← Chapters

ပျော်လွန်း၍ သူမမေ့လဲသွားသည်

Vol. 6 Ch. 93

ပျော်လွန်း၍ သူမမေ့လဲသွားသည်

Vol. 6 Ch. 93

ရှဲ့ချောင်သည် သူမ၏လှုပ်ရှားမှုများ လှပခဲ့သလားဆိုတာကို မသိခဲ့ပေ။ သူမသိသည်က သူမအနားတွင် မကျေမချမ်းဖြစ်နေကြသော ဝိဉာဉ်များရှိနေပြီး သူမက၎င်းတို့အား စုဆောင်းခဲ့ခြင်းသာ ဖြစ်သည်။

ကံဆိုးစွာဖြင် သူမသည် အချိန်အတော်ကြာ ကနေခဲ့ပြီးတာတောင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ပေ။

ထို့အပြင် သူမသည် ဝိဉာဉ်များကို စုဆောင်းဖို့ရန်အတွက် ကကွက်အကြား ကွာဟချက်များကိုလည်း အသုံးပြုခဲ့သေးသည်။သူတို့သည် ကောင်းမွန်ပုံရ၏။ သို့သော် စင်စစ် ကကွက်

များသည် လှရုံသာဖြစ်ပြီး၊ ဝိဉာဉ်များကို စုဆောင်းရန် အတွက် အကူညီမဖြစ်ခဲ့ပေ။

ကကွက်များ ရိုးရှင်းလေ၊ သူမ ခန္ဓာကိုယ်အတွက်ကောင်းလေဖြစ်သည်။

ရှဲ့ချောင်သည် ကောင်းမွန်စွာ အသက်မရှူနိုင်ခဲ့ရာ တည်ငြိမ်သွားရန်အတွက် အချိန်ခဏ ယူခဲ့ရသည်။ သို့သော် သူမခေါင်းထဲတွင် အသံများမြည်နေဆဲဖြစ်သည်။

ဆရာအနည်းစုသည် အဆင့်သတ်မှတ်ပေးပြီးသွားပြီဖြစ်သည်။

ဆရာမကျူးသည် သူမကို သင်ယူနိုင်ရန်အတွက် ပိုပြီးကြည့်စေချင်သည့် ရည်ရွယ်ချက်ရှိခဲ့ပုံရ

သည်။

သူမသည် သူမ(ရှဲချောင်) ၏ နာမည်ကို ကျန်သူများထက်နောက်ကျပြီးမှ ရွေးချယ်ခဲ့သည့်အတွက် သူမနောက်တွင် ကျောင်းသားအနည်းငယ်သာကျန်တော့သည်။

သူမ၏ တင်ဆက်မှုအပြီး၊ ကျန်သည့်ကျောင်းသားများ၏ ကပြမှုများမှာ အသက်မပါတော့။

အားလုံး၏ ကပြတင်ဆက်မှုများပြီးသွားသည့်နောက် ဆရာကျူးသည် ရလဒ်များကိုကြေညာလိုက်သည်။

လူတိုင်း၏ အဆင့်များသည် ကျယ်လောင်စွာဖတ်ပြခြင်းခံရသည်။

" ဟွားလိရုန်- အလယ်အလတ်/ အလယ်အလတ်၊

ရွှီယင်း၊ အလယ်အလတ်/ အကောင်းဆုံး။

ချင်လျို့၊ အကောင်းဆုံး/ အနိမ့်။

ဖန်းမုရွှယ်၊ အကောင်းဆုံး/ အနိမ့်။"

"ရှားယာ့ယွင်၊ …….."

"......"

