← Chapters

သေရည်ဝိုင်းဖွဲ့သောက်ခြင်း (က)

Vol. 37 Ch. 554

သေရည်ဝိုင်းဖွဲ့သောက်ခြင်း (က)

Vol. 37 Ch. 554

ရွှီချင်း မြန်ဆန်စွာ ပြေးလွှားနေသည်။

နယ်ခြားစည်းတစ်ဘက်မှ ရိုက်ခတ်လာသော အရှိန်အဝါကို ခံစားမိသည်နှင့် တပြိုင်နက် သူသည် မဆိုင်းမတွ ထွက်ပြေးခဲ့၏။

၎င်းသည် ခေါင်းဆောင်နှင့်သူတို့က ကိစ္စကြီးများ ဆောင်ရွက်သည့်အချိန်တိုင်း ကပ်ညိလာသော  အလိုအ‌လျောက်တုံ့ပြန်မှုတစ်ခု ဖြစ်သည်။

ရှန်ဟယ်နှင့် တခြားသူတို့သည်လည်း ကောင်းမွန်သော အာရုံသိစိတ်အား ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။

ခုန်ရှန်းလုံသည်သာ စကားတစ်ချို့ကို ပြောနေခဲ့သောကြောင့် အနည်းငယ် နှေးကွေးသွားသည်။

ခုန်ရှန်းလုံသည် ခေါင်းဆောင်နှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူသည်ဟု ရွှီချင်း ခံစားမိသည်။ ခေါင်းဆောင်သည် လောဘကြောင့် နှေးကွေးလေ့ရှိပြီး ခုန်ရှန်းလုံသည် သူ့စိတ်ခံစားချက်များအတိုင်း လုပ်ဆောင်တတ်ခြင်းကြောင့် ဖြစ်သည်။

ရွှီချင်း သက်ပြင်းချလိုက်သည်။  ခေါင်းဆောင်က သူတို့နှင့်ပူးပေါင်းနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ သူ မည်သို့မျှ မတတ်နိုင်ပါ။ ဤလူများက ခေါင်းဆောင်ကို မယုံကြည်သည်မှာ ထင်ရှား၏။

သူတို့အုပ်စုသည် အကန့်အသတ်များကို ကျော်လွန်အောင် တွန်းအားပေးလျှက် အရှိန်အဟုန်ဖြင့် ပြေးနေကြသည်။ ကောင်းကင်၌ အလင်းရောင်များ ထွက်ပေါ်လာသည်အထိ သူတို့ မမောမပန်း ပြေးလာခဲ့ကြပြီးနောက် အတော်လေးဝေးကွာသောအရပ်သို့ ရောက်လာကြ၏။ ရန်သူက သူတို့နောက်ကို လိုက်မလိုက်ကြောင်း အတည်ပြုပြီးနောက် သူတို့က သက်ပြင်းချကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ကြသည်။

ယနေ့ညတွင် သူတို့က အများအပြား လုပ်ဆောင်ခဲ့ကြသည်။

အထူးသဖြင့် ဝတ်ရုံနက်အစောင့်အရှောက်များနှင့် တိုက်ပွဲအပြီးတွင် သူတို့အားလုံးသည် မောပန်းနွမ်းနယ်နေသော အခြေအနေတွင် ရှိနေကြသည်။

ယခု စိတ်အေးလက်အေး လဲလျောင်းလိုက်သောအခါ သူတို့အားလုံးမှာ ပျော့ခွေသွားပြီး အရုပ်ကြိုးပြတ်ဖြစ်နေကြတော့သည်။

ရွှီချင်းလည်း ထိုနည်းတူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်လာသောလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုသည် အချိန်တိုအတွင်း ကုစားရန် မဖြစ်နိုင်ပါ။

ရှန်ဟယ်သည် သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ထားသော သွေးချီများ ပျက်ပြယ်သွားပြီးနောက် တကိုယ်လုံးပျော့ခွေအားလျော့နေပြီ ဖြစ်သည်။

ညဝိညာဉ်သည်လည်း သူမ၏ မူလပုံစံသို့ ပြန်လည်အသွင်ပြောင်းသွားပြီးနောက် အသက်ရှုမဝတော့သည့်အလား မောပန်းနေသည်။

ဝမ်ချန်သည်ကား ကိုယ့်ကိုယ်ကိုယ် ချိပ်စည်းများ မြန်ဆန်စွာ ရေးဆွဲနေပြီး သူသည်သာ နှေးကွေးစွာ ရေးဆွဲနေပါက ပြသနာကြီးတစ်ခု ဖြစ်တော့မည့်အလား ထင်မှတ်ရသည်။

ခုန်ရှန်းလုံလည်း မောဟိုက်နေသည်။ သို့သော် သူသည် တခြားသူများထက် ပို၍ တည်ငြိမ်နေ၏။ ရွှီချင်းနှင့် တခြားလူများကို ကြည့်ရင်း သူက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထို့နောက် သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြတော့သည်။ ရွှင်မြူးသောခံစားမှုသည် သူတို့စိတ်နှလုံးကို သက်တောင့်သက်သာဖြစ်စေသော်လည်း ရယ်မောလိုက်သောအခါ ဒဏ်ရာဒဏ်ချက်များကြောင့် ရှုံ့မဲ့သွားကြရ၏။

