← Chapters

သူ့ကို မထိချင်ပါဘူး

Vol. 6 Ch. 100

သူ့ကို မထိချင်ပါဘူး

Vol. 6 Ch. 100

လူအများစုဟာပြုံးတဲ့အခါသဘာဝကျကြသည်။ သို့သော် ဒီကိုယ်ရံတော်အများစုမှာအေးစက်ပြီးယောက်ျားဆန်တဲ့မျက်နှာများ ရှိကြသည်။ သူတို့ပြုံးတာက ငိုတာထက်ပင် ပိုကြည့်ရဆိုးနေ၏။ သူတို့မျက်နှာများမှာ ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။

ရှဲ့ချောင်အတွက်ဆိုရင်သူတို့က သူမဖန်တီးထားတဲ့ဒေတာဘေ့စ်ကဗိုင်းရပ်စ်တစ်ခုရဲ့တိုက်ခိုက်တာ

ခံခဲ့လိုက်ရပြီးနောက် ပြိုလဲသွားသည့်ပုံလိုမျိုးပင်။

[TN/မေ့နေကြမှာဆိုးလို့description မှာပါပါတယ် ရှဲ့ချောင်က ကလေးဘဝထဲက 21ရာစုကနေဝိဥာဥ်ကူးပြောင်းလာတာပါနော်]

"မပြုံးကြပါနဲ့။” ရှဲ့ချောင်၊မျက်မှောင် အနည်းငယ်ကြုံ့ကာ ပြောလိုက်သည်။

ကျိုးဝေ့ကျုံးနဲ့ကျန်တဲ့လူများမှာ ချက်ချင်း ပြုံးနေတာကို ရပ်လိုက်ကြသည်။ "အမတအရှင် တစ်ခုခုကိုမြင်လိုက်လို့လား။ မကောင်းဆိုးဝါး ဝိဥာဥ်က ထူးဆန်းတဲ့ စွဲလမ်းမှုမျိုး ရှိနေတာလား”

စဥ်းစားကြည့်လိုက်ရင်၊ ချင်းကျီက အုပ်စုထဲမှာ အများဆုံး ပြုံးလေ့ရှိသူပဲ......

"မဟုတ်ဘူး၊ရှင်တို့ ပြုံးလိုက်ရင်ရုပ်ဆိုးလွန်းလို့။

ရှင်တို့ရဲ့ အရိုးတွေနဲ့မလိုက်ဖက်ဘူး။ ဒါမျိုးကို အကြာကြီးလုပ်နေမယ်ဆိုရင်အရေးအကြောင်းတွေဖြစ်လာလိမ့်ပြီး ရှင်တို့ရဲ့ ကံကြမ္မာကပြောင်းလဲသွားလိမ့်မယ်။"ရှဲ့ချောင် လေးလေးနက်နက်နှင့် သက်ပြင်းချလိုက်သည်။

ကျို့ဝေ့ကျုံးတစ်ယောက် မျက်ခွံလှုပ်သွားခဲ့ရသည်။

သူမကိုဒီနေရာဆီ ဖိတ်ခဲ့တာက သူကိုယ်တိုင် မဟုတ်ခဲ့ဘူးဆိုရင် သူလူလိမ်တစ်ယောက်နဲ့ဆုံခဲ့မိတယ်လို့သံသယဝင်မိလိမ့်မည်။ သူမက အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့ ပြည့်နေတာပဲ။

"အမတအရှင် ရှဲ့ ၊ ချင်းကျီ မှာတကယ်ပဲ တစ်ခုခုရှိနေတာလား။" ကျို့ဝေ့ကျုံး မေးလိုက်၏။

ကျန်တဲ့လူတွေက သူမကိုသိချင်စိတ်နဲ့ကြည့်နေကြသည်။

ရွှေယွဲ့တာအို ဘုရားကျောင်းမှာတုန်းက ချင်းကျီ ဆီမှာတစ်ခုခုရှိနေ တယ်လို့ပြောခဲ့ပေမဲ့ သူတို့မမြင်နိုင်ခဲ့တာကြောင့် နည်းနည်းသံသယဝင်ခဲ့သည်။

