စိတ်ကောင်းဝင်ခြင်း
Vol. 6 Ch. 90
ရှဲ့ချောင်သည် တကယ်ကိုပင် အားနည်းဟန်ဆောင်ခဲ့ခြင်းမဟုတ်ပေ။သူမသည် ထိုကဲ့သို့သာမွေးဖွားလာခဲ့ရခြင်းဖြစ်၍ ထိုအရာကို ဖုံးကွယ်ထားရန်မှာသူမအတွက်ခက်ခဲလှသည်။
သူမ၏ မျက်နှာသည် နေ့လည်ခင်းကျစ်ကျစ်
တောက်ပူနေသည့်နေရောင်အောက်တွင် ပိုပြီးအားနည်းနေပုံပေါ်သည်။
သူမသည် နေရောင်အောက်တွင်သာ ထိုင်နေခဲ့မည် ဆိုလျှင် သူမ ခံစားရတာ ပိုပြီးကောင်းလာပေမည်။
နေ့ခင်းချိန်၏ ယန်စွမ်းအားသည် ပိုပြီးအားကောင်းသည်။
" ကျန်တဲ့သူတွေကို ထိုင်ခိုင်းလိုက်" ကျောက်ရွှမ်ကျင်းက ပြောလိုက်သည်။ သူဘေးရှိ မုန့်များကိုပါကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
" သူတို့ကို မုန့်တွေပါပေးလိုက်"
ထိုသို့ပြောတာကို ကြားလိုက်ရသည်နှင့်
အနားတွင်ရှိနေကြသော ဆရာများမှာ အတော်လေးရှုပ်ထွေးသွားရသည်။
" အရှင့်သားက ဘာလို့ ဒီနေ့မှ အရမ်း….."
ရက်ရောနေရတာလဲ။
" မင်းတို့က ငါကအရင်တည်းက မနွေးထွေးဘူးလို့ ထင်နေကြတာလား။ ဒါမှမဟုတ်ရင် ငါက ကျောင်းသားတွေကို အနိုင့်ကျင့်တယ်လို့ ထင်နေတာလား။" ကျောက်ရွှမ်ကျင်းက အေးစက်စွာနှင့်မေးလိုက်သည်။
ရှဲ့ချောင်သည် ဒါကိုကြားလိုက်ရပြီး ထိုလူပြောင်းလဲသွားပုံရသည် ဟု ခံစားလိုက်ရသည်။ သူသည် ရှီးဖန်မြို့နားတွင်ရှိခဲ့စဉ်က သူ၏
သဘောထားအမြင်သည် အေးစက်ခဲ့ပုံမပေါ်ပဲ အလွန်ကို နွေးထွေးကြင်နာခဲ့သည်။
" မဟုတ်ပါဘူး" သူ၏ ဘေးနားတွင်ရှိနေသော ဆရာမှာ မျက်ခွံလှုပ်သွားခဲ့ရသည်။ " အရှင့်သားက ကျောင်းတော်မှာရှိကြတဲ့ ကျောင်းသားတွေကို အမြဲဂရုစိုက်တယ်ဆိုတာ အားလုံးသိကြပါတယ်"
ဆရာအနည်းငယ်သည် ထိုစကားကိုကြားသည့်အခါ သရော်လိုက်ကြသည်။
ဂရုစိုက်တယ်တဲ့လား၊
မှန်သည်။ သူက တော်ဝင်ကျောင်းသားတွေကို ကွဲပြားစွာ ဆက်ဆံခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် အသက်အရွယ်ငယ်စဉ်ကတည်းက ဉာဏ်အမြော်မြင်ရှိခဲ့သည်။သူသည် ပင်ကိုယ်ပါရမီရှိပြီး ထက်မြက်သည့်အတွက် ဧကရာဇ်မင်းက ချစ်ခင်နှစ်သက်လေသည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသားတွင် ဆိုးရွားသော ကံကြမ္မာ ရှိခဲ့သည်။သူသည် အမြဲလိုလို မတော်တဆမှုများနှင့်ကြုံရသည်။ သူသည် ကျောင်းတော်တွင် မတော်တဆမှု အနည်းငယ်သာ ရှိခဲ့သော်လည်း အရှေ့နန်းဆောင်တွင်တော့ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရသည်။ကျောင်းတော်သည် သူ၏နေထိုင်ရာအိမ်တစ်အိမ် ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
