← Chapters

သက်တမ်းတိုတဲ့ သနားစရာဝိဉာ်

Vol. 6 Ch. 95

သက်တမ်းတိုတဲ့ သနားစရာဝိဉာ်

Vol. 6 Ch. 95

ဆရာမကျူးသည် သူမ ကြားလိုက်ရတာကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။အစောပိုင်း သူမဓား

နှင့် ကနေခဲ့ချိန်တွင် ထိုမိန်းကလေးသည် ခံ့ညားထည်ဝါခဲ့သည်။သူမနှင့်ပတ်သက်ပြီး ဘာမှမှားယွင်းနေပုံမပေါ်ခဲ့ပေ။

သို့ရာတွင် သူမရပ်တန့်သွားပြီးနောက်တွင် သူမ၏ ကိုယ်သည် ဗလာဖြစ်သွားသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဆရာကြီးလုသည် သက်ပြင်းချလိုက်သည်။

ဤသခင်မလေးသည် …. အလွန်ကြိုးစားအားထုတ်မှုရှိခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူမသည် အတန်းများတွင်တည်တည်ကြည်ကြည် လေးလေးနက်နက်ရှိခဲ့သည်။ဆရာကြီးလု သည် သူမနှင့် နှစ်ကြိမ်ဆုံခဲ့ပြီး ထိုသခင်မလေးသည် သူပြောခဲ့ဖူးသည့်အရာ ကို မှတ်မိနေကြောင်း သတိထားခဲ့မိသည်။ သူမသည် ချင့်ချိန်တွေးတောတတ်ကာ တည်ကြည်

လေးနက်သည်။ သူမသာ အမျိုးသားတစ်ဦးဖြစ်ခဲ့မည်ဆိုပါက ၊ နန်းတွင်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့်အောင်မြင်ပေလိမ့်မည်။

' သူမ ခန္ဓာကိုယ် အားနည်းတယ်ဆိုတာ မယုံနိုင်ဘူး'

သစ်ခွခြံဝင်းထဲမှ သခင်မလေးနှစ်ဦးလည်း လာကြသည်။

နန်းတွင်းသမားတော်ပြောသမျှကိုကြားပြီး သူတို့လည်း တုန်လှုပ်သွားကြသည်။

သနားစရာကောင်းလွန်းတယ်!

အချစ်မခံခဲ့ရတာ၊ ရှဲ့စစ်သူကြီးကိုယ်တိုင် မဟုတ်

ဘဲ အပြင်မှာ ပျိုးထောင်းခံခဲ့ရတာကို စိတ်ထဲမထားဘူးဆိုလျှင်တောင်၊ အခုတော့ သူမက မကျန်းမာတဲ့အပြင် သက်တမ်းပါတိုတယ်တဲ့လား။

သူတို့သည် သူမအား ဝေဖန်ပြောဆိုခဲ့ပြီး အထင်မြင်လွဲခဲ့တာကို ပြန်လည်သတိရသွားသောအခါ ရုတ်တရက် အပြစ်ရှိစိတ်ကိုခံစားလိုက်ကြရသည်။

သူတို့ သာမာန်ထက်ပိုပြီး ရက်ရက်စက်စက် တစ်ခုလုပ်ခဲ့မိပြီလား။

ရှဲချောင် မျက်လုံးဖွင့်လိုက်သော အခါ လူအများကြီး သူမကို ဝိုင်းကြည့်နေကြကြောင်း သတိပြုမိလိုက်သည်။သူတို့၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာများရှိနေကြသည်။

" ရှဲ့သခင်မလေး……" ဖန်းမုရွှယ်သည် လိပ်ပြာမလုံသည့် ပုံပေါ်နေသည်။

" ငါတောင်းပန်ပါတယ်"

ရှဲ့ချောင်သည် ပြောစရာစကားမဲ့သွားသည်။

' ဘာလဲ'

သူမအံ့အားသင့်သွားခဲ့သည်။

သူမရဲ့အားနည်းတဲ့ကိုယ်ကြောင့် အစောပိုင်းက လဲကျသွားခဲ့သည်။ တစ်ယောက်ယောက်က သူမကို ရိုက်လိုက်လို့မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။

ဒါဖြင့်ရင် ဘာလို့ ဒီမိန်းကလေးက သူမကို တောင်းပန်နေရတာလဲ။

သူမစိတ်ရှုပ်နေပုံပေါ်သော်လည်း သူမသည် အာရုံစိုက်မနေခဲ့ပေ။

"အို" သူမ ယဲ့ယဲ့သာ တုံ့ပြန်လိုက်သည်။

ဖန်းမုရွှယ်သည် အလွန်ကို အပြစ်ရှိစိတ်ခံစားနေရသည်။ " ရှဲ့သခင်မလေး၊ တကယ်လို့ နင်ငါတို့ကို အပြစ်တင်မယ်ဆိုရင်တောင် ငါတို့ထိုက်တန်ပါတယ်။ ငါ ... ငါတို့ နင့်ရဲ့ ခန္ဓာကိုယ်က အားနည်းတယ်ဆိုတာကို မသိခဲ့ဘူး။ ငါတို့ သိခဲ့မယ်ဆိုရင် .. ငါတို့နင့်ရဲ့အကြောင်းတွေကို ဒီလိုမျိုးပြောခဲ့မှာမဟုတ်ဘူး"

ရှဲ့ချောင် အခု နားလည်သွားခဲ့ပေပြီ _ ဒီသခင်မလေးတွေက သူမကိုသနားနေကြတာက သူမရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့်သာ ဖြစ်သည်။

ဤဆိုရိုးစကားကဲ့သို့ပင် " အားနည်းသူက အနိုင်ရသည်"

