← Chapters

သူကရှင့်ကို မလှည့်စားခဲ့ဘူး

Vol. 6 Ch. 97

သူကရှင့်ကို မလှည့်စားခဲ့ဘူး

Vol. 6 Ch. 97

ရှဲ့ချောင်ကအမြန်မလျှောက်ဘဲခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်ခဏလောက်အနားယူခဲ့သည်။ သူမ အခန်းကနေ အိမ်ရှေ့စံမင်းသားရဲ့အရှေ့ဘက်ခြံဝန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။

အရမ်း ဝေးတယ်လို့မထင်ရသော်လည်း ထိုနေရာကိုရောက်ဖို့နှစ်နာရီကျော်ကြာခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် နေရာတွင်အတော်ကြာကြာစောင့်နေခဲ့သည်။

"မိန်းကလေးရှဲ့ တကယ်နိုးလာပြီလား။" ကျောက်ရွှမ်းကျင်း မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

"ဟုတ်ကဲ့, အစောကတည်းကပါ ..." နန်းတွင်းသက်တော်စောင့်ကျိုးလည်းစိတ်ရှုပ်နေခဲ့သည်။

အိမ်ရှေ့စံမင်းသားရဲ့သတင်းစကားကရောက်သင့်တာ ကြာနေပြီ။ သူမ ဘာလို့ ဒီကိုမရောက်သေးတာလဲ။

အိမ်ရှေ့စံမင်းသားကို ကြည့်ရတာ အေးစက်နေပုံရတာကြောင့် သူ အပြင်ကို ထွက်သွားဖို့ ခြေလှမ်းလိုက်သည်။

ရှဲ့ချောင်က ဝါးတောထဲတွင်ရှိနေခဲ့၏?

၎င်းသည်ချောက်ချားစရာကောင်းသည့် တောအုပ်ကြီးတစ်ခု ဖြစ်ပြီး။လေတစ်ချက်တိုက်ခတ်တိုင်း ကျယ်လောင်သည့်ဆူညံသံများ ကြားရသည်။

ရုတ်တရက် အရိပ်တစ်ခုက ရှဲ့ချောင်ရဲ့ မျက်လုံးထဲ ဖြတ်သွားခဲ့သည်။

သူမ မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းတော်သည် ကြီးမားသောကြောင့် ဝါးတောထဲတွင် မကောင်းဆိုးဝါးဝိဥာဥ်များရှိလောက်သည်ဟု သူမ မှန်းဆ ထားခဲ့သည်။

ဒါက.......စိတ်တိုစရာကောင်းတာပဲ။

သူမမလာသင့်ခဲ့ဘူး။

ဒါကြီးက အရမ်း စိတ်တိုစရာကောင်းလွန်းတယ်။

ဒီနေ့၊သူမမှာမကောင်းဆိုးဝါးဝိဥာဥ်တွေကိုနှိမ်နင်းဖို့အစွမ်းမရှိတော့တာကြောင့် သူမရဲ့ကိုယ်ပေါ်မှာ အဆောင်တစ်ခုကို သာ ကပ်လိုက်သည်။ ၎င်းသည် ရှုပ်ထွေးသော အဆောင်တစ်ခုဖြစ်၏။ အစကတော့ နောင်အနာဂတ်အတွက် သိမ်းထားချင်ခဲ့သည်။ အကြောင်းမှာ အဆောင်တစ်ခု ရေးဆွဲရတာက ခက်တာကြောင့်ပင်။

ရှဲ့ချောင် အဆောင်ကို ကပ်လိုက်ပြီးတာတောင် မကောင်းဆိုးဝါးဝိဥာဥ်တွေကို မြင်နိုင်ဆဲပင်။ သို့သော်လည်းသူတို့ သူမနား နီးနီးကပ်ကပ်တော့ မနေရဲကြတော့ချေ။ နောက်ဆုံးတော့သူမငြိမ်းချမ်းစွာလမ်းလျှောက်နိုင်ခဲ့သည်။

ဝါးရွက်များ၏ တရှဲရှဲမြည်သံများသည် မကောင်းဆိုးဝါးဝိဥာဥ်များ၏ လက်ခုပ်သံများကဲ့သို့ပင်..

