အဆိပ်ငွေ့ *
Vol. 34 Ch. 475
"ဒီနောက်ကတောင်ကို ငါကိုယ်တိုင်တည်ဆောက်ထားပြီး သစ်ပင်တွေကို ငါလက်နဲ့စိုက်ခဲ့တာ...မင်းတို့တွေ ဖြတ်သွားချင်ရင် တန်ရာတန်ကြေးပေးမှရမယ်...."
ယုလန်သည် လျှို့ရှောင်နှင့် အခြားသူများကို မကြောက်မရွံ့ ရင်ဆိုင်လိုက်သည်။
"သတိထားကြ... သူက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဒုတိယပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူ ယုလန် ..."
တခြားသူတွေ တုန်လှုပ်ချောက်ချားသွားပြီး လှည့်ကြည့်ကြသည်။ ပထမအကြိမ် ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူတစ်ယောက်က တပ်မှူးသုံးဦးကို တစ်ယောက်တည်းထိန်းထားနိုင်သည်ကို မျက်မြင်တွေ့မြင်ခဲ့ကြသည်။
ယုလန်မှာသာ အလားတူစွမ်းအားမျိုးရှိနေရင်သူတို့ အမှန်တကယ် ဒုက္ခရောက်ကုန်လိမ့်မည်။
ဒါပေမယ့် တိုက်ခိုက်မှုကို ရပ်တန့်ရလောက်သည်အထိ မကြောက်ရွံ့ခဲ့ကြပေ။ သူတို့သည် အခြေခံစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ပြုလုပ်ထားသောကြောင့် အရှိန်လျှော့ကာ ယုလန်ဆီသို့ သတိကြီးကြီးထားပြီး ဆက်လက်ချီတက်ခဲ့ကြသည်။
သူက ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူဖြစ်ပေမဲ့၊ လူအင်အားကွာခြားချက်နဲ့ဖိနှိပ်ထားတယ်.....
ယုလန် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး သူတို့ကို ကဲ့ရဲ့လိုက်သည်။
"မင်းတို့က ငါ့ကိုငတုံးလို့ ထင်နေတာလား....ဒါနဲ့ မင်းတို့အားလုံးကို တခုတော့သတိပေးလိုက်မယ်.....ရှေ့ဆက်တိုးလာမယ်ဆိုငါ့ကိုအဆိုးမဆိုနဲ့....."
"ယုလန်၊ မင်းမှာ တကယ်ပဲ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်ဆို မင်းရဲ့ စွမ်းအားကို ငါတို့ကို ဘာလို့ မပြတာလဲ.... ငါတို့ကို တားလိုက်စမ်းပါ... ဒီလိုမျိုး ပြေးလွှားပုန်းအောင်းနေတာ၊ မင်း အတုအယောင်ဖြစ်နေလို့မလား....."
ယုလန် ရယ်လိုက်သည်။
"အေး... ဟုတ်တယ်.... မင်းပြောတာမှန်တယ်၊ ငါက ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူမဟုတ်ဘူး.... "
ယုလန်သည် လေပဲ့တင်ထပ်သံကို အသက်သွင်းရင်း အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူကို လှမ်းကြည့်ကာ ပေါ့ပါးစွာ လှည့်ထွက်သွားလေတော့သည်။
ဘယ်ဟာ အမှန်တရားမှန်း လျှို့ရှောင် မသိသေးပေ။
"ဆက်လိုက်ကြရအောင်....ငါတို့ အခုနောက်ဆုတ်လို့မရတော့ဘူး.... ဒါပေမယ့် သတိတော့ထားကြ.... သူ့အနားမှာ အသင်းဖော်တွေရှိလိမ့်မယ်....."
