကိုယ်သူ အနစ်နာခံလိုစိတ်ကြောင့် အနည်းငယ် လေးစားနေမိခဲ့သည်။
ပိုင်တုတုပင်လျှင်လေသံပျော့သွားခဲ့သည်။
“ ဂရုစိုက်ပါ....”
အစီအစဉ်ကို သူမ မကန့်ကွက်ခဲ့ပေ။ အမှန်ပင်၊ ဤအချိန်သည် သူရဲကောင်းများ လိုအပ်နေချိန်ဖြစ်သည်။
အခြားသူများ၏ လေးစားသောအကြည့်များက ယုလန်ကို ဘုရင်တစ်ပါးလိုခံစားရစေသည်။
" ဝမ်ဟေးကျူ....မင်း ငါ့ကိုတော့ အဆိပ်မခတ်လောက်ပါဘူးနော်...."
" ငါ့အိမ်သားတွေကို ကျောင်းကနေ သုတ်သင်ခံရမယ့်အလုပ်မျိုး ငါမလုပ်ဘူး...."
ယုလန်သည် ဝမ်ဟေးကျူ၏ အဖြေကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" ဒါဆို ငါသွားတော့မယ်...."
***