← Chapters

လေထဲက သွေးရနံ့များ (ဂ)

Vol. 37 Ch. 553

လေထဲက သွေးရနံ့များ (ဂ)

Vol. 37 Ch. 553

အပြင်လူများသည် မြူခိုးများထဲသို့ မမြင်နိုင်သလို သူတို့၏နတ်အာရုံများလည်း တိုးဝင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မြူခိုးများအတွင်းမှ အော်ဟစ်သံများနှင့် တစ်ဝုန်းဝုန်းမြည်သံများကိုသာ ကြားရသည်။

ထို့ကြောင့် ရှန်ဟယ်နှင့် တခြားသူများသည် နန်းတော်ရှစ်ခုဝတ်ရုံနက်တစ်ဦးတည်းကိုသာ ရင်ဆိုင်ရန် ဖြစ်လာသည်။ အခြေအနေသည်လည်း ချက်ချင်းပြောင်းပြန် ဖြစ်သွား၏။

အမွှေးတိုင်မီးတစ်တိုင်စာ လောင်ကျွမ်းရန် အချိန်ကြာပြီးနောက်၊ ခုန်ရှန်းလုံက ဝိညာဉ်သူငယ်တစ်ဝက် ကျင့်ကြံသူအား အပိုင်းပိုင်း ဆုတ်ဖြဲပြီးသွားသောအခါ၊ ရှန်ဟယ်နှင့် တခြား နှစ်ယောက်သည်လည်း သူတို့၏ရန်သူကို သတ်ဖြတ်ခြင်း၌ ပြီးမြောက်သွား၏။

ကြီးကျယ်ခမ်းနားသော ပါရမီရှင်များအနေဖြင့် သူတို့သည် ခုန်ရှန်းလုံထက် နိမ့်ကျသော်လည်း နန်းတော်ခုနစ်ခု၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြဆဲဖြစ်သည်။

သူတို့ သုံးယောက် ပေါင်းပြီး ဝှက်ဖဲများအားလုံးကို အသုံးပြုလိုက်ပြီးနောက် သူတို့သည် ဒဏ်ရာအပြင်းအထန်ရသွားသော်လည်း နန်းတော်ရှစ်ခု ဝတ်ရုံနက်အစောင့်အရှောက်အား သတ်ဖြတ်နိုင်ခဲ့ကြသည်။

ထိုလူသေဆုံးသွားသောအခါတွင် ရွှီချင်းရှိနေသော မြူခိုးထဲမှ အော်ဟစ်သံတချို့ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ခြေသံများ ထွက်ပေါ်လာပြီး ရွှီချင်း၏ပုံရိပ်သည် တစ်လှမ်းချင်း ထွက်လာသည်။

သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခုရှိနေပြီး တစ်စုံတစ်ခုအား တွေးတောနေဟန်လည်း ရသည်။

သူ့တစ်ကိုယ်လုံးကိုလည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည်။

သူ့ခန္ဓာကိုယ်က ဒဏ်ရာများမှာ ပြင်းထန်လှသည်။ သူ၏ ရင်ဘတ်နှင့် နှလုံးသားနေရာမှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ဝမ်းဗိုက်တွင်လည်း အပေါက်တစ်ခု ရှိနေသည်။ ခြေထောက်တစ်ဖက်မှာ လိမ်နေပြီး အကိုက်ခံထားရသကဲ့သို့ သူ့လည်ပင်း၌ အသားစိုင်တစ်ခု ပဲ့နေသည်။

သူ့ပါးစပ်ထောင့်၌လည်း သွေးများယိုစီးကျနေပြီး ဓားမြှောင်ကို ကိုင်ဆောင်ထားသည့် သူ့လက်မောင်းမှာ ပုံမှန်မဟုတ်ဘဲ တွဲလောင်းကျနေသည်။

သူသည် လမ်းလျှောက်ရင်း ပါးစပ်မှ သွေးများ စီးကျလာပြီး ကြေမွနေသော မျက်လုံးတစ်လုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သူ့နောက်က အဆိပ်မြူခိုးများမှာကား လှိုင်းတွန့်များကဲ့သို့ သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်ပျောက်ကွယ်သွားကြသည်။

အဆိပ်မြူများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားသောအခါ၊ နောက်ဆုံးတွင် ရွှီချင်း၏နောက်က တိုက်ပွဲအခြေအနေကို မြင်ကြရတော့သည်။ ထိုနေရာတွင် ပုံရိပ်သဏ္ဍာန်တစ်ခု မတ်တပ်ရပ်လျှက် ရှိသည်။

