ပြီးသွားပြီလား
Vol. 7 Ch. 102
ထိုလူ စကားပြောပြီးသွားချိန် အခြားသူများ၏ မျက်နှာထားများမှာပြောင်းလဲသွားခဲ့သည်။ အိပ်ရာပေါ်လှဲနေခဲ့သည့် ချင်းကျီကို သူတို့ကြည့်
လိုက်ကြသည်။ ယင်ကောင်သေတွေကို စားမိထားသလို တံတွေးကို မျိုချဖို့ ခက်နေကြသည်။
ကျောက်စိမ်းဒါမှမဟုတ် ကျောက်တုံးလို တစ်ခုခုလား။
ချင်းကျီသာ ကောင်းနေရင် ဒီလူက ရှီးဖန်မြို့မှာ အဖိုးတန်တာတစ်ခုခုတွေ့တာလို့ သူတို့ထင်မိလိမ့်မည်။ နောက်ပြီး အဲဒီနေရာက ကျောက်စိမ်းထုတ်တဲ့ နေရာပဲလေ။!
ဒါပေမဲ့အခု ချင်းကျီက ထိုကျောက်စိမ်းကြောင့် နေမကောင်းဖြစ်နေရတာ!
ဒါက ကျောက်စိမ်းတစ်တုံး မဖြစ်နိုင်ဘူး။!
အဲဒါ…. အရိုးတစ်ချောင်များ ဖြစ်နေမလား။!
"ရှင်တို့ထဲကတစ်ယောက်ယောက်က အဲဒါကို သူ့အဝတ်အစားထဲမှာ ရှာကြည့်ပြီး ကျွန်မကိုပြ "လို့ ရှဲ့ချောင် ပြောလိုက်၏။
လူအနည်းစုက ကြောက်စရာကောင်းသည်ဟု ထင်နေပေမဲ့ ဒါကို သခင်မလေးတစ်ယောက်ရှေ့မှာ ပြသဖို့ရှက်ကြနေသည်။
သူတို့ အမြန်နှုန်းနဲ့ ချင်းကျီရဲ့ အဝတ်အစားကို မွှေနှောက်ရှာဖွေကြည့်လိုက်ရာ နောက်ဆုံး သူ့ရင်ဘတ်မှာ တစ်ကယ်ကို တစ်ခုခု ရှာတွေ့သွားခဲ့သည်။
၎င်းသည် အနီရောင်ကြိုးဖြင့် ချည်လို့ထားကာ ဝံပုလွေရဲ့သွားထက် အများကြီးပိုကြီးသည်။
ရှဲ့ချောင်က ယူပြီးကြည့်လိုက်သည်။
"ဒါက ပုပ်နေတဲ့ လူအရိုးပဲ။ ကြည့်၊အထဲမှာ အခေါင်းပေါက်ဖြစ်နေတယ်။ ရိုးတွင်းခြင်ဆီတွေ မရှိတော့တာ ကြာလှနေပြီ။ အချိန်က ပျက်ဆီးစေခဲ့တာပဲ။ ဒါကြောင့်မလို့ ဒီဟာက အရမ်းချောမွေ့နေတာ " ရှဲ့ချောင်လည်း ပြောစရာစကား
ပျောက်ဆုံးသွားခဲ့သည်။
၎င်းဟာ တကယ်ကို ကျောက်စိမ်းနဲ့ ဆင်တူသည်။ ဒီပစ္စည်း ရေထဲမှာမပျက်မစီးဘဲရှိနေခဲ့တာက ခိုင်ခံ့လို့ မဟုတ်ပဲ သူ့ကို ဝန်းရံထားသည့် အနက်ရောင်စွမ်းအင်တွေကြောင့်ပင်။
ချင်းကျီမှာ ရေထဲကနေ ကောက်လာတဲ့ အရာတစ်ခုကိုဝတ်ရဲလောက်အောင် မိုက်မဲလွန်းသည်။ ကံကောင်းစွာဖြင့် ရေသရဲတစ်ကောင် ဖြစ်နေတာကြောင့် ကုန်းပေါ်မှာ နေလို့မရပေ။ ၎င်းသာ ညှို့ယူတတ်တဲ့ မကောင်းဆိုးဝါး ဝိဉာဉ်ဖြစ်နေရင်၊ သူ အစောကြီးကတည်းက သေသွားခဲ့လောက်ပြီ။
ဒါပေမဲ့အခု ပစ္စည်းကိုတွေ့ပြီဖြစ်တာကြောင့် အများကြီးပိုလွယ်သွားခဲ့လေပြီ။
ထိုအချိန်တွင်၊ မကောင်းတိုးဝါး ဝိဉာဉ်က ရှဲ့
ချောင် ရဲ့လက်ထဲမှာဒီပစ္စည်းရှိနေသည်အားသတိထားမိပြီး ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
၎င်းဟာ အရူးတစ်ယောက်လိုအခြားဘာမှမတွေးပဲသူမကိုတိုက်ခိုက်တော့သည်။
ရှဲ့ချောင်က ကြောက်နေပုံဖြင့် ရင်ဘတ်ကိုဖုံးထားလိုက်၏။ တကယ်တော့သူမက ဖြည်းဖြည်းချင်း အဆောင်ကိုထုတ်ယူနေခဲ့တာပင်။ သူမ လက်ထဲကငွေဒင်္ဂါးဓား က နောက်တစ်ကြိမ် လွှဲယမ်းသွားခဲ့ပြန်သည်။
သူမလက်ထဲက ငွေဒင်္ဂါးဓားက မကောင်းဆိုးဝါးကို တိုက်ခိုက်ခဲ့သည်။ ၎င်းကို အကြိမ်နည်းနည်းလောက် ထပ်တလဲလဲ လုပ်ခဲ့သည်။
