ငွေပဲစေ့
Vol. 6 Ch. 82
ရှဲ့ချောင် အတော်လေးအံ့အားသင့်သွားခဲ့လေသည်။
တော်ဝင်ကျောင်းတော်သည် ၎င်းတို့၏ ဝတ်ရုံလက်များအောက်၌ များပြားလှစွာသော ပရိယာယ်များရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
“ ဒီအကြောင်းအရာတွေအကုန်လုံး ငါတစ်ခါမှ မကြားဖူးဘူး။ မိန်းကလေး ဒါနဲ့ပတ်သက်ပြီး ထပ်ပြောပြပေးနိုင်မလား? “ ရှဲ့ချောင်၏ အသံအနေအထားမှာ ဖန်းမုရွှယ်အား ကြည့်လိုက်သည်နှင့် ပျော့ပျောင်းနေလေသည်။
“ နင်လုံးဝတွေးမိမှာ မဟုတ်ဘူး? “ ဖန်းမုရွှယ်မှာ အံ့ဩသွားခဲ့သည်။
နန်းမြို့တော်ကလူတိုင်း တော်ဝင်ကျောင်းတော်ရဲ့ စည်းမျဥ်းတွေကို သိကြတယ်မဟုတ်ဘူးလား!?
“ ငါ နန်းမြို့တော်ကိုရောက်တာ သိပ်မကြာသေးဘူး “ ရှဲ့ချောင်ကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေလေသည်။
“ မဖြစ်နိုင်လိုက်တာ။ နင်ဟန်ဆောင်နေတယ်ဆိုတာ ငါလောင်းရဲတယ်! နင်ဒီကို ရောက်နေပြီကို ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို ဘယ်လိုလုပ် မသိရတာလဲ? “ ရှားယာ့ယွင် သူမအား မယုံကြည်ပါချေ။
နန်းမြို့တော်၌ ကျောင်းတော်သုံးခု ရှိ၏။ တော်ဝင်ကျောင်းတော်အား လာတက်ရောက်သည့် လူတိုင်းက စာလေ့လာရန်သက်သက်လာရုံသာ မဟုတ်ပေ!
အထူးသဖြင့် အမျိုးသမီးများပင်။ ၎င်းတို့၏ အဓိကလာရသည့်အကြောင်းအရင်းမှာ တော်ဝင်ကျောင်းတော်၏ ဂုဏ်သတင်းကောင်းနှင့်
စည်းကမ်းတင်းကြပ်မှုကြောင့်ဖြစ်သည်!
ကျောင်းတော်ဆီသို့ မလာမီက သူမသည် ထိုနေရာ၌ရှိသော စည်းမျဥ်းတစ်ခုချင်းစီအား သင်ယူခဲ့၏။ စည်းမျဥ်းတစ်ခုခုအား ဆန့်ကျင်မိမည်ကို သူမ စိုးရိမ်နေခဲ့သည်။
ရှဲ့ချောင် ကူကယ်ရာမဲ့သလို ခံစားနေရ၏။
“ငါအခုလေးတင်ကြားလာခဲ့တာ ကျောင်းတော်ရဲ့စာကြည့်တိုက်မှာ အတည်ပြုမိတ္တူတွေ အများကြီးရှိတယ်တဲ့။ ဒီတော့ အဲ့တာတွေကို သွားဖတ်ရမယ်ထင်တယ် “ တိုတိုနှင့် ချိုသာအောင် ရှဲ့ချောင်ဖြေလိုက်၏။
ဤသည်အား ကြားလိုက်ရသောအခါ လူအားလုံးသည် ရှဲ့ချောင်အား အတော်လေးထူးဆန်းသည့်
အပြုအမူဖြင့် ကြည့်လိုက်ကြသည်။
