ဆာလောင်မှု
Vol. 6 Ch. 84
ရှားယာ့ယွင်ပြောလိုက်သည်နှင့် ရှဲ့ချောင် ခပ်ဖွဖွပြုံးလိုက်၏။
ကောင်းသည်ပင်။
တစ်ခဏမျှကြာသော် သူတို့ အတန်းသို့ သွားခဲ့ကြ၏။
လက်တွေ့တွင်တော့ အတန်းထဲရှိလေထုမှာ အတော်လေးထူးဆန်းနေလေသည်။ ထိုအခြင်းအရာအား ဆရာလု သတိမထားမိသည်မှာ မဖြစ်နိုင်သော်လည်း ဆရာလုသည် မမြင်ချင်ယောင်ဆောင်နေပေ၏။
သူသည် မည်သည့်အရာကိုမှ မပြောသလို မည်သည့်အရာကိုမှလည်း မမေးခဲ့ပေ။
ရှဲ့ချောင် သူမဘာသာတွေးလိုက်၏။ ‘ ဒီတော်ဝင်ကျောင်းတော်ရဲ့ သင်ကြားနည်းက အကန့်အသတ်မရှိပုံစံပေမယ့် ထိန်းချုပ်ထားတဲ့အပြုအမူတွေရှိသေးတာပဲ ‘
အချက်အလက်အရ အကဲဖြတ်ကာ တစ်ခုပြောနိုင်သည်မှာတော့ ရွှေနှင့်ငွေပဲစေ့စနစ်တစ်လျှောက် ၎င်းတို့သည် အစေခံအား ခေါ်လာခွင့်မရှိပေ။
“ နင်ပဲစေ့တွေလိုချင်တယ်ဆိုရင် တခြားအတန်းတွေကို သွားရလိမ့်မယ် “ ဆရာလုအတန်းပြီးဆုံးသည်နှင့် တစ်စုံတစ်ယောက်သည် ရှဲ့ချောင်အား အနောက်မှ ညင်သာစွာထိလိုက်၏။ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ရှဲ့ချောင် လှည့်ကြည့်လိုက်၏။ သူမ အတော်လေး အံ့အားသင့်သွားခဲ့သည်။
ထိုမိန်းကလေးသည် ခေါင်းကိုငုံ့လိုက်ကာ “ တစ်လအတွင်း ပဲစေ့၅၀၀ရအောင် လုပ်ရတာ ခက်တယ်။ နင်ရှုံးနိုင်တယ် “
“ နင် ‘နိုင်တယ်’ လို့ ပြောထားတယ်လေ “ ရှဲ့ချောင်မှာ တည်ငြိမ်နေသည်။ အသက်ရှုခြင်းကို ထိန်းညှိရန် သူမ၏ ရင်ဘတ်အား ပုတ်လိုက်၏။
“ တကယ်လို့ နင်ပဲစေ့တွေလိုချင်တယ်ဆိုရင် စာအုပ်တွေ ကူးပေးလို့ရတယ်။ ချည်ထိုးပန်းထိုးလုပ်လို့ရတယ်။ ဒါမှမဟုတ် ဆရာတွေအတွက် စာရင်းအင်းလုပ်ပေးလို့ရတယ်…ဆရာတွေမှာ မြင့်မားတဲ့ လိုအပ်ချက်တွေရှိနေရင်တော့ သူတို့ရဲ့ စံနှုန်းကို မမှီမချင်း နင်ဘာပဲစေ့မှ ရမှာမဟုတ်ဘူး။ ဆရာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမိရင် နင်ပြန်လျော်ရလိမ့်မယ် “ ထိုမိန်းကလေးမှ ထပ်ဖြည့်ပြောလိုက်သည်။
၎င်းမိန်းကလေးသည် ၁၅၊ ၁၆ ပုံစံဖြစ်ကာ သူမနဲ့ အသက်တူသည်ပင်။
မည်သို့ပင်ဖြစ်စေ ထိုမိန်းကလေးက ပိုပုပေသည်။ သူမကြည့်ရသည်မှာ သေးသွယ်လှပကာ ချစ်စရာကောင်းလေသည်။
“ ကျေးဇူးပဲ။ နင်က…? “
“ ငါ့နာမည် ချင်လျှို့ “ မိန်းမငယ်လေး၏ ပါးမို့မို့လေးမှာ ရဲသွားလေ၏။ ထိုအရာအား ပြောပြီးသည်နှင့် သူမသည် လှည့်ကာပြေးတော့သည်။
ရှဲ့ချောင်မှာ အတော်လေးပြောစရာမရှိဖြစ်သွားလေ၏။
သူမ ဘာလို့ ပြေးတာလဲ?