ရွှီချင်းလည်း ပြုံးသည်။

“သူတို့ကို သတ်လိုက်တာ ကောင်းလိုက်တာကွာ”

ခုန်ရှန်းလုံက သူ့လက်ကို ဝှေ့ယမ်းပြီး သေရည်ငါးအိုး ထုတ်ယူလိုက်သည်။ သူက သေရည်အိုးများကို တခြားသူများထံသို့ ပစ်ပေးလိုက်ပြီး လက်ထဲကအိုးကို လေထဲသို့ မြှောက်လိုက်၏။

ရွှီချင်းကလည်း သေရည်ပုလင်းကို ကိုင်မြှောက်လိုက်သည်။ ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့သည်လည်း အတူတူပင်ဖြစ်သည်။ ရွှီချင်းကို သူတို့ကြည့်သည့်ပုံစံက ယခင်လို မစိမ်းသက်တော့ပါ။ ယင်းအစား သူတို့သည် ဖော်ရွေသောအမူအရာများအား ဖော်ပြကြသည်။

“သောက်ကြစို့”

သူတို့က တစ်ကျိုက်သောက်လိုက်ကြသည်။ ထို့နောက် သေရည်အိုးကို ချကာ ရယ်မောလိုက်ကြပြန်၏။

သို့သော်လည်း သူတို့က သောက်ရင်းဖြင့် ဓားကိုင်ဖြစ်ရန် ရည်မှန်းထားသော လူငယ်အကြောင်းအား တွေးမိကာ သက်ပြင်းချကြပြန်သည်။

ထိုနည်းဖြင့် အချိန်များ ကုန်ဆုံးသွားသည်။

သေရည်၊ ရယ်မောခြင်း သို့မဟုတ် သက်ပြင်းချတို့ကြောင့် သူတို့အကြားရှိ ဝေးကွာစိမ်းသက်မှုများမှာ အလိုအလျောက် ပျက်ပြယ်လာခဲ့သည်။ အချို့သော အရာများကို အတူတကွ တွေ့ကြုံပြီးနောက်တွင် ပုံမှန်အားဖြင့် ပိုမိုရင်းနှီးလာသည်မှာ သဘာဝဖြစ်သည်။

အထူးသဖြင့် သူတို့က အမှားများကို အတူတကွ လုပ်ဆောင်ပြီးသောအခါ…

“ဒီတစ်ခေါက် ပြန်ရောက်ရင် အဆုံးသတ်ပြီပဲ။ ငါတို့ကို ရုံးတော်သခင်က ချုပ်နှောင်ထားလိမ့်မယ်။ တကယ်တော့ သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ နီးစပ်သူတွေက… အထူးသဖြင့် ယောင်မိသားစုက ကောလဟာလတွေတောင် ဖြန့်ကြလိမ့်မယ်။”

“ဟူး…  အားလုံးပဲ၊ ငါတို့ပြန်ရောက်ရင် သိုသိုသိပ်သိပ်ပဲ နေကြတော့။”

ခုန်ရှန်းလုံက မတ်တပ်ထရပ်ပြီး အကျောဆန့်ကာ ပြောသည်။

“ရွှီချင်း… မင်း ပိုပြီး သတိထားသင့်တယ်။ ရုံးတော်သခင်ကြီးရဲ့အကြောင်းကို မင်းလည်း သိတာပဲ။ အချုပ်ထောင်ဌာနရဲ့ နယ်ရုပ်အနေနဲ့ မင်းဟာ ရုံးတော်သခင်ရဲ့ ပြစ်ဒဏ်ပေးတာကို သေချာပေါက် ခံရမှာပဲ။”

ခုန်ရှန်းလုံက မျက်တောင်ခတ်ကာ ပြောသည်။

“မှန်တယ်… ရွှီချင်း၊ မင်းတော့ သွားပြီပဲ။”

“ဟူး… ရွှီချင်း… မင်းက ဒီလိုတွေးရမယ်။ နယ်ရုပ်အနေနဲ့ မင်းဟာ အချုပ်ထောင်ဌာနမှာ ချုပ်နှောင်ခံရမယ်။ ဒီအတွေ့အကြုံက လှပတာပဲ။”

ရှန်ဟယ်နှင့် တခြားသူများက ရွှီချင်းနှင့် နောက်ပြောင်နေကြသည်။ တစ်ချိန်တည်းမှာပင် ရွှီချင်း၏ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်နေကြ၏။

သူတို့တွင် မကောင်းသော ရည်ရွယ်ချက် မရှိပါ။ ဤသည်က အချင်းချင်း မိတ်ဆွေဖြစ်လာရန် အသိအမှတ်ပြုခြင်းတစ်မျိုးလည်း ဖြစ်သည်။

ရွှီချင်းက တည်ငြိမ်သောအမူအရာဖြင့် ပြောသည်။

“နယ်မြေ(ဃ)မှာရှိတဲ့ နယ်ရုပ်တွေအားလုံးက ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ သူတို့နှင့် အရမ်းရင်းနှီးတယ်။ ကျုပ်တို့ တကယ်လို့ အချုပ်ကျခဲ့ရင်လည်း…”

