← Chapters

ရှင့်အပေါ် မူတည်တယ်

Vol. 6 Ch. 99

ရှင့်အပေါ် မူတည်တယ်

Vol. 6 Ch. 99

တကယ်တော့ ရှဲ့ချောင် အရာတိုင်းကိုနည်းနည်းစီသိသည်။ ဗုဒ္ဓဘာသာအပြင် လူထု အကြား နာမည်ကြီးနေတဲ့ ကြာပန်းဖြူမှစာပိုဒ်တချို့ကိုပင်သိသေးသည်။

"မင်းရဲ့ဝင်ခွင့်စာမေးပွဲအတွက်သက္ကတ ဘာသာရေးခဲ့တယ်လို့ကြားတယ်"ကျောက်ရွှမ်ကျင်း ကတည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"အဲဒါ ကျွန်မပဲလေ ဆန့်ကျင်ဘက်ဘာသာရပ်မှာ ကျွမ်းကျင်နေတာ၊ အရှင့်သားက ရည်ရွယ်ချက်ရှိရှိလုပ်နေပေမဲ့လို့ပေါ့၊ အဓိပ္ပာယ်က မတူဘူးလေ” ရှဲ့ချောင် ကစိတ်မချမ်းမသာဖြစ်သည့်ဟန်နှင့် ပြောလိုက်သည်။ သူမ ဖြည်းဖြည်းချင်း ထပ်ပြော

လိုက်၏။ "ရှင်ကအာမခံပေးသူဖြစ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်မ ဒီလူကိုကယ်မှာမဟုတ်ဘူး။ ဝိဉာဉ်တွေကိုဆင့်ခေါ်တာက လွယ်တယ်လို့ ထင်နေတာလား။အဲဒါက တကယ်ကို ပင်ပန်းတယ်။မဆင်မခြင်လုပ်မိရင် ကျွန်မဘဝကိုတောင်ထိခိုက်စေလောက်တယ်။”

ကျေက်ရွှမ်ကျင်း ရဲ့မျက်လုံးများမှာ အေးစက်လို့နေ၏ "မင်းက အားနည်းနေတာကို အရမ်းကြီး လုပ်နေတာပဲ။ မင်းကိုယ့်သေလမ်းကိုယ် ရှာနေတာလို့ ကိုယ်ထင်မိတယ်။”

ရှဲ့ချောင် လှောင်ပြုံးပြုံးလိုက်သည်။

အရင် သူမကိုသူ"တောင်းပန်"ခဲ့တုန်းက၊သူ့သဘောထားမှာ လုံးဝကို ကွဲပြားခဲ့သည်။ သူမကို တစ်ချိန်လုံး ရှဲ့သခင်မလေးလို့ပဲ ခေါ်နေခဲ့ပြီး သူ့မျက်နှာက မြေကြီးထဲ မြုပ်လုနီးပါးပင်။

ရှဲ့ချောင် ခေါင်းငုံ့ကာ ညင်ညင်သာသာ ပြောလိုက်၏ "အရှင့်သားက ကျွန်မထက်တောင် သေလမ်းရှာတာ ပိုတော်ပါသေးတယ်”

နန်းတွင်းသက်တော်စောင့်ကျို့ခမျာ ခန္ဓာကိုယ်တောင့်တင်းသွားခဲ့ရသည်။

‘ မဟုတ်သေးပါဘူး, မင်းတို့ ရန်ဖြစ်တာ ရပ်လို့ မရဘူးလား။! အိမ်မှာ အသက်ကယ်ဖို့ လိုနေတဲ့ လူတစ်ယောက် ရှိနေတယ်လို့၊ မင်းတို့ စကားများနေမယ်ဆိုရင် , အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတော့မှာ!

