← Chapters

လေထဲက သွေးရနံ့များ (ခ)

Vol. 37 Ch. 552

လေထဲက သွေးရနံ့များ (ခ)

Vol. 37 Ch. 552

နာကျင်ကြေကွဲစွာ အော်ဟစ်သံများကြားတွင် ရွှီချင်း၏နောက်၌ ရွှေကျီးကန်း ဖြစ်ပေါ်လာသည်။ ရှည်လျားသော ငှက်မွှေးမီးတောက် (၄၂)ခုလုံးသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားသဖြင့် ထိုအချိန်အခိုက်အတန့်တွင် အာရုဏ်တက်ချိန်၏ အနက်ရောင်အမှောင်ထုမှာ တစ်ဒင်္ဂအားဖြင့် တောက်ပလာတော့သည်။

ရွှေကျီးကန်း၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှီချင်းသည် သူ၏ရွှေအမြုတေကို ထုတ်ယူလိုက်သောအခါ ၎င်းသည် ဝတ်ရုံနက်အစောင့်အရှောက်၏ အင်ပါယာကျင့်ကြံခြင်းအတတ်ဖြင့် ဖန်တီးထားသော အနက်ရောင်လက်ကို တိုက်ရိုက်ကိုက်စားသွားခဲ့သည်။

အရိပ်လေးသည်လည်း အားကျမခံ မြန်ဆန်စွာ ဖြန့်ထွက်သွားသည်။

သုံးဦးသား အမြုတေများကို တစ်ပြိုင်နက်တည်း စုပ်ယူကြလေ၏။

နောက်တစ်ခဏ၌ ထိုဝတ်ရုံနက်အစောင့်အရှောက်၏ အင်ပါယာကျင့်ကြံခြင်းအတတ်သည် ပြိုကျသွားသည်။ သူ၏ ခန္ဓာကိုယ် တုန်ခါသွားကာ သူ၏ နတ်နန်းတော်များ ပျက်စီးသွားသည်။

၎င်းကို မြင်သူတိုင်းမှာ ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။

ရှန်ဟယ်တို့အဖွဲ့လည်း သိပ်မညံ့ပါ။ ညဝိညာဉ်သည် သူ၏တစ်ကိုယ်လုံးတွင် အစိမ်းရောင်အမွေးများဖြင့် မျက်လုံးတစ်ဖက်တည်းရှိသော ဧရာမမိစ္ဆာအသွင်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် အာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ သီးသန့်အတတ်တစ်ခုဖြစ်သော မျက်လုံးတစ်ဖက်ကောင်းကင်မိစ္ဆာဖြစ်သည်။  ၎င်း၏မျက်လုံးများသည် မှေးမှိန်သောဝိညာဉ်အလင်းတစ်ခုကို ထုတ်လွှတ်ထားသည်။

မိစ္ဆာ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ပို၍ပင် ကြီးမားပြီး အသားစိုင်လေးလုံး ပေါက်ထွက်ကာ ကြီးမားသော လက်ချောင်းလေးချောင်း ဖြစ်ပေါ်လာသည်။ လက်တစ်ချောင်းချင်းစီ၏ ထိပ်တွင် ရန်သူကို ကိုက်စားနိုင်သော၊ ရက်စက်သော မျက်နှာတစ်ခုရှိသည်။ ၎င်းတို့သည် ဖြတ်တောက်ခံရသည့်တိုင် ပြန်လည်ကြီးထွားလာနိုင်၏။

ရှန်ဟယ်သည်ကား သူ့တစ်ကိုယ်လုံး သွေးများ အုံ့ဆိုင်းနေပြီး ဒဏ်ရာများမှာ အတော်လေး ပြင်းထန်သည်။ သူသည် အဓိကအားဖြင့် သူ၏အဖော်များအား တိုက်ပွဲ၌ တောင့်ခံနိုင်အောင် ကူညီပေးခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအတတ်နှင့် သွေးမျိုးဆက်သည် သိသာထင်ရှားစွာ ထူးခြားသည်။ သူ့ဒဏ်ရာများ ပိုမိုပြင်းထန်လေလေ၊ သူသည် ပို၍ သန်မာလာလေ ဖြစ်သည်။