အသက်၁၂ နှစ်အရွယ် မရောက်ခင်အထိ အေးဆေးငြိမ်းချမ်းစွာနေခဲ့ရသည်။
၁၂နှစ် အရွယ်သို့မရောက်မီအချိန်က၊ အိမ်ရှေ့မင်းသားသည် နူးညံ့ညင်သာသိမ်မွေ့ပြီး
ထောင်လွှားမှုမရှိသော သူတစ်ဦးဖြစ်ခဲ့၏။
သို့သော် တော်ဝင်မိသားစု အမဲလိုက်ထွက်ကြသည့် တစ်နေ့တွင် ကြမ်းကြုတ်ရက်စက်သည့် ကျားတစ်ကောင်သည် ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့၏။ အိမ်ရှေ့မင်းသားသည် ထိုအချိန်က ငယ်ရွယ်သေးသော်လည်း၊ သူသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။သူ၏ ညာဘက်လက်မောင်းရှိ အရွတ်မှာပျက်စီးသွားခံရပြီးနောက်၊ ' နန်းတွင်းကာကွယ်သူ' ဟူသော ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသည်။
သူ၏ ညာဘက်လက်မောင်းမှာ နေ့စဉ်လုပ်ငန်းများတွင် သာမာန်သာဖြစ်သော်လည်း လေးလံသော အရာများကိုမူ သယ်မ နိုင်ခြင်းမရှိတော့ပေ။
ထိုမျှသာမက၊ စုတ်တံကို ကိုင်သည့်အခါတွင်လည်း သူ၏ညာလက်သည် တုန်ယင်နေပေသည်။
သူသည် တကယ်ကို မသန်စွမ်းသူတစ်ယောက်သာဖြစ်သည်။
ထိုအချိန်မှစ၍ အိမ်ရှေ့မင်းသား၏ စိတ်ခံစားချက်များသည် မတည်မငြိမ်ဖြစ်လာခဲ့သည်။ သူနှင့် ရင်းရင်းနှီးနှီးရှိခဲ့သော် ဆရာများပင်လျှင် သူတို့သွားတွေ့ကြသည့်အခါ အေးတိအေးစက် ဆက်ဆံခြင်းခံခဲ့ရသည်။
အိမ်ရှေ့မင်းသားသည် ကျောင်းတော်ရှိလူများကို လည်း ရိုက်နှက်ခဲ့သေးသည်။
သူသည် ကျောင်းသားများ၏ သရုပ်ပြသမှုများကို ကြည့်ခဲ့ဖူးသော်လည်း ထိုရပ်နေကြသည့် ကျောင်းသားများကိုမူ တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးပေ။
ထိုမျှမက၊ သူ၏ အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်ကြသည့် ကျောင်းသားမှာလည်း အနည်းငယ်သာ ရှိသည်။ သူ၏ မှတ်ချက်အများစုမှာ 'မိုက်မဲတယ်' ' စဉ်းစားဉာဏ်မရှိဘူး' ' အရေးမပါဘူး' ' လက်ခံနိုင်တယ်' ' အသင့်အတင့်ပဲ'...... စသော စကားလုံးများသာ။
ဒါသည် အမှန်တရားဖြစ်သော်လည်း နာကျင်စေသလို အရှက်တကွဲလည်းဖြစ်စေသည်။
