ပြန်ပြင်ကြမယ်
Vol. 6 Ch. 81
ဤလူများအား ကြည့်ရသည်မှာ ဆန္ဒစောနေပုံပင်။ ရှဲ့ချောင်သည် ယခုမှ ကျောင်းတော်သို့ရောက်လာသည်ဖြစ်ပြီး မည်သည့်စည်းမျဥ်းကိုမျှ မသိသေးပေ။
ထို့ကြောင့် သူမ ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူမ အသေးစိတ်မေးလိုက်၏။ " ကျောင်းတော်က ကျွန်မတို့ ကိုယ့်အတန်းကိုယ် ရွေးချယ်လို့ရတယ်လို့ မပြောခဲ့ဘူးလား? "
" မှန်တယ်။ အဲဒါက ဒီအတိုင်း..." ဖန်းမုရွှယ် ထရပ်လိုက်ကာ အသက်ရှုထုတ်လိုက်ပြီးနောက် ရှင်းပြခဲ့သည်။ " ငါတို့ကျောင်းမှာ အခုရော၊ နောင်ရော ပြိုင်ပွဲအမျိုးအစားတွေ အများကြီး ရှိလာလိမ့်မယ်။ လူတိုင်းက စကားနိုင်လုလာတဲ့အချိန်ကျရင် ငါတို့မှာ ဘာလိုအပ်နေလည်းဆိုတာ
ရှာတွေ့နိုင်တယ်..."
ရှဲ့ချောင် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်၏။
" အစ်မ မုရွှယ် နင် သူ့ကို ရှင်းပြနေလည်း အသုံးမဝင်ဘူး။ သူက အခုကတည်းက ငါတို့ကို နှောင့်နှေးအောင်လုပ်နေပြီမဟုတ်ဘူးလား? “ ရှားယာ့ယွင် သရော်လိုက်၏။ “ သစ်ခွခြံဝင်းကလူအားလုံး ပျိုနီခြံဝင်းကို သွားချင်နေကြတာ။ ဒီနေရာမှာ သူနဲ့အတူရှိနေလို့ တခြားသူတွေက ငါတို့ကို အရူးတွေလို့ ထင်ကြမှာ ငါစိုးရိမ်တယ်! “
“ ယာ့ယွင် မနေ့က ဆရာဘာပြောခဲ့လဲဆိုတာ နင်မေ့သွားပြီလား? “ ဖန်းမုရွှယ် ရုတ်တရက် မေးလိုက်၏။
သူမသည် ယမန်နေ့ကလည်း ရှဲ့ချောင်ဘက်မှနေပေးကာ ရင်ဆိုင်ပေးခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ သူမအတွက် အကြောက်တရားတစ်ခုထက် ပိုလေသည်။ နောက်ဆုံးတော့လည်း ရှဲ့မိသားစု၏ သခင်လေး၊ သခင်မလေးများမှာ သတင်းဆိုးဖြင့် အတော်ကျော်ကြားလှသည် ဖြစ်၏။
ယခု ထိုအကြောင်းအား သူမတွေးကြည့်သောအခါ ဆရာပြောသည်မှာ မှန်သည်ပင်။ လူကြီးမင်းရှဲ့သည် ယခုအချိန်၌ ဓားပြတစ်ယောက်မဟုတ်ပဲ အကြီးအကဲတစ်ယောက် ဖြစ်၏။ ထို့အပြင် ဤသခင်မလေးရှဲ့ကို ကြည့်ရသည်မှာ…ပုံမှန်ပင် ဖြစ်သည်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် မသိကြသေးသည်ဖြစ်ရာ သူမအပေါ် ဆိုးရွားစွာဆက်ဆံရန် အကြောင်းအရင်းမရှိပေ။