အခုချိန်တွင်တော့ သူ့ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ပါ။ သူသည် လုံးဝ ရူးသွပ်သွားသည့်ဟန်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည်။ သူ့မျက်လုံးထဲတွင် လူသတ်ခြင်းအပြင် တခြားအရာများ ရှိမနေတော့ပါ။

လူပုလေး ဝမ်ချန်လည်း အစွမ်းကုန်တိုက်ခိုက်နေသည်။ သူ့တစ်ကိုယ်လုံးကို လျှပ်စီးများဖုံးလွှမ်းထားပြီး သူ့ဦးခေါင်းထက်က လေထုတွင် လျှပ်စီးလက်နေသော သက်စောင့်မီးအိမ်တစ်ခု ဖြစ်ပေါ်လာတယ်။ သူ့အရှိန်အဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်၏။

အမှန်တကယ်အားဖြင့် သူ့ခန္ဓာကိုယ်သည် လျှင်မြန်စွာ ပြောင်းလဲနေသည်။ တဖြည်းဖြည်းဖြင့် သူသည် လူပုလေးမဟုတ်တော့ဘဲ အရပ်ရှည်လာပြီး ငယ်ရွယ်သူအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း သူ၏တစ်ကိုယ်လုံးကို ချိပ်စည်းများကဲ့သို့ထင်ရသည့် အနက်ရောင်ရုပ်ပုံ တက်တူးများဖြင့် ဖုံးအုပ်ထားသည်။ ထိုအခိုက်အတန့်တွင် ၎င်းတို့သည် တစ်ခုပြီးတစ်ခု ပွင့်လာပြီး ပို၍ကြောက်စရာကောင်းသည့် အသွင်အပြင်နှင့် အပြောင်းအလဲများကို ဖြစ်ပေါ်စေသည်။

ရုပ်ပုံချိပ်စည်းတိုင်းကို ဖွင့်လိုက်သည်နှင့် သူ့ဘေးတွင် နောက်ထပ် လူသားမဟုတ်သော ကိုယ်ပွားများ သက်ဆင်းလာကြသည်။

သူ့တွင် အလင်းမျိုးနွယ်၊ ကျောက်တုံးမိစ္ဆာမျိုးနွယ်နှင့် တခြားမျိုးနွယ်တို့၏ ရုပ်ပုံများစွာရှိနေသည်။

မီးခိုးမျိုးနွယ်ကိုယ်ပွားသည် နန်းတော်ရှစ်ခုစွမ်းရည်ပိုင်ရှင် ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်နှင့်အတူ သေသည်အထိ တိုက်ပွဲဝင်ကာ အကူအညီပေးရန် ထိုနေရာ၌ ရှိနေသည်။

သူတို့ အသီးသီးသည် သူတို့၏ ဓမ္မရတနာအပိုင်းအစများကို ထုတ်ယူကြပြီး ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်နှင့် မယှဉ်နိုင်သည့်တိုင် ရန်သူများအား ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်အောင် အစွမ်းကုန်တိုက်ခိုက်ကြ၏။ နောက်ဆုံးတွင် ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်ကို အောင်မြင်စွာဖြင့် အချိန်ဆွဲတားဆီးသွားနိုင်ကြသည်။

ခုန်ရှန်းလုံသည်ကား ပို၍ပင် အံ့သြစရာကောင်းနေသည်။ သူ့နောက်က ရွှေနဂါးကြီးသည် ဟိန်းဟောက်နေပြီး သူ့တစ်ကိုယ်လုံးသည် မရဏကမ္ဘာထဲကို ဆင်းသက်လာသည့် နတ်တစ်ပါးအလား ထင်မှတ်ရသည်။ သွေးနီရောင်ဝတ်ရုံသည် သူ့ဘေးတွင် ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ သူသည် ဝိညာဉ်သူငယ်အဆင့်တစ်ဝက် ကျင့်ကြံသူသုံးဦးကို ကိုယ်တိုင် ရင်ဆိုင်တိုက်ခိုက်နေ၏။

ရွှေအမြုတေအဆင့်တွင်သာရှိသော်လည်း၊ ဝိညာဉ်သူငယ်အဆင့်တစ်ဝက် ကျင့်ကြံသူသုံး ဦးက ဝိုင်းထားသောအခါတွင် သူသည် အားနည်းသည့်အရိပ်အယောင်ကိုပင် မပြပါ။ အမှန်တကယ်အားဖြင့် သူသည် ရန်သူများကို အပေါ်စီးကပင် တိုက်ခိုက်နေသေးသည်။