ရှဲ့ချောင် ခေါင်းညိတ်လိုက်ပြီး မတူညီသောအသံအနေအထားနှင့် ပြောလိုက်သည်။

" အတိတ်တုန်းက နင်ဘာပြောခဲ့လဲ။ အခုမှ ပြောတော့ နင့်အတွက် အလဟဿဖြစ်မသွားဘူးလား"

ဖန်းမုရွှယ်နှင့် တခြားသခင်မလေးများသည် ကြက်သေသေသွားကြသည်။

" ရှဲ့ချောင်၊ သမီးရဲ့ ကိုယ်က အရမ်းအားနည်း

လွန်းတယ်။အခုချိန်ကစပြီးတော့ ဓားရေး အတန်းကိုတတ်စရာမလိုတော့ဘူး။ဓားရေး အတန်းဘဲမဟုတ်ဘူး၊ တခြားကိုယ်ခံပညာအတန်းတွေလည်းတတ်စရာမလိုတော့ဘူး။" ဆရာကြီးလုက ပြောလိုက်သည်။

" ဆရာ၊ ကျွန်မ နောက်တစ်ခါ အတန်းသွားရင် ကြည့်ရုံဘဲကြည့်လို့ရမလား။" ရှဲ့ချောင် မေးလိုက်သည်။

ဒီဘဝတွင် သူမရဲ့ ခန္ဓာကိုယ်ကဆိုးရွားလွန်းနေတာဖြစ်နိုင်သည်။

သို့ဖြစ်ရာ သူမတစ်ရက်ပို၍ အသက်ရှည်နိုင်လျှင်ပင် ကံကောင်းသည်ဟု သူမတွေးမိပေလိမ့်မည်။

တာအိုဘုရားကျောင်းတွင်ရှိစဉ်က၊ သူမဆိုးဆိုးရွားရွားခံစားနေရလျှင်တောင် သူမသည် တစ်

ရက်လေးတောင် ပျင်းပျင်းရိရိ မနေခဲ့ချေ။

သူမလှုပ်ရှားနိုင်သည့်အခါ တာအိုဘာသာ၏ ဝိဉာဉ်စုဆောင်းသည့်နည်းလမ်းကို လေ့ကျင့်ပေလိမ့်မည်။ သူမသည် တိုးတက်မှုအနည်းငယ်ကို မမြင်ရမချင်း လေ့ကျင့်နေမည်ဖြစ်ပြီး သူမ မလှုပ်ရှားနိုင်သည့်အခါ စာဖတ်နေပေလိမ့်မည်။

သူမ၏ ဦးနှောက်ကိုသုံးရတာ အဆင်မပြေခံစားလာရသည့်အခါ သူမလက်နှင့် တစ်ခုခုလုပ်နေပေမည်။

ထိုကဲ့သို့ပင် သူမ၏ဘဝ အသက်ဝင်ရှင်သန်နေအောင် သူမကိုယ်သူမ နေ့ပေါင်းများစွာ အလုပ်ရှုပ်နေစေပေမည်။

သူမသည် သေခြင်းတရားကို အိပ်ရာထဲတွင်

စောင့်မနေချင်ပေ။

ထိုမျှမက သူမ၏ နာမကျန်းမှုသည် အခြားသောသူများနှင့်မတူ ကွဲပြားသည်။

ကျောင်းတော်ထဲတွင် သူမ၏ ခွန်အားသည် အတော်ကောင်းပြီး ဓားရေးပညာတွင်ပါ ထူးချွန်သေးသည်။ စင်စစ်၊ သူမသည် သင်ယူဖို့ရန်အတွက် စိတ်အားထက်သန်သော်လည်း သူမ၏ ကိုယ် က ပြင်းထန်သော လေ့ကျင့်မှုများကို ခွင့်မပြုခဲ့ပေ။ သူမ ပို၍ ကျန်းမာလာသည့်အခါ သူမသည် ဓားနှင့် အနည်းငယ်ပို၍ ကစားပေလိမ့်မည်။

သို့သော် ရှဲ့ချောင်ပြောလိုက်သည့်စကားကို ဖန်းမုရွှယ်နှင့် ကျန်သူများကြားသည့်အခါ အဓိပ္ပာယ်ကွဲသွားပေသည်။

" ငွေပဲစေ့ တွေကို ရနိုင်ဖို့အတွက် နင်အလျင်လို့ဖို့ မလိုဘူး။ဒါနင့်ကျန်းမာရေး အတွက် မကောင်းဘူး။ ငါတို့ လှူဖို့ကူညီပေးမယ်……" ဖန်းမုရွှယ်သည် ကြင်နာမှုများနှင့် ပြောလိုက်၏။

ရှဲ့ချောင်သည် သူမအား ထူးဆန်းသောအမူရာနှင့် ကြည့်လိုက်သည်။

" ဖန်းသခင်မလေးနဲ့အားလုံးပဲ၊ နင်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ အကြင်နာတရားက ဒီလောက်တောင်လွယ်နေတာလား"

ဖန်းမုရွှယ် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။

ရှဲ့ချောင်သည် ရူးနေသူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမသည် ထိုအရာအားရယ်စရာ ကောင်းသည်ဟုထင်သည်။

သူတို့သည် အကောင်း ရော အဆိုးပါ ပြောခဲ့ကြသည်။ ဒါဆိုရင် ရှဲ့ချောင်သည် သူတို့အတွက် ဘာလဲ။ သတ်ဖို့အတွက် စောင့်နေရတဲ့ သိုးငယ်တစ်ကောင်လား ဒါမှမဟုတ် စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လား။

•••••

All Chapters