← Chapters

ပြိုင်ပွဲ

Vol. 6 Ch. 86

ပြိုင်ပွဲ

Vol. 6 Ch. 86

ကျို့ဝေ့ကျုံးက ရှဲ့ချောင်မူးမေ့လဲလွယ်တာကို ကြည့်ပြီး သူမဘယ်လောက်တောင် အားနည်းတယ်ဆိုတာကို မျက်မြင်တွေ့လိုက်ရသည်။

ပြောင်လက်နေသည့်ဓားကိုမြင်ပြီး မေ့လဲသွားသည့်အချိန်က သူမ၏သနားစဖွယ် မျက်နှာလေးကို သူမြင်ယောင်ကြည့်နိုင်သည်။

ကျို့ဝေ့ကျုံး နှလုံးသားကွဲကြေသွားသလို ခံစားလိုက်ရလေသည်။

သူ သူ့ရဲ့ သခင်လေးကိုကြည့်ဖို့ရာ မျက်လုံး

အနည်းငယ်ပင့်လိုက်၏။ သူ့ပုံစံမှာ အရာရာအဆင်ပြေနေသလိုမျိုး တည်ငြိမ်လို့နေ၏။

သူ၏ လက်ခံနားလည်ပေးနိုင်မှု အဆင့်အတန်းက မှင်သက်စရာကောင်းလှသည်။

" ဒီနေ့ ကျောင်းတော်မှာ တာဝန်ကျတဲ့ သမားတော်ကဘယ်သူလဲ။ သူ့ကို အသင့်ပြင်ခိုင်းထားလိုက်….." ကျောက်ရွှမ်ကျင်းက စဉ်းစားဖို့ရာ ခဏရပ်လိုက်သည်။

" ဆေးဝါးကောင်းအချို့ကို ယူဖို့ နန်းတွင်းထဲကိုသွားလိုက်။ နှလုံးနဲ့ ချီစွမ်းအင်ကို အားဖြည့်ပေးနိုင်မယ့်ဟာတွေကိုယူခဲ့၊ပြင်ပဒဏ်ရာတွေကို ကုဖို့ဟာရောပဲ….."

ရှဲ့ချောင်တစ်နာရီနောက်ကျပြီး နေ့လည်ခင်းအတန်းကိုသာ သင်ယူခဲ့ရသည်။

သူမ မျက်မှောင်ကြုံ့နေကာ အလေးအနက်ဖြစ်နေပုံပေါ်သည်။

' သူမ ဒါကို မလုပ်နိုင်ခဲ့ဘူးတဲ့လား'

ဒါပေမဲ့ ဒီဟာက မကောင်းဆိုးဝါးနဲ့နတ်ဆိုးတွေကို နှင်ထုတ်ဖို့ အသုံးပြုခဲ့သည့် တာအိုဓားသိုင်းပညာနှင့် ဆင်တူသည်လေ။

သူမမှာလည်း သူမနှင့်အတူသယ်ဆောင်သွားလေ့ရှိခဲ့တဲ့ ဓားတစ်လက်ရှိခဲ့သည်။သို့သော် သူမဆရာပေးခဲ့တဲ့ ဓားက အလွန် လေးလံလှသည်။ ထိုဓားကို ယူလာရမယ့်အစား ရွှေယွဲ့ဘုရားကျောင်းတွင်သာ ထားထားခဲ့သည်။

သူမရဲ့ ဝါးသေတ္တာလေးထဲတွင် အရွယ်အစားစုံ မက်မွန်သားသစ်သား ဓားအနည်းငယ်ရှိသည်။

ဓား၏ အဓိပ္ပာယ်မှာ အတော်လေးထူးခြားတာကြောင့် သူမဝတ်ဆင်လေ့ရှိခဲ့တဲ့ တာအိုဝတ်ရုံပေါ်၌ ဓားသဏ္ဌာန် ဖဲကြိုးလေးနှစ်ခုရှိခဲ့၏။၎င်းကို အသိဉာဏ်ဓား ဟုခေါ်ပြီး ဒုက္ခ၊ တဏှာနှင့် လောဘကို ဖြတ်တောက်သည် ဟု အဓိပ္ပာယ်ရသည်။