“ဒါက ဓားကိုင်ရုံးတော်ထဲက လက်ရှိမျိုးဆက်ရဲ့ အံ့မခန်းအဖွဲ့ပဲ…”

ဝတ်ရုံနက်အစောင့်အရှောက်များထဲမှ တစ်ဦးက အချက်ပေးသံဖြင့် အော်ဟစ်လိုက်ရာ အခြားသူများသည် တိုက်ပွဲဖြစ်ပွားရာနေရာမှ ထိတ်လန့်ကြောက်ရွံ့စွာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြတော့သည်။

သို့သော် သူတို့သည် အဝေးသို့ မရောက်သေးမီတွင် သွေးမည်းများ ချောင်းဆိုးလာပြီး သူတို့၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ယိုယွင်းလာကာ သွေးအိုင်များအဖြစ်သို့ ပျော်ကျသွားကြတော့သည်။

ရွှီချင်း၏ တိုက်ခိုက်မှုများက ရပ်တန့်သွားခြင်း မရှိပါ။ ရွှေကျီးကန်းသည် ရွှင်မြူးစွာ အော်ဟစ်ကာ ဆက်လက် ဝါးမျိုနေသည်။ ရွှီချင်း၏ ထူးဆန်းသော လက်တစ်ဖက်သည်လည်း နတ်နန်းတော်များထံသို့ တစ်ခုပြီးတစ်ခု ထိုးဖောက်သွားသည်။

ကံမကောင်းစွာဖြင့် သူ့တိုက်ခိုက်မှုမှာ အဆိပ်ပြန့်နှံ့နှုန်းကို မယှဉ်နိုင်ပါ။

ဝတ်ရုံနက်အစောင့်အရှောက် ဆယ့်ကိုးယောက်ကို သတ်ဖြတ်ပြီးနောက်တွင် ဝတ်ရုံနက်အစောင့်အရှောက် ခုနစ်ယောက်သာ ကျန်ရစ်တော့သည်။

၎င်းတို့ထဲက သုံးဦးသည် ခုန်ရှန်းလုံကို တိုက်ခိုက်နေပြီး ကျန်နှစ်ဦးမှာ ရှန်ဟယ်နှင့် အခြားအုပ်စုများကို တိုက်ခိုက်နေကြသည်။

နောက်ထပ်နှစ်ယောက်မှာလည်း ခန္ဓာကိုယ်များ လျင်မြန်စွာ ပုပ်ပွလာနေသည်။ ခန္ဓာကိုယ်ထက်ဝက်ခန့် ယိုယွင်းပျက်စီးသွားသည့်တိုင် သူတို့သည် ရွှီချင်းထံသို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာနေကြသည်။ သူတို့၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော်လည်း ရူးသွပ်သည့်စကားလုံးများကို ပြောဆိုနေကြသည်။

“ဆရာ… ငါတို့ဝတ်ရုံနက်အစောင့်အရှောက်တွေက မင်းကိုပေးမယ့် လက်ဆောင်ကို လက်ခံပေးပါ”

ထိုစကားများကို ပြောရင်း သူတို့သည် သူတို့၏ နတ်နန်းတော်များကို ဖွင့်ကာ ရွှေအမြုတေများကို ထုတ်ယူလျှက် လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်ကြသည်။

ရွှီချင်းသည် အောက်လမ်းတာအိုလက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ အမြုတေများကို စုပ်ယူပြီးနောက်တွင် ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်က ထိတ်လန့်တကြားဖြင့် လက်များ ထောင်လိုက်ကြသည်။ သူတို့က အလွန်စည်းစနစ်ကျသည့်ပုံစံဖြင့် ခေါင်းကို ဖိပြီး အားပြုကာ ကွေးလိုက်ကြသည်။

