← Chapters

ဓားဆိုတာ ဂုဏ်သိက္ခာရှိတဲ့လူအတွက် ရည်ရွယ်သည်

Vol. 6 Ch. 91

ဓားဆိုတာ ဂုဏ်သိက္ခာရှိတဲ့လူအတွက် ရည်ရွယ်သည်

Vol. 6 Ch. 91

သစ်ခွခြံဝင်းရှိ မိန်းမပျိုငယ်လေးများသည် လရောင်ကကြိုးကို အချိန်အတော်ကြာ သင်ကြား

ပေးခြင်းခံခဲ့ရသည်။သို့ဖြစ်ရာ သူမသည် သရုပ်ဖော်ကပြ ရာတွင် အလွန်ပြီးပြည့်စုံနေခြင်းမျိုး မဟုတ်သော်လည်း သူမ ၏ရမှတ်သည် မြင့်ပေလိမ့်မည်။

ဆရာများကတောင် ကျေနပ်အားရမှုကြောင့် ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။

ဆရာအနည်းငယ်သည် သူမတင်ဆက်ပြီးသည်နှင့် အဆင့်သတ်မှတ်ပေးခဲ့သည်။

ကျွမ်းကျင်မှုအဆင့်သတ်မှတ်သည့် စနစ်မှာ အုပ်စုသုံးခုနှင့် အဆင့်ကိုးဆင့်ဖြစ်သည်။

၎င်းတို့မှာ အကောင်းဆုံး၊ အလယ်အလတ် နှင့် အနိမ့်ဆုံးတို့ဖြစ်ကြပြီး တစ်ခုဆီကို သုံးဆင့်ဆီ ပြန်ခွဲထားသည်။ ထို့ကြောင့် အဆင့်သတ်မှတ်ချက်များမှာ အကောင်းဆုံး/ အကောင်းဆုံး ၊

အကောင်းဆုံး/အလယ်အလတ် ၊ အကောင်းဆုံး/ အနိမ့် ၊ အလယ်အလတ်/ အကောင်းဆုံး ၊ အလယ်အလတ်/ အလယ်အလတ် ၊ အလယ်အလတ်/ အနိမ့် ၊ အနိမ့် / အကောင်းဆုံး ၊ အနိမ့်/အလယ်အလတ် ၊ အနိမ့်/အနိမ့် ဟူ၍ ဖြစ်လေသည်။

ဆရာများအတူစုပြီး အဆင့်သတ်မှတ်ပေးကြသောအခါ ရလဒ်သည် အများကြီး ကွာခြားလေ့မရှိပေ။

ဆရာများသည် လူတိုင်းအား လရောင်ကကြိုးကို သူတို့ ဘယ်လောက်ကြာ သင်ယူပြီးဖြစ်ကြောင်း ပြောကြားလိုက်သည်။သို့ဖြစ်ရာ သူတို့သည် ဒီတစ်ခေါက် အမှတ်ပေးရာတွင် လျှော့ပေါ့ကြသင့်ပေသည်။

ရှဲ့ချောင်သည် သူမကိုယ်သူမတွေးကြည့်လိုက်

သည်။ ' ရှားယာ့ယွင်တောင်မှ အကောင်းဆုံးအဆင့်ကိုမရဘူးဆိုတော့ သူမလည်း အလယ်အလတ်/ အကောင်းဆုံး ရပေလိမ့်မည်။

" ရှဲ့ချောင် ၊ နင်ကတော့ အလွန်ဆုံးမှ အဆင့်နိမ့်ပဲ ရလိမ့်မယ်။" ရှားယာ့ယွင် သည် စင်ပေါ်မှ ဆင်းလာသည် နှင့် ရှဲ့ချောင်ကို တိုးတိုးလေးပြောလိုက်၏။

ရှဲ့ချောင် ပြန်မပြောနိုင်ခင်၊ ဆရာများထိုင်နေသည့်နေရာမှာ အမေးစကား တစ်ခွန်းကို သူတို့ ကြားလိုက်ရသည်။

" ဘာကြောင့် တိုးတိုးလေးပြောနေတာလဲ"

ရှားယာ့ယွင်သည် ထိုအသံကိုကြားရသည့် အခါ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့၏။