"ဘာကိုဆိုလိုတာလဲ" ကျောက်ရွှမ်ကျင်းက အေးစက်စွာ ပြောလိုက်သည်။

ရှဲ့ချောင် ကဖုံးကွယ်မနေဘဲ ဝါးတောကိုလက်ညှိုးထိုးပြတယ်။ "အဲဒီ ဝါးတော၊ အဲဒါကရှင့်အတွက်မသင့်တော်ဘူး။ ဒီမှာအချိန်အကြာကြီးနေရင်ကျန်းမာရေးအတွက်မကောင်းဘူး။”

ရှဲ့ချောင် စကားဆုံးသွားသည့်နောက် မျက်လုံးပင့်ကာ ပြုံးပြလိုက်သည်။

ထို အပြုံးက နွေးထွေးသလို အနည်းငယ် အသည်းယားစရာလည်း ကောင်းနေသည်။ သူမဘယ်လောက်ကြင်နာတယ်ဆိုတာပြသနေပုံပင်။"အရှင့်သားက အာမခံပေးတဲ့သူဆိုရင်၊ တကယ်လို့ သူတို့ မပေးခဲ့ရင် အရှင့်သားပေးရမယ်။ ဒါဆိုရင်အရှင်သားကျန်းမာရေးအတွက်အကျိုးရှိမယ့်ဇယားတစ်ခုကို ကျွန်မဆွဲပေးမယ်။ နောက်ပြီးရင်၊ ဇယားထဲက အတိုင်း အပင်တွေ စိုက်ခိုင်းလိုက်ပါ။ ကျွန်မ အာမခံတယ် အရှင့်သား နဂါးတစ်ကောင်လိုမျိုး အားအင်ပြည့်

ပြီး၊ ကျားတစ်ကောင်.......”

ရှဲ့ချောင် ထို အချက်ကို ပြောရင်း ရပ်လိုက်သည်။

သူမ စကားပြောသည့် အခါ အမြဲလိုလို နှေးလေ့ရှိသည်။ သူမကဒီလို ချောချောမွေ့မွေ့နဲ့ ပြောနေပြီး မတော်တဆ စကားမှားသွားခဲသည်။

ဒါပေမဲ့......ဒါကအဓိပ္ပါယ်ရှိတော့ရှိသည်။

ရှဲ့ချောင် ကျောက်ရွှမ်ကျင်း ရဲ့ခန္ဓာကိုယ်ကို မသိမသာ ခိုးကြည့်လိုက်သည်။ သူတိတ်တဆိတ် နာကျင်နေပြီး ရုတ်တရက် ဒေါသ နည်းနည်း ထွက်သွားခဲ့သည်။ နဂါးနဲ့ကျားလို အားအင်ပြည့်နေဖို့ အာမခံပေးတာ သူမ ဘာကိုဆိုလိုတာလဲ။ သူမ ပြောနေပုံက အခုသူအားနည်းနေတာလိုပဲ!

“ ရှဲ့သခင်မလေးက စိတ်ထဲမှာ ရှိတာကို ပြောရဲတာပဲ” ကျောက်ရွှမ်ကျင်း ပြောလိုက်၏၊ သူပြုံးနေတာလားဆိုတာတော့ မသေချာခဲ့ချေ။

"ကျွန်မကို ကျီစယ်နေတာ ရပ်လိုက်ပါတော့ အရှင့်သား, ကျွန်မ ကတာအို ဘုရားကျောင်းကလာတာဆိုတော့အတွေ့အကြုံမရှိပါဘူး။..." ရှဲ့ချောင် ကသိကအောက်နှင့် ပြုံးလိုက်သည်။

ရွှေယွဲ့တာအိုဘုရားကျောင်း၌ အမျိုးသားများမှာ မရှိသလောက်ပင်။

သူမ ဆရာက ရိုင်းစိုင်းတဲ့အရက်သမားတစ်ယောက်။ နေ့စဉ်သင်ကြားမှုတွေကလွဲပြီးသူဘာမှပြောမည်မဟုတ်။ ဒါ့အပြင် သူမရဲ့ မျက်လုံးများမှာ စူးရှကာ တတ်နိုင်သလောက်ခေါင်းကိုငုံ့ထားမည်ဖြစ်၏။ ရွှေယွဲ့တာအိုဘုရားကျောင်းဖွင့်တော့ သူမမြင်တာဆိုလို့စကတ်တွေသာ ရှိခဲ့သည်။

၁၆ နှစ်တောင် ရှိသွားပြီ!