ကိုယ်တီး၊ သူတီးနှင့် မရေမတွက်နိုင်သည့်ကလေးများ ကစားလို့နေကြသည်။

ရှဲ့ချောင် ထုံထိုင်းစွာနှင့် လမ်းလျှောက်နေခဲ့သည်။

"ရှဲ့သခင်မလေး"ခဏအကြာတွင် လူတစ်ယောက်၏အသံပေါ်ထွက်လာခဲ့၏။

ဒါဟာ ရင်းနှီးတဲ့အသံတစ်ခုဖြစ်ရာ ရှဲ့ချောင် ခေါင်းမော့ကြည့်စရာတောင် မလိုပဲ အိမ်ရှေ့စံမင်းသားမှန်းသိခဲ့သည်။ ကျောင်းတော်က လူတွေလိုပင် သူမတည်တည်ငြိမ်ငြိမ် နှင့် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏ “ရှဲ့ချောင် အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ဖို့ အတွက် ဒီကို ရောက်လာတာပါ”

ကျောင်းတော်တွင် လူတစ်ယောက်၏ အမည် နာမ

ကို အလေးထားလေ့မရှိ။

အိမ်ရှေ့စံမင်းသား ကျောင်းတော်တွင် ပညာသင်ကြားနေမယ်ဆိုရင် ရှဲ့ချောင်အတွက်သူ့နာမည်ကိုတိုက်ရိုက်ခေါ်တာက ပြစ်ချက်တစ်ခုမဟုတ်ပေ။

ရှဲ့ချောင် ခေါင်းငုံံ့ထားသည်အား မြင်ကာ ကျောက်ရွှမ်ကျင်း မေးလိုက်သည် "ကျန်းမာရေးကဘယ်လိုလဲ၊ရှဲ့သခင်မလေး”

"တော်တော်လေးကောင်းပါတယ်" ရှဲ့ချောင်ကအေးစက်စွာပဲ ပြန်ဖြေလိုက်သည်။

နန်းတွင်းသက်တော်စောင့်ကျို့တစ်ယောက် မျက်ခွံပင် လှုပ်သွားခဲ့သည်။ဒီသခင်မလေးမှာပြောစရာအများကြီးမရှိဘူးလား။

သူမနဲ့စကားပြောရတာ အေးစက်နေတာပဲ။!

"ကိုယ် ရှဲ့သခင်မလေးကို တခြားတစ်ခုအတွက် ဒီကို ဖိတ်လိုက်တာ" ကျောက်ရွှမ်းကျင်းကလည်း

တဲ့တိုးပဲ ပြောလိုက်သည်။ "ရှဲ့သခင််မလေးက ကိုယ့်ရဲ့ လက်အောက်ငယ်သားရဲ့ကံကြမ္မာကိုအရင်ကဖတ်ပေးဖူးတယ်။ သူ့အနားမှာ ညစ်ညမ်းတာ အရာတွေရှိနေပုံပဲ။ မင်း သူ့ကို စစ်ကြည့်ပေးလို့ရမလား ကိုယ်သိချင်လို့”

ရှဲ့ချောင် ထိုစကားကို ကြားတော့ တအံ့တသြနှင့် ခေါင်းမော့ကြည့်လိုက်သည် "အဲဒီလူက အသက်ရှင်နေတုန်းပဲလား"

နန်းတွင်းအိမ်တော်စောင့်ကျို့မှာ မျက်ခွံ ထပ်၍လှုပ်သွားခဲ့ပြန်သည်။

ကျောက်ရွှမ်ကျင်း တစ်ခဏတော့ အံ့သြသွားခဲ့တယ်။

ကမ္ဘာပေါ်ကလူတွေကဘယ်လောက်ပဲ မကြင်နာတတ်တဲ့သူတွေဖြစ်နေပါစေ သူတို့ရဲ့ကြင်နာတတ်တဲ့ပုံကို ပြကြလိမ့်မည်။

ဒါပေမဲ့ ဒီ ရှဲ့ချောင်ကတော့ သူ့ကို ချင်းကျီသေ

မယ်ဆိုတာကို သူမ သိတယ်လို့ ပြောခဲ့ပြီးတော့ အဲဒီ အချက်ကြောင့် စိတ်အနှောင့်အယှက်လေးတောင် မဖြစ်ဘူးလား။