ကျောက်ရွှမ်ကျင်း၏ မျက်ဝန်းများသည် တောက်လောင်နေ၏။ " ဆရာတွေက ဒီမှာရှိနေတာလေ၊ ဘာကို တီးတိုးပြောနေတာလဲ"

အိမ်ရှေ့မင်းသားပြောလိုက်သော စကားကိုကြားလိုက်ရသည့် ဆရာများသည် မျက်ခွံများ လှုပ်သွားခဲ့ကြသည်။

အိမ်ရှေ့မင်းသားသည် လူအိုကြီးလို ဖြစ်နေတုန်းပင်။

သခင်မလေးများသည် အတူရှိကြချိန်တွင် တစ်ယောက်နှင့် တစ်ယောက် အားပေးကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။သူတို့စကားစမြည် ပြောဆိုခဲ့လျှင်တောင် ကိစ္စမရှိပေ။

" ကျွန်မကိုအဆင့်နိမ့်ပဲ ရလိမ့်မယ်ဆိုပြီး သူမကပြောပါတယ်" ရှဲ့ချောင်သည် ရိုးသားသည့်ပုံနှင့် ပြန်ဖြေလိုက်၏။

ရှားယာ့ယွင်၏ အမူရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ထိတ်ထိတ်ပျာပျာနှင့်ပြောလိုက်၏။ " ကျွန်မ _ ကျွန်မက အကကို တစ်ရက်ပဲ သင်ယူရုံလောက်နဲ့ မကျွမ်းကျင်နိုင်ဘူးဆိုတဲ့အကြောင်း သူမကိုပြောပြနေတာပါ။ သူမက ဒီနေ့ အဲ့ဒီအကကို ခဏလောက်ပဲ ကြည့်ခဲ့တာ။ စစ်ဆေးစမ်းသပ် မှုမှာ သူမ ဆိုးဆိုးရွားရွားနဲ့ သရုပ်ဖော်ကပြလိမ့်မယ်။သူမက အဆင့်နိမ့် ကိုဘဲ ရလောက်မှာ–"

" မင်း စကားအနည်းငယ်လောက်ပဲ ပြောလိုက်တာကို ငါမြင်လိုက်တယ်။ ကြင်နာမှု မရှိဘဲ ရက်စက်တဲ့ပုံပေါ်တယ်" ထိုသို့ပြောနေချိန် ကျောက်ရွှမ်ကျင်း၏ မျက်ဝန်းများသည် ခက်ထန်နေသည်။ သူပြုံးနေသလားဆိုတာ မသေချာပေ။

ရှားယာ့ယွင် တုန်ယင်သွားခဲ့၏။

သခင်မလေးများစွာသည် သူမကို ကရုဏာတရားများနှင့်ကြည့်နေကြသည်။

ထိုနေရာတွင် စတုတ္ထမင်းသားသာ ဆိုပါက၊ သူမပြောလိုက်သည့်စကားမှားယွင်းနေတာကို သတိပြုမိလျှင်တောင် တိုက်ရိုက်မေးလိမ့်မည်မဟုတ်ပေ။

သို့ရာတွင် ဒါဟာ အိမ်ရှေ့စံမင်းသားသာဖြစ်သည်။

ရှားယာ့ယွင်သည် ယနေ့တွင် ကံဆိုးနေချေသည်။

" အရှင့်သား၊ ဒီသခင်မလေးက ငယ်ပါသေးတယ်။ သူမက မှားယွင်းတာကို ပြောလိုက်မိတယ်။ ကျေးဇူးပြုပြီး သူမကိုခွင့်လွှတ်ပေးပါ" ဆရာမက ချက်ချင်းပဲပြောလိုက်၏။

ကျောင်းတော်ထဲတွင် မည်သူမျှ ဒူးမထောက်။ ဆရာမသည် ဟန်ဆောင်မှုကင်းစွာ သူမ၏လက်ကို ထပ်ကာဉီးညွှတ်ရုံသာပြုသည်။