တခြားသူတွေ ခေါင်းညိတ်လိုက်ကြသည်။
လိုက်ရှာမှုမှာ ခဏတာသာကြာမြင့်သော်လည်း နောက်ဆုံးတွင် လျှို့ရှောင် ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခဲ့သည်။ သူသည် ပိုမိုပြင်းထန်သော အမိန့်များကို ပေးခဲ့ပြီး ယခုအခါ ပဲ့တင်ထပ်သံ စွမ်းအားများကိုပင် ထုတ်သုံးနေပြီဖြစ်သည်။
တောထဲတွင် လျင်မြန်စွာပြေးလွှားနေသောအရိပ်တခုရှိနေပြီး ပြင်းထန်သော ပေါက်ကွဲသံများလည်း အဆက်မပြတ်ကြားနေရသည်။
ယုလန်ရဲ့ ဦးရေပြားမှာ ချွေးတွေထွက်နေပေမယ့် ဒါကို သတိပြုရမည့်အချိန်မဟုတ်မှန်း နားလည်ထားသည်။ ယင်းအစား၊ သူသည်ရန်သူများကို ရှောင်တိမ်းရန် စွမ်းအင်အားလုံးကို အာရုံစူးစိုက်ပြီး လေ၏အထိအတွေ့ကိုအာရုံခံပြီး သူ့အား မည်သည့်နေရာသို့ ရွှေ့ရမည်ကို ပြောပြစေခဲ့သည်။ လေတိုက်ခတ်သည့်အခါတိုင်း အနှောက်အယှက်ဖြစ်မှုများကို သူ့မျက်လုံးများက မထောက်လှမ်းမီတွင် အာရုံခံနိုင်ပြီး ၎င်းတို့ကို ရှောင်ရန် လေအဝှေ့တွင် မိုးမခသစ်ကိုင်းများသဖွယ် ယိမ်းနွဲ့လှုပ်ရှားနေခဲ့သည်။
သူသည် အမှန်တကယ် ထက်မြက်သူဖြစ်သည်။
အနီးနားတွင်.....
ဝမ်ဟေးကျူ၊ ဒူဇီပိုင်ရွှမ်းနှင့် အခြားသူများသည် ပုန်းအောင်းနေသည့်နေရာမှ စောင့်ကြည့်နေကြသည်။
"ဒီကောင် တကယ်ကျွမ်းကျင်တာပဲ!"
"ဒါကနည်းပြမီအာရဲ့ ရှေးရိုးလေကျင့်စဉ်ပါ.... ယုလန်ရဲ့ တိုးတက်မှုက ငါတို့အဖွဲ့ထဲမှာအနှေးဆုံးပဲ..... "
ပိုင်တုတု၏ရှင်းပြချက်ကြောင့်ဝမ်ဟေးကျူ နှင့် ဒူဇီပိုင်ရွှမ်းတို့ တိတ်ဆိတ်နေခဲ့သည်။
ဒီလို ပညာရပ်ကို လေ့လာတာက ဒီလူဟာ သေမှာကို တကယ်မကြောက်ဘူးဆိုတာကို သက်သေပြလိုက်တဲ့သဘောပဲ.....
"သူတို့တွေ နယ်မြေထဲဝင်နေပြီ"
ရှင်းဖူက သူတို့ကို သတိပေးလိုက်သည်။ သူစကားပြောတဲ့အခါ အားလုံး ခုန်ပေါက်ကြကုန်သည်။
သူရှိနေတာကို မေ့သွားကြတယ်.....
အနီးနားတွင်.....
ယုလန်သည် တိုက်ခိုက်မှုများကို ရှောင်ရှားရန် နောက်ထပ် ရဲရင့်သော လှုပ်ရှားမှုများကိုပြုလုပ်ခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မှုအဟုန်ကြောင့် သူ့ကို နောက်ထပ် ဆယ်မီတာအကွာမှာ ပျံနိုင်အောင် ကူညီပေးခဲ့ပြီး ချောင်ကျနေတဲ့ တောတောင်ထူထပ်တဲ့ နေရာတစ်ခုဆီ ရောက်သွားစေခဲ့သည်။
လျှို့ရှောင်နှင့် အခြားလူများ မှုန်ကုပ်ကုပ်နှင့် လိုက်လာကြသည်။
သူတို့ အပြေးဝင်လာသည်နှင့် ချီလော့ဇီကသူမ၏စပျစ်နွယ်ပင်များကို သစ်ပင်များနှင့် ပေါင်းကာ တင်းကျပ်စွာ ဆွဲငင်ပြီး လမ်းပိတ်ထားလိုက်သည်။ယုလန်ကို လိုက်ရှာနေသူများ သတိပြုမိချိန်တွင် စပျစ်နွယ်ပင်များကြားတွင်ပိတ်မိနေခဲ့ကြလေပြီ.....