" ရှဲ့ချောင်၊ .. "

ရှဲ့ချောင်၏ နာမည်ကိုဖတ်လိုက်သောအခါ ၊ လူတိုင်းသည် စိတ်လှုပ်ရှားမှုများနှင့် ခေါင်းထောင်လာကြသည်။သူတို့သည် သူမ၏ ကပြတင်ဆက်မှုအားလုံးကို ကြည့်ခဲ့ပြီးဖြစ်၍ သူမဟာ သူတို့စိတ်ကူးထားသလိုမျိုး တင်ဆက်သွားတာမဟုတ်ကြောင်း သိကြသည်။ သူမ၏အဆင့်မှာ အမြင့်ဆုံးတစ်ခု ဖြစ်နိုင်သည်။

"...... အကောင်းဆုံး/ အကောင်းဆုံး"

ဆရာမကျူးက ပြောလိုက်၏ " သူမက ဒီတစ်ခေါက်ပြိုက်ပွဲရဲ့ အနိုင်ရသူဖြစ်ပါတယ်"

အများစုသည် သူမပြောပြီးသည်နှင့် သက်ပြင်းချ

လိုက်ကြသည်။

လူတိုင်းသည် အကူညီမဲ့သလို ဖြစ်သွားကြရသည်။ အကြောင်းမှာ သူတို့၏ ကပြသရုပ်ဖော်များသည် ရှဲ့ချောင်ကို အမှန်တကယ် ယှဉ်၍မရနိုင်ကြောင်း သိကြသောကြောင့်ဖြစ်လေသည်။

ရှဲ့ချောင် အံ့သြလွန်း၍ စကားမပြောနိုင်တော့။ သူမ လက်ဖက်ရည်ကို ပါးစပ်အပြည့်သောက်လိုက်သည်။

" ရှဲ့ချောင်၊ ဒါမင်းရဲ့ ဆုလာဘ်ပဲ။ လာပြီး လက်ခံလိုက်" ဆရာမ၏ အသံမှာ အလွန်ကို ညင်သာနေသည်။

' သူမက မျိုးစေ့ကောင်းလေးပဲ၊ ဒါပေမယ့် သူမက ပိန်ပြီး အားနည်းလွန်းတယ်၊ သူမအနည်းငယ်

သန်မာလာအောင် လေ့ကျင်နိုင်မလားဆိုတာသိချင်မိတယ်'

ဖြူဖျော့ဖျော့ မျက်နှာနှင့် ရှဲ့ချောင်သည် ထိုစကားကို ကြားပြီးနောက် ထရပ်လိုက်သည်။ ငွေပဲစေ့တစ်ပန်းကန်က သူမအားကြိုဆိုလို့နေ၏။

သူမ အရှေ့သို့ လျှောက်သွားလိုက်သည်။

' ဗုန်း '

သူမခြေလှမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် မူးဝေလာကာ မူးမေ့လဲကျသွားတော့သည်။

ကျောက်ရွှမ်ကျင်းသည် ချက်ချင်းထရပ်လိုက်ပြီး သူ၏ ပင်ကိုစိတ်အတိုင်းသာဆို သူမဆီကို ပြေး

သွားလိုက်ချင်သည်။

သူ ရုတ်တရက် မသင့်တော်ဘူး ဟု တွေးမိသွားတာကြောင့် " ဆရာမကျူး၊ ဘာလို့ တစ်ယောက်ယောက်ကို သမားတော်ပင့်ဖို့ မခိုင်းရတာလဲ" ဟုပြောလိုက်သည်။

ဆရာမကျူးသည် အနည်းငယ် ကြက်သေသေနေခဲ့သည်။

"ဘယ်- ဘယ်လိုလုပ်ပြီး သူမမေ့လဲသွားရတာလဲ၊ အစောပိုင်းကတောင် ကောင်းကောင်းမွန်မွန်ရှိနေပြီးမှ"

ဆရာမကျူးသည် သမားတော်ပင့်ဖို့ရာ တစ်ယောက်ကိုချက်ချင်းလွှတ်လိုက်၏။

" ရှဲ့ချောင်သတိလစ်သွားရတာက ဝမ်းသာသွားလို့များ…… ဖြစ်နေမလား" တစ်စုံတစ်ယောက်ကပြောလိုက်သည်၊ အချိန်ကိုက်သည်ဆိုးလှသည်။

