← Chapters

ပြဿနာလား ကောင်းချီးလား

Vol. 6 Ch. 87

ပြဿနာလား ကောင်းချီးလား

Vol. 6 Ch. 87

ဆရာမအား ကြည့်နေသည့် သူမတို့မျက်လုံးများမှာ ဆန္ဒများဖြင့်ပြည့်လို့နေခဲ့သည်။

" ဆရာမ၊ ဘယ်မင်းသားအကြောင်းကိုများ ……

ပြောတာလဲ။ စတုတ္ထမင်းသားများဖြစ်နေမလား"

တစ်ယောက်က မေးလိုက်၏။

ဆရာက မျက်မှောင်ကြုံ့လိုက်၏။

" အဲ့ဒါကအိမ်ရှေ့စံမင်းသားပဲ"

ဆရာ ထိုသို့ပြောလိုက်တာနဲ့ မိန်းမပျိုလေးများ၏ သက်ပြင်းချသံယဲ့ယဲ့ကို ရှဲ့ချောင်ကြားလိုက်ရသည်။သူတို့ စိတ်ပျက်သွားကြတာလား။

အိမ်ရှေ့စံမင်းသားက စတုတ္ထမင်းသားလောက် သဘောကျမခံရဘူးလား။

ရှဲ့ချောင်က ဒါကို စိတ်ဝင်စားဖို့ကောင်းတယ်လို့

တွေးမိသော်လည်း ဒီလို အတင်းဖျင်းပြောတာကိုတော့ အထင်မြင်သေးမိ၍ ဘာကိုမှ မမေးခဲ့ပေ။

လူအုပ်ထဲမှ မိန်းကလေးတစ်ဉီးက " အို ဒါဆို အရှင့်သား အိမ်ရှေ့စံ လာမှာပေါ့။ ဒါဆို ငါတို့ ဓားရေးအက ကိုပြီးပြည့်စုံအောင်သာ သရုပ်ဖော်နိုင်ခဲ့မယ်ဆိုရင် ဘာဖြစ်မှာလဲ။အိမ်ရှေ့စံက ငါတို့ကို သဘောကျနှစ်သက်လာဖို့မျှော်လင့်ရမှာလား။အရှင့်သား သာ တကယ်သဘောကျခဲ့မယ်ဆိုရင် ဒါက ကောင်းချီးတစ်ခုမဟုတ်ဘဲ ပြဿနာပဲကို။ ဘာများပျော်စရာရှိလို့လဲ။"

" ရှူး၊ ဒါ အိမ်ရှေ့စံမင်းသားပဲ။ဒီအကြောင်းသာ ပျံ့သွားရင် နင့်ရဲ့ ခေါင်းကို စိတ်မပူဘူးလား။ အိမ်ရှေ့မင်းသားသာ တကယ်ကြားသွားခဲ့ရင် နင့်မိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားလိမ့်မယ်" သူမဘေးတွင် ရှိနေသူက သူမကို ညင်ညင်သာသာနှင့် သတိပေးလိုက်သည်။

ထိုသခင်မလေးက သတိပေးစကားကိုကြားရပြီးနောက် သူမရဲ့ခေါင်းကို ငုံ့လိုက်၏။။ သူမက ခြေထောက်တွေကို အချင်းချင်းပွတ်နေပြီး ထိတ်လန့်နေခဲ့သည်။

" နင်က အိမ်ရှေ့မင်းသားကို သဘောမကျပေမဲ့ သူ့ကိုသဘောကျတဲ့လူတွေရှိတယ်လေ။ ငါတို့ကိုတကယ်ကြည့်ဖို့လာတာလည်းမဟုတ်ဘူး"

ထိုသို့ မပွင့်တပွင့်ရေရွတ်နေကျသူမှာ တစ်ယောက်မက ရှိခဲ့သည်။

သူတို့ထဲမှတချို့က အိမ်ရှေ့မင်းသားကို အထင်မြင်သေးကြသော်လည်း ပျော်ရွှင်နေပုံရဆဲဖြစ်သည်။

" အိမ်ရှေ့စံမင်သားက အမှုကြီးတစ်ခုကို ဖြေရှင်းခဲ့တယ်လို့ ငါကြားတယ်။ ငါ့ရဲ့အဖေတောင် ဒီကိစ္စကြောင့် စိတ်မချမ်းမသာဖြစ်နေတာ။ အရှင့်သားတင်ပြတဲ့ ပစ္စည်းကိုသာ စုံစမ်းစစ်ဆေးမယ်ဆိုရင် ငါကြောက်မိတာက ပြစ်ဒဏ်စီရင်တဲ့နေရာက သွေးတွေနဲ့ဖုံးလွှမ်းသွားမှာကိုပဲ"

" အဲ့ဒီလောက်တောင် ကြီးတဲ့အမှုလား"

" ဒါပေါ့၊ ဒီကိစ္စမှာ လူတွေအများကြီး ပါဝင်ပတ်သက်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ်, အရှင့်သားက အများကြီး အကျိုးဖြစ်စေခဲ့သလို တစ်ချိန်တည်းမှာပဲ လူတော်တော်များများကို ဆန့်ကျင်စော်ကားခဲ့တာလေ။ "

သူတို့အားလုံးက အရာရှိမှူးမတ်များ၏ သမီးများဖြစ်ကြ၍ ဖြစ်ပွားနေသည့်အကြောင်းရာများကို

အနည်းငယ်သိထားကြလေသည်။

သူတို့ ဆွေးနွေးနေတုန်းမှာ စိတ်လှုပ်ရှားနေကြ၏။

ဒါပေမဲ့ သူတို့ သိုသိုသိပ်သိပ်သာ ပြောနေကြခြင်းဖြစ်ပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုမဆွေးနွေးရဲကြပေ။

