← Chapters

စကားလုံးကိုးလုံး

Vol. 6 Ch. 92

စကားလုံးကိုးလုံး

Vol. 6 Ch. 92

ရှဲ့ချောင်သည် စိုက်ကြည့်နေဖို့ရာ ကြောက်လန့်မနေခဲ့။

" အဆင့်သတ်မှတ်ပေးတယ် ဆိုတာ ကျွန်မရဲ့ တာဝန် မဟုတ်ပါဘူး။ ကျွန်မက ကျောင်းသူတစ်ယောက်သာဖြစ်တာမို့ သူမရဲ့ အဆင့်ကို ချသင့်လား မချသင့်ဘူးလားဆိုတာအပေါ် ထင်မြင်ချက်မပေးသင့်ပါဘူး။ ဆရာတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ။" ရှဲ့ချောင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

သူမ အပေါ်အပြစ်ပုံချချင်နေကြတာလား?

မဖြစ်နိုင်တာ!

သူမသာ ရှားယာ့ယွင်ကို အဆင့်ချ ရန်အတွက် ခေါင်းညိတ်ကာလက်ခံသဘောတူခဲ့မည်ဆိုလျှင်၊

အပြင်မှာ ရှိနေကြသည့်လူများသည် သူမဟာ အခြားလူတစ်ယောက်ကို အားကိုးပြီး ရှားယာ့ယွင်ကို အနိုင်ကျင့်သည် ဟုထင်ကြပေလိမ့်မည်။

သူမက ခေါင်းခါပြီး အဆင့်ချဖို့ရာ သဘောမတူခဲ့ပြန်လျှင်လည်း အိမ်ရှေ့မင်းသားကို မပျော်ရွှင် ဖြစ်စေပေလိမ့်ပြန်မည်။

ရှဲ့ချောင်သည် ရူးမိုက်သူမဟုတ်၊ ထို့ကြောင့် အပြစ်ပုံချတာကို လက်သင့်ခံမည်မဟုတ်ပေ။

ရှဲ့ချောင်သည် စကားပြောပြီးသောအခါ၊ သူမကိုယ် သူမ တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမသည် လက်ဖက်ရည်ကို နည်းနည်းချင်းစီသောက်လိုက်၏။ သူမသည်

ကြောက်လန့်သွားသဖြင့် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်နေရပုံပေါ်နေသည်။

ရှဲ့ချောင်ကို ဓားရေးပညာသင်ကြားပေးခဲ့သည့် ဆရာမကျူး က မေးလိုက်၏။ " အရှင့်သား၊ သူမ ဘယ်အဆင့်ကို ရသင့်တယ်လို့ ထင်ပါသလဲ"

ကျောက်ရွှမ်းကျင်းသည် စိတ်အေးလက်အေးဖြစ်နေပုံရပြီး ပေါ့ပေါ့တန်တန်ပဲပြောလိုက်သည် " ဆရာအနည်းစုထဲကနေ အနိမ့်ဆုံးအဆင့်တစ်ခုကို ရွေးပြီး အဲ့ဒီထဲကမှ တစ်ဆင့်လျှော့လိုက်"

ဆရာကျူးသည် ဆရာများ၏ အဆင့်များကို တစ်ဖန်ထပ်စစ်ကြည့်လိုက်သည်။

အမြင့်ဆုံးမှာ အကောင်းဆုံး/ အလယ်အလတ် ဖြစ်နေပြီး အနိမ့်ဆုံးမှာ အလယ်အလတ်/

အလယ်အလတ်ဖြစ်နေသည်။ ခြားနားချက်မှာ အလွန်ကြီးလှ၏။

သူမကို အလယ်အလတ် / အလယ်လတ် ဟူသည့် အဆင့်သတ်မှတ်ပေးခဲ့သည့်ဆရာမှာစည်းကမ်း

တင်းကျပ်သူ အဖြစ်သိနိုင်ပေသည်။

သူသည် သခင်မလေးများ လရောင်ကကြိုးကို သင်ယူရန် ယူခဲ့ရသည့်အချိန်ကို ထည့်တွေးမစဉ်းစားပေးခြင်း ဖြစ်နိုင်သည်။

