← Chapters

ရှားပါးရတနာ

Vol. 6 Ch. 85

ရှားပါးရတနာ

Vol. 6 Ch. 85

ရှဲ့ရှီအား ပြုံးပြလိုက်သည်နှင့် ရှဲ့ချောင်၏ မျက်ဝန်းများသည် နူးညံ့လာခဲ့သည်။

မမျှော်လင့်စွာပင် ရှဲ့ရှီသည် ခေါင်းငုံ့လိုက်ကာ နူးညံ့စွာ ပြောလိုက်၏။ “ မမ ညီမလေးကို…ငွေပဲစေ့ ၁၀ခုတော့ ပြန်ပေးရလိမ့်မယ် “

ရှဲ့ချောင် ပြောစရာမရှိဖြစ်သွားကာ သူမ၏ မျက်ခွံများ လှုပ်သွားလေ၏။ သူမ နားကြားမှားသည်ဟုတောင် တွေးမိတော့မလိုပင်။

“ ငွေစ…ပြန်ပေးလည်း ရပါတယ် “ ရှဲ့ရှီ ထပ်ဖြည့်ပြောလိုက်၏။

ရုတ်ချည်းပင် ကိုယ်တွင်း၌ အေးစက်မှုကို ရှဲ့ချောင် ခံစားလိုက်ရသည်။ သူမ၏ ညီမမှာ နွေးထွေးကာ ချိုမြိန်သည့်သူလေးဟူသော အထင်ကြီး

မှုအောက်သို့ သူမရောက်ရှိသွားခဲ့တာဖြစ်သည်။ သူမသည် လှည့်စားတတ်သော လူပေါက်စလေးတစ်ယောက်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပေ။

“ ဒါပေါ့ မမညီမလေးကို သေချာပေါက် ပြန်ပေးမှာပါ “ ရှဲ့ချောင် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ “ မမ ကြားတာတော့ ငွေပဲစေ့တွေကိုရဖို့က ခက်တယ်တဲ့။ မင်းအတွက်တော့ သေချာပေါက်ကို လွယ်သလိုပဲနော် ဟုတ်လား? “

“ ဒါက မခက်ပါဘူး။ မဟုတ်ဘူးလား? “ ရှဲ့ရှီ ခေါင်းမော့ကာ သူမအား ကြည့်လိုက်သည်။ ရှဲ့ရှီ၏ မျက်ဝန်းများမှာ သူမ၏ စိတ်ရှုပ်ထွေးမှုအား သစ္စာဖောက်နေလေသည်။

ရှဲ့ချောင် ကြက်သေသေသွားခဲ့သည်။ သစ်ခွခြံဝင်းမှ လူများသည် မတူညီသည့်အရာအမျိုးမျိုး ပြောခဲ့ကြသည်။ သူမ ရုတ်တရက်မေးလိုက်၏။ “

မင်း ဒီငွေပဲစေ့တွေကို ဘယ်လိုရလာတာလဲ? “

တွေးနေသည်နှင့်အမျှ ရှဲ့ရှီသည် သူမ၏ ဖြူစင်သောမျက်ဝန်းများအား ပေကလတ် ပေကလတ်လုပ်နေပေသည်။ “ ညီမလေး တောက်တိုမယ်ရတွေ လုပ်တယ်၊ ပစ္စည်းတွေ ဝယ်ပေးတယ်၊ မှင်သွေးပေးတယ်၊ စားပွဲတွေနဲ့ ထိုင်ခုံတွေ ဖုန်သုတ်ပေးတယ်။ အဲ့ဒီလိုလုပ်ပြီး ရလာတာပဲ “

ရှဲ့ရှီ၏ အဖြေမှာ ရှဲ့ချောင်အား ဉာဏ်အလင်းပွင့်သွားစေလေသည်။

ကျောင်းသားများသည် ငွေပဲစေ့များအား ပုံမှန်အားဖြင့် ကျောင်းတော်ရှိ အတန်းများမှ ရရှိ၏။ ဥပမာ- ဇာထိုးပန်းထိုးလုပ်ကာ သူတို့ဖန်တီးထားသော လက်ကိုင်ပဝါများကို ကျောင်းတော်အား ရောင်းကာ ငွေပဲစေ့များအဖြစ် အသွင်ပြောင်းပြီး ကျောင်းသားများအား ဆုချလေသည်။