ထိုသူမှာ ရွှီချင်းနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော နတ်နန်းတော်ရှစ်ခုဝတ်ရုံနက် ဖြစ်ပေသည်။

သူ့ခန္ဓာကိုယ် ထက်ဝက်ကျော်မှာ ပုပ်ပွနေပြီး ဝမ်းဗိုက်သည် ဖြတ်တောက်ခံထားရ၏။ သူ၏ နတ်နန်းတော်များမှာ ပြိုကျနေပြီး ရွှေအမြုတေများအားလုံးသည်လည်း ဖယ်ရှားခံထားရ၏။

သူ၏ တစ်ဖက်တည်းကျန်သော မျက်လုံးတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရှန်ဟယ်နှင့် တခြားသူများသည် ရွှီချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး အထင်ကြီးလေးစားသော ဟန်ပင်များ ရှိနေကြသည်။

ရွှီချင်းက သူတို့ကိုကြည့်ရင်း ပါးစပ်မှ သွေးများအဆက်မပြတ် ယိုစီးကျနေသည့်တိုင် စကားတချို့ကို တီးတိုးပြောသည်။

“စောင့်နေရတာ တောင်းပန်ပါတယ်၊ သူ့ကိုသတ်ဖို့ နည်းနည်းခက်တယ်။”

ရွှီချင်း၏အသံနှင့်အတူ သူ့နောက်က ဝတ်ရုံနက်အစောင့်အရှောက်၏ အလောင်းသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

ရွှီချင်း၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့် နန်းတော်ရှစ်ခု ဝတ်ရုံနက်အစောင့်အရှောက်ကို သတ်ရန်မှာ ခက်ခဲလှသည်။

သေခြင်းရှင်ခြင်းတိုက်ပွဲများ၌ မည်သူမဆို နည်းလမ်းမျိုးစုံသုံး၍ အစွမ်းကုန်တိုက်ခိုက်ကြမည် ဖြစ်သည်။ ရွှီချင်း၏လည်ပင်းကို တစ်ဖက်လူက အပြင်းအထန်ကိုက်ခဲ့ပြီး အသားအပိုင်းအစတစ်ခု ပျောက်ဆုံးသွားခဲ့သည်။

သို့သော် ဤတိုက်ပွဲမှ ရရှိသည့် အကျိုးအမြတ်များမှာလည်း ကြီးမားလှသည်။

ထို့အပြင် တစ်ဖက်သား၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်လ၏ အငွေ့အသက်ကိုလည်း သူ အာရုံခံမိသည်။ ထို့ကြောင့်လည်း မြူခိုးများထဲက သူထွက်လာသောအခါ အတွေးနက်နေသော အသွင်အပြင်ဖြစ်နေခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်သည် ထိုကိစ္စကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ ရွှီချင်း မြူခိုးထဲက ထွက်လာသောအခိုက်တွင်ပင် ကောင်းကင်ထက်က နာကျင်စွာ အော်ဟစ်သံတစ်သံအား ကြားရသည်။

ဝိညာဉ်သူငယ်တစ်ဝက်ကျင့်ကြံသူ၏လည်ပင်းအား ခုန်ရှန်းလုံက အတင်းအကျပ် ဆွဲလိမ်လိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်သူငယ်တစ်ဝက် အထွတ်အထိပ်ကျင့်ကြံသူ၏ မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နေသည်။

သူသည် ခုန်ရှန်းလုံကို ထိတ်လန့်ရုံသာမက တခြားဓားကိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုကိုလည်း ကြောက်ရွံ့နေခဲ့သည်။ သူသည် မဆိုင်းမတွပင် နောက်လှည့်ကာ ထွက်ပြေးတော့သည် ။

ခုန်ရှန်းလုံက အရှက်ပြေ ရယ်မောလိုက်ပြီး သူ့နောက်ကို ပြေးလိုက်သည်။

ရွှီချင်းက တည်ငြိမ်စွာဖြင့် သူ့လက်ကို မြှောက်လိုက်ပြီး တွန့်လိမ်နေသောခြေထောက်ကို ဂျွတ်ခနဲ တည့်မတ်လိုက်သည်။