သူသည် သူတို့၏ သရုပ်ဖော်မှုပေါ်တွင်သာ အခြေခံပြီး အဆင့်သတ်မှတ်ခဲ့သည်။

ထိုအဆင့်ကိုသာ တစ်ဆင့်လျှော့လိုက်ပါက အလယ်အလတ်/ အနိမ့် ဖြစ်ပေလိမ့်မည်။

ထိုရလဒ်မှာ အားရစရာ မကောင်းလှပေ။

သို့သော် ဤမိန်းကလေးသည် စဉ်းစားဉာဏ်မရှိခဲ့ပေ။ သူမသည် အိမ်ရှေ့မင်းသား ရှိနေစဉ် တွင် တီးတိုးပြောဆိုခဲ့ပြီး သူမကိုယ်သူမ အရှက်ရစေခဲ့သည်။ သူမ အပြစ်ပေးခြင်းကိုခံရတာ ဖြစ်သင့်ပေသည်။

ဆရာကျူးသည် အဆင့်ကိုပြင်ဆင်လိုက်၏။

ထို့နောက်သူမသည် နောက်ထပ်ယှဉ်ပြိုင်မည်သူ့ကို မဲနှိုက်ရွေးရန် ဆက်လက်လုပ်ဆောင်လေသည်။

အရှေ့တွင်ဖြစ်ခဲ့သော သာဓကကြောင့် မိန်းမပျိုငယ်လေးများသည် ယခုဆိုလျှင် ပို၍တိတ်ဆိတ်

နေကာ စိတ်လှုပ်ရှားနေကြသည်။သူတို့သည် သူတို့၏ မျက်နှာအမူအရာ၊ အပြုံးနှင့် လှုပ်ရှားဟန် များကို အပြည့်စုံဆုံးဖြစ်အောင် အကောင်းဆုံးကြိုးစားကြလိမ့်မည်။။

သူတို့၏ စွမ်းဆောင်ရည် ရုတ်တရက် မြင့်သွားခဲ့သည်။

" နောက်တစ်ယောက်၊ ရှဲ့ချောင်" ဆရာမကျူးက ခေါ်လိုက်သည်။ အစောပိုင်းတွင် သရုပ်ဖော်တင်ဆက်သွားကြသည့် ထူးချွန်သော ကျောင်းသူများကြောင့် ဆရာအနည်းငယ် ဘက်လိုက်မှာကိုသူမစိုးရိမ်နေပုံရကာ ထပ်ပြောလိုက်၏။ " ရှဲ့သခင်မလေးက ကျောင်းတော်ကို ဝင်ခါစဘဲ ရှိသေးတာ။ သူမက ဒီနေ့မှ လရောင်ကကြိုးကို အကြိမ်အနည်းငယ်ဘဲကြည့်ရသေးတာ။"

ကျောက်ရွှမ်ကျင်းသည် ဘာမှမပြောခဲ့။ သူသည်

ရှဲ့ချောင်ကို မသိသည့်ပုံစံဖြင့်ပင်။

ရှဲ့ချောင်သည် ဖြည်းဖြည်းချင်းထကာ သူမ၏ ဝတ်စုံကို ပြင်ညှိ လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည်။

သူမသည် လေတိုက်သည်နှင့်ပါသွားရလောက်အောင် အလွန်အားနည်းနေခြင်းမျိုး မဟုတ်သော်လည်း၊ သူမဟာ မကျန်းမာသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။

ဆရာများမှာ မတတ်သာစွာဖြင့် မျက်မှောင်ကြုံ့သွားကြ၏။

' သူမရဲ့ ပိန်သွယ်နေတဲ့ လက်ကောက်ဝတ်ကိုကြည့်ဦး။သူမ ဓားရှည်ကို တကယ်လွှဲယမ်းနိုင်မှာလား'

သူတို့သည် သူမကိုယ်သူမ ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။

ရှဲ့ချောင် ဓားကို ကောက်ယူလိုက်၏။

သူမ စတင်ခဲ့သည်…

သူမ ခါးပေါ်ရှိ ဖဲကြိုးသည် ကျောင်းတော်တွင် သူမဝတ်ဆင်ခဲ့သည့် ဝတ်ရုံပေါ်သို့ ကျရောက်နေသည့် တောက်ပသော အလင်းရောင်ကို ဖြတ်တောက်သွားခဲ့သည်။

ထိုအချိန်တွင် သူမသည် ငါးထောင့်ကြယ်တစ်ခုကို လက်ထဲတွင် ကိုင်ထားပြီး တိမ်များအပေါ်၌ လမ်းလျှောက်နေသည်နှင့် တူလေသည်။