ဝမ်ဟေးကျူသည် ကုန်းမြင့်ပေါ်ရှိမြေသားများကို ခပ်နက်နက်တူးထုတ်ပြီး အဆိပ်ငွေ့များဆင့်ခေါ်လိုက်သည်။
ထိုအခါအနီးအနားရှိ သစ်ပင်မြက်ပင်များ ချက်ချင်းညှိုးရော်သေဆုံးကုန်ကြသည်။
သူ့နောက်တွင်၊ ပိုင်တုတု နှင့် ချိုးလော့ တို့သည် အဆိပ်ဓာတ်ငွေ့များ လည်ပတ်မှုကို အရှိန်မြှင့်ရန်အတွက် လေပြင်းများ ဖန်တီးပေးနေသည်။
တိုက်ခိုက်မှုက ထိရောက်ခဲ့ပြီး ယုလန်ရဲ့ အမြင်အာရုံတွေ ချက်ချင်း မှုန်ဝါးသွားပြီး မူးနောက်လာသည်။
သူ့နောက်မှာတော့ လျှို့ရှောင်နဲ့ တခြားသူတွေက တစ်ခုခုမှားနေပြီမှန်း သတိပြုမိလိုက်ကြသည်။
"မြန်မြန်၊ စပျစ်နွယ်ပင်တွေကို ခုတ်ဖြတ်ကြ.!"
ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ဖွဲ့စည်းမှုစတင်ပျက်ပြားလာခဲ့ပြီ.......
သို့သော်လည်းကျောင်းသားအားလုံး မထိခိုက်သေးပေ။သူတို့ထဲတွင် အဆိပ်ကို လျင်မြန်စွာ သန့်စင်ပေးနိုင်သည့် ရေပဲ့တင်ထပ်သံအသုံးပြုသူများရှိနေသောကြောင့်ပင်.....
"ဝမ်ဟေးကျူ...နင့်ရဲ့အဆိပ်ငွေ့တွေ မလုံလောက်သေးဘူး....."
ပိုင်တုတု၏ အော်သံကြောင့် ဝမ်ဟေးကျူ မျက်မှောင်ကုတ်လိုက်သည်။
"လေစွမ်းအားသုံးပြီး ပြန့်အောင်လုပ်ရင်အဆိပ်ငွေ့တွေအားနည်းသွားလိမ့်မယ်...."
"အရင်က မြို့စားအဆင့်ကျွမ်းကျင်သူတွေအဆိပ်ပဲ့တင်ထပ်သံ သုံးနေတာ တွေ့ဖူးတယ်"
ရှင်းဖူက ကြားဖြတ်ပြောလိုက်သည်။
"သူတို့ဆို တစ်မြို့လုံးကို အဆိပ်ခတ်နိုင်တယ်... မင်း တကယ် အားနည်းတယ်..."
"ဟေ့ကောင်...အဲ့တာမြို့စားအဆင့်တွေကွ!!!!"
ဝမ်ဟေးကျူ ဒေါသထွက်နေသော်လည်း ရှင်းဖူပြောသည့်အတိုင်း သူတကယ်အားနည်းနေမှန်း နားလည်ခဲ့သည်။
ခဏတာ တုံ့ဆိုင်းသွားပြီးနောက်တွင်၊ သူသည် ရုတ်တရက် ဓားမြှောင်ကို ဆွဲထုတ်ကာ သူ့ခန္ဓာကိုယ်အနှံ့ လှီးဖြတ်ကာ သွေးများစီးကျလာစေခဲ့သည်။
ထို့နောက် လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး အဆိပ်ငွေ့များ ထပ်မံထုတ်ဖော်သည့်အခါ နိရဲနေသောသွေးများသည် တဖြည်းဖြည်းနှင့်ခရမ်းရောင်ပြောင်းလာသည်။
အဆိပ်ငွေ့များသည်လည်း ကပ်ငြိလာသည်။
ထိုအချိန်တွင်.... ယုလန် မလှုပ်နိုင်တော့ဘဲ မျက်စိမှိတ်ကာ ရှေ့သို့ လဲကျသွားသည်။ သူ့ခြေတွေလက်တွေ ထုံကျင်နေသည်။ သို့သော် သူသည် ပဲ့တင်ထပ်သံစွမ်းအားအရ အညံ့ဆုံးဖြစ်သည်ကို သူသိသည်၊ ဆိုလိုသည်မှာ သူ့နောက်ကွယ်ရှိလူများ ဤမျှလောက်ထိ မထိခိုက်နိုင်ပေ။
" သောက်သုံးမကျတဲ့ အဆိပ်ငှက်ကလေး ...."
"မလုံလောက်ဘူး!!"