ထိုမြင်ကွင်းသည် ရှန်ဟယ်နှင့် တခြားနှစ်ယောက်ကို ပို၍ပင် သဘောကျစေသည်။ သူတို့သည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည့်တိုင် ယခုအချိန်တွင်တော့ မည်သူကမှ ဂရုမစိုက်တော့ပါ။ သူတို့ ပြေးထွက်လိုက်လျှင် သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ယခင်ကထက် ပို၍ ပြင်းထန်နေသည်။

ဝတ်ရုံနက်အစောင့်အရှောက်များထံ နှုတ်ခွန်းဆက်စကား ပြန်ပြောရမည်ဖြစ်ရာ ထုံးစံအရ သူတို့အားလုံးကို သတ်ဖြတ်ရမည်။

ဤနေရာသည် နယ်စပ်နှင့် မဝေးလှပါ။ ထို့ကြောင့်၊ ဝိညာဉ်သူငယ်တစ်ဝက်ကျင့်ကြံသူသည် နယ်စပ်ကို မြင်လိုက်ရသည့်အခိုက်တွင်ပင် ရွှီချင်းနှင့် တခြားလူများက သူ့ကို ဖမ်းမိသွားကြသည်။

သူတို့ငါးယောက်က ထိုသူကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ပြီး ခုန်ရှန်းလုံက အဆုံးသတ်လိုက်ရာ တိုက်ပွဲက များစွာရင်ခုန်စရာတော့ မရှိခဲ့ပါ။

မိုးခြိမ်းသံများအကြား၌ ဝိညာဉ်သူငယ်တစ်ဝက်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပြိုလဲကျသွားကာ အပိုင်းပိုင်းပြတ်တောက်သွားလျှက် မြေပြင်၌ ပြန့်ကျဲသွားတော့သည်။

သူသေဆုံးသည်နှင့် တပြိုင်နက်၊ ပြင်းထန်သောအရှိန်အဝါတစ်ခုသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ နယ်စပ်နယ်မြေထံမှ ပေါက်ကွဲထွက်လာသည်။ လူရိပ်တစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာပြီး ဒေါသတကြီး အော်ဟစ်သံတစ်သံကိုလည်း ကြားရသည်။

“ဓားကိုင်တွေ…”

သူ့ကို မြင်လျှင် ခုန်ရှန်းလုံက ရုတ်တရက် အော်ဟစ်လိုက်သည်။

“မင်းအဖေကို ခေါ်လိုက်…”

“ဒီနေရာဟာ လူသားမျိုးနွယ်ရဲ့ နယ်နိမိတ်ပဲ။ သန့်စင်ရေလှိုင်းမျိုးနွယ်က ဝိညာဉ်သူငယ်အဆင့်ဖြစ်တဲ့ ဘယ်သူမဆို နယ်ခြားစည်းကို ကျော်ဖြတ်ရင် ဖုန်းဟိုင်ဒေသငယ်ရဲ့ တားမြစ်ဓမ္မရတနာက ချက်ချင်း သတ်ဖြတ်လိမ့်မယ်”

“ခွေးမသား… လာစမ်းပါ…”

ထို့နောက် ခုန်ရှန်းလုံသည် နောက်လှည့်ကာ ပြေးတော့သည်။ ရှန်ဟယ်နှင့် တခြားလူများကလည်း ခုန်ရှန်းလုံစကားစပြောသည်နှင့် ပေ ၂၀၀ခန့်အဝေးသို့ ပြေးလွှားသွားကြပြီး ဖြစ်သည်။

ရွှီချင်းသည်ကား ပို၍ပင် မြန်ဆန်ကာ ပေတစ်ထောင်အဝေးသို့ ရောက်နေလေပြီ။

လူတိုင်း မြန်ဆန်စွာ ထွက်ပြေးသွားကြသည်။

နယ်ခြားစည်းအပြင်ဘက်တွင် ရောက်လာသောပုံရိပ်သည် ရုတ်တရက်ရပ်တန့်လိုက်၏။  ထိုသူသည် အနက်ရောင်တာအိုဝတ်စုံကို ဝတ်ထားသော သန့်စင်ရေလှိုင်းမျိုးနွယ်၏ သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့အမူအရာက အလွန်အကျည်းတန်နေသည်။ သူသည် အံကြိတ်ကာ ခုန်ရှန်းလုံ၊ ရွှီချင်းနှင့် တခြားသူများ၏ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေ၏။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူသည် နယ်စပ်ကို ဖြတ်ကျော်ရန် မဝံ့ရဲပါ။

All Chapters