← Chapters

သူတောင်းစား

Vol. 6 Ch. 94

သူတောင်းစား

Vol. 6 Ch. 94

သခင်မလေးအများစုသည် ရှဲ့မိသားစုက ဓားပြဖြစ်ခဲ့ဖူးကြောင်းသိကြသည်။သို့သော် သူတို့၏ တခြားသောကိုယ်ရေးကိုယ်တာ ကိစ္စများကိုမူ သိပ်မသိကြပေ။

အခု သူတို့၏မိသားစုမှာ ဆင်းရဲသည့်အကြောင်း ကြားသိရသောအခါ စူးစမ်းသိချင်လိုစိတ်ဖြစ်သွားကြသည်။

" အဲ့ဒီ မိန်းကလေး ရှဲ့ရှီကိုကြည့်ပါဦး။ သူမက အဆင့်လေး အရာရှိမိသားစုရဲ့ သခင်မလေးဆိုပေမယ့် အစေခံတစ်ယောက်လုပ်တဲ့ အလုပ်တွေကို လုပ်နေတယ်။မိသားစုက အရမ်းကို ဆင်းရဲနေလို့ပဲဖြစ်မယ်၊ ဟုတ်တယ်မလား။'"

"ဒါ အဓိပ္ပာယ်မရှိဘူး။ အဲ့ဒီ ရှဲ့သခင်ကြီးက အရာရှိတစ်ဦးပဲလေ။ သူ လူရိုင်းတွေကို တိုက်ခိုက်ခဲ့တုန်းက ဆုလာဘ်တွေအများကြီးရတယ်လို့ ငါကြားတယ်။ အဲ့ဒါတွေ မရှိဘူးဆိုရင်တောင်မှ အဆင့်လေး အရာရှိတစ်ဦး အနေနဲ့သူရဲ့ လစာက မြင့်မှာပဲလေ၊ မဟုတ်ဘူးလား" ကျန်သူများမှာ မယုံကြပေ။

မိန်းမပျိုလေး တစ်ဦးကမေးလိုက်သည်။ " နင်တို့ရဲ မိသားစုတွေက မိသားစုကို ထောက်ပံ့ဖို့

အတွက် အဖေနဲ့ ညီအစ်ကိုတွေကိုပဲ မှီခိုကြတာလား"

ကျန်သူများသည် ထိုစကားကိုကြားသောအခါ အလိုအလျောက် ခေါင်းခါလိုက်ကြသည်။

သူတို့သည် အိမ်တွင် အစေခံများစွာရှိကြသည်။ သူတိုအဖေနှင့် ညီအစ်ကို များ၏ လစာများကိုသာ မှီခိုနေရလျှင် မလောက်မငှ ဖြစ်ပေမည်။

သူတို့၏ အဖေနှင့်ညီအစ်ကိုများ အိမ်တွင် လုပ်ကိုင်ကြသည့် လယ်ကွက်များနှင့် နှစ်စဉ်စုဆောင်းရရှိသော စည်းစိမ်များနှင့် ဆုကြေးများနှင့်သာ အိမ်ရှိလူများကို မယိမ်းမယိုင်ထောက်ပံ့ပေးထားနိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့ ဤအကြောင်းကိုတွေးမိသည်နှင့် ရှဲ့မိသားစု အဘယ်ကြောင့် ဆင်းရဲကြောင်းနားလည်သွားကြသည်။

သူတို့အရာရှိများ ဖြစ်လာကြချိန်သည် ခဏတာသာရှိသေးသည်။ သူတို့ရရှိသောဝင်ငွေထက်ပိုပြီး သုံးစွဲခဲ့ကြသည်။

