← Chapters

ထိန်းချုပ်ထားရသော စိတ်ခံစားချက်များ

Vol. 6 Ch. 83

ထိန်းချုပ်ထားရသော စိတ်ခံစားချက်များ

Vol. 6 Ch. 83

ရှဲ့ချောင်၏ အသံအနေအထားမှာ တည်ငြိမ်နေကာ ရယ်သွမ်းသွေးမှု အငွေ့အသက်ပင် ပါပေသေး၏။

ရှဲ့ချောင်သည် အချိန်တစ်ခုခန့် ရပ်လိုက်ကာ အနည်းငယ်မျှ စိတ်လျှော့ချပြီးနောက် ဖြည်းညင်းစွာပြောလိုက်၏။ “ ငါကိုယ့်ဟာကိုယ် မလုပ်နိုင်သရွေ့ လှူဒါန်းမှုတွေကို စုဆောင်းဖို့ ငါတို့အားလုံး တာဝန်ပေးခံရမယ်ဆိုတာ သေချာတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကို သယ်ပေးဖို့ နင်တို့တွေ ကူရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား? “

“ အဲ့တာတော့ အဲ့တာပေါ့၊ ဒါပေမယ့်…” ဖန်းမုရွှယ် အတော်လေး နေရခက်သလို ခံစားရလေသည်။ “ အဲ့တာက လှူဒါန်းမှုက အတော်လေး များ

ပါတယ်။ ပြီးတော့ နောက်ထပ်လှူဒါန်းမှုကို တင်ပြဖို့ ငါတို့မှာ တစ်လတည်းကျန်တော့တာ။ သစ်ခွခြံဝင်းက ငါတို့တစ်ယောက်ချင်းစီက ငွေပဲစေ့ ၅၀၀ စီ ပြင်ဆင်ရမှာ “

၅၀၀?

ထိုသည်မှာ အမှန်တကယ်ပင် အတော်များပေသည်။

ဤလူများမှာ ငွေစကိုသုံး၍ ငွေပဲစေ့များ ဝယ်၍ရနိုင်သည်ဟု ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းတော်၌ ဤကဲ့သို့ စည်းမျဥ်းတစ်ခုရှိနေရာ မိသားစုများမှ လျော်ကြေးပေးလျှင်ပင် သုံးရနိုင်သော ငွေစပမာဏမှာ ငွေပဲစေ့တန်ဖိုးထက်ပင် မြင့်မားနေနိုင်လေသည်။

သဘာဝကျစွာပင် ထိုအရာမှာ

တစ်စုံတစ်ယောက်၏ ဂုဏ်သတင်းကို ဖျက်ဆီးနိုင်သောကြောင့် အဓိကဖြစ်လေသည်။

တစ်ယောက်ယောက်သာ ငွေပဲစေ့များအား မပေးခဲ့လျှင် ဒါမှမဟုတ် ၎င်းတို့၏ မိသားစုများအား လျော်ခိုင်းခဲ့ပါက ပမာဏသည် အခြားကျောင်းသားများဆီသို့ တာဝန်ကျသွားလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သစ်ခွခြံဝင်း၏ ခြုံငုံအဆင့်အား သက်ရောက်နိုင်သည်ဖြစ်၏။

“ သတိပေးတဲ့အတွက် ကျေးဇူးပါ မိန်းကလေးရှဲ့ ။ ငါကိုယ့်ဟာကိုယ် နည်းလမ်းတစ်ခု စဥ်းစားကြည့်လိုက်ပါ့မယ် “ ရှဲ့ချောင် ပြောလိုက်၏။

“ ဟား နင်က အဲ့တာက လွယ်ကူသလိုမျိုး ပြောနေတာပဲ။ နောက်ဆုံးကျရင်တော့ နင့်မိသားစုရဲ့ အကူအညီကို ယူရလိမ့်မယ်ဆိုတာ သေချာတယ်

ဟုတ်? ငါတို့ သစ်ခွခြံဝင်းထဲက တစ်ယောက်ယောက်ရဲ့ လှူဒါန်းမှုကသာ သူမရဲ့ မိသားစုအပေါ်မှာ မူတည်နေမယ်ဆိုရင် ငါတို့တွေတော့ အရှက်ကွဲမှာပဲ! “ ရည်ရွယ်ချက်ရှိရှိဖြင့် ရှားယာ့ယွင် ပြောလိုက်၏။

“ နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ်လို့ ငါပြောခဲ့တယ်။ ဒီတော့ ငါသေချာပေါက်ကို လုပ်မှာ။ မိန်းကလေးရှားအနေနဲ့ လက်ညှိုးထိုးပြီး ငါ့ကိစ္စကို လိုက်စိတ်ဝင်စားနေစရာ မလိုပါဘူး “ ရှဲ့ချောင် အေးစက်စွာ ပြောလိုက်၏။

“ တကယ်လို့ နင်မလုပ်နိုင်ခဲ့ရင်ရော!? “ မည်သို့ပင်ဖြစ်စေ ရှားယာ့ယွင်သည် ရှဲ့ချောင်အား သည်အတိုင်း လွှတ်ပေးရန် မဖြစ်နိုင်ပါချေ။

ရှဲ့ချောင် စကားမပြောမီတွင် ရှားယာ့ယွင် ထပ်ပြောလိုက်၏။ “ ငွေပဲစေ့တွေ စုဖို့ နင်ကျရှုံး

မယ်ဆိုရင် ငါတို့သစ်ခွခြံဝင်းက ထွက်သွားရမယ်။ ဘယ်လိုလဲ? နင့်အနေနဲ့ နှင်းလုံးနှင်းဆီခြံဝင်း ဒါမှမဟုတ် ကြွေပန်းခြံဝင်းကိုပဲ သွားသွား၊ ငါတို့သစ်ခွခြံဝင်းက နင့်အတွက် မဟုတ်ဘူး! “

ရှဲ့ချောင် သူမ၏ခေါင်းကို အနည်းငယ်ငုံ့ကာ ကိုင်ထားရင်း သူမလက်ကောက်ဝတ်ပေါ်ရှိ ခေါင်းလောင်းငယ်လေးအား ပွတ်သပ်နေ၏။

“ သစ်ခွခြံဝင်းက ကျောင်းသားတွေရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ငါမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးရှားရဲ့ အပြုအမူကိုကြည့်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်တော့ သူမနဲ့ သဘောထားတူတဲ့ နင်တို့တွေက နိမ့်ကျတဲ့အကျင့်သီလ ရှိမှာပဲဆိုတာ သေချာတယ် “ ရှဲ့ချောင် ပြောလိုက်ကာ ထေ့ငေါ့သည့်ပုံဖြင့် ပြုံးလိုက်၏။ “ သစ်ခွခြံဝင်းရဲ့ လိုအပ်ချက်တွေကို ငါမရောက်နိုင်ခဲ့ဘူးဆိုရင် နင်တို့အားလုံးဆီကလာတဲ့ ဖိအားတွေမပါဘဲ ငါနဲ့သင့်တော်ကိုက်ညီတဲ့နေရာကို သွား

မှာ။ ဘယ်လိုပဲဖြစ်ဖြစ်…”

“ မိန်းကလေးရှား ငါထင်တာတော့ နင့်ရဲ့အပြုအမူက သစ်ခွခြံဝင်းတစ်ခုလုံးရဲ့ အဆင့်အတန်းကို ချနေသလိုပဲ။ လှူဒါန်းမှုကို စုဆောင်းဖို့ ငါစီမံနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး နင် ထွက်သွားပေးပါ့လား။ ဘယ်လိုလဲ? “ ရှဲ့ချောင် ခပ်ဖွဖွ ပြုံးလိုက်၏။

သူမ၏ လေသံမှာ အရမ်းသာမန်ဆန်သော အကြောင်းအရာတစ်ခုကို ပြောနေသကဲ့သို့ပင် အတော်လေးငြိမ်းချမ်းနေပေသည်။

လက်တွေ့တွင်တော့ လူအချို့သည် ယနေ့ ရှဲ့ချောင်စိတ်ဆိုးသည်အား ကြည့်ရန် စောင့်မျှော်နေကြ၏။

နောက်ဆုံးတွင် ရှဲ့မိသားစုသည် ဓားပြများအဖြစ်

မွေးဖွားခဲ့ကြသည်ပင်။ ၎င်းတို့၏ မျက်လုံးများထဲတွင် သူတို့သည် ရိုင်းစိုင်းကာ ကြမ်းတမ်းကြပေ၏။

ထိုအချိန်အတောအတွင်း ကျန်သည့်သူများမှာ မတူညီသည့် အဆင့်နိမ့်လူများအား အထက်စီးဆန်သည့်ပုံစံဖြင့် ကြည့်တတ်သည့် တော်ဝင်သွေးများ ဖြစ်လေ၏။