ဓားသည် လှည့်လည်သွားနေသည့်နဂါးတစ်ကောင်ကဲ့သို့ သူမလက်ထဲတွင်ပျံသန်း လွှဲယမ်းနေသည်။ သူမကိုယ်မှ ရနံ့ဖျော့ဖျော့တစ်ခုသည် လေနှင့်အတူ ပျံ့လွင့်လာခဲ့သည်။ သူမသည် ကြော့ရှင်းရည်မွန်ကာ ဩဇာတိက္ကမ နှင့်ပြည့်စုံနေသည်။ ရုတ်တရက်, ထိုအရာမှာ သန့်စင်သော လေနှင့် တောက်ပသော လကို မြင်တွေ့ရသကဲ့သို့ ဖြစ်သွားခဲ့သည်။သူမသည် အလွန်ကိုအထင်ကြီးစရာ ကောင်းလှပေသည်။

ရှဲ့ချောင်သည် တိတ်တဆိတ် ဆုတောင်းဂါထာရွတ်ဆို နေခဲ့မည် ဟု သူတို့ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

" ဦိးဆောင်သူနှင့် စစ်သည်တော်များ ကျွန်မရဲ့ ရှေ့ပြေးဖြစ်ပြီး….."

၎င်းသည် စကားလုံးကိုးလုံးသာ

[Tn/English စာလုံး9လုံးပါ)

အဆုံးမှာတော့

" ပြန်သိမ်းယူပါစေ"

သူမသည် ထိုအရာကို အော်ပြောလုနီးပါးဖြစ်သွားခဲ့သည်။

ရှဲ့ချောင်သည် တည်ကြည်လေးနက်နေပုံပေါ်သည်။

လူတော်တော်များသည် တုန်လှုပ်နေသော အမူအရာများနှင့် ကြည့်နေခဲ့စဉ် သူမက သူမရဲ့သရုပ်ဖော်တင်ဆက် မှုကို ရပ်တန့်လိုက်သည်။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

ဒါသည် သူမကို ပင်ပန်းနွယ်နယ်စေသည်။

သူမသည် မူးဝေနေလျှက်ပင် ဆရာများကို ဦးညွှတ်လိုက်ပြီး၊ ထုံထိုင်းမှုကိုခံစားရလျှက် လျှောက်ဆင်းသွားခဲ့သည်။ သူမသည် သူမ၏ နေရာတွင် ချက်ချင်းထိုင်လိုက်သည်။

သူမ၏ ပတ်ပတ်လည်တွင် တိတ်ဆိတ်လို့နေသည်။

ရှားယာ့ယွင်သည် သူမကို မယုံကြည်နိုင်စွာနှင့် ကြည့်နေခဲ့သည်။

' မဖြစ်နိုင်တာ၊ ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊

ဆရာအနည်းစုက လရောင်ကကြိုးကကွက်ကို သုံးလနီပါးလောက် တီထွင်ဖန်တီးခဲ့ရတာ။ ဒီကကွက်ကို ပြီးသွားတာနဲ့ ပျိုနီပန်း ခြံဝန်းက ပထမဆုံးသင်ယူခဲ့ပြီးတော့၊ နောက်ဆုံးလေ့ကျင်ချိန်တုန်းက တောင် သူတို့က ကြွားဝါနေခဲ့တာလေ။'

' လရောင်ကကြိုးက သူတို့တွေ တင်ဆက်ပြသပြီးသွားကတည်းက ကျောင်းတော်ထဲ ကျော်ကြားလာခဲ့တာ၊တကယ်လို့ တစ်ယောက်ယောက်က သင်ယူမယ်ဆိုရင်တောင် ၊ ရက်အနည်းငယ်လောက်နဲ့ မကျွမ်းကျင်နိုင်ဘူး'

' ဒါပေမဲ့၊ သူမရဲ့ ကပြတင်ဆက်မှုကတော့…….၊'

ရှားယာ့ယွင်တောင်မှ ရှဲ့ချောင်သည် သူမထက် ပိုကောင်းခဲ့ကြောင်းကို ဝန်ခံရပေတော့မည်။သူမလက်ထဲတွင် ဓားကိုကိုင်ထားချိန် သူမသည် အလွန်ထူးခြားစွာ ခံ့ညားထည်ဝါနေခဲ့၏။ သူမ

သည် မူရင်းကကွက်မှ အပိုင်းအနည်းငယ်ကို မတူညီစွာ ကခဲ့သော်လည်း ၎င်းသည် ထူးဆန်းမနေပေ။ သူမ၏ လှုပ်ရှားမှုတစ်ခုလုံးသည် စီးဆင်းနေသောရေကဲ့သို့ ပြေပြစ်ချောမွေ့နေခဲ့သည်။

သူမသည် တကယ့်ကို ဆရာများကဲ့သို့ ကနိုင်ခဲ့သည်။

••••••

All Chapters