ယနေ့ ရှဲ့ချောင် စောစောမပြန်ပေ။ သူမသည် ကျောင်းတော်၌ စားမည်ဖြစ်သည်။ တစ်ယောက်တည်းစားရန်မှာ ပျင်းစရာကောင်းသည်ဟုသာ သူမတွေးနေခြင်းပင်..
သူမ သက်ပြင်းခပ်ဖွဖွ ချလိုက်၏။
စာလေ့လာခြင်းသည် ခက်ခဲသည်။ ဤသည်မှာ တာအိုဘုရားကျောင်းကို လွမ်းမိသည့် နောက်ထပ်နေ့ရက်တစ်ရက်ပင် ဖြစ်သည်။
ကျောင်းတော်၌ စားဖိုဆောင် ၈ခု ရှိပေသည်။ စားဖိုဆောင် ချန်၊ ခွင်၊ ရိ၊ ယွဲ့၊ ၁ , ၂, ၃ နှင့် ၄ ဟု ခွဲခြားထား၏။
ဤသည်မှာ သူမ၏ အရင်ဘဝမှ ကန်တင်းနှင့် တူလေသည်။ သခင်လေးများနှင့် သခင်မလေးတို့တစ်သိုက်အား ဂရုစိုက်ပေးရသောနေရာသာဖြစ်လေရာ အရာအားလုံးမှာ အမျိုးအစားအပြည့်ဖြစ်ကာ အရသာရှိမည့်ပုံပေါ်၏။
စားဖိုဆောင်တစ်ခုချင်းစီ၌ နေရာနှစ်ခု ခွဲခြားထားလေသည်။ အမျိုးသားများနှင့် အမျိုးသမီးများသည် သက်ဆိုင်ရာနေရာ၌ နေရာယူရမည်ဖြစ်သည်။
ရှဲ့ချောင်ထံ၌ ဖွဲ့စည်းပုံ၏ ထင်မြင်ချက်အကြမ်းတစ်ခု ရှိလေသည်။ ထင်ထားသကဲ့သို့ပင် စားဖိုဆောင်အား စစ်ဆေးကြည့်လိုက်သောအခါ ဟင်းပွဲများအားလုံးသည် ရွှေနှင့်ငွေပဲစေ့များဖြင့် ပေးချေရကြောင်း သူမ သိလိုက်ရ၏!
ရွှေပဲစေ့များဖြင့်သာ ဝယ်ယူ၍ရသော ဟင်းပွဲများမှာ…တော်ဝင်ဟင်းပွဲများပေလား!?
ရှဲ့ချောင်၏ မျက်ခွံများ လှုပ်သွားပေသည်။
သစ်ခွခြံဝင်း၏ ကျောင်းသားတစ်ယောက်အနေ
နှင့် သူမခါး၌ သစ်ခွပန်းတစ်ပွင့်ပုံပါရှိသော ရနံ့အိတ်ငယ်လေးအား ချိတ်ဆွဲထားလေသည်။
သူမ ထင်ခဲ့သည်မှာ ကြွေပန်းခြံဝန်းမှ ကျောင်းသားများသည် အသစ်ဖြစ်သောကြောင့် ထူးခြားသည့်အပြုအစုများ ပေးအပ်ခြင်းခံရလိမ့်မည်ဟုပင်။ ၎င်းတို့အား အငတ်ထားရန်မှာ အဓိပ္ပာယ်မရှိနိုင်ပေ။
ပြဿနာမှာ ရှဲ့ချောင်၌ ငွေပဲစေ့တစ်ခုပင် မရှိချေ။
သူမသည် ဆာလောင်မှုကြောင့် အားနည်းလာပေပြီဖြစ်သည်။
သူမ၏ပွေ့ဖက်မှုကြား ငွေစာရွက်များကို သူမ ခံစားရလေသည်။ သူမထံ၌ ငွေရှိသော်လည်း ထိုငွေများအား သုံးစရာနေရာမရှိသည့် နေ့ရက်တစ်
ရက်ရှိလာမည်ဟု သူမ လုံးဝမတွေးခဲ့ဖူးပေ။
“ မမ! “ ရှဲ့ချောင် ထွက်သွားတော့မည်ဆဲဆဲအချိန်မှာပင် ရှက်ဝဲဝဲအသံလေးတစ်ခု ထွက်ပေါ်လာလေသည်။