" ငါကြားတာတော့ ရှဲ့စစ်သူကြီးက သူရဲ့အရာရှိ ရာထူးကို ဝယ်ဖို့ အတွက် ငွေကို သုံးခဲ့တယ်တဲ့။ နင်တို့တွေ အကြီးဆုံးသခင်လေး ရှဲ့ ကိုသိကြလိမ့်လို့ ငါထင်တယ်။သူနန်းမြို့တော်ကိုလာခဲ့တဲ့ အစောပိုင်းနှစ်တွေတုန်းက ကျောင်းတော်ကို ဝင်ဖို့ သူအရည်အချင်းပြည့်မီခဲ့ပေမဲ့၊ သူမဝင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့။ သူတို့မှာ ငွေရော ရတနာရော မရှိလို့လေ။ ဒီကို အငယ်တွေကို ပို့ဖို့အတွက် ရှဲ့မိသားစုက ချွေတာဖို့လိုတယ်လေ…"

" ဒါအမှန်ပဲ။ ရှဲ့စစ်သူကြီးက အရင်က ရှဲ့ဖင်းဟွိုက်နဲ့ ရှဲ့ရှီကို ပို့ဖို့အတွက် ငွေတွေသုံးခဲ့တယ်။ သူက ငွေတွေကို အရင်က မမြင်ဖူးသလိုမျိူး စိုက်ကြည့်နေဖို့ကို မလိုလားဘူးလေ။"

" မိသားစုရဲ့ သခင်မတွေကလည်း ဂုဏ်သရေရှိတဲ့မိသားစုကနေလာခဲ့တာမဟုတ်ဘူးလေ။ သူတို့က စီးပွားရေးလုပ်တယ်လို့ကြားတယ်၊ ဒါသူတို့မှာ ငွေရှိတယ်လို့ဆိုလိုတာလေ။ သူတို့တွေ ခန်းဝင်ပစ္စည်းအတွက် ဘယ်လောက်ပေးကြလဲဆိုတာ ငါသိချင်လိုက်တာ။"

" အဲ့ဒီလုမိသားစုက ခန်းဝင်အတွက်ကို အများကြီးမပေးခဲ့ဘူး။ ပြီးတော့ သူမက ဒုတိယအကြိမ်လက်ထပ်တာတဲ့။ ငါတို့ အိမ်တော််မှာ လုပ်တဲ့ အထိန်းတော်က သူတို့ရဲ့မိသားစုရဲ့ အစေခံတွေနဲ့ အချင်းချင်း လမ်းမှာဆုံကြတုန်းက ကြားခဲ့တာ။"

" အခုကြည့်ရတာ…..ရှဲ့ချောင်က တော်တော်သနားစရာကောင်းတာပဲ"

"အမှန်ပဲ။ သူမက အချစ်ခံရတဲ့မိသားစုမှာ မွေးလာတာမဟုတ်သလို ရှဲ့စစ်သူကြီးကိုယ်တိုင် ပျိုးထောင်တာလည်း မခံခဲ့ရဘူး။ အခု မိထွေးက အိမ်တော်ကို စီမံနေတော့ သူမအတွက် ဘာမှမကျန်ဘူး"

" ဒီလို ငွေပဲစေ့ အနည်းငယ်လေးရတာတောင် သူမက အရမ်းပျော်နေရင်၊ သူမအိမ်မှာဆို ဘယ်လိုလဲသိချင်လိုက်တာ။သူမက လစဉ်ထောက်ပံ့ငွေတောင်မရဘူးလို့တော့ မပြောနဲ့"

ထို့သို့ကြားကြရသောအခါ သူတို့သည် သူမအား ညှာတာထောက်ထားသည့် အကြည့်များ ထုတ်ပြကြသည်။

သို့သော် ရှားယာ့ယွင်ကတော့ ကျိတ်ရယ်မိသွားသည်။

' သူတောင်းစား'