" ဖြစ်နိုင်တယ်၊ သူမမှာ နေ့လယ်စာ ဝယ်ဖို့ အတွက်တောင် ငွေမရှိဘူးလို့ ငါကြားမိတယ်။သူမရဲ့ ညီမဆီက ငွေကိုယူသွားတယ်တဲ့။ နင်သူ့ကိုသိမယ်ဆိုတာ ငါသေချာတယ်။ ငွေပဲစေ့တွေကို မြတ်နိုးတဲ့ မိန်းကလေးလေ။ သူမနာမည်က ရှဲ့ရှီလေ၊ ဖီရှို့တစ်ယောက်လေ"

" သူမညီမ ရဲ့ ငွေပဲစေ့တွေကို ယူတယ်၊ သူမကအတော် ပြတ်လပ်နေတာပဲ ဖြစ်ရမယ်"

" သူမ ကပြသွားတဲ့ ဓားသိုင်းက အံ့ဩစရာကောင်းတယ်။ ပျိုနီပန်းခြံဝန်းက ကပြတာတွေ

အောက် လျော့နေတာတစ်ခုမှမရှိဘူး။ငါတို့တွေ သတ်မှတ်ချက်ကို ကျော်နိုင်မယ်လို့နင်ထင်လား"

" ငါအဲ့လိုထင်….

" သူမ ညီမက သနားစရာပဲ။ သူမက ဉာဏ်နုံ့နေခဲ့တာ။သူမ အခုဆိုရင် သူမအစ်မက ငွေပဲစေ့တွေကို ယူသွားလို့ တစ်နေရာရာမှ ငိုနေလောက်ပြီ…." တစ်စုံတစ်ယောက်သည် ထိုစကားအားတုံ့ပြန်ရန် နှေးဖင့်နေခဲ့သည်။ သူမက ခေါင်းရမ်းပြီး သက်ပြင်းသာ ချသည်။

ကျန်သူများမှာ သူမကို ကြည့်ရင် ခေါင်းလှည့်လိုက်ကြသည်။

ထိုမိန်းကလေး၊ ရှဲ့ရှီ..

သူမသည် ကြွေပန်းခြံဝန်းမှ မိန်းကလေးတစ်ဦးဖြစ်၏။ လူတိုင်း သူမကို သိကြသည်၊ သူမသည် ကြိုးစားသောမိန်းကလေးတစ်ဦးဖြစ်သည်။

သူမသည် ဂုဏ်သတင်းမကျော်ကြားသော်လည်း

ဆိတ်ဆိတ်နေတတ်ပြီး ချစ်ဖို့ကောင်းသူတစ်ဉီးဖြစ်သည်။သူတို့လိုမျိုး ဆရာတူအစ်မများသည် သူမကိုသနားနေကြသည်။

" ငါကြားတာ.. ရှဲ့မိသားစုက ဆင်းရဲတယ်တဲ့။တကယ်လို့ငါသာ ရှဲ့မိသားစုနှင့် လက်ထပ်ရဖို့ ဆိုးတဲ့ ကံပါလာခဲ့ရင် ငါရဲ့ကိုယ်ပိုင် ခန်းဝင်ပစ္စည်းကို ပေးနေရမှာလို့ ငါ့အမေက အကြိမ်အနည်းငယ်လောက်ပြောဖူးတယ်။ငါအရင်က မယုံခဲ့ဘူး၊ ဒါပေမယ့် အခုတော့….. ဒါတကယ်ဖြစ်နေပုံရတယ်။ ရှဲ့ချောင်က အရင်တုန်းက အပြင်မှာ ကြီးပျင်းလာခဲ့ပြီးတော့ ငါတို့အိမ်က သူမတို့အိမ်နဲ့နီး

တယ်။ သူမရဲ့မိဘတေတွက သူမကို သဘောမကျဘူးလို့လည်းကြားတယ်၊ ဖြစ်နိုင်တာက….. သူမက အိမ်မှာ ကောင်းကောင်းမစားသောက်မနေထိုင်နိုင်ဘူးနေမယ်။ ဒါကြောင့်မို့ သူမငွေပဲစေ့ တွေကိုမြင်ရတော့ အပျော်လွန်းပြီး သတိလစ်သွားတာဖြစ်မယ်"

•••••

All Chapters