မည်သို့ပင်ဖြစ်စေ ၎င်းတို့မျှော်လင့်မထားခဲ့မိသည်က ရှဲ့ချောင်သည် အလွန်အမင်း တည်ငြိမ်အေးဆေးစွာ ရှိနေခြင်းပင်။

သူမသည် အကြောက်တရားမရှိ၊ ဒေါသထွက်ခြင်းမရှိ၊ အံ့ဩခြင်းမရှိကာ ထိတ်လန့်မှုပါ မရှိပေ။

သူမကြည့်ရသည်မှာ ရိုးရှင်းသည့်တစ်စုံတစ်ခုအကြောင်းအား အာလာပသာလ္လာပပြောနေသကဲ့သို့ဖြစ်သည်။ သူမ၏ နှေးကွေးသောအသံက နူးညံ့သောလေညှင်းတစ်ခုကဲ့သို့ပင်။ သူမသည် လူများအား ပြင်းထန်သော အပြစ်ရှိစိတ်နဲ့ ရှက်စိတ်တို့အား ခံစားရအောင် လုပ်နိုင်လေ၏။

ဓားပြမိသားစုမှလာသော မိန်းကလေးသည် အဝတ်ဖြူတစ်စကဲ့သို့ သန့်ရှင်းနေလေသည်။ ထိုအရာသည် အလွန့်ကို အထင်နှင့်အမြင်တခြားစီဖြစ်ကာ ၎င်းတို့၏ခေါင်းများကို မော့ထားရန် ကျရှုံးစေသည်။

ရှားယာ့ယွင်၏ ပါးများမှာ ဒေါသကြောင့် သွေးရောင်ရဲနေလေသည်။

သူမ လုပ်ခဲ့သည်မှာ ရန်လိုကြမ်းကြုတ်မှုဖြစ်ကြောင်း သိသော်လည်း ရှဲ့မိသားစုမှ လူများ

အား သူမ မုန်းပေသည်။

အထူးသဖြင့် တူညီသောမိခင်ထံမှ ရှဲ့ဖင်းကန်း၏ညီမပင်!

ရှဲ့ဖင်းကန်းအား သူ့အစ်မသုန့်ကို အနိုင်ကျင့်ရန် မည်သူကပြောသနည်း!?

မည်သူမှ စကားမပြောကြသည်ကို မြင်သောအခါ ရှဲ့ချောင် မတတ်နိုင်ပဲ ပြုံးလိုက်၏။

“ ဆိုတော့ နင်တို့တွေက ငါ့ကို အနိုင်ကျင့်နေကြတာလား? ဒါမှမဟုတ် ငါဆရာ့ကို စကားပြောသင့်တာလား? ငါ့ဘေးမှာ တစ်ယောက်ယောက်ရှိနေပေးဖို့ လိုအပ်တယ်။ မဟုတ်ရင်…ငါ့ဆီမှာ ထိန်းချုပ်မျိုသိပ်ထားရတဲ့ စိတ်ခံစားချက်တွေရှိလာမှာ စိုးရိမ်မိတယ်။ ငါ့ရဲ့ဘဝကြီးက နာကျင်နေ

ရမှာပဲ “ ရှဲ့ချောင် ပြုံးလိုက်ကာ ထရပ်လိုက်သည်။

“ သေချာတာပေါ့! “ ရှဲ့ချောင်လှုပ်လိုက်သည်နှင့် ရှားယာ့ယွင်သည် ကြိမ်းဝါးတော့၏။ “ လှူဒါန်းမှုကို နင်စုဆောင်းနိုင်လိမ့်မယ်လို့ ငါတော့မထင်ဘူး! “

လှူဒါန်းမှုများအပြင် သူမသည် စားစရာနှင့် အခြားလိုအပ်ချက်များအတွက်လည်း ငွေစလိုအပ်လိမ့်ဦးမည်ပင်!!

သူတို့သည် အသက်ဆယ်နှစ်ကတည်းက ကျောင်းတော်၌ ရှိနေခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၌ သေချာပေါက်ကို စုဆောင်းငွေအချို့ ရှိကြသည်ပင်။ ရှဲ့ချောင်မှာမူ အသစ်တစ်ယောက်ဖြစ်သည်။ သူမ ဒါကို လုပ်နိုင်မှာလား!?

•••••••••

All Chapters