သို့သော်၊ ဒါဟာ ကြာပြီဖြစ်၏။ သူတို့ သမားတော်များစွာဆီသွားခဲ့ပြီးပေမဲ့ သူ့ကိုမကုသပေးနိုင်ခဲ့ပေ။ ထို့ကြောင့် မော့လင်းကျစ် ပြောတာကို သူတို့ပိုယုံကြည်သွားခဲ့ကြသည်။

ရှဲ့ချောင် လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်၊ရေသရဲတစ်ကောင်ရှိနေတယ်။”

“ဒါပေမဲ့ ချင်းကျီ ကလူကောင်းတစ်ယောက်ပဲဟာ

ဒီလိုအရာကို သူဘယ်လိုဆွဲဆောင်နိုင်မှာလဲ။ နောက်ပြီး ရှဲ့သခင်မလေးပဲ သူနဲ့ ထိုက်တန်တယ်လို့ပြောခဲ့တာလေ။ ချင်းကျီကဘယ်တော့မှမကောင်းတာတစ်ခုမှမလုပ်ဖူးတော့ ကျွန်တော်ဒါကိုသဘောမတူရဲဘူး" ကျို့ဝေ့ကျုံးက ချက်ချင်းပြောလိုက်သည်။

ရှဲ့ချောင် ခေါင်းနည်းနည်းမော့လိုက်၏။ "သူ မကောင်းတာ တစ်ခုမှမလုပ်ဖူးဘူးဆိုတာ ရှင်ဘယ်လိုသိလဲ။ ရှင်ကသူ့ဗိုက်ထဲက သန်ကောင်မို့လို့လား”

ကျို့ဝေ့ကျုံးမှာ ပြောစရာစကားပျောက်ဆုံးသွားခဲ့ရကာ နှုတ်ခမ်းထောင့်များ တုန်ယင်လို့နေသည်။

သူမက သူ့အစ်ကို အကြောင်းပြောနေတာလား။

သူတို့စကားပြောရင်းနှင့်ပင် အိပ်ခန်းဆီ ရောက်သွားကြသည်။

ရှဲ့ချောင် မလာခင် ရှဲ့ အိမ်တော်ကို ခဏဝင်လိုက်သေးသည်။အခုဆိုရင် သူမဆီမှာ ဝါးသေတ္တာလေးနဲ့ သာ့ရှုန်းတို့ရှိနေပြီဖြစ်သည်။

သူတို့ အိမ်ထဲဝင်လာသည်နှင့် ကြက်မွှေးများထောင်သွားသည်ကိုတွေ့လိုက်ကြရလေသည်။ ဒါကိုမြင်လိုက်ရချိန် လူတိုင်းအေးစက်ကျောချမ်းသွားကြသည်။

"ရှဲ့သခင်မလေး ..."ကျို့ဝေ့ကျုံး၏အသံမှာ အခုဆိုရင် နည်းနည်း တောင့်တင်းနေပြီဖြစ်၏။

သူဟာ ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့်

ကြောက်မနေသင့်ပေ။ ဒါပေမဲ့ မကောင်းဆိုးဝါးဝိဥာဥ်တွေနဲ့ သားရဲ မိစ္ဆာတွေက လူဆိုးတွေ လိုမဟုတ်။ သူတို့ မမြင်ရတာကြောင့် ကြောက်စရာကောင်းနေတာ။!

ရှဲ့ချောင် အိပ်ရာကန့်လန့်ကာရဲ့ အပေါ်ကို ကြည့်နေခဲ့သည်။

ထိုနေရာတွင် အားကောင်းတဲ့ အရာတစ်ခုရှိနေ၏။ ၎င်းဟာ လူတွေရဲ့ စွမ်းအင်ကို အပေါ်ကနေစုပ်ယူလို့နေသည်။ ထို့နောက်တွင် အောက်သို့ အမြန်ပျံဆင်းလာခဲ့ကာ ကျန်တဲ့လူတွေနားမှ ဖြတ်သန်းသွားသဖြင့် ချောက်ချားစရာကောင်းသည့် လေတစ်ချက် တိုက်ခတ်သွားသလိုပင်။

Flutter( တောင်ပံ တဖျပ်ဖျပ်ခပ်သံ)........