“ ငါထင်တာတော့…နင်အမှားတစ်ခုခု လုပ်မိခဲ့တယ်ထင်တယ် “ ဖန်းမုရွှယ် ခေါင်းခါလိုက်၏။ “ငါတို့ကျောင်းတော်က စာအုပ်တွေကို ဘယ်သူမှ ရိုးရိုးရှင်းရှင်းဖတ်လို့မရဘူး “
“ ဘာကိုဆိုလိုတာလဲ? “ ရှဲ့ချောင် အနည်းငယ် မျက်ခုံးပင့်လိုက်၏။
“ တကယ်လို့ လူတိုင်းသာ အတည်ပြုမိတ္တူတွေနဲ့ ရှားပါးစာအုပ်တွေကို ဖတ်လို့ရနေမယ်ဆိုရင် အခုလောက်ဆို စုတ်ပြဲကုန်လောက်ပြီပေါ့ “ ဖန်းမုရွှယ် သက်ပြင်းချလိုက်၏။
ရှဲ့ချောင် ခေါင်းငြိမ့်လိုက်၏။ “ အဓိပ္ပာယ်ရှိတယ် “
“ ပုံမှန်ကျောင်းသားတွေက စာကြည့်ခန်းအသေးတွေလောက်ကိုပဲ သွားလို့ရတယ်။ လူနည်းနည်းလောက်ကပဲ တကယ့်စာကြည့်တိုက်ဆီကို လတိုင်း သွားခွင့်ရတာ။ နင်ဝင်ခွင့်ရချင်တယ်ဆိုရင် ရွှေတုံး ဒါမှမဟုတ် ငွေတုံး အလုံအလောက် လိုအပ်လိမ့်မယ် “
ဖန်းမုရွှယ်သည် စကားပြောရင်း ပိုက်ဆံအိတ်တစ်ခုအား ထုတ်လိုက်ကာ အထဲမှ အရာများကို သွန်ထုတ်လိုက်သည်။
ရှဲ့ချောင် ထိုအရာများအား ကြည့်လိုက်သည်။
၎င်းတို့မှာ ရွှေ၊ငွေများဖြစ်ပြီး လုံးဝိုင်းသည်။ ရိုးရှင်းသည့် ပုံစံအချို့ကိုလည်း ထွင်းထုထားသေး၏။
“ ဒီမှာက ငွေပဲစေ့ဆယ်စေ့ပေါင်းလိုက်ရင် ငွေစတစ်စပဲ။ နင့်ရဲ့ ကိုယ်ပိုင် စုတ်တံ၊ မှင်နဲ့ မှင်တုံးကို ယူလာလို့ရပေမယ့် အိမ်စာကို ဆရာတွေဆီ တင်တဲ့အခါတိုင်းမှာတော့ တံဆိပ်ခေါင်းထုထားတဲ့ စာရွက်ကို သုံးရလိမ့်မယ်။ မဟုတ်ရင် တရားမဝင်ဖြစ်သွားလိမ့်မယ်။ ငါတို့ရဲ့ နေ့စဥ်သရေစာအတွက်လည်း ငွေပဲစေ့တွေ လိုအပ်တယ်။ ပြီးတော့ ဒီရွှေပဲစေ့တွေကို စာကြည့်တိုက်မှာ အဓိက သုံးရတယ် “
ဖန်းမုရွှယ်မှာ အတော်စိတ်ရှည်ပေသည်။
မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်မှာ စိတ်တိုနေပေ၏။
သူမ၏ ခန္ဓာကိုယ်မှာ…အားနည်းသည်။ သူမ၏ အားစိုက်ထုတ်မှုများအား အလဟသဖြုန်းမပစ်ချင်ပေ။
သူမလိုချင်သည်မှာ သူမ၏ခန္ဓာကိုယ်ကို ဂရုစိုက်ကာ စာကြည့်တိုက်ဆီ ရံဖန်ရံခါ သွားရုံလေးသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြည့်ရသည်မှာ…အခုတော့ သူမ မလုပ်နိုင်တော့ဘူးလား?