ဓားရေးလေ့ကျင့်မှုကို နားလည်သဘောပေါက်နိုင်စွမ်းအရာတွင် သူမသည်အတော်ကျွမ်းကျင်ကောင်းမွန်သည်ဟု ရှဲ့ချောင်ထင်မိသည်။မြင်းစီး၊ မြားပစ်ခြင်းအတတ်ထက် ပိုပြီးကောင်းသည်။သူမ အဲ့ဒီ အရာတွေကို တကယ် မလုပ်နိုင်ပေ။

သူမရဲ့ အားနည်းနေသော ကိုယ်ခန္ဓာနဲ့သာ မြင်း၏ကျောပေါ်သို့ တက်ရမည်ဆိုပါက ၊ သူမရဲ့ ဝိဉာဉ်သည် ကိုယ်ထဲကနေ ထွက်သွားပေလိမ့်မည်။

ကံဆိုးစွာပင် ထိုအတန်းနှစ်ခုလုံးကို တတ်ဖို့လိုအပ်ပြီး တစ်ခုစီသည် တစ်နာရီမျှကြာပေသည်။

ရှဲ့ချောင်တစ်ယောက် ဒုက္ခရောက်သလို ခံစားရကာ ညင်သာစွာ သက်ပြင်းချလိုက်၏။

သစ်ခွ ခြံဝင်းထဲမှ ကျောင်းသူနှစ်ဦးသည် သူမဒုက္ခရောက်နေသည်အား သတိထားမိသွားပြီး အားရနှစ်သက်နေကြသည်။

' ဘာမှမသိတဲ့ တောင်ပေါ်ကဓားပြတစ်ယောက်၊ ကိုယ်ခံပညာကို သင်ထားတယ်ဆိုရင်တောင် ဟင်းချက်ဓားကိုသုံးပြီးတော့ပဲဖြစ်မှာ မဟုတ်လား' တစ်စုံတစ်ယောက်က ကြိတ်ရယ်လိုက်၏။

ကျောင်းတော်တွင် အထူးသီးသန့်လေ့ကျင့်ကွင်းတစ်ခုရှိသည်။ ၎င်းသည်ကြီးမားကျယ်ဝန်းကာ အသုံးပြုနေကြသော အမျိုးသားစွာလည်းရှိသည်။ သို့သော် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်းတွင်သာနေကြပြီး သူတို့အကြား ဆက်ဆံပြောဆိုခြင်းလုံးဝမရှိကြပေ။

ရှဲ့ချောင်က လေ့ကျင့်ကွင်းဆီသို့ အခြားသူများနောက်မှ လိုက်ပါသွားခဲ့သည်။

အစောပိုင်းက စိတ်လှုပ်ရှားနေခဲ့သော်လည်း လက်နက်စင်ပေါ်ရှိ ဓားများကိုမြင်တွေ့ရသောအခါ ချက်ချင်းပင်စိတ်သက်သာရသွားခဲ့၏။အသွားများဟာ တုံးနေပြီး၊ ပန်းဖွားလေးများပင် ချိတ်ဆွဲထားသေးသည်။ တိုက်ခိုက်သတ်ဖြတ်ရန်အတွက်သုံးတဲ့ ဓားမျိုးမဟုတ်ဘဲ လေ့ကျင့်ရာတွင်သာသုံးတဲ့ ဓားဖြစ်ကြောင်းပြောနိုင်သည်။

တစ်ယောက်ချင်းစီဓားကိုရွေးလိုက်ကြသည်

။ရှဲ့ချောင်လည်း လက်ထဲတွင် ဓားတစ်လက် ကိုင်ထားသည်။ သူမ ထိုဓားကို သေချာကြည့်သောအခါ ဓားသွားများက မချွန်ထက်ရုံသာမက ဖယောင်းလွှာပင်သုတ်လို့ထားကြောင်းတွေ့သွားသည်။မိန်းမပျိုငယ်လေးများအား သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာ ရစေမှာစိုးတာကြောင့်ဖြစ်ကြောင်း ရှင်းလှသည်။

ဓားရေးပညာသင်ပြမည့် ဆရာမှာ အမျိုးသမီးတစ်ယောက် ဖြစ်၏။

ကိုယ်ခံပညာလေ့ကျင့်ရာတွင် ခန္ဓာကိုယ်ချင်းထိတွေ့နိုင်သည့်အတွက် ဆရာသာ အမျိုးသားတစ်ဦးဖြစ်ပါက အခက်တွေ့ပြီး စိတ်အနှောင့်ယှက်