ရှဲ့ချောင်မှာ သူတို့ အနီးတွင် ရပ်နေခဲ့တာဖြစ်၏။ စကားလုံးအချို့ကို ဟိုတစ်စ ဒီတစ်စ ကြားပြီးနောက် သူမ ဆက်စပ်မိသွားသည်။

ဓားသိုင်းအကသင်သည့်ဆရာမက ကျောင်းသူများကို ဝေ့ဝဲကြည့်ပြီးပြောလိုက်သည်။ " ကောင်းပြီ၊ ပါဝင်ယှဉ်ပြိုင်ချင်တဲ့သူတွေက ညာဘက်အခြမ်းမှာရပ်ကြ။"

ထူးထူးဆန်းဆန်းအကြောင်းပြချက်တချို့ကြောင့် ရှဲချောင်သည် ဆရာမက သူမကို ကြည့်နေသလို ခံစားလိုက်ရသည်။

ဒါဘာအဓိပ္ပာယ်လဲဆိုတာ သူမသိချင်သွားမိသည်။

သူမ နဂိုနေရာတွင်သာ နာနာခံခံနှင့်ရပ်မြဲရပ်နေခဲ့ပြီးယှဉ်ပြိုင်ရန် မသွားခဲ့ပေ။

သူမရဲ့ ခွန်အားသည် အခုကောင်းမွန်နေပြီဖြစ်သော်လည်း၊ ဓားရေးကစားသည့်အချိန်တိုင်း အသက်ရှူနိုင်ရန် အချိန်တစ်ခုယူရပေမည်။မဟုတ်လျှင် သူမ၏ကိုယ်က ဆိုးဆိုးရွားရွားခံစားရပေလိမ့်မည်။

" ရှဲ့ချောင် ၊နင် လှူဖို့အတွက် ငွေပဲစေ့ တွေကို မယူတော့ဘူးလား။အဲ့ဒီမှာ ငွေပဲစေ့ တွေအများပြီးပဲ။ နင်အဲ့ဒါအတွက် မယှဉ်ပြိုင်တော့ဘူးလား" ရှားယာ့ယွင် တစ်ဖန်ပေါ်လာခဲ့ပြန်သည်။

ရှဲ့ချောင်က ရှက်မနေပဲ၊ ပွင့်ပွင့်လင်းလင်းသာ ဝန်ခံလိုက်၏။ " ငါတစ်ခါမှ လရောင်ကကြိုး ကို မသင်ဖူးဘူး"

" ငါကတော့ နင်ဘာကိုမှ သင်ဖူးမှာ မဟုတ်ဘူးလို့ထင်တာပဲ" ရှားယာ့ယွင်က ကျိတ်ရယ်လိုက်၏။ " ရှဲ့ချောင်၊ ငါက နင်ကောင်းဖို့အတွက်ပြောနေတာ။၊ ငါတို့ရဲ့ သစ်ခွခြံဝင်းမှာ ဓားရေး အပြင် တခြားအတန်းတွေလည်းအများကြီးရှိတယ်။ နင်က ဘာကိုမှ မသင်ခဲ့ဖူးဘူး။ နင်သာ ငါတို့ကြားမှာရပ်နေမယ်ဆိုရင် ' ရွှေတွေကြားက သစ်ဆွေးတစ်ပိုင်း' လိုဖြစ်မနေဘူးလား"

သူမက ထိုသို့ပြောလိုက်သည့်အခါ ရှားယာ့ယွင်နှင့် ဘေးနားရှိတဲ့ သခင်မလေးအနည်းစုက မရယ်ဘဲမနေနိုင်ကြတော့ပေ။

" ယာ့ယွင်၊ နင်ဒါကို ရှဲ့သခင်မလေးကိုသွားပြောလို့မရဘူးလေ။" ဖန်းမုရွှယ်က မျက်မှောင်ကြုံ့လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဓားရေးအတတ်ကို သင်ထားတဲ့ မိန်းကလေးက အများကြီးရှိတာမှ မဟုတ်ဘဲ"

" ငါက အမှန်တရားကိုပြောနေတာ။ ငါမမှားဘူး။ သူက သူရဲ့နေရာနဲ့မထိုက်တန်ဘူးဆိုရင် အဲ့ဒီဟာကို တခြားတစ်ယောက်ကို ပေးလိုက်သင့်တယ်" ရှားယာ့ယွင် က ခေါင်းမာစွာနှင့်ပြောလိုက်၏။

ထိုအခိုက်တန့်တွင် ဘာကြောင့် လူအိုကြီးက သူမ

ကို တောင်ပေါ်က ထွက်သွားဖို့ မရမကတောင်းဆိုနေရတာလဲဆိုတာကို ရုတ်တရက်သဘောပေါက်သွားမိလေသည်။

တောင်ပေါ်တွင်နေခဲ့သည့်ထိုနှစ်များအတွင်းတွင် ဝမ်းမနည်းဖို့နှင့် မပျော်ရွှင်ဖို့ကို သူမ သင်ယူခဲ့ရကာ တရားအားထုတ်နေသည့် လူအိုကြီးနှင့်ပင် တူခဲ့သည်။

ထိုစဉ် တောင်အောက်မှာတော့ ရှားယာ့ယွင် လို စိတ်ပျက်ငြီးငွေ့စရာ ကောင်းတဲ့ လူများစွာရှိသည်။

သူမရဲ့ အမြင်မှန်ရနေသည့်စိတ်ကလေးကို ရပ်တန့်မသွားအောင် ကြိုးစားနေရသည်။

ဒါ စမ်းသပ်စစ်ဆေးမှုပဲ!

••••••

All Chapters