အရှင့်သားရန်စနေတာလား
Vol. 6 Ch. 98
ရှဲ့ချောင် စဥ်းစားကြည့်လိုက်သည်။ သူတို့အသက်ကိုကယ်ဖို့သူမကိုလိုအပ်မယ့်သူ များများစားစား ရှိမည် မဟုတ်။ ချင်းကျီ အသက်ရှင်နေဆဲဖြစ်တာကြောင့် သူပဲဖြစ်လောက်သည်။
မျှော်လင့်ထားသလိုပင် နန်းတွင်းသက်တော်စောင့်ကျို့က ခေါင်းညိတ်ပြလိုက်သည်။
"ရှဲ့သခင်မလေးမှာက တင်းကျပ်တဲ့မိသားစုရှိတော့ ကျွန်တော်တို့ သခင်မလေးကို မနှောင့်ယှက်ရဲဘူး။ ကျွန်တော်တို့ သခင်မလေးကို စာတစ်စောင့် ပို့မလို့ တွေးခဲ့ပေမဲ့ သခင်မလေးကို မတွေ့နိုင်ခဲ့ဘူး"နန်းတွင်းသက်တော်စောင့်ကျို့ကပြောလိုက်၏
ကျောက်ရွှမ်ကျင်း ကျို့ဝေ့ကျုံးကိုစိုက်ကြည့်လိုက်သည်။ သူသတိမထားမိတာတစ်ခုခုရှိနေ
လိမ့်မယ်ဆိုတာ သူမယုံနိုင်ခဲ့ဘူး။
ရှဲ့ချောင်က ခပ်ရေးရေး ပြုံးလိုက်သည် "ရှင်တို့ဖြစ်နေတယ်ဆိုတော့ ကောင်းတာပေါ့။ ဒါဆိုရင်တော့ ကျွန်မ ယူလိုက်မယ်။ စရံငွေ ဘယ်တော့ ပေးမလဲဆိုတာတော့ ကျွန်မသိချင်တယ်”
ရှဲ့ချောင်မှာ သူ့မရဲ့ ဖောက်သည်တွေကို ကူညီပေးတဲ့ နေရာမှာ အတော်လေးညင်သာသည်။
"သ-သခင်မလေး လက်ခံမှာလား" နန်းတွင်းကိုယ်ရံတော်ကျို့ တုန်လှုပ်သွားခဲ့၏။ “ ကျေးဇူးတင်ပါတယ် ရှဲ့သခင်မလေး, စ_စရံငွေက ဘယ်လောက်ပါလဲ”
"ပုံမှန် စရံငွေက ကျသင့်ငွေရဲ့တစ်ဝက်ပါ။ ကြားမှာတစ်ခုခုရှိခဲ့ရင်တခြားကျသင့်ငွေတွေကိုပါ ရှင်တို့ ပေးရမှာပါ။ အပေးအယူပြီးသွားရင်တော့ ကျန်တဲ့တစ်ဝက်ကိုပေးရမယ်" ရှဲ့ချောင် က
ပြုံးရင်းပြောလိုက်သည်။
ရွှေစ တစ်ရာ---ဖောက်သည်ကြီး တစ်ယောက်လေ။
ဒီငွေပမာဏနဲ့ဆို ပိုကောင်းတဲ့အားဆေးတွေ သူမ ဝယ်လို့ရတယ်!