ဖြစ်စေပေလိမ့်မည်။

" ဒီနေ့ ပြိုင်ပွဲတစ်ခုရှိမယ် " ဆရာမက ရောက်လာတာနဲ့ ထိတ်လန့်စေမည့်အရာကို ပြောလိုက်၏။

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းတို့ကို သင်ခဲ့ပေးတဲ့ လရောင်ကကြိုးပြကွက် ယှဉ်ပြိုင်ရမယ်။ ပါဝင်ချင်တဲ့သူက မတ်တပ်ထွက်ရပြီးတော့ မပြိုင်ချင်တဲ့သူတွေက ကြည့်ဖို့ ထိုင်ကြ။ပထမရတဲ့သူအတွက် ဆုလာဘ်က လှပါတယ်။ အားလုံးပဲ အကောင်းဆုံးဖြစ်ပါစေ။"

သူမ လူတစ်ယောက်ကို ဆုလာဘ်အားယူလာခိုင်းလိုက်သည်။

ရှဲ့ချောင် ကြည့်လိုက်၏။

ဆုလာဘ်က ငွေပဲစေ့ တစ်ပန်းကန်နှင့် ဆံနွယ်အဆင်တန်ဆာများဖြစ်သည်။

ဆံနွယ်အဆင်တန်ဆာများကို ရှဲ့ချောင် စိတ်မဝင်စားပေ။သို့သော် ငွေပဲစေ့များကို တွေ့လိုက်ရတဲ့အခါ သူမမျက်လုံးထဲတွင် လိုချင်စိတ်များ ဖြစ်ပေါ်လာ၏။ ထိုပန်းကန်လုံးလေးထဲတွင် ၈၀ လောက်မဟုတ်ဘူးဆိုလျှင်တောင် အနည်းဆုံး ငွေရောင်ပဲစေ့ ၅၀ လောက်တော့ရှိလိမ့်မည်။

ကံဆိုးစွာပင် သူမ ထိုလရောင်ကကြိုးအကြောင်းလုံးဝမသိပေ။

သူမ၏ နေရာတွင်သာ ရပ်နေဆဲဖြစ်သည်။

" ဆရာမ ၊ ကျွန်မတို့ကို လရောင်ကကြိုး သင်ပေးတာ ရက်နည်းနည်းပဲ ရှိသေးတယ်။ကျွန်မ

တို့ ဒီဟာကို အခုထိ မကျွမ်းကျင်သေးတော့……"

" ဒါအမှန်ပဲ။ ဆရာမ အရင်လက ကျွန်မတို့သင်ခဲ့တဲ့ 'ကျစ်ရှား'အက ကို စစ်သင့်တယ်။ ကျွန်မတို့ အဲ့ဒါနဲ့ပိုပြီးအကျွမ်းတဝင်ဖြစ်တယ်။အမှားမလုပ်

ဘူးဆိုတာကို အာမခံတယ်"

မိန်းမပျိုငယ်လေးများမှာ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်နေကြသည်။

" ငါမင်းတို့ကို ရက်အနည်းငယ် ပေးခဲ့ပြီးပြီပဲ။ မင်းတို့အခုထိတောင် မသိသေးဘူးဆိုရင်၊ ဒါကို အိမ်မှာ မလေ့ကျင့်ဖြစ်ဘူး ဆိုတာ သက်သေပြနေတာပဲ။ ငါတို့ ဒီနေ့ဘဲ ယှဉ်ပြိုင်မယ်။အို၊ ငါကြားတာတော့ အရှင်မင်းသားလည်း လေ့ကျင့်ကွင်းကို ကင်းလှည့်လာလိမ့်မယ်ဆိုဘဲ။မင်းတို့အားလုံး တက်တက်ကြွကြွနေစမ်းပါ။မင်းတို့သာ ဆိုးဆိုးရွားရွား သရုပ်ပြခဲ့မယ်ဆိုရင် ကျောင်း

တော်ကို အရှက်တကွဲဖြစ်စေလိမ့်မယ်။" ဆရာမက ထပ်ပြောလိုက်သည်။

ထိုသို့ကြားရသောအခါ မိန်းမပျိုများ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။

••••••

All Chapters