နောက်ထပ်ဥပမာမှာ လက်ရေးလှရေးခြင်းနှင့် ပန်းချီအတန်း ဖြစ်သည်။ ၎င်းတို့သာ ကောင်းမွန်စွာ စွမ်းဆောင်ခဲ့ပါက ၎င်းတို့၏ အနုပညာလက်ရာများမှာ သဘာဝကျကျပင် ကောင်းလိမ့်မည်ပင်။ သူတို့သည် အပြင်မှ စာအုပ်ဆိုင်များတွင် ရောင်းခွင့်ရကာ များစွာသောလူများသည် ၎င်းတို့အား ဝယ်ကောင်းဝယ်လိမ့်မည်ပင်။

တစ်ခုပြောနိုင်သည်မှာတော့ ကျောင်းတော်သည် ဆုလာဘ်များ၏ အစိတ်အပိုင်းတစ်ခုအား ပေးသည်ဖြစ်၏။ သို့ပေမည့် ကျောင်းသားများသည် သူတို့၏ အလုပ်ကြိုးစားမှုမှ ငွေပဲစေ့အများစုကို ရရှိသည်ပင်။

မည်သို့ပင်ဖြစ်စေ ရှဲ့ရှီ…သူမ၏ ငွေပဲစေ့များရရှိသည့် နည်းလမ်းမှာ အတော်လေးမှားယွင်းနေလေ၏။

သိသာစွာပင် သူမ လုပ်ခဲ့သည်မှာ…သူမ၏ ပုံစံလက္ခဏာနှင့် တကယ့်ကို မကိုက်ညီပေ။

ကျောင်းတော်၌ မည်သည့်အစေခံမှ မရှိပေ။ ထို့ကြောင့် ဤအရာနှင့်နေသားမကျသေးသည့် ဝင်လာကာစ မိန်းမငယ်လေးများ သေချာပေါက်ကို မြောက်များစွာရှိနေသည်ပင်။ ၎င်းတို့သည် အခြားအတန်းများမှ ငွေပဲစေ့များကို ရရှိပြီးနောက် ရှဲ့ရှီကို ငှားကာ အလုပ်ခိုင်းရန် ထိုငွေပဲစေ့များအား သုံးကြလိမ့်မည်…

ရှဲ့ရှီမှာ တရားဝင်သမီးဖြစ်ကာ သူမ၏ ငွေရှာသည့်နည်းလမ်းကြောင့် စနောက်ခံရကောင်း ခံရနိုင်သည်။ သူတို့၏ သားသမီးများအား ပညာသင်ပေးရန်ကျရှုံးနေသည့် ရှဲ့မိသားစုအား တိတ်တဆိတ်လှောင်ပြောင်နေကြသည့် လူများစွာလည်း ရှိမည်ပင်။

ဤအရာသည် ထိုမျှသာ…

သူမ၏မျက်ဝန်းများမှာ ဖြူစင်ကြောင်း သတိထားမိခဲ့သောကြောင့် သူမအား ရှဲ့ချောင် မဆူရက်တော့ပေ။

ထို့အပြင် ရှဲ့ရှီသည် အမှန်တကယ်ပင် ထိုငွေပဲစေ့များအား ရိုးရိုးသားသားရခဲ့ခြင်း ဖြစ်သည်။ ထိုရှုထောင့်မှကြည့်လျှင် ရှက်စရာကောင်းသည့်အရာ တစ်ခုမှ မရှိပေ။

ထိုအကြောင်းအား တွေးမိသည်နှင့် ရှဲ့ချောင် ပြုံးရင်း ပြောလိုက်၏။ “ မင်းက အရမ်းတော်တာပဲ ရှဲ့အာ။ မမကို တစ်ရက်လောက် ဒီငွေပဲစေ့တွေ ချေးပေးပါဦးနော်။ ပြီးတော့ မနက်ဖြန်ကျ မင်းကိုပြန်ပေးနိုင်ဖို့ နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ် “

“ ရပါတယ်! “ ရှဲ့ရှီသည် ငွေပဲစေ့များအား ရှဲ့ချောင် ပြန်ပေးမည်ကို သေချာအောင်လုပ်ပြီးနောက် အလွန်ပျော်ရွှင်သွားလေသည်။

