← Chapters

ကြီးမားသော အကျိုးအမြတ်

Vol. 6 Ch. 96

ကြီးမားသော အကျိုးအမြတ်

Vol. 6 Ch. 96

ရှဲ့ချောင် ရိုးရိုးရှင်းရှင်းသာတွေးတတ်သည့် သခင်မလေးတစ်ယောက်နှင့် စကားပြောနေမိတာကိုသိလိုက်ရသည်။ သူမက ခံစားချက်အစစ်အမှန်ကိုသာ ဖော်ပြပြီး ထိုအကြောင်းအား အများကြီးမတွေးခဲ့ပေ။

သူတို့က ငြိမ်းချမ်းတဲ့တာအိုဆရာသခင်ဟောင်းဖြစ်တဲ့ သူမလိုမဟုတ်။သူတို့နှင့်နှိုင်းယှဥ်လျှင် သူမကအလွန်အေးစက်လေသည်။

သို့သော်လည်း၊ သူမရဲ့ သိမ်မွေ့တဲ့ အပြုံးကိုထုတ်ပြရန် ဝန်မလေးပဲ လူတိုင်းကို ပြုံးပြရင်း "ငါအဆင်ပြေပါတယ်" လို့ပြောခဲ့သည်။

ဒါကသူမရဲ့သွားတွေကိုနာကျင်စေ၏။

ဖန်းမုရွှယ် နှင့်ကျန်သည့်သူများမှာ ရှက်စရာကောင်းသည်ဟုခံစားလိုက်ကြရသည်။

သူတို့အားလုံး ကိုးရိုးကားရားဖြစ်သွားကြ၏။

ရှဲ့ချောင် သူတို့ကိုနှစ်သိမ့်မပေးခဲ့။ သူမအလွန်ပျင်းရိနေပြီဖြစ်သည်။

ဆရာကြီးလုက အသိပညာရရန် ဆန္ဒရှိနေပုံရတဲ့သူမရဲ့မျက်နှာကို မြင်ရတာကြောင့် ပျော်နေခဲ့သည်။ "ဒါဆိုရင် အတန်းထဲမှာ သမီးကျန်းမာရေးကိုဦးစားပေးဖို့ နောက်မှ ဆရာတွေနဲ့ပြောလိုက်မယ်။အကောင်းဆုံးလုပ်ပါ။”

"ကျေးဇူးတင်ပါတယ်ဆရာ" ရှဲ့ချောင် ပြောလိုက်

သည်။

သူမ သတိလစ်သွားတော့၊ အခု သူမရဲ့ခေါင်းကအများကြီးပိုရှင်းသွားသည်။အရင်ကလောက်မပင်ပန်းတော့။

"ဟုတ်တယ်၊မင်း ပြိုင်ပွဲမှာနိုင်ခဲ့တယ်။ မင်းကို ကျောက်စိမ်းဆုချပေးတဲ့ အရှင့်သားကို ကျေးဇူးတင်သင့်တယ်။ခဏလောက်အနားယူပြီးရင် ဒါကိုမမေ့နဲ့။" လို့ ဆရာမကျူးက ထပ်ပြောလိုက်သည်။

“သူဘယ်မှာလဲ။" ရှဲ့ချောင် ကစိတ်ရှုပ်နေ၏။

"ကျောင်းတော်ထဲမှာ အရှင့်သားရဲ့ ခြံဝန်းတစ်ခုရှိတယ်။ အဲဒါက အရှေ့ဘက်အကျဆုံးမှာ။ ဝါးတောကို ဖြတ်ပြီးရင် မင်း အဲ့နေရာကို ရောက်သွားလိမ့်မယ်” ဆရာကျူးက ပြောပြလိုက်သည

‘ ဝါးတောလား’