" သူမပြောလိုက်တဲ့အရာက ငါ့ကို ဦးတည်နေတာမဟုတ်လို့ သူမကို ခွင့်လွှတ်တာ မလွှတ်က ငါနဲ့မဆိုင်ဘူး။ သူမ လိမ်ညာပြောနေတာကို မကြိုက်ရုံဘဲ။ သူမက ဘာအဆင့်ကို ရခဲ့တာလဲ"

" အကောင်းဆုံး/ အနိမ့်ပါ " တခြားဆရာများ၏ အဆင့်သတ်မှတ်ပေးထားသည်များကို စစ်ဆေးကြည့်ပြီးနောက် ဆရာက ပြန်ဖြေလိုက်၏။

ရှဲ့ချောင် မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ ဆရာများ၏ အဆင့်သတ်မှတ်ပေးမှုများသည် ထိုမျှ လျော့ရဲနေလိမ့်မည် ဟု သူမ မမျှော်လင့်ခဲ့ပေ။

" သူမရဲ့ ရွက်ကြမ်းရေကြိုသာသာ တင်ဆက်မှုက အကောင်းဆုံးအဆင့်ရတယ်ပေါ့'

" ဓားဆိုတာ ဂုဏ်သိက္ခာရှိတဲ့လူအတွက် ရည်ရွယ်တာ၊ မင်းရဲ့ အပြုအမူနဲ့ စရိုက်လက္ခဏာက စဉ်းစားစရာပဲ၊ ဒါကြောင့် ငါတို့တွေ အဆင့်ကို ပြန်သတ်မှတ်သင့်တယ်" ကျောက်ရွှမ်ကျင်းက ထပ်ပြောလိုက်သည်။

ရှဲ့ချောင် ဖြည်းဖြည်းလေး ခေါင်းညိတ်လိုက်သည်။ သူမှန်ပေ၏။

ဓားရှည်သည် လက်နက်များ၏ ဘုရင်ဖြစ်သည်။ ၎င်းသည် ကြော့ရှင်းရည်မွန်ပေသည်။ သို့သော်လည်း ရှားယာ့ယွင်…… သူမကတော့ ဤရှု့ထောင့်ကို မချင့်ချိန်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ရှားယာ့ယွင်၏ မျက်လုံးများသည် နီရဲနေလေ၏။

သူမသည် အိမ်ရှေ့မင်းသားပြောသည့်စကားကို မငြင်းခုန်ဝံ့ပေ။ ဧကရာဇ်မင်းသည် သူ့အပေါ် တုန်နေအောင်ချစ်ပြီး၊ အိမ်ရှေ့စံမင်းသားသည် အမြဲတမ်း အနိုင်ကျင့်သူတစ်ယောက်သာ ဖြစ်ခဲ့သည်။အိမ်ရှေ့မင်းသားပြောသည့် မည်သည့်အရာမဆို၊ အဓိပ္ပာယ်မရှိဘူးဆိုလျှင်တောင် ရလဒ်သည် အတူတူသာဖြစ်ပေလိမ့်မည်။

ဆရာအနည်းငယ်သည် သက်ပြင်းချလိုက်၏။ သူတို့ထဲမှတစ်ယောက်သည် ရှဲ့ချောင်ကိုကြည့်ကာ မေးလိုက်သည် " သခင်မလေး၊ ငါတို့ ရှားသခင်မလေးရဲ့ အဆင့်ကိုချလိုက်သင့်တယ်လို့ မင်းထင်လား"

အဆင့်သည် နိမ့်သွားရုံသာဆိုလျှင် ပြဿနာမဟုတ်။

သို့သော် အဆင့်တစ်ခုချင်းစီတိုင်းသည် မှတ်တမ်းတင်ခံရလိမ့်မည်။ သူတို့သည် ရှားယာ့ယွင်၏ ရန်စခြင်း အကြောင်းကိုပါ ရေးမှတ်ထားကြပေမည်။

ထိုမျှမက အိမ်ရှေ့စံမင်းသား၏ လူပုံအလယ် ထောက်ပြပြောဆိုခြင်းကို ခံရသည့်အတွက်လည်း သူမ၏ ဂုဏ်သတင်းကျော်ကြားမှုသည်လည်း ခေတ္တခဏ ပျက်စီးသွားရပေမည်။

•••••••••

All Chapters