လက်တွေ့တွင် သရေစာတစ်ထုပ်၊ ဝက်စွပ်ပြုတ်တစ်ပန်းကန်နှင့် သစ်သီးများစသည်ဖြင့် အစားကြေးမများသရွေ့ ငွေပဲစေ့ငါးခုဖြင့်ပင် အတော်များပြားသည့်အရာများအား ဝယ်ယူနိုင်လေသည်။ သူမထံ၌ ငွေပဲစေ့နှစ်ခု ကျန်ပေမည်။

“ အရှင့်သား အဲ့တာ အမတအရှင်ရှဲ့များလား? “

လူမှားပြောမိသည်ဟု နန်းတွင်းသက်တော်စောင့်ကျို့ ထင်လိုက်သည်။

“ ကြည့်ရတာ သူမ ပုံက မဟုတ်သလိုပဲ…”

ဤမိန်းကလေးသည် ညသန်းခေါင်ကြီး၌ အရိုးများကို တူးနေခဲ့ကာ အရှင့်သားထံမှ ငွေစနှစ်ရာကျော် ရနိုင်ခဲ့သည်အား သူ ပြန်တွေးလိုက်၏။ ယခု ငွေပဲစေ့အနည်းငယ်ကိုပင် မသုံးနိုင်လောက်အောင် သူမ အလွန်ဆင်းရဲနေပြီလား?

သူတွေးထင်ထားခဲ့သည်မှာ အမတအရှင်ရှဲ့သည် ကျောင်းတော်သို့ရောက်လာသောအခါ မလွဲဧကန်ပင် ငွေအများအပြားရှာနိုင်သည့် ဆရာကြီးတစ်ယောက်ဖြစ်လာလိမ့်မည်ဟု!

ကျောက်ရွှမ်ကျင်းသည် အဝေးမှ ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုအရာသည် မိန်းကလေးစားဖိုဆောင်ဖြစ်ကာ အလည်တည့်တည့်၌ လိုက်ကာပါးတစ်ခု ရှိလေသည်။ သူတို့ အနီးသို့ မသွားသင့်ပေ။

ငွေပဲစေ့နှစ်ခုအား ရှဲ့ချောင် ဂရုတစိုက် ဖယ်ထုတ်လိုက်သည်ကို သူတို့ မြင်လိုက်ရပေသည်။ သူမ ကြည့်ရသည်မှာ အလွန်လေးနက်နေသည်။

မသိသောလူများသည်တော့ သူမသည် ရှားပါးရတနာအချို့အား သူမ၏ လက်များအတွင်းသို့ ဖယ်ထုတ်နေသည်ဟု ထင်ကြလိမ့်မည်ပင်။

“ ဒါက ကျောင်းတော်။ နာမည်အခေါ်အဝေါ် သတိထား” ကျောက်ရွှမ်ကျင်းပြောကာ ပြုံးလိုက်သည်။ “ သူမ နေ့လည်ကျရင် ဘယ်အတန်းကို ယူသလဲဆိုတာ သွားစုံစမ်းလိုက်”

နန်းတွင်းသက်တော်စောင့်ကျို့သည် အမိန့်အား ချက်ချင်းထမ်းဆောင်လိုက်သည်။ ထိုအရာအား ပြီးမြောက်ရန်မှာ အတော်လေးလွယ်ကူသည်ဖြစ်သည်။

“ ဒီနေ့ သူမမှာ ဓားရေးအတန်းနဲ့ မြင်းစီးအတန်းရှိပါတယ်” နန်းတွင်းသက်တော်စောင့်ကျို့ လျှောက်တင်လိုက်၏။

၎င်းအား ကြားသောအခါ ကျောက်ရွှမ်ကျင်း၏ မျက်ခုံးများ တွန့်ချိုးသွားလေသည်။ သူ၏ မျက်ဝန်းများ မဲမှောင်သွား၏။

ထိုအချိန်တွင် ကျို့ဝေ့ကျုံးမှာ မတတ်နိုင်ပဲ သံသယဖြစ်မှုအား ခံစားလိုက်ရသည်!

ဓားရေးအတန်း?

အမတအရှင်ရှဲ့?

ရှဲ့ချောင်တစ်ယောက် ဓားရှည်တစ်လက်ဖြင့် ကနေမည်အား သူ တွေးပင်မတွေးကြည့်နိုင်ပေ!

••••••••

All Chapters