ပိုင်တုတု အော်လိုက်ပြန်သည်။
ဝမ်ဟေးကျူ စိတ်တိုတိုနဲ့လှည့်ကြည့်လိုက်တော့ ပိုင်တုတု လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသည်ကို တွေ့ရပြီး အံ့ဩသွားသည်။
"ပိုင်တုတု မင်းဘာလုပ်နေတာလဲ"
“သွေးက သန်မာတယ် ဟုတ်လား ကြည့်လိုက်စမ်းပါဉီး ခြင်တစ်ကောင်တောင် ဝအောင်သောက်နိုင်မှာမဟုတ်ဘူး...နင်ယောက်ကျားမဟုတ်ဘူးလား...လာခဲ့ နင်မလုပ်ရဲရင် ငါလုပ်ပေးမယ်....."
ဝမ်ဟေးကျူ ရဲ့တွင် ခပ်နက်နက်ဓားရာတစ်ခုဖြစ်ပေါ်လာခဲ့ပြီး လတ်ဆတ်သော သွေးများ ထွက်ကျလာသည်။
"ပိုင်တုတု နင် ရူးသွားပြီလား?"
ဝမ်ဟေးကျူ က နာကျင်စွာ အော်ဟစ်လိုက်ပြီး ကျောကိုပြင်ကို စမ်းလိုက်သည်။ အခုချိန်တွင် သူ့ပုံရိပ်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
"ဒူဇီပိုင်ရွှမ်း၊ သူ့ကို ကိုင်ထား!!"
ဒူဇီပိုင်ရွှမ်း အနည်းငယ်ရှက်သွားပုံရသည်။ ပိုင်တုတု၏ ရုတ်တရတ်လှုပ်ရှားမှုကြောင့် သူလည်း သတိမထားမိခဲ့ပေ။ ထို့အပြင် သူတို့ကြုံတွေ့နေရသော ဆိုးရွားသောအခြေအနေကြောင့် သူမကို ထိန်းထားရန် ဆန္ဒမရှိခဲ့ပေ။ဝမ်ဟေးကျူ အော်ဟစ်သံကို မကြားချင်ယောင်ဆောင်ဖို့သာ ရွေးချယ်လိုက်တော့သည်။
"ယောက်ကျားဖြစ်ပြီး ဒီလောက်လေးသွေးထွက်တာကို ကမ္ဘာပျက်မနေနဲ့....."
ရှင်းဖူ၏ ကဲ့ရဲ့သည့်စကားသံထွက်ပေါ်လာပြန်သည်။ဝမ်ဟေးကျူသည် ယခုချိန်တွင်
သူတို့အားလုံးကို ပါးရိုက်ချင်သော်လည်း အပြစ်တင်ရမည့်အချိန်မဟုတ်ကြောင်း သူသိသောကြောင့် ပဲ့တင်ထပ်သံစွမ်းအားတို့ဖြင့် သူ့သွေးထဲသို့အဆိပ်ငွေ့များ ထိုးသွင်းလိုက်သည်။
ဤတစ်ကြိမ်တွင်၊သွေးများသည် ဖျော့တော့သောခရမ်းရောင်ကနေ တော်ဝင်ဆန်သော ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
ပြင်းထန်သောအဆိပ်ကြောင့် ယုလန် အဘူးအလဲခံစားနေရရှာသည်။
ငိုးမသားလေး..ငါ့ကိုသတ်ဖို့ကြိုးစားနေတာလားမသိဘူး......
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် ယုလန်သယမကဘဲ ရန်သူအချို့မေ့လဲကုန်ကြသည်။
လျှို့ရှောင်လို သန်မာသူအနည်းငယ်သာ ထိန်းထားနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့သည် အဆိပ်၏ အကာအရံများမှ ဖောက်ထုတ်နိုင်ခဲ့သည်။
အရေအတွက် အရမ်းနည်းသွားပြီ......
သူတို့သည် လတ်ဆတ်သောလေကို အငမ်းမရရှူရှိုက်နေကြသည်။
ပိုင်တုတုက ယုလန်ဆီသို့ ပျံသန်းသွားပြီးစစ်ဆေးကြည့်သည့်အခါ ဒူးထောက်လျက် သတိလစ်နေသည်ကို တွေ့ရမှသာစိတ်သက်သာရာ ရနိုင်ရှာတော့သည်။
“ငါတို့အလှည့်ရောက်ပြီ....”
ဒူဇီပိုင်ရွှမ်း၊ ရှင်းဖူ၊ ချိုးလော့ နှင့် အခြားသူများက သူမနောက်သို့ လိုက်လာကြသည်။
ပိုင်တုတုသည် လျှို့ရှောင်တို့ဆီသို့လေပြင်းတခုသဖွယ် ရုတ်တရက်ပြေးဝင်သွားခဲ့လေသည်။
***