သူမ မျက်မှောင်ကြုတ်လိုက်၏။
ဤမိန်းကလေးရှဲ့မှာ အတော်လေးသနားစရာကောင်းသည်ဟု ဖန်းမုရွှယ်တွေးလိုက်သည်။
သူမသည် ဤအသက်အရွယ်မှ လာသောကြောင့် သင်ရိုးမာတိကာအား သေချာပေါက်ကို လိုက်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူမပြောသလိုသာ ဖတ်ချင်သည်ဆိုပါက…
မည်သူမှ သူမပြောသည်အား အတည်ယူမည်မဟုတ်ပေ။
ရှဲ့ချောင် မတတ်နိုင်ပဲ ရေရွတ်လိုက်၏။ “ အိုး ဟုတ်ပြီလေ… အဲ့ဒီစည်းမျဥ်းက ကျောင်းတော်တည်ဆောက်ကတည်းက ရှိလာခဲ့တာလား? “
“ ဟုတ်တယ်။ အဲ့တာက အမြဲတမ်းဒီလို ဖြစ်လာခဲ့တာ “ ဖန်းမုရွှယ် ခေါင်းငြိမ့်လိုက်၏။
ရှဲ့ချောင် သက်ပြင်းချလိုက်လေသည်။
“ မိန်းကလေးရှဲ့ ငါတို့က ဒီဟာကို နင့်ကောင်းကျိုးအတွက် လုပ်နေတာပါ။ ပျိုနီခြံဝင်းနဲ့ သစ်ခွခြံဝင်းမှာ သာမန်ထက်လွန်ကဲတဲ့ မြင့်မားတဲ့ လိုအပ်ချက်တွေ ရှိတယ်။ အခကြေးငွေကလည်း မြင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေပန်းခြံဝန်းမှာကျ မတူ
တော့ဘူး။ အဲ့ဒီ့က အမျိုးသမီးတွေက ငယ်ရွယ်ပြီးတော့ ဆောင်ရွက်ချက်ကောင်းတွေအတွက် လိုအပ်ချက်တွေကလည်း နိမ့်တယ်။ ဒါနဲ့ပတ်သက်ပြီး နင်ဉာဏ်ကောင်းရင် ကောင်းသလောက် ငွေစရှာဖို့ လွယ်တယ် “ ဖန်းမုရွှယ် ထပ်ဖြည့်လိုက်၏။
ရှဲ့ချောင်၏ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားလေ၏။
“ နင်က အရမ်းကောင်းလွန်းတယ် အစ်မမုရွှယ်! ရှဲ့ချောင် ငါတို့နင့်ကို သဘောမကျဘူး! နင့်ညီမက ကြွေပန်းခြံဝင်းမှာ မဟုတ်ဘူးလား? သူ့ဆီသွားလေ! “
“ ငါမသွားဘူး “ ရှဲ့ချောင် ခေါင်းယမ်းလိုက်၏။
“ နင်ဘာပြောလိုက်တယ်!? နင်လူစကား နားမလည်တာလား!? “ ရှားယာ့ယွင် ကြိမ်းဝါးလိုက်၏။
“ ငါပြောတာ ငါမသွားဘူးလို့။ ငါ့ရဲ့ နားထောင်စွမ်းရည်က ဆိုးရွားတယ်လို့ နင်အပြစ်တင်နေသရွေ့ မိန်းကလေးရှဲ့က လူစကားနားမလည်ဘူး? “ ရှဲ့ချောင်သည် သူမအသံအနေအထားအား ဖိနှိပ်ထားလေ၏။ သူမကြည့်ရသည်မှာ စိတ်ဖိစီးနေပုံ မပေါ်ပေ။
သူမသည် မကျန်းမာပေ။ ထို့ကြောင့် သူမ အလွယ်တကူ ဒေါသထွက်၍ မဖြစ်ပေ။
မည်သို့ပင်ဖြစ်စေ ဤရှားယာ့ယွင်သည် သူမအား စိတ်တိုအောင်လာလုပ်နေလေသည်။
•••••••••