← Chapters

ကံကောင်းခြင်း

Vol. 6 Ch. 89

ကံကောင်းခြင်း

Vol. 6 Ch. 89

၈၉။ (ကံကောင်းခြင်း)

ရှဲ့ချောင် ဓားသိုင်းအက၏ အပြင်းထန်ဆုံးအပိုင်းကို တွေ့ရသောအခါ သူမ မကောင်းဆိုးဝါးဝိဉာဉ်များကို နှိမ်နင်းခဲ့သည့် အချိန်တုန်းကနှင့်တူကြောင်း တွေးမိသွားသည်။

ထိုအရာသည် ဆင်တူပုံရသည်…

တာအိုဘာသာတွင် လူတွေက နတ်ဘုရားကို ကိုးကွယ်ရိုသေကြကာ သူတို့ရဲ့ စွမ်းအားကို တာအိုဓားဖြင့် ပြသကြသည်။ အကယ်၍ သူမသာ ဓားကိုလက်ထဲတွင် မကိုင်ထားနိုင်ခဲ့ဘူးဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်က သူမကို ဝါးမျိုဖျက်ဆီးပေလိမ့်မည်။

ရှဲချောင်မှာ ကိုယ်ခံပညာတွင် အားနည်းခဲ့သည်။မော့လင်းကျစ်က သူမအား 'ပါးကွ' နှင့် ဓာတ်ငါးပါးကိုကိုယ်စားပြုသည့် ဓား၁၃လက် နည်းပညာ ကိုသင်ကြားပေးခဲ့သည်။

ဒြပ်စင်ငါးပါး ' ပါးကွ' သည် အရာများစွာအဖြစ် ပြောင်းလဲနိုင်၏။ ထို့ကြောင့် ဆရာ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီသည် ကြီးမားဝိုင်းစက်သော ပန်းကန်ပြားနှင့်တူနေသည်။ သူမလှုပ်ရှားလိုက်တဲ့အခါ ထူးခြားသော စည်းချက်တစ်ခု ဖြစ်ပေါ်လာ

ခဲ့၏။

ရှဲ့ချောင် အတိတ်တုန်းက ' သက်ဝင်ဓား' ကိုလေ့ကျင့်ခဲ့ဖူးသည်။ ၎င်း၏ဟာ မည်သည့်သတ်ဖြတ်မှုများမှမပါသလို ပြင်းလည်းမပြင်းထန်ပေ။

ကံအားလျော်စွာနှင့် ' လရောင်ကကြိုး ' မှာ အတိအကျကြီး ရှုပ်ထွေးနေတာတော့မဟုတ်လှ။

" ကောင်းပြီ၊ မင်းတို့တွေ ခဏလောက် လေ့ကျင့်ကြ။ နောက်ဆယ့်ငါးမိနစ်နေရင် ပြိုင်ပွဲစမယ်" ဆရာက ရှဲ့ချောင်ကို ဖြတ်ခနဲကြည့်လိုက်ပြီးနောက် ခေတ္တထွက်ခွာသွားခဲ့သည်။

လူအများစုမှာ သူတို့မကျွမ်းဝင်သေးသော လှုပ်ရှားမှုများကို လေ့ကျင့်ရန်အတွက် စုဝေးနေ

ကြသည်။

ထိုစဉ် ရှဲ့ချောင်ကတော့ ဆရာ့ရဲ့ ကကွက်သရုပ်ဖော်မှုကို စိတ်နှလုံးထဲတွင် ပုံဖော်ကြည့်နေခဲ့သည်။

သူမတွင် ခွန်အားအများကြီးမရှိသလို ဖြုန်းတီးပစ်လိုခြင်းလည်းမရှိပေ။ ရွေ့ဖို့မလိုအပ်လျှင် ဒီအတိုင်းရပ်နေမည်သာဖြစ်သည်။

'သူ့ကိုကြည့်ပါဉီး၊ သစ်တုံးတစ်တုံးလိုမျိုး ရပ်နေလိုက်တာများ၊ ခုဆို အံ့ဩပြီးစကားမပြောနိုင်လောက်တော့ဘူး' ရှားယာ့ယွင်မှာ အလွန်ကိုပျော်နေ၏။

