စာရင်းပေးသွင်းခြင်း
Vol. 6 Ch. 88
ရှဲ့ချောင် သက်ပြင်းညင်ညင်သာသာ ချလိုက်သည်။ သူမဒီဟာကို သည်းခံနိုင်ခဲ့မည်ဆိုလျှင် ကမ္ဘာပေါ်မှာ လူတိုင်းကို ရက်ရောပြီး နားလည်လက်ခံပေးနိုင်တဲ့ ကျွမ်းကျင်သူတစ်ဉီးဖြစ်ပေလိမ့်မည်။
သူမ ခေါင်းကို ဖြည်းဖြည်းချင်းငုံ့လိုက်သည်။
" ဘာလဲ။ နင်မှာ ပြောစရာမရှိတော့ဘူးလား။ ငါနင့်လိုလူမျိုး အများကြီးကို မြင်ဖူးတယ်။ နင်က အိမ်က ခံစားချက်မဲ့နေတဲ့အစေခံတွေလိုမျိုးပဲ။ သူတို့က အစေခံဖြစ်ဖို့ ကံပါနေပေမဲ့ သခင်တစ်ယောက်ဖြစ်ချင်နေကြတာလေ။ အဲ့ဒီလုပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်ရော။ဘယ်သူကမှ နိမ့်ကျတဲ့ကံကို မပြောင်းလဲနိုင်ဘူး"
ရှဲ့ချောင် မျက်ခွံများလှုပ်သွားခဲ့သည်။သူမရဲ့ ကြည်လင်နေတဲ့ စိတ်လေးကို ဖျက်ဆီးပစ်မိတော့မှာကို စိုးရိမ်နေလေပြီ။
အကြောင်းပြချက်က….သူမဒါကိုထပ်ပြီး သည်းမခံနိုင်တော့ဘူး။
" ဘယ်လေကများ ဒီလိုအနံ့ဆိုးကြီးကို တိုက်ခတ်လာလဲ ဆိုတာသိချင်လိုက်တာ" ရှဲ့ချောင်က ခေါင်းကိုမော့ကာ ဖြည်းဖြည်းချင်းပြောလိုက်
သည်။ " ဘာက အရေးမပါအောက်တန်းကျတာလဲ။ ငါ့အတွက်တော့ အတင်းဖျင်းပြောတဲ့သူ၊ ယုတ်ညံ့တဲ့အတွေးတွေရှိပြီး သူများကို အသရေဖျက်ပြောဆိုနေတဲ့သူက အောက်တန်းကျတယ်၊ လောဘကြီးပြီးတော့ ကလိမ်ကကျစ်နဲ့စဉ်းလဲတဲ့သူဆိုရင် ဆိုးဆိုးဝါးဝါးကိုအောက်တန်းကျတယ်။ ငါက အဲ့ဒီထဲက တစ်ခုမှမဟုတ်ဘူးလို့ ထင်တယ်။ ရှားသခင်မလေး နင်ရော နင့်ကိုယ်နင် ဘယ်လောက်ထိအောက်တန်းကျတယ်လို့ထင်လဲ"
ရှဲ့ချောင်က ထပ်ပြောသည်။
"နင် အောက်တန်းကျလား မကျလားဆိုတာကို ဝန်ခံစရာမလိုပါဘူး။ငါ့မျက်လုံးနဲ့မြင်နိုင်တာပဲဟာ"
ပြောပြီးသည်နှင့် ခြေထောက်ကို ကြွကာ ညာဘက်အခြမ်းဆီသို့ လျှောက်သွားလိုက်၏။
သူမကလူတစ်စုစာရင်းပေးသွင်းနေကြသည့်နေရာတွင်ရပ်လိုက်ပြီး ဆရာမကို ကြည့်ကာပြောလိုက်သည်။
" ဆရာမ ကျွန်မအရင်က လရောင်ကကြိုးကို တစ်ခါမှမမြင်ဖူးဘူး။ဒါပေမယ့်ယှဥ်ပြိုင်နေကြတာဆိုတော့ ပါဝင်တဲ့သူတွေများရင် ပိုကောင်းတယ်မလား။ ကျေးဇူးပြုပြီး ကျွန်မကို သင်ပေးပါလား။ ဒါဆိုရင် ချက်ချင်းသင်ယူလိုက်တဲ့အရာကို ကျွန်မပြသနိုင်လိမ့်မယ်"