ရှဲ့ချောင်က သူရဲ့မျက်ခုံးခပ်ရေးရေးအား ပင့်လိုက်သည်။

အိမ်ရှေ့စံမင်းသား၏ ကိုယ်ခန္ဓာမှာ တမူထူးခြားသည်။ တော်ဝင်မိသားစုမှ လူအများစုရဲ့ခန္ဓာကိုယ်တွင် နဂါးစွမ်းအင်များရှိသည်။သူလည်း အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်တာကြောင့် အတော်လေး အားကောင်းသော နဂါးစွမ်းအင်ရှိနေပေမဲ့၊ သူရဲ့ တစ်ဘဝလုံး မကောင်းဆိုးဝါးဝိဉာဉ် များကို ဆွဲဆောင်မိနေခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာတော့ မည်သူမှ မသိခဲ့ကြချေ။

ဒါကိုတွေးကြည့်ရင်နဂါးစွမ်းအင်ရဲ့အကာအကွယ်သာမရှိခဲ့ပါက၊သူကဝိဉာဉ်တွေရဲ့သက်ရောက်မှုကိုခံရပြီးသေသွားနိုင်လောက်သည်။

ဒီလို ခန္ဓာကိုယ်မျိုးအဖို့ ဝါးပင်တွေနဲ့ နီးရာမှာ နေတာက မသင့်လျော်ပေ။

သစ်ပင်များသည် ရေကို စုပ်ယူခြင်းဖြင့် ရှင်သန်

ကြပြီး အများစုတွင် ယင်ဂုဏ်သတ္တိရှိသည်။ ထိုစဥ်၊ ဝါးပင်ကတော့ အခေါင်းပေါက် ပုံစံဖြစ်ကာ၊ နေကို မနှစ်သက်ပေ။သို့ဖြစ်ရာ၊ စကော်လာသစ်ပင် ကဲ့သို့ပင်၊ ဝါးပင်များ၌ လွန်ကဲသော ယင်ဂုဏ်သတ္တိရှိရာ၊ အိမ်ရှေ့စံမင်းသား အတွက် မသင့်တော်ပေ။

ရှဲ့ချောင် ဝါးတောကိုတစ်ခါမှမမြင်ဖူးတာကြောင့် တစ်စုံတစ်ရာ မှတ်ချက်ပြုလို့ မသင့်ပေ။

နန်းတွင်းသမားတော်က သူမရဲ့သွေးခုန်နှုန်းကို ထပ်ပြီး စစ်ဆေးပေးခဲ့သည်။ သူမရဲ့သွေးခုန်နှုန်းဟာ အရင်ကထက်အများကြီးပိုကောင်းတာကို သိရတဲ့အတွက် သူမကို ဆေးညွှန်းပေးသင့်လားလို့မေးလိုက်၏။

သူမဟာအခုချိန်ထိ ဒီလိုအားနည်းတဲ့ခန္ဓာကိုယ်နဲ့နေထိုင်နိုင်ဖို့ ဆေးဝါးတွေကို သောက်ခဲ့ရသည်မှာ အသေချာပင်။နန်းတွင်းသမားတော်က ဒါကိုကောင်းကောင်းသိတာကြောင့် သူမ လက်ရှိ သောက်သုံးနေသည့် ဆေးနှင့် မတည့်တာ မဖြစ်

ရအောင် ဆေးညွှန်းအသစ် မပေးခဲ့ပေ။

ကျောင်းတော်တွင် ဆေးကို ငွေပဲစေ့ဖြင့် ဝယ်ယူရသည်။

နောက်မှ ပေးချင်လည်း ပေးနိုင်သည်။

ရှဲ့ချောင် ခေါင်းခါလိုက်၏။

နောက်မှ သူမရဲ့ဆုလာဘ်ကိုပြန်သတိရလိုက်သည်။"ကျွန်မရဲ့ငွေပဲစေ့တွေ ဘယ်မှာလဲ။”

ဆရာမကျူး က ကူကယ်ရာ မဲ့သလို ခံစားနေရလျက် ပစ္စည်းများကို ယူလာလိုက်သည်။

ရွှေရည်စိမ်ထားသည့် ကျောက်စိမ်းဘီး သုံးချောင်း၊ ဆံညှပ်တစ်စုံ၊အလှဆင်ပစ္စည်းနှစ်ခုနဲ့နှဖူးအဆင်တန်ဆာ နှစ်ခုတို့ဖြစ်ပြီး အတော်စျေးကြီးပုံရသည်။