'သူမရဲ့ ထုံထိုင်းနေတဲ့မျက်နှာကိုကြည့်ဦး၊ လရောင်ကကြိုး ကို ကချင်တာလား၊ အို့၊

ဆုတောင်းလေ'

ဆယ့်ငါးမိနစ်ကြာပြီးနောက် လူများစွာရောက်လာကြသည်။

သစ်ခွခြံဝင်း၏ ဓားသိုင်းအကဆရာမအပြင် အခြားသောဆရာများလည်းရှိပုံရသည်။ နောက်ပြီး……

ရှဲ့ချောင် ထိုလူ ၏ မျက်နှာကို ဖြတ်ခနဲကြည့်လိုက်ကာ တည်ငြိမ်နေပုံရသည်။

" အရှင့်သား ဒီကို ဖြတ်သွားမှတော့၊ ဘာလို့ဒီမိန်းကလေးတွေရဲ့ ဓားရေးလေ့ကျင့်တာကို မကြည့်ရတာလဲ။ အရှင့်သားသာ ကောင်းမွန်တယ်လို့ ထင်ခဲ့မယ်ဆိုရင် ဒါက သူတို့ရဲ့ ဓားလေ့ကျင့်မှုက အချည်းနှီးမဖြစ်ဘူးလို့ဆိုလိုတာပဲ" ဆရာမက

ကျီစယ်သော အမူရာနှင့်ပြောလိုက်၏။

ကျောက်ရွှမ်ကျင်း ရှဲ့ချောင်ကို ကြည့်လိုက်သည်။

" ရပ်နေကြတဲ့သူတွေက ပြိုင်ပွဲဝင်တွေလား" သူက ပုံမှန်ပဲ မေးလိုက်သည်။

" ဟုတ်ပါတယ်" ဆရာမက ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်း အနည်းငယ်မှင်သက်သွားခဲ့၏။

ထို့နောက်တွင် သူဘာလို့ ကျောက်စိမ်းအပိုင်းတစ်ခုကို သူ့လက်နဲ့ဆွဲယူခဲ့တာလဲ ဆိုတာကို မည်သူမျှမသိခဲ့ပေ။ သူက ထိုကျောက်စိမ်းကို ငွေပဲစေ့နဲ့ ဆံနွယ်အဆင်တန်ဆာတွေရှိနေတဲ့ စားပွဲပေါ် ပစ်

တင်လိုက်ပြီး ရိုးရိုးတန်းတန်းပြောလိုက်၏။ "ကံကောင်းဖို့အတွက်"

လူအများ ပင့်သက်ရှိုက်သွားခဲ့ရ၏။

ကျောက်စိမ်းပိုင်းတစ်ခု

" ဒီကျောက်စိမ်းက အရှင့်သားကို ကျောင်းအုပ်ကြီးပေးခဲ့တဲ့ဟာတွေထဲက တစ်ခုလား"ဆရာမလည်း ထိတ်လန့်သွား၏။

"ဟုတ်တယ်" ကျောက်ရွှမ်းကျင်းက တိုတိုတုတ်တုတ်သာ တုံ့ပြန်လိုက်သည်။

ဆရာ ခဏမျှ တိတ်ဆိတ်သွားပြီး နောက် ကျောင်းသားများကိုကြည့်လိုက်သည်။ သူတို့ထဲမှ

အချို့မှာ ကျောက်စိမ်း၏ အရေးပါမှုကို သိပုံမရတာကြောင့် သူမ စိတ်ပူနေပုံရသည်။ ထို့ကြောင့်သူမ ထပ်ပြောလိုက်၏။ " ဒီလိုကျောက်စိမ်းမျိုးက ဆယ်ခုပဲ ရှိတာ။ ကျောင်းအုပ်ကြီးက အရှင့်သားကို သုံးခုပေးခဲ့တယ်။ တစ်ယောက်ယောက်မှာသာ ဒီလိုကျောက်စိမ်းမျိုးတစ်ခုရှိခဲ့မယ်ဆိုရင်၊ ကျောင်းတော်ထဲက ဆရာတစ်ယောက်ယောက်၊ ဒါမှမဟုတ် စာကြည့်တိုက်ထဲက ပစ္စည်းတစ်ခုခုကို ရွေးချယ်ယူနိုင်လိမ့်မယ်။"