ရွှီချင်းက ခုန်ရှန်းလုံနှင့် တခြားသူများကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ကျုပ် ဒီအတိုင်းပဲ အိမ်ပြန်မယ်။ ပြီးတော့ ခင်ဗျားတို့ကို ကျုပ်အိမ်မှာ ချုပ်နှောင်ဖို့အတွက် ကြိုဆိုမယ်။”

ရွှီချင်း ပြောပြီးသည်နှင့် ခုန်ရှန်းလုံသည် တိတ်ဆိတ်စွာဖြင့် သေရည်တစ်ကျိုက်သောက်လိုက်သည်။ ရှန်ဟယ်နှင့် တခြားလူများကလည်း မသက်မသာခေါင်းယမ်းကာ သက်ပြင်းချကြ၏။ သို့သော်လည်း သူတို့က ရွှီချင်းကို ကြည့်သော အကြည့်များမှာ ပို၍ ရင်းနှီးလာသည်။

ရှန်ဟယ်က ခြောင်းဟန့်ကာ တီးတိုးပြောသည်။

“အဲ… ရွှီချင်း… မင်းငါ့ကို အမျိုးသမီးနယ်ရုပ်စောင့်တဲ့ အချုပ်ဆောင်ထဲ ထည့်ပေးပါလား။”

သူ့စကားမဆုံးခင် ဝမ်ချန်က သူ့အား ကန်လိုက်သည်။

“သူ့ကို လျစ်လျူရှုထားလိုက်။ သူ့ဦးနှောက်က တစ်ခုခုလွဲနေပြီ။ အမျိုးသမီးနယ်ရုပ်က ဘာကောင်းလို့လဲ။ ရွှီချင်း… အချိန်ကျလာရင် ငါ့ကို ခြွင်းချက်ထားပြီးတော့ အမျိုးသမီးအကျိုးသားနဲ့ ငါ့ကို အတူတူထားပေးဦး။”

ဝမ်ချန်၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။

တစ်ဘက်တွင် ရှန်ဟယ်သည် သဘောတူဟန်မရဘဲ စကားတချို့ ပြန်ပြော၏။ မကြာမီ သူတို့နှစ်ဦး စကားများစပြုလာသည်။

ထိုမြင်ကွင်းသည် ယခင် ရွှီချင်း မြင်ဖူးသောပုံစံနှင့် ကွဲခြားလှသည်။ သိသာစွာပင် လူတိုင်းတွင် မျက်နှာအမျိုးမျိုးရှိပြီး ရန်သူနှင့် မိတ်ဆွေ ဆက်ဆံပုံချင်း ကွဲပြားသွားခြင်း ဖြစ်သည်။

ညဝိညာဉ်သည်ကား အထင်သေးသော မျက်လုံးများဖြင့် သူတို့ကို တစ်ချက်ကြည့်ကာ ဖရဲသီးစေ့များကို ထုတ်ဝါးသည်။

ခုန်ရှန်းလုံက ရွှီချင်းအား ပြုံးကြည့်လိုက်ပြီး နတ်အတတ်နှင့်ပတ်သက်၍ မေးမြန်းသည်။

“ရွှီချင်း… မင်းရဲ့အဆိပ်က တကယ်ပဲ အားကောင်းတယ်။ ငါ့ကို အမြင်ပွင့်စေတာကတော့ မင်းရဲ့လက်ကို ကြည်လင်တောက်ပစေပြီးတော့ တစ်ဘက်လူရဲ့ နတ်နန်းတော်ထဲက အမြုတေတွေကို ဆွဲထုတ်တာပဲ။ ဒီအတတ်က… အရမ်းထူးဆန်းတယ်။”

ခုန်ရှန်းလုံက ထိုသို့မေးလိုက်လျှင် တခြားသုံးယောက်ကလည်း စိတ်ဝင်စားစွာ လှမ်းကြည့်ကြသည်။

ရွှီချင်းက ထိုစကားကိုကြားသောအခါ မည်သည့်အရာကိုမှ ဖုံးကွယ်မထားပေ။ သူက လက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။  ချက်ချင်းပင် သူ၏ညာလက်သည် သလင်းကျောက်အလား ကြည်လင်လာ၏။

“ဒါက ကျုပ်ဆရာသင်ပေးထားတဲ့အတတ်တစ်ခုပဲ။ ဒါက ထူးဆန်းမိစ္ဆာမျိုးနွယ်တွေနဲ့ နည်းနည်းပတ်သက်နေတယ်။”

ခုန်ရှန်းလုံက ထိုအချက်ကို သတိပြုမိကာ ချီးကျူးသည်။

“ဒီအတတ်ကို လုံးဝကျွမ်းကျင်သွားရင် မင်းဟာ တကိုယ်လုံးကို အဲလိုပုံစံလုပ်နိုင်လောက်တယ်။”

သူက ထိုသို့ပြောပြီး တစ်စုံတစ်ခုကို တွေးတောနေသည်။

All Chapters