သူ၏ မျိုးရိုး အဆင့်တန်းကြောင့် ကျောင်းသားများသည် အငြိုးမထားရဲကြပေ။
ဆရာအားလုံးသည်လည်း သူတို့ကိုယ်သူတို့ စဉ်းစားနေကြသည်။
သစ်ခွခြံဝင်းမှာ အိမ်ရှေ့စံမင်းသားမြတ်နိုးနေတဲ့
သခင်မလေးများ ရှိနေနိုင်မလား။
ထိုကဲ့သို့သော အတွေးပေါ်လာသည်နှင့် သူတို့သည် ခေါင်းကိုခါလိုက်ကာ ငြင်းဆန်လိုက်ကြသည်။အိမ်ရှေ့မင်းသား အသက်ဆယ့်သုံးနှစ် အရွယ်ရောက်ချိန်က ဧကရာဇ်မင်းသည် သူ့အတွက် ကိုယ်လုပ်တော််များ ရွေးချယ်ခဲ့ပေးဖူးသည်။ သို့သော်လည်း သူက အားလုံးကို ငြင်းဆိုခဲ့၏။
ဘုရင်မင်းမြတ်သည် သူ၏ ဤသားတော်ကို ချစ်မြတ်နိုးသည်။ ဤကဲ့သို့သော ကိစ္စသေးသေးလေးများတွင် သူ့သားတော်၏စကားကိုသာ နားထောင်ပေးခဲ့သည်။
လက်မောင်းတစ်ဖက် မသန်စွမ်းတော့သော အိမ်ရှေ့စံမင်းသား အားနန်းချသင့်သည်။ သို့သော် အိမ်ရှေ့စံအား နန်းချရန် လျှောက်ထားအဆိုပြု
သူများမှာ သေဆုံးသွားခဲ့ကြသည်။
ဆရာသည် ထိုအကြောင်းကို တွေးမိ၏။
အိမ်ရှေ့မင်းသားသည် မကြာသေးခင်ကမှ အမှုကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။ သူသည် စိတ်ကောင်းဝင်နေနိုင်သည်။
ဒါက မှန်လောက်သည်။
ဆရာအနည်းငယ်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။
လေ့ကျင့်ရေးကွင်းထဲတွင် အထူးသီးသန့်တည်ဆောက်ထားသော စင်မြင့်တစ်ခုရှိပြီး၊ မိန်းမပျိုငယ်လေးအနည်းငယ်မှာ သရုပ်ဖော်ပြသ၍ ပြီး
သွားပြီဖြစ်သည်။
ရှဲ့ချောင်သည် ထိုသရုပ်ဖော်မှုများအားလုံးကို ကြည့်ပြီးသွားသောအခါ ကကွက်အားလုံးကို ပြီးပြည့်စုံစွာ မှတ်မိသွားပြီ ဖြစ်သည်။
" နောက်တစ်ယောက်၊ ရှားယာ့ယွင်" ဆရာသည် ဂရုမစိုက်ဟန်ဖြင့် အစီစဉ်တကျသာပြောလိုက်၏။
ရှားယာ့ယွင်သည် မေးစေ့ကိုအနည်းငယ် ပင့်ကာ တိမ်နှင့်ကြယ်များပေါ်တွင် လျှောက်နေသကဲ့သို့ လျှောက်သွားခဲ့သည်။ မသွားခင် ရှဲ့ချောင်အား မျက်လုံးပင် လှည့်ပြသွားခဲ့သေးသည်။
သူမ စင်မြင်ပေါ်သို့ ရောက်သောအခါ၊ဓားရှည်တစ်လက်ကို ကိုင်ထားကာ ၎င်းအား စတင် လွှဲ
ယမ်းတော့သည်။
အချို့သော်လှုပ်ရှားမှုများအကြား အခက်တွေ့နေလည်း သူမ၏ လှုပ်ရှားမှုများမှာ အတော်လေး ချောမွေ့လှသည်။ သူမရှေ့က လူများနှင့် နှိုင်းယှဥ်ကြည့်လျှင် သူမ၏ သရုပ်ဖော်တင်ဆက်ကပြမှုမှာ သာမာန်ထက်တော့မြင့်သည်။
•••••