သာ့ရှုန်းက သူ့ရဲ့ အတောင်ပံတွေကို ခတ်နေ၏။
၎င်းမှာ ခံ့ညားထည်ဝါကာ အင်မတန် ပြင်းထန်သည်။
အချိန် အနည်းငယ် အကြာတွင်၊ ရှဲ့ချောင် မျှော်လင့်သလို မကောင်းဆိုးဝါးမှာ ပိုအားနည်းလာခဲ့သည်။ ဓားကိုဖယ်လိုက်ကာ လက်နှစ်ဖက်နှင့် ချိတ်ပိတ်သည့်ပုံစံ လုပ်ဆောင်ခဲ့သည်။
ဂါထာမန္တန်နှင့် ချိတ်ပိတ်သဏ္ဍာန်များစွာရှိရာ ရှဲ့ချောင် သုံးသွားသည်မှာ ပုံမှန် အဖြစ်ဆုံးနှင့် အရိုးရှင်းဆုံး လက်ချိတ်ပိတ် ဟန်ဖြစ်သည်။
ရှဲ့ချောင်၏ လှုပ်ရှားမှုများကို အားလုံးမြင်လိုက်ကြသည်။ ရုတ်တရက်သူမ၏ လက်တွေမှာ ထူးဆန်းတဲ့ပုံသဏ္ဍာန်တစ်ခုဖြစ်လို့လာ၏။
"ထွက်သွားစေ" သူမ ရုတ်တရက် အော်ဟစ်လိုက်
သည်။
အရိုးတစ်ဝက်မှာ ရွေ့သွားပုံရပြီး နည်းနည်း မှေးမိန်သွားခဲ့သည်။
ရှဲ့ချောင် မရှိတဲ့ချွေးကိုသုတ်လိုက်၏။
"ကျွန်မ ပင်ပန်းနေပြီ။ စားစရာရှိလား။" ရှဲ့ချောင် ခေါင်း လှည့်လိုက်သည်။
ကျို့ဝေ့ကျိုးတစ်ယောက် မျက်ခွံလှုပ်သွားခဲ့၏။ "ပြီး-ပြီးသွားပြီလား"
ရှဲ့ချောင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ "မဟုတ်ဘူး၊ကျွန်မ အိမ်ကို ယူသွားမလို့ ဝိဉာဉ်ကိုလွှတ်ပေးဖို့အခမ်းအနားတစ်ခုလုပ်ဖို့လို
တယ်။ ဒီညစ်ညမ်းတဲ့ အရာက အမှားလုပ်ခဲ့ပေမဲ့ ရှင့် ညီက မဆင်မခြင်နဲ့ သူ့အရိုးကို ယူလာခဲ့တာလေ။ မြစ်ကြမ်းပြင်မှာရှိနေတဲ့ဟာကို ကမ်းကိုအတင်းယူလာခဲ့တာ။ သူက အိမ်နဲ့ဝေးလွန်းသွားတော့ အိမ်ပြန်လို့မရတော့ဘူး။ အခြားတစ်နေရာရာမှာနေလို့ကလည်းမရ..."
"အ-အမှန်ပဲ။ချင်းကျီ နိုးလာတဲ့အခါကျရင် သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်မယ်" ကျို့ဝေ့ကျုံးမှာ စိတ်မချမ်းမသာ ဖြစ်နေလေသည်။
သူ့ညီရဲ့ရောဂါကိုကုသဖို့ သူမှာ ရှိတာအားလုံးနီးပါးသုံးခဲ့ရသည်။
ရွှေယွဲ့တာအိုဘုရားကျောင်းမှာ ငွေစ ၁၀၀ တန်တဲ့ အဆောင်ကို ဝယ်ခဲ့ရတာကို မေ့ထားလိုက်။ ဒီကိုမလာခင်လမ်းတစ်လျှောက်မှာ အခြားတာအိုကျင့်ကြံသူ ဆရာကြီးတွေရဲ့ ငွေ၁၀စ လှည့်စားတာကို ခံလိုက်ရသေးသည်။
သူတို့ သမားတော်များစွာဆီ သွားပြီး ဆေးတွေ
အများကြီးဝယ်ခဲ့သည်။
သူ့ရဲ့ငွေ ၁၀ စ မှာ မရှိတော့တာ ကြာပြီ။
နောက်ပြီး ရှဲ့ချောင် ကိုလည်း ရွှေစ ၁၀၀ ပေးရဦးမယ်။ အဲဒါ ရွှေတွေ၊ ငွေတောင် မဟုတ်ဘူး။!!
သူဟာ မိသားစုကြီး မှာမွေးခဲ့ပေမဲ့ တစ်လကို ငွေစ ၁၀ စ ပဲရသည်။
သူဒါကိုမတတ်နိုင်ဘူး !!
သူ ချင်းကျီ ကို သင်ခန်းစာ ပေးရမယ်။!!
"ဒါဆိုသူ ကုသပြီးသွားပြီလား။" ကျို့ဝေ့ကျိုးကအစားအစာတွေပြင်ဆင်ဖို့တစ်ယောက်ယောက်ကို
ခိုင်းထားစဉ် ဒါကို မေးဖို့လည်းမမေ့ခဲ့။
"မပြီးသေးဘူး" ရှဲ့ချောင် ခေါင်းခါပြလိုက်သည်။
ကျို့ဝေ့ကျိုးခမျာ မျက်ခွံလှုပ်သွားခဲ့ရသည်။
သူ မျက်လုံးပြူးသွားကာ သူ့နှလုံးသားလေး နစ်မြုပ်သွားသလိုပင် "အ-အခုထိ မပြီးသေးဘူးလား"
•••••••