သူမ ခေါင်းလှည့်ကာ ကြည့်လိုက်၏။ ရုတ်ချည်းပင် သူမ၏ မျက်ဝန်းများ မြင့်တက်သွားလေသည်။ “ ရှီအာ? “
“ ဘာလို့…မစားတာလဲ? “ စားစရာထံသို့ ညွှန်ပြလိုက်ကာ ရှဲ့ရှီ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမသည် ရှဲ့ချောင်၏ဗိုက်ကို ကြည့်လိုက်သည်။
ရှဲ့ချောင် ကသိကအောက်ပြုံးကာ “ မမက ဒီအတိုင်း ကြည့်ရုံတင်ပါ။ အိမ်မှာစားရတာနဲ့
အတူတူပဲလေ “
ရှဲ့ရှီသည် ထိုနေရာ၌ရပ်ကာ အချိန်တစ်ခုမျှ စိတ်ပျံ့လွင့်နေပေ၏။ သူမသည် ရှဲ့ချောင်၏လက်အား မလွှတ်ပေးပဲ ကိုင်လိုက်သည်။ သူမ ဘာကိုတွေးနေသည်အား မည်သူမျှ မသိပေ။
အနည်းငယ်မျှ သူမဘာသာတွေးပြီးနောက် ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သော သူမလက်ဖဝါးလေးအား ဖြန့်လိုက်၏။ ထိုအထဲ၌ ငွေပဲစေ့လေး ၅စေ့ ရှိနေလေသည်။ “ မမ အတွက် “
ရှဲ့ချောင် သူမအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
ရှဲ့ရှီသည် အနည်းငယ်နှေးကွေးကြောင်းကို စာ
များမှတစ်ဆင့် ယခင်ကတည်းက သူမ သိထားခဲ့သည်။ သူမသည် စကားအများကြီးမပြောပေ။ ငွေစများအား သိမ်းထားရသည်ကို သူမ နှစ်သက်ပေသည်။
မည်သို့ပင်ဖြစ်စေ ယခု သူမသည်…ထိုကဲ့သို့ပုံ မပေါ်ပေ?
အကယ်၍ သူမသည် နှေးကွေးပါက ရှဲ့ချောင်ဗိုက်ဆာနေကြောင်းအား သူမ မည်ကဲ့သို့ ပြောနိုင်မည်နည်း?
ရှဲ့ချောင်သည် တောင်းဆိုခြင်းမခံရပဲ ကလေးတစ်ယောက်အား အင်္ဂါရုပ်ဖတ်ခြင်းကို လုပ်ခဲပေသည်။ အကြောင်းရင်းမှာ ကလေးတစ်ယောက်၏ အရိုးများသည် ဖွံ့ဖြိုးဆဲဖြစ်ကာ ၎င်းတို့၏ မျက်နှာများသည်လည်း ပြောင်းလဲနိုင်သောကြောင့်ပင်။ ထို့အပြင် ၎င်းတို့၏ စရိုက်
ဝိသေသလက္ခဏာမှာ သတ်သတ်မှတ်မှတ် မရှိသေးပေ။ ထိုအရာသည် မတိကျနိုင်ပဲ အနာဂတ်၌ ၎င်းတို့၏ ကံကြမ္မာမှာ ပြောင်းလဲနိုင်လေသည်။
ရှဲ့ရှီမှာ ၁၂ နှစ်သာ ရှိသေးကာ ယခု သူမ၏ မျက်နှာမှာ အတော်လေး မို့ဖောင်းနေဆဲပင်ဖြစ်သည်။ ရှဲ့ချောင် သူမ၏ဘဝကို မခန့်မှန်းချင်ပါ။
ထိုအချိန်ခဏ၌ ရှဲ့ချောင်သည် သူမထံမှ နွေးထွေးမှုအငွေ့အသက်လေးတစ်ခုအား ခံစားလိုက်ရသည်။
ဒီတော့ ဒါက သူမရဲ့ ညီမပေါ့?
•••••••