သူမက တကယ်ကြီး သီလရှင် တစ်ပါးဖြစ်လာသလိုမျိုး လောကီရေးရာကိစ္စတွေကို ဘယ်တုန်းကမှ မတွေးဖူးသလိုပင်။ သူ့မဆရာကို ဂုဏ်ပြုဖို့သူမတတ်နိုင်တာမှန်သမျှလုပ်ခဲ့တယ်ဆိုတာကိုသာ တွေးလိမ့်မည်။ အခုသူမကချောမောတဲ့ယောကျာ်းတစ်ယောက်ကိုငေးကြည့်နေတယ်လို့မတရားပြောခံနေရသည်။

သူမကနှိမ့်ချနေပေမဲ့ ကျောက်ရွှမ်ကျင်း ကသူမပြောတဲ့စကားတွေမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ရှိနေတယ်လို့ထင်နေတုန်းပင်။

သူ ခေါင်းကိုလှည့်ကာ ချောက်ချားစရာကောင်းတဲ့ ဝါးတောကိုကြည့်လိုက်သည် "ကိုယ့်အတွက်

ဝါးတောကိုပြင်ဆင်ဖို့အတွက် ရှဲ့သခင်မလေး အခကြေးငွေ ယူဦးမှာလား”

"အဲဒါက.......ရှင့် အပေါ်မူတည်တယ်။ တာဝန်ဆိုတာမျိုးတွေ မရှိဘူး" ရှဲ့ချောင်မှ အလေးအနက်ဖြစ်နေပုံရသည်။

"ဒါပေမယ့်ကံကြမ္မာဟောပေးတာကို တော့ ပေးရမယ်၊ မဟုတ်ရင်ကျေးဇူးကြွေးတွေ အများကြီးတင်နေလို့ ကပ်ဘေးတွေဖြစ်လာနေဦးမယ်။ ဒီတော့နည်းနည်းပေးဖို့တော့ .....အကြံပြုချင်တယ်။”

'နည်းနည်းပေးရမယ်တဲ့လား’

ကျောက်ရွှမ်ကျင်း ကပြုံးလိုက်၏။ "သဘောတူတယ်”

ရှဲ့ချောင် ကကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ထုံးစံ အတိုင်းပင် သူမ လုပ်ငန်းကိုတိုးတက်အောင်လုပ်နိုင်တာက ကောင်းသည်။ သူမ အိမ်ရှေ့စံမင်းသားရဲ့ပိုက်ဆံကိုတကယ်လိုချင်ခဲ့လို့ မဟုတ်ဘူး။ အဓိကကသူ့ကိုအာမခံပေးသူဖြစ်စေချင်လို့ပဲ။

အစတုန်းက ရှဲ့ချောင်မှာ မွန်းလွဲပိုင်းတွင်မြင်းစီးမြားပစ်သင်တန်းရှိသည်။ ဒါပေမဲ့သူမသတိလစ်သွားခဲ့တာကြောင့် အတန်းကိုကျော်လိုက်ရတာက ပုံမှန်ပင်။ သူမက နန်းတွင်းသက်တော်စောင့်ကျို့ ပေးတဲ့ လိပ်စာဆီကို သွားရန် အသင့် ဖြစ်နေပြီဖြစ်သည်။

၎င်းသည် ရှဲ့ အိမ်တော်ကနေ နှစ်လမ်းအကွာမှာရှိပြီးသာမန်ခြံဝန်းတစ်ခုဖြစ်သည်။

နန်းတွင်းသက်တော်စောင့်ကျို့ကသူမထက်စောပြီးရောက်နေခဲ့သည်။ စစ်သည်တစ်ချို့နဲ့အတူတံခါးဝမှာစောင့်နေခဲ့သည်။ သူမကိုမျက်နှာလုပ်ဖို့ ပြုံးနေကြကာ ထို အပြုံးတွေက သူမကို ချက်ချင်း ကြက်သီး ထသွားစေခဲ့သည်။

•••••••

All Chapters