ရှဲ့ချောင် ရဲ့မျက်နှာသေးသေးလေးက ဒါကို တွေးမိသွားတော့ နီရဲသွားခဲ့သည်။
ကျို့ဝေ့ကျုံးကတော့ ထိုစကားကို ကြားတော့ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
သူ အခက်တွေ့နေပုံပေါ်တာကို သတိထားမိလိုက်သည့် ရှဲ့ချောင်က သူ့ကို စိတ်ရှုပ်ထွေးစွာနှင့်
ကြည့်လိုက်သည် "အသက်ကယ်ဖို့ရွှေစ ၁၀၀ ပေးမယ်လို့ ရှင်တို့ ကတိပေးတာကလိမ်နေတာလား။"
"ဒါကသာမန်မကောင်းဆိုးဝါးဝိဉာဥ်တစ်ကောင်ဆိုရင်ပိုက်ဆံမပေးရင်တောင်မှ သူတို့ကိုကျွန်မ စုဆောင်းမှာ။ ဒါပေမဲ့ရှင်ရဲ့မိတ်ဆွေအတွက်က တော့ မတူဘူးလေ။ မကောင်းဆိုးဝါးဝိဉာဉ်ကိုစော်ကားခဲ့တာ သူကိုယ်တိုင်ပဲ။ သူက အကြွေးတင်နေတာမလို့ မကောင်းဆိုးဝါး ဝိဥာဥ်သတ်တာခံရမှာ သူနဲ့ ထိုက်တန်တယ်” ရှဲ့ချောင်ကမျက်မှောင်ကြုတ်လိုက်၏ "အရှင့်သားက ကျွန်မ ကို ဝိဉာဉ်ဖမ်းဖို့ တွန်းအားပေးနေလား ”လို့ မေးလိုက်သည်။
ကျောက်ရွှမ်ကျင်းမှာ ခြိမ်းခြောက်နိုင်တဲ့ ရောင်ဝါကို ထုတ်လွှတ်နေ၏။
စင်စစ်, အရှင့်သားမှာ အတော်လေးကြည့်ကောင်းသူဖြစ်သည်။ သူ့အသားရောင်က ဖြူဖပ်နေတာမျိုး မဟုတ်ဘဲ ကျန်းမာသည့် ဂျုံအရောင်
ဖြစ်သည်။ သူ့တွင် သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ ထက်မြက်တဲ့စိတ်ဓာတ်ရှိ၏။သူ့မ မျက်လုံးထဲမှာတော့ သူ့မှာ တောက်ပပြီး ကံကောင်းတဲ့ မျက်နှာမျိုး ရှိသည်။
ရှီးဖန်မြို့မှာတုန်းက သူ့မှာ ရှောင်လွှဲလို့ မရသော ကံကြမ္မာရှိခဲ့သည်။သို့ဖြစ်ရာ သူ့ရဲ့ ကံမှာ အတော်လေး မှေးမှိန်နေခဲ့သည်။ သို့သော်အခုတော့အများကြီးပိုတောက်ပလာပြီဖြစ်သည်။
သူ့ရဲ့သြဇာတိက္ကမသည် ရှေးဟောင်း ကျောက်စိမ်းတစ်ခုလိုပင် တောက်ပလှသည်။ သူ့ကိုမြင်ပြီးနောက်၊ အမြဲတမ်း သတိရနေစေမည့် သူမျိုးပင်။
မနုဿဗေဒကိုဘေးဖယ်ထားလိုက်ရင် အိမ်ရှေ့စံ မင်းသားရဲ့အသွင်အပြင်မှာ လူတွေရဲ့ငွေကိုဆွဲဆောင်နိုင်သည်။ ရှဲ့ချောင်သာ လုပ်နိုင်ရင်သူ့ကို
ပိုင်ဆိုင်ရတာက သူမအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။
သူမအဓိပ္ပါယ်မရှိတာတွေမတွေးရဲပေ။
သူက အိမ်ရှေ့စံတစ်ပါး ဖြစ်တာကြောင့် ကလေးရနိုင်ဖို့ အတွက်က သူနဲ့ယူလို့ မဖြစ်ပေ။
သူမ သက်ပြင်းချလိုက်သည်။