သာ့ရှုန်း ကရုတ်တရက် တောင်ပံ ခပ်လိုက်ကာ ရေသရဲမှာ ရှဲ့ချောင်ဘေးမှ ဖြတ်သွားချိန်၌ အဝေးသို့ ရိုက်ပုတ်ခံလိုက်ရသည်။

အိပ်ရာကန့်လန့်ကာစ နှစ်ကြိမ်လှုပ်ယမ်းတာကိုမြင်လိုက်ရသည့် လူများမှာ အလိုလို တံတွေးမျိုချမိလိုက်ကြတော့သည်။

ဝါးဘူးထဲမှတစ်စုံတစ်ခု ကို ရှာဖို့ အတွက် ရှဲ့ချောင် ထိုင်ချလိုက်သည်။

ခဏလောက်လှန်လှောရှာဖွေကြည့်ပြီးတဲ့နောက်၊ အဆောင်တစ်ထပ်ကြီးကို ရှာတွေ့သွားသည်။ သူမ အဆောင်တွေကို ကြည့်ကြည့်လိုက်ပြီး နောက်ဆုံးတော့ တစ်ခုကိုရွေးလိုက်သည်။ သူမ ထိုအဆောင်ကို ကျို့ဝေ့ကျုံးဆီပေးလိုက်၏။ " ဒါ

ကို ချင်းကျီရဲ့ရင်ဘတ်မှာကပ်လိုက်”

"ဘာလို့ကိုယ်တိုင်မသွားတာလဲ၊ အမတအရှင်ရှဲ့" ကျို့ဝေ့ကျုံး အလိုလိုမေးမိသွားသည်။

"နန်းတွင်းသက်တော်စောင့် ကျို့..ရှင့်မှာဇနီးမရှိသေးဘူးလို့ ကျွန်မ ထင်တယ်" ရှဲ့ချောင် သူ့ကိုရှုပ်ထွေးတဲ့မျက်နှာနဲ့ကြည့်လိုက်ကာ ""ချင်းကျီ ကယောက်ျားတစ်ယောက်၊ ကျွန်မ သူ့ကိုမထိချင်ဘူး။”

ဒါကဆင်ခြေသက်သက်ပင်။

မကောင်းဆိုးဝါးဝိဥာဉ်က ချင်းကျီရဲ့လည်ပင်းမှာရှိနေခဲ့ပြီး ယင်စွမ်းအင်ကအားကောင်းလွန်းနေတာကြောင့် သူမ ဝေးဝေးနေချင်ခဲ့သည်။

ကျို့ဝေ့ကျုံး၌ အားကောင်းသော ယန် စွမ်းအင်ရှိသည်။ ဒါကိုလုပ်လို့ ယန် စွမ်းအင်နည်းနည်းဆုံးရှုံးသွားရတာက သူ့အတွက်ဘာမှမဟုတ်။ ယန်(မီး) စွမ်းအင်အားကောင်းတဲ့ တစ်ခုခုကို စားတာ၊ ဒါမှ မဟုတ် နေရောင်ခံခြင်းကနေ သူစွမ်းအင် ပြန်ဖြည့်လို့ရသည်။

ကျို့ဝေ့ကျုံးကအပြစ်ရှိသလိုခံစားလိုက်ရလျက်ချက်ချင်းပြောလိုက်သည်

"ကျွန်တော် အမတ အရှင်ရှဲ့ ရဲ့ မျိုးရိုးကို မေ့သွားတယ်.... ကျွန်တော်တောင်းပန်ပါတယ်”

သူ ပြောပြီးသည်နှင့် ခြေလှမ်းကျယ်ကြီးနဲ့ အရှေ့ကို လျှောက်သွားလိုက်သည်။

ထူးဆန်းတယ်။အဆောင်မှာ ကော်မရှိနေပေမဲ့ ချင်းကျီရဲ့ကိုယ်မှာကပ်နေတယ်။

"ကျွန်မက သူရဲ့ နူးညံ့တဲ့ ဘဝကံကြမ္မာ စိတ်ဝိဥာဥ် လန့်ပြီး အဝေးကို မထွက်သွားဖို့ တည်ငြိမ်အောင် လုပ်ပေးနေတာ။ လွင့်ထွက်သွားခဲ့ရင်၊ အကုန်လုံး အချည်းနှီးဖြစ်သွားလိမ့်မယ်။”

••••••

All Chapters