“ ငါက ဒီအတိုင်း အမှန်ကိုပြောရုံပဲ။ ငါတို့အားလုံးကို သူထိခိုက်အောင်လုပ်မှာကို ခွင့်ပြုလို့မဖြစ်ဘူးလေ မဟုတ်ဘူးလား? “ ရှားယာ့ယွင်သည် အ
လျှော့မပေးပေ။
ရှဲ့ချောင် သူမပြောသည်အား စဥ်းစားလိုက်၏။
တစ်ခဏမျှကြာသော် သူမ ပြောလိုက်၏ “ နင့်နာမည် ဘယ်လိုခေါ်လဲ? “
“ ရှား !“ ရှားယာ့ယွင် အနည်းငယ်တုန်လှုပ်သွား၏။
ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “ ဒီတော့ ပျိုနီခြံဝင်းထဲကို သွားချင်တယ်လို့ နင်ပြောနေတာလား? “
“ ဒါပေါ့ ဘယ်သူကများ မသွားချင်မှာတဲ့လဲ?! “ ရှားယာ့ယွင် ပြောလိုက်၏။
“ ပျိုနီခြံဝင်းထဲကို ဝင်နိုင်ဖို့အတွက်က ငါတို့ရဲ့
ကိုယ်ပိုင်အရည်အချင်းတွေကို ကြည့်ပြီး ဆုံးဖြတ်တာမဟုတ်ဘူးလား? အဲ့တာက ငါနဲ့ ဘာဆိုင်လို့လဲ? ဒါမှမဟုတ် ငါဒီမှာရှိနေလို့ နင်တို့တစ်ယောက်မှ ပျိုနီခြံဝင်းကို မဝင်နိုင်တာလား? “ ရှဲ့ချောင် ထပ်မံဖြည့်စွက်လိုက်သည်။
မုရွှယ်ဟုခေါ်သော ထိုမိန်းကလေးသည် စကားအပြောအဆို အတော်လေးနူးညံ့၏။ ကျောင်းသားများကြား၌ ဖလှယ်ခြင်းများရှိသော်လည်း မဖြစ်မနေစည်းမျဥ်းမျိုးတော့ ဟုတ်ဟန်မတူပေ။ လူအားလုံးသွားခဲ့ကြပြီး သူမ မသွားပါက အမှန်တကယ့်ကို မသင့်မလျော်ဖြစ်နိုင်သည်ပင်။
ထိုအရာကိုလည်း သူမ သိပေသည်။
မည်သို့ပင်ဖြစ်စေ ရှားယာ့ယွင်ပြောခဲ့သည်မှာ အတော်လေးဒေါသထွက်စရာ ကောင်းလှ၏။
“ မိန်းကလေးရှဲ့…” ဖန်းမုရွှယ်သည် ၎င်းတို့နှစ်ယောက်လုံးအား အကဲခတ်လိုက်ကာ အခက်တွေ့နေပုံပေါ်ပြီး ပြောလိုက်၏။ “ တကယ်တော့…ဒါက ဘာကြောင့်ဖြစ်ရလဲဆိုတာပါ။ ခြံဝင်းနှစ်ခုကြားမှာ စကားရည်လုဖို့အတွက် အဆင့်သတ်မှတ်ပေးတာ ရှိလိမ့်မယ် “
“ ပိုမြင့်တဲ့အဆင့်ရတဲ့ ခြံဝင်းက လတိုင်း ဆုချီးမြှင့်ခံရမှာ” သူမ ထပ်ဖြည့်ပြောလိုက်သည်။
ရှဲ့ချောင်မှာ ထိုအကြောင်းကိုကြားပြီး ကြက်သေသေသွားခဲ့သည်။
“ ဆုတွေ? စာစောင်ထဲမှာ အဲ့လိုမပြောထား…”
‘ အဲဒီ လူကြီးမင်းရွှီက သေချာပေါက်ကို ကျီစားတတ်တယ် ဟုတ်တယ်မလား? ‘
သူမ၏ ကြက်သေသေနေသော မျက်နှာကို မြင်ပြီးနောက် ဖန်းမုရွှယ်မှာ မတတ်နိုင်ပဲ ပြုံးလိုက်၏။
“ ဒါက စာစောင်ထဲမှာ မပါဘူး။ ဆုလာဘ်တွေက များတယ် “