ဆရာမမှာ ကြက်သေသေသွားခဲ့သည်။ " မင်းက ပါဝင်ယှဉ်ပြိုင်ချင်တာလား"
" ဟုတ်ပါတယ်။ အဆင့်မရှိတဲ့ လူတစ်ချို့ ကျွန်မကို အသရေဖျက်ပြောဆိုနေတာမျိုး မလိုချင်ဘူး။ သူတို့က ဒါကို အနှောင့်ယှက်မဖြစ်စေဘူးလို့ ထင်နေပေမဲ့ ကျွန်မကို အမြဲဒုက္ခပေးနေတာ။ဒါက
ကျွန်မကို စိတ်တိုစေတယ်"
" ကျွန်မစိတ်ဆိုးတဲ့ အခါဒေါသထွက်မိလိမ့်မယ်"
" ကျွန်မဒေါသထွက်တဲ့အခါကျရင် အသက်ရှူရတာခက်လာပြီး မူးမေ့မလိုခံစားရတယ်။ ငယ်ငယ်လေးကတည်းက ကျွန်မရဲ့ ခန္ဓာကိုယ်ကအားနည်းတယ်။ ကျွန်မဒီနေရာမှာ မူးမေ့သွားမယ်ဆိုရင် ဒါက ရှားသခင်မလေးရဲ့ အမှားဖြစ်သွားမယ်"
ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။
သူမ၏ နှုတ်ရေးမှာ ထက်လွန်းတာကြောင့် အားလုံးကို ကြက်သီးမွေးညင်းများထသွားစေသည်။
သူမ များများစားစားမပြောခဲ့ပေ။
အဓိက အချက်များကို ဖယ်ပြီး ယဉ်ယဉ်ကျေးကျေးသာပြောသွားခဲ့သည်။ ထိုအရာမှာ ကောင်းလွန်းသဖြင့် သူတို့ဘာပြောရမှန်းမသိတော့ပေ။
သူမကို ဝေဖန်မည်ဆိုလျှင် သူတို့သာ ဆိုးကျိုးဖြစ်စေလိမ့်မည်။
ရှားယာ့ယွင် သည် စိုးရိမ်သွားကာ ဒေါသကို မျိုသိပ်လိုက်ရသည်။သူမ၏မျက်လုံးများမှာ ဒေါသကြောင့်နီရဲနေပြီး မီးတောက်များထွက်လာတော့မည့်သဖွယ်ဖြစ်နေသည်။
ထိုစဉ် ပိန်သွယ်သွယ် ရှဲ့ချောင်ကတော့ သူမနေရာတွင်သာ ရပ်နေခဲ့၏။သူမတွင် ထင်ရှားသည့် ကြော့ရှင်းရည်မွန်မှုရှိကာ သူမကိုယ်သူ့မ
ရယ်စရာဖြစ်အောင် မလုပ်နိုင်ပေ။သူမဟာ အေးတိအေးစက်နှင့် နှလုံးသားမရှိသူတစ်ဉီးမဟုတ်။လူတွေအပေါ် ထွန်းလင်းနေသည့် တောက်ပသောလသဖွယ်သာဖြစ်သည်။
သူမက အရှေ့အရပ်မှနေထွက်လာသလိုမျိူး တည်ငြိမ်နေ၏။
သူမဟာ အမတအရှင်ရှဲ့ ဖြစ်သည်။
အမတအရှင်တစ်ယောက်က ဘယ်လိုမျိုးဖြစ်သင့်တယ်ဆိုတာကို ရှဲ့ချောင်သိသည်။ သူမရဲ့ဆရာကို ထိုကဲ့သို့ဖြစ်အောင် ဘယ်လိုဟန်ဆောင်ရမလဲဆိုတာကို သင်ပေးနိုင်ခဲ့သဖြင့် သူမရဲ သွင်ပြင်ပုံစံအပေါ်ယုံကြည်မှုရှိသည်။
ဆရာမက ခေတ္တမျှကြက်သေသေနေပြီးနောက် အသိပြန်ဝင်လာပြီး ချောင်းဟန့်လိုက်သည်။