"အသက်ကယ်ဖို့ လိုအပ်နေတာကကိုယ် မဟုတ်ဘူး။ ဒီတော့ ငွေပေးရမယ့်သူကလည်း ကိုယ် မဟုတ်ဘူး။ သူတို့ မတတ်နိုင်ဘူးဆိုရင် ဘာလုပ်ရမဆိုတာ ရှဲ့သခင်မလေးဆုံးဖြတ်ပါ" ကျောက်ရွှမ်ကျင်းရဲ့ အသံမှာ အားလျော့နေခဲ့သည်။ သူဟာ တစ်နှစ်ပတ်လုံးစိမ်းလန်းတဲ့ထင်းရှူးပင်လိုဖြစ်ပြီးအချိန်ကတောင်သူ့ကိုမခြောက်သွေ့စေနိုင်ခဲ့ပေ။
အိမ်ရှေ့စံမင်းသားကအချစ်ခံရတယ်လို့ ရှဲ့ချောင် ကြားထားသည်။ သူမကဧကရာဇ်ဆိုရင်လည်း ဒီသားကိုလည်းချစ်မြတ်နိုးလိမ့်မည်။ ဒါအတွက်အခြားအကြောင်းမရှိ၊ သူဟာချောမောတယ် ဆိုတဲ့ အချက်ကြောင့်ပင်။
"ကျ-ကျွန်တေည်တို့မှာရွှေတွေရှိပါတယ်၊ဒါပေမဲ့ ဒါတွေကိုစုဖို့အချိန်လိုတယ်။ ရှဲ့သခင်မလေးသူ့ကိုအရင်ကုသပေးနိုင်မလား၊နောက်မှပေးလို့ရမလား။ ကျွန်တော်အာမခံတယ် ရွှေကို စုဖို့ အများဆုံးမှ သုံးရက်ပဲ လိုမှာပါ" ကျို့ဝေ့ကျုံး ကချက်ချင်းပြောလိုက်သည်။
"ရှင်က အိမ်ရှေ့စံမင်းသားရဲ့ အနီးကပ်ကိုယ်ရံတော်ဖြစ်လာနိုင်တာဆိုတော့ မြင့်မြတ်တဲ့ မိသားစုကလာတာလို့ ကျွန်မထင်တယ်။" ရှဲ့ချောင် ကဖြည်းဖြည်းချင်း ပြောလိုက်၏။
ကျို့ဝေ့ကျုံးက ကူကယ်ရာ မဲ့စွာနဲ့ပဲ ပြုံးလိုက်သည်။ "ဟုတ်ပါတယ်၊ဒါပေမဲ့ဒီအသက်အရွယ်ရောက်မှ အိမ်ကနေပိုက်ဆံမတောင်းသင့်တော့ဘူး။”
ဒါ အဓိပ္ပါယ်ရှိသည်။
ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။
ရှဲ့ချောင် ကလက်ချောင်းသုံးချောင်းထောင်ပြတယ်။ "အရှင့်သားက အာမခံပေးတဲ့သူ ဆိုရင် ကျွန်မ ရှင့်ကို သုံးရက်အချိန်ပေးမယ်။”
ကျောက်ရွှမ်ကျင်း က မျက်ခုံးပင့်ကာ အထက်စီး
ဆန်စွာဖြင့် ပြောလိုက်သည် "ကိုယ်ကအာမခံပေးသူမဟုတ်ရင် မင်းသူ့ကို မကယ်တော့ဘူးလား။ရှဲ့သခင်မလေး အသက်ကယ်ခြင်းဆိုတာ ဘုရားခုနှစ်ဆူဆောက်တာထက်ပိုပြီး မွန်မြတ်ပါတယ်”
"အရှင့်သား၊ ကျွန်မ ထင်တာက..." ရှဲ့ချောင် အလွန်လေးနက်သည်။" အရှင့်သား ပိုပြီးစာဖတ်သင့်တယ်။”
ကျောက်ရွှမ်ကျင်း မှင်တက်သွားခဲ့သည်။
"တာအိုဘာသာ ကိုးကွယ်သူတစ်ယောက်ရှေ့မှာ အရှင့်သားကဗုဒ္ဓဘာသာအကြောင်းကို ပြောနေတာ၊ ကျွန်မရဲ့ ဆရာကို ရန်စနေတာလား" ရှဲ့ချောင် သူ့ကိုမျက်လုံးပင့်ကြည့်လိုက်ကာ "အရှင့်သားပြောနေတာတွေကတရုတ်ဗုဒ္ဓဘာသာကျမ်းကပါ။”
•••••••