ထိုအချိန်တွင် ရှဲ့ချောင်အား အခန်းတစ်ခန်းထဲသို့ သယ်လာခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် အမျိုးသားတစ်ဉီးဖြစ်ကာ သူ၏အဆင့်အတန်းအရ အနောက်မှ လိုက်သွားခဲ့လျှင် မသင့်တော်ပေ။သူ၏ မျက်လုံးများသည် ကံကောင်းစေသည့် ကျောက်စိမ်းဖြူပေါ်တွင်သာ ရှိနေပြီး ပြောလိုက်သည် " ဒီ မိန်းကလေးက အားလုံးထဲမှာ အတော်ဆုံးဖြစ်တာကြောင့် သူမနိုးလာတဲ့အခါ ကျောက်စိမ်းကိုယူဖို့ ငါဆီလွှတ်လိုက်ပါ"

လူများသည် ထိုအကြောင်းကိုသိပ်ပြီး များများစားစားမတွေးကြ။ ထိုကဲ့သို့သော ကကျောက်စိမ်းအပိုင်းအစမျိုးမှာ အနည်းငယ်သာရှိသည်။ ရှဲ့ချောင်သည် အလွန်ကံကောင်းခဲ့သည်။ အိမ်ရှေ့စံမင်းသားသည် သူမအား မည်သူ့အား ဆရာအဖြစ် ရွေးမည်ဆိုတာကို မေးချင်ပုံရသည်မှာ အဓိပ္ပာယ်ရှိသည်။

နန်းတွင်းသမားတော်နှစ်ယောက်သည် အခန်းတွင်းသို့ ဝင်လာခဲ့သည်။

ဆရာကြီးလု၊ ဆရာမကျူး နှင့် ကျောင်းတော်ထဲရှိ သခင်မလေးများကို စောင့်ရှောက်ရန်တာဝန်ရှိသော အထိန်းတော်များအားလုံးသည် ထိုနေရာတွင် စောင့်နေကြသည်။

" သူမ ဘာလို့ ရုတ်တရက်မေ့လဲသွားရတာလဲ " ဆရာကြီးလုသည် သူမ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်းမေးလိုက်သည်။

ဆရာမကျူးသည် အတော်လေးနေရခက်သွားခဲ့သည်။ " သူမက ဓားရှည်တစ်လက်နဲ့ ကခဲ့ရုံ…."

" ဓားတစ်လက်နဲ့ ကခဲ့ရုံတဲ့လား"။ နန်းတွင်းသမားတော်သည် ဆရာမကျူးကို ကြည့်ဖို့ရာ ခေါင်းလှည့်လိုက်ပြီး " ဘာတွေပြောနေတာလဲ။ ဒီသခင်မလေးက သေခြင်းတရားပေါ် လျှောက်လှမ်းနေတာလို့ ပြောရင်တောင် ချဲ့ကားနေတာမဟုတ်ဘူး။ သူမရဲ့ အတွင်းအင်္ဂါတွေက အားနည်းတယ်။သူမ ဒီနေ့ အချိန်ထိ အသက်ရှင်နိုင်ခဲ့တာ မယုံကြည်နိုင်စရာဘဲ"

ဆရာကြီးလုနှင့် ဆရာမကျုး တို့သည် ထိုစကားကို ကြားရသည့်အခါ ကြက်သေသေသွားကြ

သည်။

" အဲ့လောက်တောင် ဆိုးတာလား" ဆရာမကျူးသည် အမှန်တကယ် တုန်လှုပ်သွားခဲ့ရသည်။

" သူမရဲ့ခန္ဓာကိုယ်ထဲမှာ ခံနိုင်ရည် အများကြီး မရှိဘူး၊ ပြီးတော့ သူမရဲ့ ယန်စွမ်းအင်ကလည်းအားနည်းတယ်။ သူမ နေ့တိုင်း အနားယူဖို့ ပိုလိုပြီးတော့ သူမကိုယ်သူမ အပင်ပန်းမခံသင့်ဘူး။ " နန်းတွင်းသမားတော်က ထပ်ပြောလိုက်၏။

••••••

All Chapters