မယူသင့်တဲ့ အရာတစ်ခုကို ယူခဲ့တယ်
Vol. 7 Ch. 101
အစပိုင်းတုန်းကတော့ ရှဲ့ချောင် မရှင်းပြချင်ခဲ့။ ဒါပေမဲ့ ဒီငတုံးအုပ်စုက ဘာမှမသိဘူးဆိုသည်အား တွေးမိပြီး သူမကိုဆွဲချမှာစိုးရိမ်နေခဲ့သည်။
သူတို့ကို ပြောပြဖို့ သူမ အားနည်းနည်းစိုက်ထုတ်ခဲ့သည်။
ထိုလူများက တွေဝေစွာနှင့် ခေါင်းညိတ်လိုက်ကြသည်။
"ရှင်တို့တွေက တော်တော်များများ ဒီမှာရှိနေကြတာ။ အရှင့်သားကရော" ရှဲ့ချောင်က စကားစမြည်ပြောဖို့ကို စိတ်ပါနေဆဲပင်။
"အရှင့်သားဘေးမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ရှိပါတယ် "နန်းတွင်းသက်တော်စောင့်ကျို့က ရှင်းပြလိုက်သည်။
ရှဲ့ချောင်က ခေါင်းညိတ်ကာ” သူနဲ့အတူ လူအများကြီးရှိတာ ကောင်းတယ်။ယန်စွမ်းအင်ကအားကောင်းနေတော့ ညှို့ယူတတ်တဲ့ မကောင်းဆိုးဝါးဝိဉာဉ်က အနားကပ်လာရင် , ရှင်တို့လို ဆွဲဆောင်မှုရှိတဲ့သူတွေ သူ့အနားမှာရှိနေတာကို မြင်ပြီး သူ့ကို ရှာမှာ မဟုတ်တော့ဘူး။ အရှင့်သားဆီ ရောက်ဖို့ တန်းဆီနေရတာနဲ့တင် ပင်ပန်းသွားလောက်တယ်”
ထိုစကားကို ကြားလိုက်ရချိန် နန်းတွင်းသက်တော်စောင့်ကျို့ရဲ့ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။ သူ ပြောစရာစကား ပျောက်ဆုံးသွားလေပြီ။
"သူမဘာပြောလိုက်တာလဲ’
သူ ချက်ချင်း ပြောလိုက်၏။ "အမတ အရှင်ရှဲ့"
ရှဲ့ချောင် ကသူပြောလိုက်သည်နှင့် "ကျွန်မက ဒီအတိုင်းပြောလိုက်တာပါ၊ အတည် မယူပါနဲ့။ အရှင့်သားက အတော်လေး ကြည့်ကောင်းတော့ လူတိုင်းသူကို သဘောကျတာ အဓိပ္ပာယ်ရှိပါတယ်, သေသွားတဲ့လူပဲဖြစ်ဖြစ်, အသက်ရှင်နေတဲ့သူပဲဖြစ်ဖြစ်ပေါ့”
နန်းတွင်းသက်တော်စောင်ကျို့ခမျာ အခုဆို ပိုတောင်ဆွံ့အ သွားရလေပြီ။
ထိုအချိန် ရှဲ့ချောင်က အမွှေးနံ့သာပိုင်းလေးကို ထုတ်ယူလိုက်ကာ အမွှေးနံ့သာတိုင် ကိုးတိုင်နဲ့အလေးအနက်ဆုတောင်းကာ ကိုးကြိမ်ဦးညွတ်ခဲ့သည်။
ထိုလူများမှာ ထိုကဲ့သို့သော အရာနှင့် အကျွမ်းတဝင်မရှိကြရာ တစ်ယောက်ယောက်ကို
စော်ကားမိမှာ စိုးရိမ်နေကြသည်။ သူတို့ ရှဲ့ချောင် အတိုင်းလိုက်ကာ ဂါရဝ ပြုရန် အတွက် အတူတူ စီတန်း ဒူးထောက်လိုက်ကြသည်။
ရှဲ့ချောင်က အဆောင်ကိုယူပြီး လေထဲသို ပစ်လိုက်ကာ သူမရဲ့ ဓားနဲ့ ချိန်ရွယ်လိုက်သည်။ ရုတ်ချည်းဆိုသလို အဆောင်မှာ လေထဲ၌ ပေါက်ကွဲသွားတော့သည်။
သူတို့ ပြပွဲတစ်ခုကြည့်နေရသလိုပင်!