သို့သော် ခေတ်မီဆန်းသစ်သော ပစ္စည်းများကို

ကျောင်းတော်တွင် တားမြစ်ထားည်။ သူတို့ကပုံမှန်ပစ္စည်းတွေကိုသာဝတ်ဆင်ကြရသည်။

ဤပစ္စည်းတွေကိုရောင်းလို့ရတာကြောင့် ရှဲ့ချောင် ပျော်ပျော်ကြီးသိမ်းထားလိုက်သည်။

ငွေပဲစေ့ပန်းကန်ကို ကိုင်ကာဖြည်းဖြည်းချင်းရေတွက်လိုက်သည်။ ငွေပဲစေ့ ခြောက်ဆယ်တောင်!

အကျိုးအမြတ်ကြီးတစ်ခုပင်။

ရှဲ့ချောင် ကျေနပ်နေ ပြီးငွေပဲစေ့များအား သူမရဲ့ ပိုက်ဆံအိတ်လေးထဲထည့်လိုက်သည်။ ဒီလိုဆိုမှတော့ သူမ ညီမ ဆီက ချေးထားတဲ့ငွေကိုမဆပ်နိုင်မှာ သူမစိတ်ပူစရာမလိုတော့ပေ။

နောက်တစ်ခုက အဖြူရောင် ကျောက်စိမ်းပိုင်းတစ်ခု။

သူမကျောက်စိမ်းကို ကိုင်ထားစဉ် နွေးထွေးနေခဲ့

သည်။ အရည်အသွေးကောင်းပြီး၊လူတစ်ယောက်ကသာ ဒါကို တစ်ချိန်လုံးဝတ်ထားမယ်ဆိုလျှင် ကျန်းမာရေးအတွက်အကျိုး ရှိလိမ့်မည်။

ရှဲ့ချောင်တစ်ယောက် ကျောက်စိမ်းပိုင်းကို ငေးကြည့်နေရင်း အတွေးများ ရောက်တတ်ရာရာ ဖြစ်နေခဲ့သည်။

‘ ဆရာတင်ဖို့လား။ မဖြစ်နိုင်တာ’

ကျောင်းတော်၌ သူမ အချိန် မရှိလို့ မတက်ခဲ့ရသည့် အတန်းများစွာရှိသည်။ သူမကိုဘာသာရပ်တစ်ခုသင်ပေးဖို့ဆရာတစ်ယောက်ခေါ်ဖို့မလိုအပ်ပေ။ ဆရာတစ်ယောက်က သူတပည့်က တခြား မတူတဲ့ အရာတစ်ခု ကို သင်နေမယ် ဆိုရင် စိတ်ပျော်မှာ မဟုတ်။ သူမမှာစိတ်ဝင်စားမှုမျိုးစုံရှိနေသဖြင့် သူတို့သိရင်သူမအပြစ်ပေးခံရမှာသေချာသည်။

စျေးကြီးတဲ့ရတနာတစ်ခု နဲ့လဲလှယ်တာလား။

ဒါကို သူမ လဲလို့ ရသလို တခြားတစ်ယောက်ကို ရောင်းလိုက်လို့ရတယ်..အခု စဥ်းစားကြည့်လိုက်တော့, ဆရာတစ်ယောက်ရဲ့ တပည့်ဆိုတဲ့ အဆင့်အတန်းကို လိုချင်နေကြတဲ့သူတွေရှိမယ် မလား။

အချိန်တိုအတွင်း၌ ရှဲ့ချောင်ရဲ့ခေါင်းထဲမှာ အတွေးများစွာ ပေါ်လာခဲ့သည်။

သူမ အခန်းထဲတွင် ခဏလောက်အနားယူခဲ့သည်။

ဆရာတွေနဲ့ သမားတော်တွေ ထွက်သွားကြပြီဖြစ်ပြီး အထိန်းတော်နှစ်ယောက်သာ သူမကို လက်ဖက်ရည် ပြင်ပေးဖို့ အတွက် ကျန်နေခဲ့သည်။

တစ်နာရီလောက် အနားယူပြီးသွားသည့်နောက်၊ ရှဲ့ချောင် အိမ်ရှေ့စံမင်းသားအား ရှာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

•••••••

All Chapters