ဒီရှင်းပြချက်က ရှဲ့ချောင်ကို ဉာဏ်အလင်းရသွားစေသည်။ဆရာဆိုလိုသည် မှာ သူတို့ ဆရာသခင်တစ်ယောက်၏ တပည့်ရင်းများဖြစ်လာနိုင်သည် ဟူ၍ဖြစ်လေသည်။

တော်ဝင်ကျောင်းတော်ထဲတွင် စွမ်းဆောင်ရည်ရှိသူများစွာရှိသည်။ သူတို့ထဲက တစ်ယောက်၏ တပည့်ဖြစ်လာနိုင်ခြင်းသည် နောက်ထပ်အဖေ

တစ်ယောက်ရှိခြင်းနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။

အဆက်အသွယ်၊ ဗဟုသုတနှင့် ဆရာ၏ ဂုဏ်သတင်းကျော်ဇောမှုသည်ပင် ထိုတပည့်ကို အကျိုးရှိစေပေမည်။

ဒါ့အပြင် ငွေအသပြာဖြင့် ဝယ်ယူ၍မရနိုင်တော့တဲ့ အဖိုးတန်ပြီး ရှားပါးသည့်စာအုပ် အချို့ စာကြည့်တိုက်ထဲတွင်ရှိနေလေသည်။

သူမသာ တစ်ခုကို ယူနိုင်ခဲ့မည်ဆိုလျှင်……

ရှဲ့ချောင် စိတ်လှုပ်ရှားသွားခဲ့၏။ သူမသာ ထိုစာအုပ်များကို ဖတ်ပြီးနောက် ပြန်လည်ရောင်းချခဲ့ပါက ငွေများရနိုင်ပေလိမ့်မည်။

" ကောင်းပြီ။ စကြတာပေါ့။ မင်းတို့ နာမည်ကို ဆွဲထုတ်လိုက်တဲ့အခါကျရင် ရှေ့တက်လာခဲ့" ဆရာက ပြောလိုက်၏။

သူမစကားပြောပြီးသည် နှင့် နာမည်ကို စတင်မဲနှိုက်ရွေးချယ်တော့သည်။

" ပထမ တစ်ယောက်၊ ဟွားလိရုန်"

"......"

ဆရာအချို့နှင် အိမ်ရှေ့စံမင်းသား အတွက် ထိုင်ခုံနေရာများကို သတ်မှတ်ပေးထားသည်။သူတို့ နေလောင်သွားမည်ကို စိုးရိမ်သောကြောင့် ထိုသူများအတွက် ထီးမိုးပေးထားသူများလည်းရှိသည်။ ခဏကြာပြီးနောက် အစာပြေစားစရာများ

ပင် လာရောက်ပို့ဆောင်လာခဲ့သည်။

ရှဲ့ချောင်မှာ နေ့လည်တုန်းက အများကြီးမစားခဲ့သဖြင့် ထိုသရေစာမုန့်များကို မြင်ရသောအခါ သွားရည်ယိုလာလေသည်။

ထို့အပြင်၊ သူမသည် မတ်တပ်ရပ်နေခဲ့ရရာ မတ်တပ်ရပ်လွန်းရသဖြင့် သူမရဲ့ခြေထောက်များတောင် အားနည်းပျော့ခွေနေလေပြီ။

သူမ ထိုအကြောင်းကို တွေးမိလေလေ သူမ မျက်နှာ ဖြူဖျော့လာလေဖြစ်သည်။ စင်စစ် ၊ သူမ၏ စိတ်ထဲတွင်တော့ အလွန်သန်မာနေသည်။ခွန်အားအနည်းငယ်ကိုသာ သုံးထားခဲ့သော်လည်း ရှဲ့ချောင်ကို မြင်ရသူများအဖို့ကတော့…. သူမမေ့လဲသွားမည်ကို စိုးရိမ်ပူပန်နေကြရသည်။

••••••

All Chapters