"ကောင်းကင်က မီးနဲ့တိမ်တွေက ကောင်းကင်ဘုံနဲ့မြေကြီးကို လှုပ်ခါစေတယ်။ အထက်က နတ်ဆိုးတွေကို သတ်ပြီး အောက်ကမကောင်းဆိုးဝါးတွေကို သုတ်သင်မယ်...လျှပ်စီးက တောက်ပနေကာ, လေနဲ့တောင် မရပ်နိုင်ဘူး။ အခု ကိုယ့်ကိုယ်ကို ပြောင်းလဲပြီး ဘုရင်ဆီကိုလာခဲ့။ ငါ့ အမိန့်ကို နာခံ.......။"
ရှဲ့ချောင် ရုတ်တရက် ဟစ်ကြွေးလိုက်သည်။
သူမရဲ့လက်ချောင်းထိပ်ကို ဓားနဲ့ ပွတ်လိုက်၏။ ငွေဒင်္ဂါး ဓားက အလင်းရောင် ပြန်ဟပ်သွားသလိုမျိုး ခံစားလိုက်ရသည်။
သူမ ငွေဒင်္ဂါးဓားကို ကိုင်ထားပြီး ရုတ်တရက် ဘေးပတ်ပတ်လည်ကို လွှဲယမ်းလိုက်သည်။
သူမရဲ့လှုပ်ရှားမှုတွေကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။ အခြားတာအိုကျင့်ကြံသူဆရာကြီးတွေရဲ့ မကောင်းဆိုးဝါးနှင်တာနဲ့ တူနေသလို ထင်ရပေမဲ့ နည်းနည်း ကွဲပြားသည်။
ဘာလို့လဲဆိုတော့ ရှဲ့ချောင်က လှနေလို့ပဲ။
မကောင်းဆိုးဝါးနှင်နေချိန်၌ သူမသည် ကနေသလိုပင်။ သာမန်ထက်ကို လွန်ကဲနေခဲ့သည်။ ဘယ်သူမှ သူမအနား မကပ်ရဲကြပေ။
ယခု ရှဲ့ချောင် ရေသရဲနဲ့တိုက်နေတာကို သူတို့လုံးဝမမြင်ခဲ့ကြပေ။
သူမလက်ထဲတွင် နှိမ်နင်းတဲ့ပစ္စည်းတစ်ခုရှိနေတာကြောင့် ရေသရဲက သူမနား လုံးဝမချဉ်းကပ်ရဲခဲ့။ သို့သော် ထိုမကောင်းဆိုးဝါးမှာ ဒေါသထွက်နေပြီဖြစ်ရာ သူတတ်စွမ်းသ၍ ရှောင်တိမ်းတိုက်ခိုက်နေခဲ့သည်။
သူရဲ့ အနက်ရောင်စွမ်းအင်မှာ သိပ်သည်းကာ လေအေးများက တအုန်းအုန်းမြည်နေသည်။
ရှဲ့ချောင် သူမ လက်ထဲမှ ငွေဒင်္ဂါးဓားနဲ့ လျှပ်စီးမန္တန်ကို သုံးပြီး မကောင်းဆိုးဝါးကို အကြိမ်
အနည်းငယ် တိုက်ခိုက်ခဲ့သည်။ ထိရောက်မှုရှိပေမဲ့ မဖြစ်စလောက်လေးပင်။
ရှဲ့ချောင် ရုတ်တရက်ရပ်လိုက်၏။
"ဘယ်လိုလဲ, အမတအရှင်ရှဲ့ ။ အဲဒါကို မောင်းထုတ်လိုက်ပြီလား။" နန်းတွင်းသက်တော်စောင့်ကျို့က ချက်ချင်းမေးလိုက်သည်။
"နန်းတွင်းသက်တော်စောင့်ကျို့ ၊ဒီနှစ်နှစ်အတွင်း ရှင် ဇနီးနဲ့လက်ထပ်ရမယ်မထင်ဘူး။" ရှဲ့ချောင် အတည်ပြောနေပုံရသည်။
သူဘာပြောနေတာလဲ။ မကောင်းဆိုးဝါးနှင်တာက ဒီလောက်လွယ်နေရင် ပိုက်ဆံအများကြီးတောင်းပါ့မလား။
သူမပုံက လောဘကြီးလို့လား။
ဒီအလုပ်က သူမ တောင်းတဲ့ငွေနဲ့ ထိုက်တန်လို့ပဲ!