ခေါင်းသည် လည်ထွက်သွားသည့် ခဏ၌ ကွဲအက်သံများ ပဲ့တင်ထပ်လာသည်။

အသက်ပျောက်သွားသည့်တိုင် သူတို့၏ မျက်နှာများမှာ အပြုံးမပျက် ရှိနေကြ၏။

ဤနေရာတွင် ရှိနေသူများအားလုံးသည် အသက်ပေါင်းများစွာကို သတ်ဖြတ်ထားသူများဖြစ်ရာ သတ်ဖြတ်ခြင်းမှာ အကြောက်တရား၏ အရင်းအမြစ် မဟုတ်တော့ပါ။ သို့သော်လည်း လူအများအမြင်တွင် ပုပ်ပွပျက်စီးနေသော ခန္ဓာကိုယ်ပိုင်ရှင်များက ကိုယ့်ကိုယ်ကို ထူးဆန်းစွာ သတ်ဖြတ်လိုက်သည့်ပုံစံသည် အတော်လေး မသက်မသာဖြစ်စေသော မြင်ကွင်းဖြစ်သည်။

ထို့ကြောင့်၊ ဤမြင်ကွင်းတွင် ရွှီချင်းကိုကြည့်ရင်း ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ လူတိုင်း၏စိတ်နှလုံးထဲတွင် ထိတ်လန့်တုန်လှုပ်ရသည်။

ထိုအချိန်တွင် ရွှီချင်းသည် အနက်ရောင်သွေးအိုင်ပေါ်တွင် ရပ်နေသည်။ အနီးပတ်ဝန်းကျင်တွင် လူသေအလောင်းများစွာမရှိတော့ဘဲ အများစုမှာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြပြီး ဖြစ်သည်။

သူ့နောက်မှ ရွှေကျီးကန်းသည် တောက်ပပြီး ကျယ်လောင်သောအသံဖြင့် အော်သံပေးနေသည်။ ၎င်း၏ ဖီးနစ်အမွေးများသည် မီးတောက်များဖြင့် ပျံ့လွင့်သွားကာ လှပသောမြင်ကွင်းတစ်ခုကို ဖန်တီးပေးသည်။ တစ်ချိန်တည်းမှာပင် လေပြင်းများ တစ်ချက်တစ်ချက် တိုက်ခတ်လာကာ ရွှီချင်း၏ဆံပင်များကို ပင့်မြှောက်စေလျှက် ခံစားချက်ကင်းမဲ့ကာ တည်ငြိမ်နေသော မျက်လုံးအစုံကို ပေါ်လွင်စေသည်။

သွေးအိုင်များပေါ်တွင် လျှောက်လှမ်းရင်း၊ ရွှီချင်းသည် ရှန်ဟယ်နှင့် အခြားနှစ်ယောက်တို့ တားဆီးထားသော နန်းတော်ရှစ်ခုစွမ်းရည်ပိုင်ရှင် ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်ဆီသို့ လှမ်းသွားလိုက်သည်။

သူ့အရှိန်က ပို၍ မြန်လာသည်။ သူ၏ခန္ဓာကိုယ်မှ တတိယနတ်နန်းတော်သည် လျင်မြန်စွာတုန်ခါလာကာ စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လိုက်သောကြောင့် ထိုနေရာရှိ တားမြစ်အဆိပ်ငွေ့များအားလုံး သူ့ထံသို့ လျင်မြန်စွာ ပြန်လည်စုဝေးလာစေသည်။

ပတ်ဝန်းကျင်သည် ပကတိမျက်လုံးနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် မဲမှောင်သွားသည်။  အကန့်အသတ်မရှိသော အနက်ရောင် အဆိပ်မြူခိုးများသည် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်ငယ်များတည်ရှိနေသော သူ့ကို ဖုံးအုပ်သွား၏။

ရှန်ဟယ်တို့က အမူအရာများ ပြောင်းလဲသွားသည့်အခိုက်တွင် ဝတ်ရုံနက်အစောင့်အရှောက်နှစ်ယောက်၏ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ရွှီချင်းသည် သူတို့၏ရှေ့တွင် ထွက်ပေါ်လာ၏။

သူသည် နန်းတော်ရှစ်ခုဝတ်ရုံနက်အစောင့်အရှောက်တစ်ဦးထံသို့ ချက်ချင်းတိုးဝင်သွားကာ သူ့အား အနက်ရောင်မြူများဖြင့် ဖုံးအုပ်လိုက်သည်။

All Chapters