“ သူ ကံကောင်းပြီးမိန်းကလေးရှဲ့ရဲ့ ဆရာဆီကနေ အဆောင်ကောင်းတွေ ရခဲ့လို့ အသက်ရှင်နေဆဲပဲ။ ဒါပေမဲ့အခုသူအတော်လေးနေမကောင်းဖြစ်နေတယ်။ ကုသမှုမရှိဘူးဆိုရင် သူ မကြာခင်မှာ ယမမင်း နဲ့တွေ့ရတော့မယ်” ကျောက်ရွှမ်းကျင်းကရှင်းပြလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ "ဒီတော့ အဲဒါ ကျွန်မရဲ့ ဆရာကြောင့်ပေါ့။ အံ့သြစရာတော့ မရှိပါဘူး။ သူ ဒီအတွက်ပိုက်ဆံအများကြီးသုံးခဲ့တယ်လို့ထင်တယ်။”

နန်းတွင်းအိမ်တော်စောင့်ကျို့ရဲ့မျက်လုံးများမှာ ပြူးကျယ်လို့နေ၏။

ဒီ သခင်မလေးက တကယ်ကြီး ဘာမဆို ပြောရဲ

တာပဲ။

နန်းတွင်းအိမ်တော်စောင့်ကျို့က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် “ ရှဲ့သခင်မလေး ၊အဲဒီတုန်းက......ကျွန်တော်တို့ တကယ်ကို ငွေအများကြီးသုံးခဲ့ရတယ်"

ပိုက်ဆံပေးရတဲ့သူက သူလေ။

အဲဒီ မော့လင်းကျစ်ရဲ့အခကြေးငွေကသူ့တပည့်ထက်တောင်အများကြီးပိုမြင့်နေတာ! အချို့အဆောင်တွေဆို ငွေစ ၁၀၀ ကျော်တောင်ကုန်တယ်, အဲဒီတုန်းက အမတ အရှင် ရှဲ့က အဆောင်တစ်ခုအတွက် ကြေးနီပြားနှစ်ခုပဲတောင်းခဲ့တာ။

"အဆောင်တွေကရှားတယ်။ အခုချိန်ထိ သူ့ကိုကာကွယ်နိုင်ဖို့ အများကြီးဝယ်ထားခဲ့မယ်လို့ ကျွန်မ ပြောရဲတယ်။ ရှင်တို့ ပိုဝယ်လေ၊ကျွန်မ ဆရာအတွက် သိုလှောင်ခန်းထဲမှာ နည်းလေပဲ။ အဆောင်တွေရေးဖို့ကအားထုတ်ရတယ် ။တကယ်တော့ ...သူရှင်တို့ကိုစျေးအများကြီးတင်

ပြီးလှည့်စားခဲ့တာ မဟုတ်ပါဘူး" ရှဲ့ချောင်ကဖြည်းဖြည်းချင်းပြောလိုက်သည်။

ရှဲ့ချောင် မလုံမလဲ ဖြစ်နေသည့် ပုံမပေါ်အောင် အတတ်နိုင် ဆုံးကြိုးစားခဲ့သည်။

"ကျွန်တော် အဲဒီလို မတွေးရဲပါဘူး"လို့ နန်းတွင်းကိုယ်ရံတော်ကျို့ကချက်ချင်းပြောလိုက်ကာ "ရှဲ့ သခင်မလေးနဲ့ဆရာသခင်က ချင်းကျီကိုကယ်တင်ခဲ့တာကိုပဲ, ကျေးဇူးတင်လှပါပြီ။”

ရှဲ့ချောင်ကခေါင်းကိုမော့ပြီး သူမရဲ့တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ "ကျွန်မ အတွက် စာတစ်ဆောင် ချန်ခဲ့တာ ရှင်တို့လား။ ကျွန်မ မှတ်မိသေးတယ်။ အဲ့မှာရေးထားတာက .... အသက်ကယ်တဲ့ အတွက် ရွှေစ တစ်ရာဆိုပြီး”

•••••••••

All Chapters