"မင်းက ပါဝင်ချင်တယ်ဆိုတော့၊ လူတိုင်းအဆင်သင့်ဖြစ်ရင် ငါမင်းကို တစ်ခေါက်ပြပေးမယ်။ငါတစ်ခါပဲ လုပ်ပြမှာ။ မင်းဘာကိုချို့တဲ့အားနည်းလဲဆိုတာကို သေချာကြည့်ရမယ်။ငါပြိုင်ပွဲကို မျှမျှတတပဲ လုပ်ဆောင်မှာပါ။"
ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။
ရှားယာ့ယွင် လက်သီးကို ကျစ်နေအောင်ဆုပ်လိုက်ပြီး ညာဘက်ခြမ်းတွင်ရပ်လိုက်သည်။ သူမဒေါသထွက်နေခဲ့သည်။
' နင့်ကိုနင် ဉာဏ်ကြီးရှင်လို့များ ထင်နေတာလား။ တစ်ခါကြည့်ရုံနဲ့ တတ်သွားမယ်လို့လေ။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ' ရှားယာ့ယွင်
အံကြိတ်လိုက်၏။
ကျန်သူများမှာ ထိုအချိန်တွင် ဘာမှပြောနေခြင်းမရှိဘဲ ဣန္ဒြေရရသာနေနေကြသည်။သူမစကားများမှာ မညှာမတာဖြစ်လွန်းသည်။ သူတို့ကိုသာ ရှားယာ့ယွင် လိုမျိုး ရှဲ့ချောင် ဆူပူကြိမ်းမောင်းမယ်ဆိုလျှင် အရှက်တကွဲ ဖြစ်ပေလိမ့်မည်။
ဘယ်သူကမှ သူမနှင့်ပူးပေါင်းပေးခြင်းမရှိတာကို ရှားယာ့ယွင် မြင်ရသည့်အခါ ပို၍စိတ်ဆိုးလေသည်။ ရှဲ့ချောင်သူမကိုယ်သူမ အရှက်ရစေမှာကို စောင့်နေခဲ့သည်။
မကြာမီ၊ ဆရာမက လရောင်ကကြိုးကို တစ်ကြိမ်
ပြသလေသည်။
ဓားရေးအကသည် ဓားရှည်များနှင့် ဓားအတိုများ
ပါဝင်သည်။ သစ်ခွခြံဝင်းက ဓားရှည်ကို အဓိက သုံးသည်။ ရှည်လျားလှသော ပန်းပွားလေးများနှင့် ထိုဓားများကို သူတို့ လွှဲယမ်းသည့်အခါ အတော်ကိုပင် ကြည့်ကောင်းပေမည်။
လရောင်ကကြိုးတွင် ပျံသန်းရသည့်လှုပ်ရှားမှုများပါဝင်ပြီး ဓားရှည်တွင် အေးစက်ကာ ညှို့ယူဖမ်းစားနိုင်သည့် အလင်းများရောင်ပြန်ဟပ်နေသည်။
ဓားကို လွှဲယမ်းနေသည့်လက်မှာညတွင် အဆောင်တစ်ခုကို ပြန်လည်သိမ်းယူနေသည့်ပုံစံနှင့်တူသည်။ဓား ရွေ့လျားနေသည့်အတိုင်း ခန္ဓာကိုယ်က စက်ဝိုင်းပုံလှည့်သွားသည့်မှာ တစ်စုံတစ်ဦးက လေထဲတွင် အဆောင်ရေးဆွဲနေသလိုမျိုးဖြစ်သည်။ဓားဦးသည် ကောင်းကင်ဆီသို့ ညွှန်ထိုးပြသည့်ပုံမှာ အသက်ရှူနေသည့်ဟန်နှင့်တူ၏။ ,ထိုစဉ် ဓားကိုပြန်လည်ရုပ်သိမ်းလိုက်သည်မှာ အဆောင်ကို လောင်မြှိုက်လိုက်သလိုပင်…..
•••••