နန်းတွင်းသက်တော်စောင့်ကျို့မှာ ဇဝေဇဝါ ဖြစ်နေသလိုပင်။ ရှဲ့ချောင် ထပ်မေးလိုက်သည် "သူ မယူသင့်တာတစ်ခုခုယူခဲ့လား။ ရှင်တို့ သေချာ စဥ်းစားကြည့်ပါဦး။ ကျွန်မတို့ ပစ္စည်းကို ရှာမတွေ့ဘူးဆိုရင် မကောင်းဆိုးဝါးကို နှင်လို့မရဘူး"
"ပစ္စည်းလား။ ကျ- ကျွန်တော်တော့ အဲ့လိုမထင်ဘူး။" နန်းတွင်းသက်တော်စောင့်ကျို့ စဉ်းစားကြည့်လိုက်သည်။ သူတကယ်တစ်ခုမှ စဉ်းစားလို့ မရပေ။
"ကောင်းကောင်းစဉ်းစားကြည့်ပါ။ ဒါကရေမကောင်းဆိုးဝါးဆိုတော့ ဒီပစ္စည်းကို ရေထဲမှာ
တွေ့ရလောက်တယ်။ အချိန်က လွန်ခဲ့တဲ့နှစ်လ သုံးလလောက်ဖြစ်မယ်" ရှဲ့ချောင် ထပ်ပြောလိုက်သည်။
လူတိုင်း အချင်းချင်းကြည့်လိုက်ကြ၏။
"ဟုတ်တယ်” လူတစ်ယောက်က ရုတ်တရက်ထအော်လိုက်သည်။
"ပြော" နန်းတွင်းသက်တော်စောင့်ကျို့က ချက်ချင်းပြောလိုက်၏။
"ကျွန်တော်တို့ အရှင့်သားနဲ့အတူ သွားကြတုန်းက မြစ်တစ်ခုမှာ ဆေးကြောသန့်စင်ခဲ့ကြတယ်။ အဲ့တုန်းက ချင်းကျီက ရေအောက်မှာတော်တော်ကြာကြာရေးကူးနေခဲ့တာ။ သူတက်လာတော့ ကျောက်စိမ်းတုံးလား ကျောက်တုံးလား တစ်ခုခု
ကို ကိုင်ထားပုံပဲ။ အဲဒီဟာက တော်တော် ချောမွေ့နေတာ.....”
"အဲဒီပစ္စည်း ဘယ်မှာလဲ" ရှဲ့ချောင်မေးလိုက်သည်။
"အဲဒါက ..."ထို လူရဲ့ မျက်နှာထား ပြောင်းလဲသွား၏။ "ချင်းကျီက အဲဒီ ကျောက်က ဝံပုလွေရဲ့ အစွယ်လိုမျိုး ချောမွေ့နေတယ် ဆိုပြီး ပြောတယ်။ အဲဒါကို သူ တိုက်ချွတ်ပြီးတော့ လည်ပင်းမှာ ဆွဲထားတယ်”
••••••