“ ကျောင်းတော်ကို ဝင်ခွင့်ရဖို့ ပေးရတဲ့ လက်ဆောင်ပဏ္ဍာက အတော်လေးဈေးကြီးတယ်ဆိုတာကို မိန်းကလေးရှဲ့ သိမှာပါ။ အရာရာတိုင်းကလည်း ငွေစလိုအပ်တယ်။ ပြီးတော့လည်း နှစ်လကြာတိုင်းမှာ ခြံဝင်းတိုင်းက ကျောင်းသားတွေက ကောင်းတဲ့ဆောင်ရွက်ချက်တွေ လုပ်ရမယ်လို့လည်း ကျောင်းတော်ဘက်က တောင်းဆိုချက်တစ်ခု ရှိတယ်။ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေအတွက် ဘယ်သူက ငွေစဘယ်လောက်ကုန်သွားတယ်ဆိုတာကို ကြည့်ဖို့ ငါတို့ပြိုင်ကြမှာ။ တစ်နည်းအားဖြင့်ပြောရရင် အခုပြိုင်ပွဲနဲ့ နောင်လာမယ့်ပြိုင်ပွဲတိုင်းကနေ ငါတို့ငွေစရအောင်လုပ်
ကြမှာ “
ကျောင်းတော်၌ စည်းမျဥ်းပေါင်းများစွာ ရှိလေသည်။
သာဓကအားဖြင့် တော်ဝင်မင်းသားနှင့် တော်ဝင်မင်းသမီးတို့သည်ပင် ဤနေရာ၌ အခြားသူများအား ၎င်းတို့၏ အရှိန်အဝါဖြင့် အနိုင်ကျင့်၍ မရနိုင်ပေ။
တစ်စုံတစ်ယောက်သာ မိမိကိုယ်ကို မိသားစုအချို့မှ သခင်မငယ်လေးများဖြစ်သည်ဟု ကိုယ်ရည်သွေးကာကြွားဝါရဲပါက မလွဲမသွေပင် ကျောင်းတော်မှ ထုတ်ပယ်ခံရလေမည်။
အလားတူပင် ၎င်းတို့သည် ကျောင်းတော်၌ ကောင်းမွန်သောဆောင်ရွက်ချက်များအား လုပ်ဆောင်နိုင်ရန် လုံလောက်သောငွေစများ မ
ပြုလုပ်နိုင်ပါက ပမာဏကို မှတ်တမ်းတင်ထားခံရမည် ဖြစ်၏။ ထို့နောက် ၎င်းတို့သည် ပြန်ပြင်ရန် အိမ်တော်မှ ငွေစများအား ယူဆောင်လာရမည်ဖြစ်သည်။
၎င်းတို့၏ မိသားစုများမှာ မမှုလောက်သော ငွေစပမာဏလောက်အား ပြတ်လပ်မနေကြပေ။
အဓိကအချက်မှာ နန်းမြို့တော်မှ လူအားလုံးသည် ပြသကြွားဝါခြင်းအနုပညာအား လေ့ကျင့်ခဲ့ကြသည်ပင်!
အကယ်၍ မိသားစုများထဲမှ တစ်ချို့သာ လုပ်ဆောင်ချက်ကောင်းများအား ပြင်ဆင်ရန် သုံးစွဲရမည့် ငွေစများအား ပေးရသည်ဆိုပါက ကလေးမှာ…မလွဲမသွေပင် နှစ်သက်ခြင်းမခံရပဲ ရှိလေမည်!
လိုအပ်ချက်များအား တတ်နိုင်သလောက် ပြီးမြောက်စေခြင်းမှလွဲ၍ သူတို့လုပ်နိုင်သည့်အရာ မရှိပေ။
ယခု ရှဲ့ချောင်မှာ ဤနေရာ၌ရှိနေရာ…
အမှန်တကယ်ပင် ထိုအချင်းအရာသည် ၎င်းတို့၏တာဝန်အား ပြီးမြောက်ရန် ခက်ခဲမှုအဆင့်အား တိုးမြှင့်နိုင်ပေသည်။
••••••••